ကျွန်တော်တို့က တနပ်စား မကြံဘူးလို့ အာဆင်နယ်ဖန်တွေကို ခရွန်ကီ ကတိပေး
အာဆင်နယ်အသင်းပိုင်ရှင် စတန် ခရွန်ကီရဲ့သား ဂျို့ရှ် ခရွန်ကီက အာဆင်နယ်ဟာ သူ့မိသားရဲ့ အကြီးမားဆုံး စီမံကိန်းကြီးဖြစ်ပြီး အသင်းပိုင်ရှင်တွေအဖြစ် ကာလရှည် ရှိနေမှာဖြစ်တယ်လို့ ပြောဆိုလိုက်ပါတယ်။
ခရွန်ကီ မိသားစုဟာ အသင်းကို ရောင်းချမှာမဟုတ်ဘူးလို့ ထုတ်ပြန်ကြေညာချက်ထုတ်ခဲ့ပြီး အာတီတာလက်အောက်မှာ အမှန်တကယ် ပရီးမီးယားလိဂ်ဖလား စိန်ခေါ်နိုင်သူတွေဖြစ်လာပြီးကတည်းက ပိုင်ရှင်တွေကို ပရိသတ်တွေက ပိုပြီး အားပေးထောက်ခံလာကြတာဖြစ်ပါတယ်။
ခရွန်ကီကလည်း လက်ရှိမှာတော့ အင်တာဗျူးအသစ်တစ်ခုမှာ ဂန်းနားတွေဟာ တကယ်ကို ကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှုဖြစ်ပြီး သူ့ရဲ့ဖခင် စတန်အနေနဲ့ ဘယ်လိုနည်းနဲ့မှ မကြာမီအချိန်အတွင်း အသင်းကို ရောင်းချမှာမဟုတ်ဘူးလို့ ထပ်မံကတိပေးခဲ့ပါတယ်။
“ကျွန်တော်တို့က အားကစားကို ချစ်လို့ အားကစားလောထဲ ဝင်လာကြတဲ့ အိမ်ခြံမြေမိသားစုပါ။ ကျွန်တော်တို့မှာ အခုဆိုရင် လော့စ်အိန်ဂျလိစ်ရမ်းစ်၊ ကော်လိုရာဒို အဗလန့်ချ်၊ ဒန်းဗား နပ်ဂတ်၊ ကော်လိုရာဒို မန်းမို့သ်၊ ကော်လိုရာဒို ရက်ပစ်တို့ ရှိတယ်။ တကယ်ကြီးမားတဲ့တစ်ခုကတော့ လန်ဒန်မှာရှိတာပါ။ ကျွန်တော်တို့မှာ အာဆင်နယ် ဘောလုံးအသင်းရှိတယ်။ ကျွန်တော်တို့ တော်တော်လေးကို နှစ်မြှုပ်ထားခဲ့ကြတာပါ။ ကျွန်တော်တို့ လုပ်သမျှအရာအားလုံးမှာ ရေရှည်အတွက်ပဲ သွားပါတယ်။ ကျွန်တော့်အဖေရဲ့ အတွေးအခေါ် အယူအဆကလည်း ကျွန်တော်နဲ့အတူတူပါပဲ။ ခင်ဗျား တစ်စုံတစ်ရာကို ရင်းနှီးမြှုပ်နှံတဲ့အခါတိုင်း အချိန်တိုတိုနဲ့ ငွေပြန်ရဖို့ ကြိုးစားမှာပဲ။ အဲဒါက ကျွန်တော်တို့ရဲ့ မဟာဗျူဟာမဟုတ်ဘူး။ ကျွန်တော်တို့အတွက် ရေရှည်မှာ အဓိပ္ပာယ်ရှိစေမယ့် တစ်စုံတရာကိုပဲ ရင်းနှီးမြှုပ်နှံချင်တယ်။”လို့ ပြောဆိုခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
