ချာကာရဲ့ မှတ်ချက်ကြောင့် ဘဝင်မကျဖြစ်ခဲ့ကြတဲ့ အာဆင်နယ်ပရိသတ်များ 1024 576 coyg

ချာကာရဲ့ မှတ်ချက်ကြောင့် ဘဝင်မကျဖြစ်ခဲ့ကြတဲ့ အာဆင်နယ်ပရိသတ်များ

အာဆင်နယ်ကြယ်ပွင့်ဟောင်း ဂရာနစ် ချာကာဟာ ယခုနွေရာသီမှာ အသင်းကနေ ထွက်ခွာနိုင်ခဲ့ပြီးနောက် ပျော်လွန်းလို့ ငိုမိခဲ့တယ်လို့ ထုတ်ဖော်ပြောကြားခဲ့ပြီးနောက် ပရိသတ်တွေကို ဘဝင်မကျဖြစ်စေခဲပါတယ်။

ဂန်းနားတွေဟာ အလုပ်များတဲ့ အပြောင်းအရွှေ့ကာလကို ဖြတ်သန်းခဲ့တာဖြစ်ပြီး ကိုင် ဟာဗတ်ဇ်၊ ဒီကလန် ရိုက်၊ ယူရီယန် တင်းဘားနဲ့ ဒေးဗစ် ရာယာတို့လိုကစားသမားတွေကို ခေါ်ယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာဆင်နယ်ဟာ လူစာရင်းထဲမှာ ဒဏ်ရာရ ကစားသမားတွေ အများအပြား ရှိလာပြီးနောက်ပိုင်း ရာသီအစကို ခက်ခက်ခဲခဲ စတင်ခဲ့ရတာဖြစ်ပြီး အာတီတာမှာ လက်ရှိ ကျောနံပါတ် ၉ အဖြစ် အသိအမှတ်ပြုခံထားရတဲ့ ကစားသမားမရှိတော့တာဖြစ်ပါတယ်။

ရလဒ်အနေနဲ့ ပရိသတ်တွေဟာ အမ်းမရိတ်စ်ကို စွန့်ခွာချင်တယ်လို့ အတည်ပြုခဲ့ပြီးနောက် ယခုနွေရာသီမှာ လေဗာကူဆင်ကို ပြောင်းရွှေ့သွားခဲ့တဲ့ ဂရာနစ် ချာကာလိုမျိုး ကစားသမားကို ရောင်းထုတ်ခဲ့တဲ့ အသင်းရဲ့ ဆုံးဖြတ်ချက်ကို လက်ညှိုးထိုးကောင်း ထိုးနိုင်ပါတယ်။

ဆွစ်ဇာလန်ကွင်းလယ်ကြယ်ပွင့်ဟာ ဂျာမနီကို ပြောင်းရွှေ့ပြီးကတည်းက အလွန်ကောင်းမွန်တဲ့ စတင်မှုကို ပြုလုပ်နိုင်ခဲ့ပြီး ဇာဘီ အလွန်ဆိုရဲ့အသင်းကို ဘွန်ဒက်စ်လီဂါ အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်နိုင်အောင် ကူညီပေးထားတာဖြစ်ပါတယ်။

တစ်ဆက်တည်းမှာပဲ ချာကာက အာဆင်နယ်ကနေ ထွက်ခွာခဲ့တာနဲ့ပတ်သက်ပြီး ဂျာမန်ကလပ်ကို ပြောင်းရွှေ့နိုင်ခဲ့တဲ့အချိန်မှာ ပျော်ရွှင်လွန်းလို့ ငိုကြွေးမိခဲ့တယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။

