ကင်းကိုင်ကြောင့် အဖိုးတန်အဝေးကွင်းနိုင်ပွဲရခဲ့တဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာများ 1024 504 coyg

ကင်းကိုင်ကြောင့် အဖိုးတန်အဝေးကွင်းနိုင်ပွဲရခဲ့တဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာများ

အာဆင်နယ်ဟာ စနေနေ့ညက ဂျီတက်ချ် ကွန်မြူနတီကွင်းကို သွားရောက်ကစားခဲ့တဲ့ပွဲစဉ်မှာ အနိုင်ရခဲ့မယ်ဆိုရင် အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းနိုင်မယ်ဆိုတာကို သိရှိနေခဲ့ပြီးသားဖြစ်ပြီး လူစားဝင်ကစားသမား ကိုင် ဟာဗတ်ဇ်က ဂန်းနားတွေကို အနိုင်ရရှိစေမယ့် နောက်ကျအနိုင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပါတယ်။

၁။ ဖိအားတွေ ခံစားနေရတဲ့ ရမ်းစ်ဒေးလ်

အာရွန် ရမ်းစ်ဒေးလ်ဟာ ရာယာ မိခင်အသင်းနဲ့ ရင်ဆိုင်ကစားလို့ မရတာကြောင့် ပွဲထွက်ပါဝင်ကစားပေးခွင့်ရခဲ့ပြီး အင်္ဂလန်ဂိုးသမားဟာ ပွဲကို တိတ်တိတ်ဆိတ်ဆိတ်နဲ့ စတင်နိုင်ဖို့ မျှော်လင့်ခဲ့ပေမယ့်လည်း ကိုယ့်ဘာသာကိုယ် ဖိအားအချို့ ပေးမိခဲ့ပြီးနောက် အမှားကျူးလွန်မိလုနီးပါး ဖြစ်ခဲ့ပါတယ်။ ဘောလုံးကို အကြာကြီး ကိုင်ထားခဲ့ပြီးနောက် ယိုအန်း ဝစ်ဆာကို ဘောလုံး ဝင်နှိုက်ခွင့်ပေးမိခဲ့တာဖြစ်ပြီး ဒီကလန် ရိုက် ကယ်လို့သာ ဂိုးမပေးခဲ့ရတာဖြစ်ပါတယ်။ ဝစ်ဆာက ဂိုးကန်သွင်းဖို့ စောင့်နေတဲ့ ဘရိုင်ယန် အမ်ဘူးမိုကို ခင်းပေးလိုက်ပြီးနောက် ဒီကလန် ရိုက်က ဂိုးကန်သွင်းချက်ကို ဂိုးစည်းပေါ်ကနေ ရှင်းထုတ်ခဲ့ရတာ ဖြစ်ပါတယ်။ နောက်ပိုင်းမှာတော့ ရမ်းစ်ဒေးလ်က ပုံမှန်လက်စွမ်း ပြန်ရသွားပုံပေါ်ပြီး အမြင့်ဘောဖြတ်တင်ပေးပို့မှုကို ထွက်ဆွဲနိုင်ခဲ့ပြီးနောက် နိုင်ပွဲရရှိအောင် ကူညီပေးနိုင်ခဲ့တဲ့အတွက် အသင်းဖော်တွေရဲ့ ချီးကျူးမှုကို ခံခဲ့ရပါတယ်။

၂။ ချန်လှပ်ခံခဲ့ရမှုကို တုံ့ပြန်ခဲ့တဲ့ ဟာဗတ်ဇ်

လီအန်ဒရို ထရော့ဆာ့ဒ်ဟာ ဂျေးဇု ပြန်ပါလာပေမယ့်လည်း ပွဲထွက်လူစာရင်းမှာ ဆက်လက် နေရာရခဲ့ပြီး ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ ရာသီအစောပိုင်းတုန်းက ကိုင် ဟာဗတ်ဇ် ကွင်းလယ်ခံစစ်နေရာမှာ ပွဲထွက်လာခဲ့တာဖြစ်ပါတယ်။ ပထမပိုင်းနှောင်းပိုင်းမှာ ထရော့ဆာ့ဒ်က ဂန်းနားတွေအတွက် ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပြီလို့ ထင်မြင်ခဲ့ပေမယ့်လည်း VAR က လူမကျွံ ကျွံအောင် အတင်းဆွဲထားတဲ့ လူကျွံမျဉ်းကြောင့် ခြေချောင်းလေးကျွံနေခဲ့တယ်ဆိုပြီး ဂိုးပယ်ဖျက်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဒုတိယပိုင်းမှာ ဘရန့်တ်ဖို့ဒ်ကစားပုံက ပိုမိုကောင်းမွန်လာခဲ့ပြီး ဟာဗတ်ဇ်က နောက်ကျ လူစားဝင်ကစားသမားအဖြစ်သာ ပါဝင်ကစားခွင့်ရရှိခဲ့မှုကို ဂန်းနားတွေအတွက် အရေးကြီးတဲ့နောက်ကျအနိုင်ဂိုးကို သွင်းယူပေးပြီး တုံ့ပြန်ခဲ့ပါတယ်။ လာမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ပွဲထွက်ကစားခွင့်က ကိုင် ဟာဗတ်ဇ်အတွက် ဆုချီးမြှင့်မှု ဖြစ်လာနိုင်ပါတယ်။