အာဆင္နယ္အသင္းပိုင္ရွင္ စတန္ ခ႐ြန္ကီရဲ႕သား ဂ်ိဳ႕ရွ္ ခ႐ြန္ကီက အာဆင္နယ္ဟာ သူ႔မိသားရဲ႕ အႀကီးမားဆုံး စီမံကိန္းႀကီးျဖစ္ၿပီး အသင္းပိုင္ရွင္ေတြအျဖစ္ ကာလရွည္ ရွိေနမွာျဖစ္တယ္လို႔ ေျပာဆိုလိုက္ပါတယ္။
ခ႐ြန္ကီ မိသားစုဟာ အသင္းကို ေရာင္းခ်မွာမဟုတ္ဘူးလို႔ ထုတ္ျပန္ေၾကညာခ်က္ထုတ္ခဲ့ၿပီး အာတီတာလက္ေအာက္မွာ အမွန္တကယ္ ပရီးမီးယားလိဂ္ဖလား စိန္ေခၚႏိုင္သူေတြျဖစ္လာၿပီးကတည္းက ပိုင္ရွင္ေတြကို ပရိသတ္ေတြက ပိုၿပီး အားေပးေထာက္ခံလာၾကတာျဖစ္ပါတယ္။
ခ႐ြန္ကီကလည္း လက္ရွိမွာေတာ့ အင္တာဗ်ဴးအသစ္တစ္ခုမွာ ဂန္းနားေတြဟာ တကယ္ကို ႀကီးမားတဲ့ ရင္းႏွီးျမႇဳပ္ႏွံမႈျဖစ္ၿပီး သူ႔ရဲ႕ဖခင္ စတန္အေနနဲ႔ ဘယ္လိုနည္းနဲ႔မွ မၾကာမီအခ်ိန္အတြင္း အသင္းကို ေရာင္းခ်မွာမဟုတ္ဘူးလို႔ ထပ္မံကတိေပးခဲ့ပါတယ္။
“ကြၽန္ေတာ္တို႔က အားကစားကို ခ်စ္လို႔ အားကစားေလာထဲ ဝင္လာၾကတဲ့ အိမ္ၿခံေျမမိသားစုပါ။ ကြၽန္ေတာ္တို႔မွာ အခုဆိုရင္ ေလာ့စ္အိန္ဂ်လိစ္ရမ္းစ္၊ ေကာ္လိုရာဒို အဗလန႔္ခ်္၊ ဒန္းဗား နပ္ဂတ္၊ ေကာ္လိုရာဒို မန္းမို႔သ္၊ ေကာ္လိုရာဒို ရက္ပစ္တို႔ ရွိတယ္။ တကယ္ႀကီးမားတဲ့တစ္ခုကေတာ့ လန္ဒန္မွာရွိတာပါ။ ကြၽန္ေတာ္တို႔မွာ အာဆင္နယ္ ေဘာလုံးအသင္းရွိတယ္။ ကြၽန္ေတာ္တို႔ ေတာ္ေတာ္ေလးကို ႏွစ္ျမႇဳပ္ထားခဲ့ၾကတာပါ။ ကြၽန္ေတာ္တို႔ လုပ္သမွ်အရာအားလုံးမွာ ေရရွည္အတြက္ပဲ သြားပါတယ္။ ကြၽန္ေတာ့္အေဖရဲ႕ အေတြးအေခၚ အယူအဆကလည္း ကြၽန္ေတာ္နဲ႔အတူတူပါပဲ။ ခင္ဗ်ား တစ္စုံတစ္ရာကို ရင္းႏွီးျမႇဳပ္ႏွံတဲ့အခါတိုင္း အခ်ိန္တိုတိုနဲ႔ ေငြျပန္ရဖို႔ ႀကိဳးစားမွာပဲ။ အဲဒါက ကြၽန္ေတာ္တို႔ရဲ႕ မဟာဗ်ဴဟာမဟုတ္ဘူး။ ကြၽန္ေတာ္တို႔အတြက္ ေရရွည္မွာ အဓိပၸာယ္ရွိေစမယ့္ တစ္စုံတရာကိုပဲ ရင္းႏွီးျမႇဳပ္ႏွံခ်င္တယ္။”လို႔ ေျပာဆိုခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News