ပျော်လွန်းလို့ ငိုမိခဲ့လားလို့ မေးမြန်းခဲ့ရာမှာ ချာကာက“ကျိန်းသေတာပေါ့။ ကျွန်တော်က အရမ်းကို စိတ်ခံစားလွယ်တဲ့သူပါ။ ကျွန်တော် ငိုကြွေးမိတယ်။ အဲဒါကို မရှက်ပါဘူး။ ဟုတ်တာပေ့ါ။ ကျွန်တော် တစ်ခါတလေမှာ ပျော်လို့ ငိုခဲ့မိပါတယ်။ ဥပမာအားဖြင့် ကျွန်တော် လေဗာကူဆင်ကို ပြောင်းရွှေ့နိုင်ခဲ့တဲ့အချိန်တုန်းကပေါ့။ ဟုတ်တာပေါ့။ ပျော်လို့ ငိုမိတာပါ။ ဘာလို့လဲဆိုတော့ ကျွန်တော် တကယ်ကို ပြန်သွားချင်ခဲ့လို့ပါ။ လူပုဂ္ဂိုလ်တစ်ယောက်အဖြစ်နဲ့ အဲဒါကလည်း တစ်စိတ်တပိုင်းဖြစ်ခဲ့တယ်လို့လည်း ထင်ပါတယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

ချာကာဟာ ပရိသတ်တွေနဲ့ ပြဿနာတက်ခဲ့ပြီးနောက် အသင်းခေါင်းဆောင် ရာထူးကနေ ဖယ်ရှားခံခဲ့ရတဲ့အချိန်တုန်းက ပြစ်တင်ဝေဖန်မှုတွေ အများအပြားရဲ့ ပစ်မှတ်ထားခြင်းခံခဲ့ရပေမယ့်လည်း မြောက်လန်ဒန်မှာ အံ့အားသင့်ဖွယ် ပြန်လည်သက်ဝင်လာခဲ့သူဖြစ်ပါတယ်။

ဒါပေမယ့်လည်း အာတီတာရောက်ရှိလာမှုက ချာကာရဲ့ အာဆင်နယ်ကစားသမားဘဝကို ကြီးမားတဲ့ အချိုးအကွေ့ဖြစ်လာစေခဲ့ပြီး ဆွစ်ဇာလန်ကွင်းလယ်လူဟာ ပြီးခဲ့တဲ့ရာသီ ဆုဖလားစိန်ခေါ်မှုမှာ အရေးအပါဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ၾကယ္ပြင့္ေဟာင္း ဂရာနစ္ ခ်ာကာဟာ ယခုေႏြရာသီမွာ အသင္းကေန ထြက္ခြာႏိုင္ခဲ့ၿပီးေနာက္ ေပ်ာ္လြန္းလို႔ ငိုမိခဲ့တယ္လို႔ ထုတ္ေဖာ္ေျပာၾကားခဲ့ၿပီးေနာက္ ပရိသတ္ေတြကို ဘဝင္မက်ျဖစ္ေစခဲပါတယ္။

ဂန္းနားေတြဟာ အလုပ္မ်ားတဲ့ အေျပာင္းအေ႐ႊ႕ကာလကို ျဖတ္သန္းခဲ့တာျဖစ္ၿပီး ကိုင္ ဟာဗတ္ဇ္၊ ဒီကလန္ ႐ိုက္၊ ယူရီယန္ တင္းဘားနဲ႔ ေဒးဗစ္ ရာယာတို႔လိုကစားသမားေတြကို ေခၚယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာဆင္နယ္ဟာ လူစာရင္းထဲမွာ ဒဏ္ရာရ ကစားသမားေတြ အမ်ားအျပား ရွိလာၿပီးေနာက္ပိုင္း ရာသီအစကို ခက္ခက္ခဲခဲ စတင္ခဲ့ရတာျဖစ္ၿပီး အာတီတာမွာ လက္ရွိ ေက်ာနံပါတ္ ၉ အျဖစ္ အသိအမွတ္ျပဳခံထားရတဲ့ ကစားသမားမရွိေတာ့တာျဖစ္ပါတယ္။

ရလဒ္အေနနဲ႔ ပရိသတ္ေတြဟာ အမ္းမရိတ္စ္ကို စြန႔္ခြာခ်င္တယ္လို႔ အတည္ျပဳခဲ့ၿပီးေနာက္ ယခုေႏြရာသီမွာ ေလဗာကူဆင္ကို ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ ဂရာနစ္ ခ်ာကာလိုမ်ိဳး ကစားသမားကို ေရာင္းထုတ္ခဲ့တဲ့ အသင္းရဲ႕ ဆုံးျဖတ္ခ်က္ကို လက္ညႇိဳးထိုးေကာင္း ထိုးႏိုင္ပါတယ္။