၃။ တိုနီနဲ့သာဆို ဂိုးတွေ ပိုရခဲ့မယ့် ဂန်းနားတွေနဲ့ ပျားများ

ဂါဘရီယဲလ် ဂျေးဇု လုပ်ပေးနိုင်တာက ချိတ်ဆက်ကစားမှုဖြစ်ပြီး ဘယ်တုန်းကမှ ဂိုးသွင်းကောင်းတဲ့ တိုက်စစ်မှူးမဟုတ်ခဲ့ဘူးလို့ ဘရာဇီးလ်မှာ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဝန်ခံခဲ့ပြီးနောက် စနေနေ့ည ဘရာဇီးလ်တိုက်စစ်မှူး ပွဲထွက်လူစာရင်းထဲ ပါဝင်လာချိန်မှာ အားလုံးက စောင့်ကြည့်ခဲ့တာ ဖြစ်ပါတယ်။ ထရော့ဆာ့ဒ်ရဲ့ ခွင့်ပြုခြင်းမခံခဲ့ရတဲ့ဂိုးမှာ ဂျေးဇုဟာ ဆာကာရဲ့ ဖြတ်တင်ပေးပို့မှုကို ချိန်သားကိုက် ပြေးဝင်ခေါင်းတိုက်သွင်းယူခဲ့ပေမယ့်လည်း ဖလက်ကန် မကာကွယ်နိုင်တဲ့နေရာလောက်ကို ခေါင်းမတိုက်နိုင်ခဲ့ဘဲ ဘရန့်ဖို့ဒ်ဂိုးသမားရှိရာကို တန်းတန်းမတ်မတ် ခေါင်းတိုက်ခဲ့တာဖြစ်ပါတယ်။ တကယ်လို့သာ နည်းနည်း ထိချက်မှန်ခဲ့မယ်ဆိုရင် အာဆင်နယ်တို့ ဦးဆောင်ဂိုး ရရှိခဲ့မှာဖြစ်ပြီး ထရော့ဆာ့ဒ်လည်း လူကျွံခဲ့စရာ အကြောင်းမရှိပါဘူး။ တစ်ဖက်မှာလည်း အမ်ဘူးမိုရဲ့ အစောပိုင်းမှာ ဂိုးအဖြစ်ပြောင်းလဲနိုင်ခြင်းမရှိခဲ့မှု၊ ဒုတိယပိုင်းမှာ လူစားဝင်ကစားသမား မူပေးရဲ့ ဂိုးသွင်းယူဖို့ကြိုးပမ်းမှု ချိန်သားမကိုက်မှုတို့ကြောင့် လူတွေရဲ့ အာရုံက အိုင်ဗန် တိုနီဆီကို ရောက်ရှိခဲ့ကြပါတယ်။ အင်္ဂလန်တိုက်စစ်မှူးဟာ နွေရာသီထက် ယခုဇန်နဝါရီမှာ အသင်းပြောင်းရွှေ့ဖို့ ပိုများပြီး အာဆင်နယ်နဲ့ သတင်းတွေ ထွက်ပေါ်နေတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ ဘရန့်တ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီ လိဂ်သွင်းဂိုး ၂၀ အထိ သွင်းယူပေးခဲ့တဲ့ အဓိကကစားသမားမပါဝင်တဲ့အကျိုးကျေးဇူးက ဘာလဲဆိုတာကို ကောင်းကောင်းသိခဲ့ရတာဖြစ်ပါတယ်။

၄။ အာတီတာနဲ့ ဂန်းနားတွေဆီကနေ လွတ်မြောက်ခဲ့တဲ့ PGMOL

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ဘရန့်တ်ဖို့ဒ်နဲ့ ၁-၁ သရေကျခဲ့တဲ့ပွဲစဉ်မှာ VAR ရဲ့ သားကောင်ဖြစ်ခဲ့ပြီး တာဝန်ရှိသူတွေဟာ အဲဒီလိုအဖြစ်မျိုး ထပ်မဖြစ်ချင်ခဲ့မှာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေမှာလည်း အာတီတာနဲ့ PGMOL တို့ကြား ပြဿနာတွေ ဖြစ်ပွားနေခဲ့တာဖြစ်ပြီး ဂန်းနားနည်းပြက နယူးကာဆယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲမှာ ဒိုင်လူကြီးတွေကို ဝေဖန်ခဲ့တာဖြစ်ပါတယ်။ ဘန်လေကို အနိုင်ရခဲ့တဲ့ပွဲစဉ်အပြီးမှာတော့ အာတီတာက VAR ကို ချီးကျူးချင်တယ်လို့ နောက်ပြောင်ခဲ့တာဖြစ်ပြီး ဂျီတက်ချ်ကွင်းမှာ စနေနေ့ညက ဖြစ်ခဲ့တာကလည်း နောက်ထပ်တစ်ကြိမ် VAR နဲ့ အာတီတာတို့ကြား ပြဿနာဖြစ်နိုင်တဲ့အနေအထားဖြစ်ခဲ့ပါတယ်။ ကံကောင်းထောက်မစွာနဲ့ပဲ ထရော့ဆာ့ဒ်ရဲ့ ခွင့်ပြုခြင်းမခံခဲ့ရတဲ့သွင်းဂိုးကို အာတီတာက စောဒကတောင် မတက်ခဲ့တာဖြစ်ပါတယ်။

၅။ သေလုမျောပါးအချိန်မှာ အခွင့်အရေးကို အမိအရဆုပ်ယူနိုင်ခဲ့ခြင်း

မန်စီးတီးနဲ့ လီဗာပူးလ်တို့ အစောပိုင်းပွဲစဉ်မှာ သရေကျခဲ့ကြပြီးနောက် အာဆင်နယ်ဟာ အနိုင် ၃ မှတ်သာရခဲ့ရင် အမှတ်ပေးဇယားထိပ်ဆုံးကို တက်လှမ်းနိုင်မယ်ဆိုတာကို သိခဲ့ပါတယ်။ အာဆင်နယ်အနေနဲ့ ဖိအားတွေကို ခံစားခဲ့ရလားဆိုတာ ပြောဖို့ခက်ပြီး ၎င်းတို့ရဲ့ ပြိုင်ဘက်တွေကတော့ နိုင်ငံတကာပွဲအားလပ်ရက်က ပွဲပမ်းမှုတွေကို ခံစားခဲ့ရတာ အသေအချာပဲ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီတုန်းက ကြီးမားတဲ့ အခွင့်အရေးတွေ ရချိန်မှာ အသုံးမချနိုင်ခဲ့ဘဲ ဒီပွဲမှာလည်း ဂျေးဇုရော လူစားဝင်လာတဲ့ အန်ကီးတီးယားပါ ပွဲအဖြေကို မပြောင်းလဲနိုင်ခဲ့ပေမယ့်လည်း ဟာဗတ်ဇ်က လိုအပ်ချိန်မှာ အသင်းအတွက် ရလဒ်ကောင်းကို ယူဆောင်ပေးခဲ့တာဖြစ်ပါတယ်။ အနိုင်ရဖို့ မထိုက်တန်ဘူးလို့ ခံစားရတဲ့ပွဲမျိုးတွေမှာ နောက်ကျသွင်းဂိုးတွေကို ဆုဖလားစိန်ခေါ်မှုအတွက် မကြာခဏ အားကိုးရလေ့ရှိပြီး ပြီးခဲ့တဲ့ရာသီတုန်းက စီးတီးက ဂန်းနားတွေကို ပြန်ကျော်မတက်ခင် ဒီလိုမျိုး အခိုက်အတန့်အနည်းငယ်ရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဒီတစ်ကြိမ်မှာတော့ ပိုမိုကြီးမားတဲ့အရာရဲ့ အစဖြစ်လိမ့်မယ်လို့ ဂန်းနားတွေအနေနဲ့ မျှော်လင့်နေမှာဖြစ်ပါတယ်။

