ကျူပီအာနဲ့ ပွဲမှာ ပါဝင်ကစားပေးမယ့် ပါတေးနဲ့ ဂျပန်ကြီး
အာဆင်နယ်ဟာ ယနေ့ညမှာ ကျူပီအာနဲ့ တံခါးပိတ် ခြေစမ်းပွဲ ကစားသွားဖို့ စီစဉ်ထားပြီး ဂန်းနားတွေဟာ ပြီးခဲ့တဲ့အပတ်က ပေါ်တိုကို အနိုင်ရပြီး ချန်ပီယံလိဂ်ကွာတားတက်ပြီးကတည်းက ပွဲမကစားခဲ့ရတာဖြစ်ပါတယ်။
ကစားသမားအများအပြားဟာ သက်ဆိုင်ရာ နိုင်ငံအသင်းတွေအတွက် ကိုယ်စားပြုကစားပေးဖို့အတွက် အသင်းနဲ့ အဝေးကို ရောက်ရှိနေကြတာဖြစ်ပေမယ့်လည်း နိုင်ငံပွဲမကစားရတဲ့ကစားသမားတွေကတော့ လာမယ့်ရက်သတ္တပတ်အနည်းငယ်ကို မြောက်လန်ဒန်မှာပဲ အချိန်ကုန်ဆုံးရမှာဖြစ်ပါတယ်။
ပွဲပြန်ကစားရမယ့်ရက်နဲ့ ၁၉ ရက်လောက် ကွာဟနေတာကြောင့် အာတီတာဟာ အသင်းသားတွေကို မတ်လကုန်မှာ ကစားရမယ့် မန်ချက်စတာစီးတီးနဲ့ပွဲအတွက် သွေးအေးသွားမှာမလိုလားဘဲ သွေးပူနေအောင် စီစဉ်ခဲ့ပါတယ်။
အရင်တုန်းကလည်း ဂန်းနားတွေဟာ ဒီလိုမျိုး လုပ်ခဲ့ဖူးပြီး ဒီရာသီအစောပိုင်းတုန်းကလည်း လန်ဒန်ကိုလ်နီကွင်းမှာ လူတန်တောင်းနဲ့ ခြေစမ်းပွဲကစားခဲ့ပြီး တစ်ပိုင်းကို မိနစ် ၃၀ စီ ကစားခဲ့တဲ့ပွဲမှာ ထရော့ဆာ့ဒ်က ၂ ဂိုး၊ ဆာကာက ၁ ဂိုးသွင်းပြီး ၃-၀ နဲ့ အနိုင်ရခဲ့တာဖြစ်ပါတယ်။
ဒီတစ်ကြိမ်မှာလည်း ကျူပီအာနဲ့ ခြေစမ်းပွဲကစားသွားမှာဖြစ်ပြီး ဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ တိုမိယဆုနဲ့ ပါတေးတို့က ဒီပွဲမှာ ပါဝင်ကစားပေးသွားမှာဖြစ်ပေမယ့်လည်း ယူရီယန် တင်းဘားကတော့ ယူ-၂၁ ကစားသမားတွေ အများအပြားနဲ့ ဖွဲ့စည်းထားတဲ့ လူစာရင်းထဲ ပါဝင်နိုင်ခြင်းမရှိသေးဘူးလို့ သိရပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
အာဆင္နယ္ဟာ ယေန႔ညမွာ က်ဴပီအာနဲ႔ တံခါးပိတ္ ေျခစမ္းပြဲ ကစားသြားဖို႔ စီစဥ္ထားၿပီး ဂန္းနားေတြဟာ ၿပီးခဲ့တဲ့အပတ္က ေပၚတိုကို အႏိုင္ရၿပီး ခ်န္ပီယံလိဂ္ကြာတားတက္ၿပီးကတည္းက ပြဲမကစားခဲ့ရတာျဖစ္ပါတယ္။
ကစားသမားအမ်ားအျပားဟာ သက္ဆိုင္ရာ ႏိုင္ငံအသင္းေတြအတြက္ ကိုယ္စားျပဳကစားေပးဖို႔အတြက္ အသင္းနဲ႔ အေဝးကို ေရာက္ရွိေနၾကတာျဖစ္ေပမယ့္လည္း ႏိုင္ငံပြဲမကစားရတဲ့ကစားသမားေတြကေတာ့ လာမယ့္ရက္သတၱပတ္အနည္းငယ္ကို ေျမာက္လန္ဒန္မွာပဲ အခ်ိန္ကုန္ဆုံးရမွာျဖစ္ပါတယ္။
ပြဲျပန္ကစားရမယ့္ရက္နဲ႔ ၁၉ ရက္ေလာက္ ကြာဟေနတာေၾကာင့္ အာတီတာဟာ အသင္းသားေတြကို မတ္လကုန္မွာ ကစားရမယ့္ မန္ခ်က္စတာစီးတီးနဲ႔ပြဲအတြက္ ေသြးေအးသြားမွာမလိုလားဘဲ ေသြးပူေနေအာင္ စီစဥ္ခဲ့ပါတယ္။
အရင္တုန္းကလည္း ဂန္းနားေတြဟာ ဒီလိုမ်ိဳး လုပ္ခဲ့ဖူးၿပီး ဒီရာသီအေစာပိုင္းတုန္းကလည္း လန္ဒန္ကိုလ္နီကြင္းမွာ လူတန္ေတာင္းနဲ႔ ေျခစမ္းပြဲကစားခဲ့ၿပီး တစ္ပိုင္းကို မိနစ္ ၃၀ စီ ကစားခဲ့တဲ့ပြဲမွာ ထေရာ့ဆာ့ဒ္က ၂ ဂိုး၊ ဆာကာက ၁ ဂိုးသြင္းၿပီး ၃-၀ နဲ႔ အႏိုင္ရခဲ့တာျဖစ္ပါတယ္။
ဒီတစ္ႀကိမ္မွာလည္း က်ဴပီအာနဲ႔ ေျခစမ္းပြဲကစားသြားမွာျဖစ္ၿပီး ဒဏ္ရာေၾကာင့္ အနားယူေနခဲ့ရတဲ့ တိုမိယဆုနဲ႔ ပါေတးတို႔က ဒီပြဲမွာ ပါဝင္ကစားေပးသြားမွာျဖစ္ေပမယ့္လည္း ယူရီယန္ တင္းဘားကေတာ့ ယူ-၂၁ ကစားသမားေတြ အမ်ားအျပားနဲ႔ ဖြဲ႕စည္းထားတဲ့ လူစာရင္းထဲ ပါဝင္ႏိုင္ျခင္းမရွိေသးဘူးလို႔ သိရပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Team News