ဆြစ္ဇာလန္ကြင္းလယ္ၾကယ္ပြင့္ဟာ ဂ်ာမနီကို ေျပာင္းေ႐ႊ႕ၿပီးကတည္းက အလြန္ေကာင္းမြန္တဲ့ စတင္မႈကို ျပဳလုပ္ႏိုင္ခဲ့ၿပီး ဇာဘီ အလြန္ဆိုရဲ႕အသင္းကို ဘြန္ဒက္စ္လီဂါ အမွတ္ေပးဇယားထိပ္ဆုံးမွာ ရပ္တည္ႏိုင္ေအာင္ ကူညီေပးထားတာျဖစ္ပါတယ္။

တစ္ဆက္တည္းမွာပဲ ခ်ာကာက အာဆင္နယ္ကေန ထြက္ခြာခဲ့တာနဲ႔ပတ္သက္ၿပီး ဂ်ာမန္ကလပ္ကို ေျပာင္းေ႐ႊ႕ႏိုင္ခဲ့တဲ့အခ်ိန္မွာ ေပ်ာ္႐ႊင္လြန္းလို႔ ငိုေႂကြးမိခဲ့တယ္လို႔ ဝန္ခံ ေျပာၾကားခဲ့ပါတယ္။

ေပ်ာ္လြန္းလို႔ ငိုမိခဲ့လားလို႔ ေမးျမန္းခဲ့ရာမွာ ခ်ာကာက“က်ိန္းေသတာေပါ့။ ကြၽန္ေတာ္က အရမ္းကို စိတ္ခံစားလြယ္တဲ့သူပါ။ ကြၽန္ေတာ္ ငိုေႂကြးမိတယ္။ အဲဒါကို မရွက္ပါဘူး။ ဟုတ္တာေပ့ါ။ ကြၽန္ေတာ္ တစ္ခါတေလမွာ ေပ်ာ္လို႔ ငိုခဲ့မိပါတယ္။ ဥပမာအားျဖင့္ ကြၽန္ေတာ္ ေလဗာကူဆင္ကို ေျပာင္းေ႐ႊ႕ႏိုင္ခဲ့တဲ့အခ်ိန္တုန္းကေပါ့။ ဟုတ္တာေပါ့။ ေပ်ာ္လို႔ ငိုမိတာပါ။ ဘာလို႔လဲဆိုေတာ့ ကြၽန္ေတာ္ တကယ္ကို ျပန္သြားခ်င္ခဲ့လို႔ပါ။ လူပုဂၢိဳလ္တစ္ေယာက္အျဖစ္နဲ႔ အဲဒါကလည္း တစ္စိတ္တပိုင္းျဖစ္ခဲ့တယ္လို႔လည္း ထင္ပါတယ္”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

ခ်ာကာဟာ ပရိသတ္ေတြနဲ႔ ျပႆနာတက္ခဲ့ၿပီးေနာက္ အသင္းေခါင္းေဆာင္ ရာထူးကေန ဖယ္ရွားခံခဲ့ရတဲ့အခ်ိန္တုန္းက ျပစ္တင္ေဝဖန္မႈေတြ အမ်ားအျပားရဲ႕ ပစ္မွတ္ထားျခင္းခံခဲ့ရေပမယ့္လည္း ေျမာက္လန္ဒန္မွာ အံ့အားသင့္ဖြယ္ ျပန္လည္သက္ဝင္လာခဲ့သူျဖစ္ပါတယ္။

ဒါေပမယ့္လည္း အာတီတာေရာက္ရွိလာမႈက ခ်ာကာရဲ႕ အာဆင္နယ္ကစားသမားဘဝကို ႀကီးမားတဲ့ အခ်ိဳးအေကြ႕ျဖစ္လာေစခဲ့ၿပီး ဆြစ္ဇာလန္ကြင္းလယ္လူဟာ ၿပီးခဲ့တဲ့ရာသီ ဆုဖလားစိန္ေခၚမႈမွာ အေရးအပါဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ခဲ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet