ချဲလ်ဆီးနဲ့သရေကျပြီးနောက် ဂန်းနားတွေနဲ့ လီဗာပူးလ်တို့ကို ဟောကိန်းထုတ်ခဲ့တဲ့ ရိုဒရီ
ရိုဒရီဟာ မန်ချက်စတာစီးတီးက စနေနေ့ညမှာ ချဲလ်ဆီးကို အနိုင်ရအောင် မကစားနိုင်ခဲ့တဲ့နောက် အာတီတာရဲ့ အာဆင်နယ်နဲ့ ယာဂန် ကလော့ပ်ရဲ့ လီဗာပူးလ်တို့နဲ့ပတ်သက်ပြီး ဟောကိန်းထုတ်ခဲ့ပါတယ်။
အာဆင်နယ်၊ လီဗာပူးလ်နဲ့ မန်ချက်စတာစီးတီးတို့အားလုံးဟာ ဒီရာသီပရီးမီးယားလိဂ်ဖလားကို ရယူသွားဖို့ ရည်မှန်းထားကြတာဖြစ်ပြီး စနေနေ့မှာ ဒီ ၃ သင်းထဲမှာ မန်စီးတီးတစ်သင်းတည်းသာ အနိုင် ၃ မှတ်မရယူနိုင်ခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်ဟာ ဘရန့်တ်ဖို့ဒ်ကို အဝေးကွင်းမှာ ၄-၁ နဲ့ အပြတ်အသတ် အနိုင်ယူနိုင်ခဲ့သလို အာဆင်နယ်ကလည်း ဘန်လေကို တာ့ဖ်မိုးမှာ ၅-၀ နဲ့ ဂိုးပြတ် နိုင်ပွဲရယူနိုင်ခဲ့ပြီး အမှတ်ပေးဇယားအဆင့် ၂ နေရာကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။
မန်ချက်စတာစီးတီးကတော့ စနေနေ့ညနေ အစ်တီဟတ်မှာ ပိုချက်တီနိုရဲ့ ချဲလ်ဆီးကို လက်ခံယှဉ်ပြိုင်ခဲ့တဲ့ပွဲမှာ နိုင်ပွဲရယူနိုင်ခဲ့ခြင်းမရှိဘဲ ရိုဒရီရဲ့ ဒုတိယပိုင်း ချေပဂိုးကြောင့်သာ သရေ ၁ မှတ် ရရှိခဲ့တာဖြစ်ပါတယ်။ လီဗာပူးလ်ဟာ လက်ရှိမှာတော့ ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ ၂၅ ပွဲကနေ ၅၇ မှတ်နဲ့ ဦးဆောင်နေပြီး အာဆင်နယ်ကလည်း ၂၅ ပွဲကနေ ၅၅ မှတ်နဲ့ ဒုတိယနေရာမှာ ရပ်တည်နေတာ ဖြစ်ပါတယ်။
ဂွါဒီယိုလာရဲ့အသင်းကတော့ ၂၄ ပွဲကနေ ၅၃ မှတ်နဲ့ အဆင့် ၃ နေရာမှာ ရပ်တည်နေပြီး ချဲလ်ဆီးနဲ့ သရေကျခဲ့တဲ့ပွဲအပြီးမှာ ရိုဒရီက လီဗာပူးလ်၊ အာဆင်နယ်တို့နဲ့ပတ်သက်ပြီး စိတ်ဝင်စားစရာ မှတ်ချက်အချို့ ပေးခဲ့တာဖြစ်ပါတယ်။ စပိန်ကွင်းလယ်ကြယ်ပွင့်က မန်ချက်စတာစီးတီး၊ လီဗာပူးလ်နဲ့ အာဆင်နယ်တို့ အားလုံးဟာ အခုကနေ ရာသီကုန်တဲ့အထိ ပွဲတိုင်းကို အနိုင်ကစားနိုင်မှာမဟုတ်ဘူးလို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
“ရာသီကုန်တဲ့အထိ သွားရမယ့်ခရီးက အဝေးကြီးရှိပါသေးတယ်။ ကျွန်တော်တို့ ဘရန့်တ်ဖို့ဒ်ကို အနိုင်ကစားရမယ်။ ကျွန်တော်တို့က အရမ်းကောင်းတဲ့ နိုင်ပွဲဆက်စံချိန်မှာ ရှိနေခဲ့ပြီး ကျွန်တော်တို့ ၃ သင်းစလုံး ရာသီကုန်တဲ့အထိ ပွဲတိုင်း အနိုင်မရနိုင်ဘူးဆိုတာ ကျွန်တော်တို့ အားလုံးသိနေကြပါတယ်။ ကျွန်တော်တို့ စိတ်ဓာတ်ကြံ့ခိုင်ရမှာဖြစ်ပြီး နောက်လာမယ့်ပွဲအတွက် ဆက်သွားရမှာပါ။ကျွန်တော်တို့မှာ ဒါက ရာသီနောက်ဆုံးပိုင်းရဲ့အစဆိုတာကို သိဖို့ လုံလောက်တဲ့အတွေ့အကြုံတွေရှိပါတယ်။ ကျွန်တော်တို့ အနိုင်ရချင်ပေမယ့် ကျွန်တော်တို့ဘာသာ ပြန်ကြည့်ရမယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ ခံစစ်ကစားခဲ့ပုံက အားနည်းခဲ့ပြီး လက်ကျန်ရာသီအချိန်တစ်ခုလုံးမှာ ဒီထက်ပိုပြီး အားကောင်းအောင် လုပ်ရမှာပါ။”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: ႐ိုဒရီဟာ မန္ခ်က္စတာစီးတီးက စေနေန႔ညမွာ ခ်ဲလ္ဆီးကို အႏိုင္ရေအာင္ မကစားႏိုင္ခဲ့တဲ့ေနာက္ အာတီတာရဲ႕ အာဆင္နယ္နဲ႔ ယာဂန္ ကေလာ့ပ္ရဲ႕ လီဗာပူးလ္တို႔နဲ႔ပတ္သက္ၿပီး ေဟာကိန္းထုတ္ခဲ့ပါတယ္။
အာဆင္နယ္၊ လီဗာပူးလ္နဲ႔ မန္ခ်က္စတာစီးတီးတို႔အားလုံးဟာ ဒီရာသီပရီးမီးယားလိဂ္ဖလားကို ရယူသြားဖို႔ ရည္မွန္းထားၾကတာျဖစ္ၿပီး စေနေန႔မွာ ဒီ ၃ သင္းထဲမွာ မန္စီးတီးတစ္သင္းတည္းသာ အႏိုင္ ၃ မွတ္မရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္ဟာ ဘရန႔္တ္ဖို႔ဒ္ကို အေဝးကြင္းမွာ ၄-၁ နဲ႔ အျပတ္အသတ္ အႏိုင္ယူႏိုင္ခဲ့သလို အာဆင္နယ္ကလည္း ဘန္ေလကို တာ့ဖ္မိုးမွာ ၅-၀ နဲ႔ ဂိုးျပတ္ ႏိုင္ပြဲရယူႏိုင္ခဲ့ၿပီး အမွတ္ေပးဇယားအဆင့္ ၂ ေနရာကို တက္လွမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။
မန္ခ်က္စတာစီးတီးကေတာ့ စေနေန႔ညေန အစ္တီဟတ္မွာ ပိုခ်က္တီႏိုရဲ႕ ခ်ဲလ္ဆီးကို လက္ခံယွဥ္ၿပိဳင္ခဲ့တဲ့ပြဲမွာ ႏိုင္ပြဲရယူႏိုင္ခဲ့ျခင္းမရွိဘဲ ႐ိုဒရီရဲ႕ ဒုတိယပိုင္း ေခ်ပဂိုးေၾကာင့္သာ သေရ ၁ မွတ္ ရရွိခဲ့တာျဖစ္ပါတယ္။ လီဗာပူးလ္ဟာ လက္ရွိမွာေတာ့ ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ ၂၅ ပြဲကေန ၅၇ မွတ္နဲ႔ ဦးေဆာင္ေနၿပီး အာဆင္နယ္ကလည္း ၂၅ ပြဲကေန ၅၅ မွတ္နဲ႔ ဒုတိယေနရာမွာ ရပ္တည္ေနတာ ျဖစ္ပါတယ္။
ဂြါဒီယိုလာရဲ႕အသင္းကေတာ့ ၂၄ ပြဲကေန ၅၃ မွတ္နဲ႔ အဆင့္ ၃ ေနရာမွာ ရပ္တည္ေနၿပီး ခ်ဲလ္ဆီးနဲ႔ သေရက်ခဲ့တဲ့ပြဲအၿပီးမွာ ႐ိုဒရီက လီဗာပူးလ္၊ အာဆင္နယ္တို႔နဲ႔ပတ္သက္ၿပီး စိတ္ဝင္စားစရာ မွတ္ခ်က္အခ်ိဳ႕ ေပးခဲ့တာျဖစ္ပါတယ္။ စပိန္ကြင္းလယ္ၾကယ္ပြင့္က မန္ခ်က္စတာစီးတီး၊ လီဗာပူးလ္နဲ႔ အာဆင္နယ္တို႔ အားလုံးဟာ အခုကေန ရာသီကုန္တဲ့အထိ ပြဲတိုင္းကို အႏိုင္ကစားႏိုင္မွာမဟုတ္ဘူးလို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။
“ရာသီကုန္တဲ့အထိ သြားရမယ့္ခရီးက အေဝးႀကီးရွိပါေသးတယ္။ ကြၽန္ေတာ္တို႔ ဘရန႔္တ္ဖို႔ဒ္ကို အႏိုင္ကစားရမယ္။ ကြၽန္ေတာ္တို႔က အရမ္းေကာင္းတဲ့ ႏိုင္ပြဲဆက္စံခ်ိန္မွာ ရွိေနခဲ့ၿပီး ကြၽန္ေတာ္တို႔ ၃ သင္းစလုံး ရာသီကုန္တဲ့အထိ ပြဲတိုင္း အႏိုင္မရႏိုင္ဘူးဆိုတာ ကြၽန္ေတာ္တို႔ အားလုံးသိေနၾကပါတယ္။ ကြၽန္ေတာ္တို႔ စိတ္ဓာတ္ႀကံ့ခိုင္ရမွာျဖစ္ၿပီး ေနာက္လာမယ့္ပြဲအတြက္ ဆက္သြားရမွာပါ။ကြၽန္ေတာ္တို႔မွာ ဒါက ရာသီေနာက္ဆုံးပိုင္းရဲ႕အစဆိုတာကို သိဖို႔ လုံေလာက္တဲ့အေတြ႕အႀကဳံေတြရွိပါတယ္။ ကြၽန္ေတာ္တို႔ အႏိုင္ရခ်င္ေပမယ့္ ကြၽန္ေတာ္တို႔ဘာသာ ျပန္ၾကည့္ရမယ္။ ပထမပိုင္းမွာ ကြၽန္ေတာ္တို႔ ခံစစ္ကစားခဲ့ပုံက အားနည္းခဲ့ၿပီး လက္က်န္ရာသီအခ်ိန္တစ္ခုလုံးမွာ ဒီထက္ပိုၿပီး အားေကာင္းေအာင္ လုပ္ရမွာပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Rivals' Talk