၆။ အမ်ဘူးမိုကို တိတ်ဆိတ်စေခဲ့တဲ့ ဂါဘရီယဲလ်

အန္တရာယ်များပြီး ရုပ်ပိုင်းဆိုင်ရာအားကောင်းတဲ့ ဘရိုင်ယန် အမ်ဘူးမိုနဲ့ ရင်ဆိုင်ရာမှာ ဂါဘရီယဲလ်က တစ်ချက်လေးမှ အလွတ်မပေးခဲ့ဘဲ ဆာလီဘာနဲ့အတူ ဘရန့်တ်ဖို့ဒ်တို့ ထိုးဖောက်မရနိုင်တဲ့ ခိုင်မာတဲ့ခံစစ်အတွဲကို ပုံဖော်နိုင်ခဲ့ပါတယ်။ ဂါဘရီယဲလ်ဟာ ဘောလုံးဖျက်ထုတ်ရာမှာ ခပ်ကြမ်းကြမ်း ကစားခဲ့ပြီး ဘောလုံးကိုင်ထားချိန်မှာလည်း ယုံကြည်ချက်အပြည့်နဲ့ ခံစစ်ကနေ တိုက်စစ်ကို စတင်ခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်နောက်ခံလူဟာ တစ်ဦးချင်းတိုက်ပွဲ ၉ ကြိမ်မှာ ၇ ကြိမ်အထိ အနိုင်ရခဲ့သလို ဘောလုံးပြန်လည်ဆယ်ယူမှု ၅ ကြိမ်အထိ ပြုလုပ်နိုင်ခဲ့ပြီး ရာသီအစမှာ ပွဲထွက်လူစာရင်းထဲကနေ အံ့အားသင့်ဖွယ် ချန်လှပ်ခံခဲ့ရပေမယ့်လည်း ဂါဘရီယဲလ်ဟာ အသင်းရဲ့ ပုံမှန်ပွဲထွက်ကစားသမားဖြစ်ကြောင်း ဒီတစ်ကြိမ်မှာ သက်သေပြသနိုင်ခဲ့ပုံပေါ်ပါတယ်။

၇။ တိုက်စစ်ရော ခံစစ်ပါ အားကိုးရတဲ့ ဇင်ချန်ကို

ဇင်ချန်ကိုဟာ စနေနေ့ညပွဲစဉ်မှာ အာဆင်နယ်ရဲ့ လွှမ်းမိုးမှုအရှိဆုံးကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပြီး ဘယ်နောက်ခံနေရာမှာ အလွန်ကောင်းမွန်တဲ့ ခြေစွမ်း ပြသနိုင်ခဲ့တာ ဖြစ်ပါတယ်။ ယူကရိန်းနောက်ခံလူဟာ တိုက်စစ်ပိုင်းမှာလည်း အကျိုးသက်ရောက်မှု ကောင်းမွန်ခဲ့ပြီး ပြိုင်ဘက်ခံစစ်ဧရိယာကို ဘောလုံးပေးပို့မှု ၁၀ ကြိမ်ထက်မနည်း ပြုလုပ်နိုင်ခဲ့သလို ခံစစ်ကနေ ကွင်းလယ်ကိုလည်း ဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ ဇင်ချန်ကိုဟာ ဂျီတက်ချ် ကွန်မြူနတီကွင်းက ပွဲစဉ်အတွင်း ဘောလုံးပေးပို့မှု အများဆုံး(အကြိမ် ၇၀) ပြုလုပ်နိုင်ခဲ့ပြီး ပွဲကစားချိန် ၄၅ မိနစ်ထက် ပိုကစားခဲ့တဲ့ ကစားသမားတွေအားလုံးထဲမှာလည်း ဘောလုံးပေးပို့ရာမှာ အတိကျဆုံး(၉၃ ရာခိုင်နှုန်း)ဖြစ်ခဲ့တာဖြစ်ပါတယ်။ တိုက်စစ်ပိုင်းမှာ ကူညီပေးနိုင်ခဲ့တဲ့အပြင် ခံစစ်ပိုင်းအတွက်လည်း ပြန်လည်ဆယ်ယူမှု ၅ ကြိမ်နဲ့ ဒုတိယပိုင်းမှာ အရေးကြီးတဲ့ ဂိုးစည်ပေါ်က ရှင်းထုတ်မှုတစ်ကြိမ်လည်း ပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်။ အသင်းရဲ့ အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုဖြစ်တာကြောင့် အာဆင်နယ်အနေနဲ့ လက်ကျန်ရာသီတလျှောက်လုံးဇင်ချန်ကိုရဲ့ ကြံ့ခိုင်မှု ပြည့်ဝနေဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဟာ စေနေန႔ညက ဂ်ီတက္ခ်္ ကြန္ျမဴနတီကြင္းကို သြားေရာက္ကစားခဲ့တဲ့ပြဲစဥ္မွာ အႏိုင္ရခဲ့မယ္ဆိုရင္ အမွတ္ေပးဇယားထိပ္ဆုံးကို တက္လွမ္းႏိုင္မယ္ဆိုတာကို သိရွိေနခဲ့ၿပီးသားျဖစ္ၿပီး လူစားဝင္ကစားသမား ကိုင္ ဟာဗတ္ဇ္က ဂန္းနားေတြကို အႏိုင္ရရွိေစမယ့္ ေနာက္က်အႏိုင္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ပါတယ္။

၁။ ဖိအားေတြ ခံစားေနရတဲ့ ရမ္းစ္ေဒးလ္

အာ႐ြန္ ရမ္းစ္ေဒးလ္ဟာ ရာယာ မိခင္အသင္းနဲ႔ ရင္ဆိုင္ကစားလို႔ မရတာေၾကာင့္ ပြဲထြက္ပါဝင္ကစားေပးခြင့္ရခဲ့ၿပီး အဂၤလန္ဂိုးသမားဟာ ပြဲကို တိတ္တိတ္ဆိတ္ဆိတ္နဲ႔ စတင္ႏိုင္ဖို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္လည္း ကိုယ့္ဘာသာကိုယ္ ဖိအားအခ်ိဳ႕ ေပးမိခဲ့ၿပီးေနာက္ အမွားက်ဴးလြန္မိလုနီးပါး ျဖစ္ခဲ့ပါတယ္။ ေဘာလုံးကို အၾကာႀကီး ကိုင္ထားခဲ့ၿပီးေနာက္ ယိုအန္း ဝစ္ဆာကို ေဘာလုံး ဝင္ႏႈိက္ခြင့္ေပးမိခဲ့တာျဖစ္ၿပီး ဒီကလန္ ႐ိုက္ ကယ္လို႔သာ ဂိုးမေပးခဲ့ရတာျဖစ္ပါတယ္။ ဝစ္ဆာက ဂိုးကန္သြင္းဖို႔ ေစာင့္ေနတဲ့ ဘ႐ိုင္ယန္ အမ္ဘူးမိုကို ခင္းေပးလိုက္ၿပီးေနာက္ ဒီကလန္ ႐ိုက္က ဂိုးကန္သြင္းခ်က္ကို ဂိုးစည္းေပၚကေန ရွင္းထုတ္ခဲ့ရတာ ျဖစ္ပါတယ္။ ေနာက္ပိုင္းမွာေတာ့ ရမ္းစ္ေဒးလ္က ပုံမွန္လက္စြမ္း ျပန္ရသြားပုံေပၚၿပီး အျမင့္ေဘာျဖတ္တင္ေပးပို႔မႈကို ထြက္ဆြဲႏိုင္ခဲ့ၿပီးေနာက္ ႏိုင္ပြဲရရွိေအာင္ ကူညီေပးႏိုင္ခဲ့တဲ့အတြက္ အသင္းေဖာ္ေတြရဲ႕ ခ်ီးက်ဴးမႈကို ခံခဲ့ရပါတယ္။

၂။ ခ်န္လွပ္ခံခဲ့ရမႈကို တုံ႔ျပန္ခဲ့တဲ့ ဟာဗတ္ဇ္

လီအန္ဒ႐ို ထေရာ့ဆာ့ဒ္ဟာ ေဂ်းဇု ျပန္ပါလာေပမယ့္လည္း ပြဲထြက္လူစာရင္းမွာ ဆက္လက္ ေနရာရခဲ့ၿပီး ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ဟာ ရာသီအေစာပိုင္းတုန္းက ကိုင္ ဟာဗတ္ဇ္ ကြင္းလယ္ခံစစ္ေနရာမွာ ပြဲထြက္လာခဲ့တာျဖစ္ပါတယ္။ ပထမပိုင္းေႏွာင္းပိုင္းမွာ ထေရာ့ဆာ့ဒ္က ဂန္းနားေတြအတြက္ ဦးေဆာင္ဂိုးကို သြင္းယူႏိုင္ခဲ့ၿပီလို႔ ထင္ျမင္ခဲ့ေပမယ့္လည္း VAR က လူမကြၽံ ကြၽံေအာင္ အတင္းဆြဲထားတဲ့ လူကြၽံမ်ဥ္းေၾကာင့္ ေျခေခ်ာင္းေလးကြၽံေနခဲ့တယ္ဆိုၿပီး ဂိုးပယ္ဖ်က္ျခင္းခံခဲ့ရတာ ျဖစ္ပါတယ္။ ဒုတိယပိုင္းမွာ ဘရန႔္တ္ဖို႔ဒ္ကစားပုံက ပိုမိုေကာင္းမြန္လာခဲ့ၿပီး ဟာဗတ္ဇ္က ေနာက္က် လူစားဝင္ကစားသမားအျဖစ္သာ ပါဝင္ကစားခြင့္ရရွိခဲ့မႈကို ဂန္းနားေတြအတြက္ အေရးႀကီးတဲ့ေနာက္က်အႏိုင္ဂိုးကို သြင္းယူေပးၿပီး တုံ႔ျပန္ခဲ့ပါတယ္။ လာမယ့္ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ပြဲထြက္ကစားခြင့္က ကိုင္ ဟာဗတ္ဇ္အတြက္ ဆုခ်ီးျမႇင့္မႈ ျဖစ္လာႏိုင္ပါတယ္။

၃။ တိုနီနဲ႔သာဆို ဂိုးေတြ ပိုရခဲ့မယ့္ ဂန္းနားေတြနဲ႔ ပ်ားမ်ား

ဂါဘရီယဲလ္ ေဂ်းဇု လုပ္ေပးႏိုင္တာက ခ်ိတ္ဆက္ကစားမႈျဖစ္ၿပီး ဘယ္တုန္းကမွ ဂိုးသြင္းေကာင္းတဲ့ တိုက္စစ္မႉးမဟုတ္ခဲ့ဘူးလို႔ ဘရာဇီးလ္မွာ ျပဳလုပ္ခဲ့တဲ့ အင္တာဗ်ဴးမွာ ဝန္ခံခဲ့ၿပီးေနာက္ စေနေန႔ည ဘရာဇီးလ္တိုက္စစ္မႉး ပြဲထြက္လူစာရင္းထဲ ပါဝင္လာခ်ိန္မွာ အားလုံးက ေစာင့္ၾကည့္ခဲ့တာ ျဖစ္ပါတယ္။ ထေရာ့ဆာ့ဒ္ရဲ႕ ခြင့္ျပဳျခင္းမခံခဲ့ရတဲ့ဂိုးမွာ ေဂ်းဇုဟာ ဆာကာရဲ႕ ျဖတ္တင္ေပးပို႔မႈကို ခ်ိန္သားကိုက္ ေျပးဝင္ေခါင္းတိုက္သြင္းယူခဲ့ေပမယ့္လည္း ဖလက္ကန္ မကာကြယ္ႏိုင္တဲ့ေနရာေလာက္ကို ေခါင္းမတိုက္ႏိုင္ခဲ့ဘဲ ဘရန႔္ဖို႔ဒ္ဂိုးသမားရွိရာကို တန္းတန္းမတ္မတ္ ေခါင္းတိုက္ခဲ့တာျဖစ္ပါတယ္။ တကယ္လို႔သာ နည္းနည္း ထိခ်က္မွန္ခဲ့မယ္ဆိုရင္ အာဆင္နယ္တို႔ ဦးေဆာင္ဂိုး ရရွိခဲ့မွာျဖစ္ၿပီး ထေရာ့ဆာ့ဒ္လည္း လူကြၽံခဲ့စရာ အေၾကာင္းမရွိပါဘူး။ တစ္ဖက္မွာလည္း အမ္ဘူးမိုရဲ႕ အေစာပိုင္းမွာ ဂိုးအျဖစ္ေျပာင္းလဲႏိုင္ျခင္းမရွိခဲ့မႈ၊ ဒုတိယပိုင္းမွာ လူစားဝင္ကစားသမား မူေပးရဲ႕ ဂိုးသြင္းယူဖို႔ႀကိဳးပမ္းမႈ ခ်ိန္သားမကိုက္မႈတို႔ေၾကာင့္ လူေတြရဲ႕ အာ႐ုံက အိုင္ဗန္ တိုနီဆီကို ေရာက္ရွိခဲ့ၾကပါတယ္။ အဂၤလန္တိုက္စစ္မႉးဟာ ေႏြရာသီထက္ ယခုဇန္နဝါရီမွာ အသင္းေျပာင္းေ႐ႊ႕ဖို႔ ပိုမ်ားၿပီး အာဆင္နယ္နဲ႔ သတင္းေတြ ထြက္ေပၚေနတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီတစ္ႀကိမ္မွာေတာ့ ဘရန႔္တ္ဖို႔ဒ္ဟာ ၿပီးခဲ့တဲ့ရာသီ လိဂ္သြင္းဂိုး ၂၀ အထိ သြင္းယူေပးခဲ့တဲ့ အဓိကကစားသမားမပါဝင္တဲ့အက်ိဳးေက်းဇူးက ဘာလဲဆိုတာကို ေကာင္းေကာင္းသိခဲ့ရတာျဖစ္ပါတယ္။

၄။ အာတီတာနဲ႔ ဂန္းနားေတြဆီကေန လြတ္ေျမာက္ခဲ့တဲ့ PGMOL

အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ဘရန႔္တ္ဖို႔ဒ္နဲ႔ ၁-၁ သေရက်ခဲ့တဲ့ပြဲစဥ္မွာ VAR ရဲ႕ သားေကာင္ျဖစ္ခဲ့ၿပီး တာဝန္ရွိသူေတြဟာ အဲဒီလိုအျဖစ္မ်ိဳး ထပ္မျဖစ္ခ်င္ခဲ့မွာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြမွာလည္း အာတီတာနဲ႔ PGMOL တို႔ၾကား ျပႆနာေတြ ျဖစ္ပြားေနခဲ့တာျဖစ္ၿပီး ဂန္းနားနည္းျပက နယူးကာဆယ္ကို ရႈံးနိမ့္ခဲ့တဲ့ပြဲမွာ ဒိုင္လူႀကီးေတြကို ေဝဖန္ခဲ့တာျဖစ္ပါတယ္။ ဘန္ေလကို အႏိုင္ရခဲ့တဲ့ပြဲစဥ္အၿပီးမွာေတာ့ အာတီတာက VAR ကို ခ်ီးက်ဴးခ်င္တယ္လို႔ ေနာက္ေျပာင္ခဲ့တာျဖစ္ၿပီး ဂ်ီတက္ခ်္ကြင္းမွာ စေနေန႔ညက ျဖစ္ခဲ့တာကလည္း ေနာက္ထပ္တစ္ႀကိမ္ VAR နဲ႔ အာတီတာတို႔ၾကား ျပႆနာျဖစ္ႏိုင္တဲ့အေနအထားျဖစ္ခဲ့ပါတယ္။ ကံေကာင္းေထာက္မစြာနဲ႔ပဲ ထေရာ့ဆာ့ဒ္ရဲ႕ ခြင့္ျပဳျခင္းမခံခဲ့ရတဲ့သြင္းဂိုးကို အာတီတာက ေစာဒကေတာင္ မတက္ခဲ့တာျဖစ္ပါတယ္။

၅။ ေသလုေမ်ာပါးအခ်ိန္မွာ အခြင့္အေရးကို အမိအရဆုပ္ယူႏိုင္ခဲ့ျခင္း

မန္စီးတီးနဲ႔ လီဗာပူးလ္တို႔ အေစာပိုင္းပြဲစဥ္မွာ သေရက်ခဲ့ၾကၿပီးေနာက္ အာဆင္နယ္ဟာ အႏိုင္ ၃ မွတ္သာရခဲ့ရင္ အမွတ္ေပးဇယားထိပ္ဆုံးကို တက္လွမ္းႏိုင္မယ္ဆိုတာကို သိခဲ့ပါတယ္။ အာဆင္နယ္အေနနဲ႔ ဖိအားေတြကို ခံစားခဲ့ရလားဆိုတာ ေျပာဖို႔ခက္ၿပီး ၎တို႔ရဲ႕ ၿပိဳင္ဘက္ေတြကေတာ့ ႏိုင္ငံတကာပြဲအားလပ္ရက္က ပြဲပမ္းမႈေတြကို ခံစားခဲ့ရတာ အေသအခ်ာပဲ ျဖစ္ပါတယ္။ အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ရာသီတုန္းက ႀကီးမားတဲ့ အခြင့္အေရးေတြ ရခ်ိန္မွာ အသုံးမခ်ႏိုင္ခဲ့ဘဲ ဒီပြဲမွာလည္း ေဂ်းဇုေရာ လူစားဝင္လာတဲ့ အန္ကီးတီးယားပါ ပြဲအေျဖကို မေျပာင္းလဲႏိုင္ခဲ့ေပမယ့္လည္း ဟာဗတ္ဇ္က လိုအပ္ခ်ိန္မွာ အသင္းအတြက္ ရလဒ္ေကာင္းကို ယူေဆာင္ေပးခဲ့တာျဖစ္ပါတယ္။ အႏိုင္ရဖို႔ မထိုက္တန္ဘူးလို႔ ခံစားရတဲ့ပြဲမ်ိဳးေတြမွာ ေနာက္က်သြင္းဂိုးေတြကို ဆုဖလားစိန္ေခၚမႈအတြက္ မၾကာခဏ အားကိုးရေလ့ရွိၿပီး ၿပီးခဲ့တဲ့ရာသီတုန္းက စီးတီးက ဂန္းနားေတြကို ျပန္ေက်ာ္မတက္ခင္ ဒီလိုမ်ိဳး အခိုက္အတန႔္အနည္းငယ္ရွိခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဒီတစ္ႀကိမ္မွာေတာ့ ပိုမိုႀကီးမားတဲ့အရာရဲ႕ အစျဖစ္လိမ့္မယ္လို႔ ဂန္းနားေတြအေနနဲ႔ ေမွ်ာ္လင့္ေနမွာျဖစ္ပါတယ္။

၆။ အမ္ဘူးမိုကို တိတ္ဆိတ္ေစခဲ့တဲ့ ဂါဘရီယဲလ္

အႏၲရာယ္မ်ားၿပီး ႐ုပ္ပိုင္းဆိုင္ရာအားေကာင္းတဲ့ ဘ႐ိုင္ယန္ အမ္ဘူးမိုနဲ႔ ရင္ဆိုင္ရာမွာ ဂါဘရီယဲလ္က တစ္ခ်က္ေလးမွ အလြတ္မေပးခဲ့ဘဲ ဆာလီဘာနဲ႔အတူ ဘရန႔္တ္ဖို႔ဒ္တို႔ ထိုးေဖာက္မရႏိုင္တဲ့ ခိုင္မာတဲ့ခံစစ္အတြဲကို ပုံေဖာ္ႏိုင္ခဲ့ပါတယ္။ ဂါဘရီယဲလ္ဟာ ေဘာလုံးဖ်က္ထုတ္ရာမွာ ခပ္ၾကမ္းၾကမ္း ကစားခဲ့ၿပီး ေဘာလုံးကိုင္ထားခ်ိန္မွာလည္း ယုံၾကည္ခ်က္အျပည့္နဲ႔ ခံစစ္ကေန တိုက္စစ္ကို စတင္ခဲ့တာျဖစ္ပါတယ္။ ဘရာဇီးလ္ေနာက္ခံလူဟာ တစ္ဦးခ်င္းတိုက္ပြဲ ၉ ႀကိမ္မွာ ၇ ႀကိမ္အထိ အႏိုင္ရခဲ့သလို ေဘာလုံးျပန္လည္ဆယ္ယူမႈ ၅ ႀကိမ္အထိ ျပဳလုပ္ႏိုင္ခဲ့ၿပီး ရာသီအစမွာ ပြဲထြက္လူစာရင္းထဲကေန အံ့အားသင့္ဖြယ္ ခ်န္လွပ္ခံခဲ့ရေပမယ့္လည္း ဂါဘရီယဲလ္ဟာ အသင္းရဲ႕ ပုံမွန္ပြဲထြက္ကစားသမားျဖစ္ေၾကာင္း ဒီတစ္ႀကိမ္မွာ သက္ေသျပသႏိုင္ခဲ့ပုံေပၚပါတယ္။

၇။ တိုက္စစ္ေရာ ခံစစ္ပါ အားကိုးရတဲ့ ဇင္ခ်န္ကို

ဇင္ခ်န္ကိုဟာ စေနေန႔ညပြဲစဥ္မွာ အာဆင္နယ္ရဲ႕ လႊမ္းမိုးမႈအရွိဆုံးကစားသမားေတြထဲက တစ္ဦးျဖစ္ခဲ့ၿပီး ဘယ္ေနာက္ခံေနရာမွာ အလြန္ေကာင္းမြန္တဲ့ ေျခစြမ္း ျပသႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ယူကရိန္းေနာက္ခံလူဟာ တိုက္စစ္ပိုင္းမွာလည္း အက်ိဳးသက္ေရာက္မႈ ေကာင္းမြန္ခဲ့ၿပီး ၿပိဳင္ဘက္ခံစစ္ဧရိယာကို ေဘာလုံးေပးပို႔မႈ ၁၀ ႀကိမ္ထက္မနည္း ျပဳလုပ္ႏိုင္ခဲ့သလို ခံစစ္ကေန ကြင္းလယ္ကိုလည္း ဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။ ဇင္ခ်န္ကိုဟာ ဂ်ီတက္ခ်္ ကြန္ျမဴနတီကြင္းက ပြဲစဥ္အတြင္း ေဘာလုံးေပးပို႔မႈ အမ်ားဆုံး(အႀကိမ္ ၇၀) ျပဳလုပ္ႏိုင္ခဲ့ၿပီး ပြဲကစားခ်ိန္ ၄၅ မိနစ္ထက္ ပိုကစားခဲ့တဲ့ ကစားသမားေတြအားလုံးထဲမွာလည္း ေဘာလုံးေပးပို႔ရာမွာ အတိက်ဆုံး(၉၃ ရာခိုင္ႏႈန္း)ျဖစ္ခဲ့တာျဖစ္ပါတယ္။ တိုက္စစ္ပိုင္းမွာ ကူညီေပးႏိုင္ခဲ့တဲ့အျပင္ ခံစစ္ပိုင္းအတြက္လည္း ျပန္လည္ဆယ္ယူမႈ ၅ ႀကိမ္နဲ႔ ဒုတိယပိုင္းမွာ အေရးႀကီးတဲ့ ဂိုးစည္ေပၚက ရွင္းထုတ္မႈတစ္ႀကိမ္လည္း ျပဳလုပ္ေပးခဲ့တာျဖစ္ပါတယ္။ အသင္းရဲ႕ အေရးႀကီးတဲ့အစိတ္အပိုင္းတစ္ခုျဖစ္တာေၾကာင့္ အာဆင္နယ္အေနနဲ႔ လက္က်န္ရာသီတေလွ်ာက္လုံးဇင္ခ်န္ကိုရဲ႕ ႀကံ့ခိုင္မႈ ျပည့္ဝေနဖို႔ ေမွ်ာ္လင့္ေနမွာ ျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet