အာတီတာနဲ့ ဘာတွေ ကွာခြားလဲဆိုတာ နှိုင်းယှဉ်ပြခဲ့တဲ့ ပေါ်စတီကိုဂလူ
အန်ဂီ ပေါ်စတီကိုဂလူက အာဆင်နယ်နည်းပြ အာတီတာကို ချီးကျူးပြောဆိုမှုတွေ ပြုလုပ်ခဲ့ပေမယ့်လည်း ၎င်းတို့ဟာ ပုံစံ အများအပြားနဲ့ အလွန်ကွဲပြားခြားနားတဲ့သူတွေဖြစ်တယ်လို့ ဝန်ခံ ပြောကြားခဲ့ပါတယ်။
ဩစတြေးလျနည်းပြအတွက်တော့ မြောက်လန်ဒန်က ဘဝအစဟာ အလွန်အားကောင်းခဲ့တာဖြစ်ပြီး စပါးစ်က ၅ ပွဲကစားပြီးချိန်မှာ ပရီးမီးယားလိဂ်အမှတ်ပေးဇယား အဆင့် ၂ နေရာမှာ ရပ်တည်နေတာဖြစ်ပါတယ်။
ပေါ်စတီကိုဂလူဟာ တနင်္ဂနွေနေ့(ယနေ့) အမ်းမရိတ်စ်မှာ ပထမဆုံးသော မြောက်လန်ဒန်ဒါဘီ အရသာကို မြည်းစမ်းခွင့်ရတော့မှာဖြစ်ပြီး ဆဲလ်တစ်နည်းပြဟောင်းက အာတီတာတင်မကဘဲ အာဆင်နယ်ကိုပါ ခက်ခဲတဲ့ စတင်မှုအပြီးမှာ နည်းပြနဲ့အသင်း တစ်သားတည်းရှိခဲ့ကြတာကို အထင်ကြီးခဲ့တာဖြစ်ပါတယ်။
“မီခေးလ်က အရမ်းထူးချွန်ခဲ့တယ်လို့ ထင်တယ်။ ဘောလုံးအသင်းအတွက် မှန်ကန်တဲ့ ဦးတည်ချက်ရှိပြီး အစကတည်းကနေ တကယ် အားကောင်းခဲ့ပြီး အသင်းကလည်း သူ့ကို ထောက်ခံခဲ့တယ်။ ဒါပေမယ့် ဒါက ထူးခြားတယ်လို့ ကျွန်တော် မထင်ပါဘူး။ လီဗာပူးလ်လည်း ကလော့ပ်နဲ့ အဲဒီလိုမျိုး လုပ်ခဲ့တယ်လို့ ထင်တယ်။ အသင်းအများစုက သူတို့တွေ ဘာကို ဖန်တီးဖို့ ကြိုးပမ်းနေလဲဆိုတာကို အောင်မြင်တဲ့ကာလကျမှ ရှင်းရှင်းလင်းလင်း သိကြတယ်။ အသင်းအများစုအတွက် တစ်ခုတည်းသော ပြဿနာက သူတို့တွေ မျှော်လင့်ထားတဲ့ နှုန်းအတိုင်း အရာအားလုံးက တိုးတက်လာမှုမရှိဘူးဆိုတဲ့ အရိပ်အောက်က ခုန်ထွက်ဖို့ပါ။ အာဆင်နယ်ကို ချီးကျူးပါတယ်။ အာတီတာကိုလည်း ချီးကျူးပါတယ်။ သူတို့တွေ တစ်ယောက်နဲ့တစ်ယောက် အားပေးထောက်ခံခဲ့ကြပြီး အဲဒီအတွက် ပြန်ခံစားနေရပါပြီ။ ဒါပေမယ့် ဒါက ကျွန်တော်တို့ လိုက်အတုခိုးရမယ့် ပုံစံတစ်ခုမဟုတ်ပါဘူး။ ကျွန်တော်တို့မှာလည်း ကိုယ်ပိုင်ပုံစံရှိပါတယ်။ ခင်ဗျား တခြား ဘယ်သူ့ဟာကိုမှ လိုက်လုပ်လို့မရပါဘူး။ ခင်ဗျား တခြားလူတစ်ယောက်ရဲ့ လုပ်ငန်းစဉ်အတိုင်း လိုက်လုပ်လို့မရဘူး။ ခင်ဗျားဘာလိုချင်လဲဆိုတာ ရှင်းရှင်းလင်းလင်း သိအောင် လုပ်ရမှာဖြစ်ပြီး တိုးတက်မှုမြင်လာတဲ့အထိ အထောက်အပံ့ပေးပါ။ အဲဒီအစီအစဉ်အတိုင်း လုပ်ပါ။”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
ပေါ်စတီကိုဂလူက မြောက်လန်ဒန်ပြိုင်ဘက် အာဆင်နယ်နည်းပြ အာတီတာနဲ့ ၎င်းရဲ့ကြားက တူညီမှုတွေကို နှိုင်းယှဉ်ရာမှာ ၎င်းတို့ဟာ အလွန်ကွဲပြားခြားနားကြတဲ့သူတွေဖြစ်တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
“ကျွန်တော် ယိုကိုဟားမားမှာ ပထမဆုံးအလုပ်ရခဲ့တဲ့အချိန်တုန်းက စီးတီးမှာ တစ်ပတ်လောက် အချိန်ကုန်ဆုံးခဲ့တယ်။ ကျွန်တော် လေ့ကျင့်ရေးကို လေ့လာခဲ့ပြီး ပွဲနဲ့ပတ်သက်ပြီး အာတီတာ ဘယ်လောက်အထိ စိတ်အားထက်သန်မှုရှိလဲဆိုတာ ခင်ဗျား မြင်တွေ့နိုင်ပါတယ်။ ကျွန်တော်တို့မှာ ဆင်တူတာတွေနဲ့ပတ်သက်ပြီး ပြောရရင် ကျွန်တော်က အသက် ၅၈ ရှိပါပြီ။ သူက အသက်ဘယ်လောက်လဲမသိဘူး။ ကျွန်တော် နည်းပြလာတာ ၂၆ နှစ်ရှိပြီ။ သူက ၅ နှစ်လားပဲရှိပါသေးတယ်။ သူက တစ်နိုင်ငံတည်းမှာပဲ နည်းပြခဲ့ဖူးတာ။ ကျွန်တော်က နိုင်ငံအနည်းငယ်မှာ နည်းပြခဲ့ဖူးတယ်။ သူ ဆံပင်တွေ ဘယ်လိုဖြစ်ပြီး အရမ်းနက်မှောင်ပြီး သန်စွမ်းနေလဲ မသိဘူး။ သူက ကျွန်တော့်ထက်တော့ အများကြီး ကြံ့ခိုင်မှုရှိပါတယ်။ ကျွန်တော် မသိဘူး။ ကျွန်တော်တို့ ကြားမှာ ချိတ်ဆက်လို့ရနိုင်တဲ့ အကြောင်းအရာတွေအများကြီးရှိမနေပါဘူး။ ကျွန်တော်တို့က ဆန့်ကျင်ဘက်လို့တော့ မပြောပါဘူး။ ကျွန်တော်တို့က မတူညီတာပါ။ အသင်းကို ကစားစေတဲ့နည်းလမ်းမှာတောင်မှ မတူညီပါဘူး။ ဟုတ်ပါတယ်။ သူက တိုက်စစ်အရမ်းအားသန်တယ်။ ဒါပေမယ့် ကျွန်တော့် တိုက်စစ်ကစားပုံနဲ့တော့ မတူပါဘူး။ ဒါက ပြိုင်ပွဲရဲ့ အလှတရားပဲ။ အဲဒါကြောင့်ပဲ ခင်ဗျား ကော်ပီကူးလို့မရနိုင်တာပါ။ ခင်ဗျားသာ အနုပညာရှင်ဖြစ်ပြီး ပီကာဆိုကို မြင်ရင် ခင်ဗျား သူ့ကို ကော်ပီကူးနိင်တယ်။ ဒါပေမယ့် ပီကာဆိုတော့ ဖြစ်မှာမဟုတ်ပါဘူး။ ဟုတ်တယ်မလား။ ဘောလုံးမှာလည်း အဲဒီအတိုင်းပါပဲ”
ပေါ်စတီကိုဂလူဟာ ပိုမိုအားကောင်းတဲ့အသင်းနဲ့ ရင်ဆိုင်ရာမှာ ပွဲကို မတူညီတဲ့ပုံစံနဲ့ ချဉ်းကပ်မှာလား(ခံစစ်ပိုကစားမလား)လို့ မေးမြန်းခြင်းခံခဲ့ရချိန်မှာ “ကျွန်တော်တို့ ကစားပုံနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ ပြောင်းလဲမှာမဟုတ်ပါဘူး။ ကျွန်တော်တို့ သူတို့ကို အသက်ထွက်အောင် ကြောက်ရွံ့သွားတဲ့အထိ လုပ်သွားမှာပါ။ ကျွန်တော်တို့ အဲဒီလို မလုပ်နိုင်ဘူး၊ ကျွန်တော်တို့ ကစားနေကျ ပုံစံအတိုင်း မကစားနိုင်ဘူးဆိုရင် သရေရအောင် ကစားပြီး ရှင်သန်အောင် လုပ်ရမယ်ဆိုရင် ကျွန်တော်တို့ အမှန်တကယ် လေ့လာသင်ယူခဲ့တာက ဘာလဲ။ မိနစ် ၉၀ ကစားရတဲ့ ပြိုင်ပွဲကနေ ရှင်သန်ကျန်ရစ်အောင် လုပ်ရတဲ့အပြင်ဘာရှိလဲ။ ဘာမှမရှိဘူး။ ကျွန်တော်တို့ ကစားချင်တဲ့ပုံစံအတိုင်း ကစားသွားမှာပါ။”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အန္ဂီ ေပၚစတီကိုဂလူက အာဆင္နယ္နည္းျပ အာတီတာကို ခ်ီးက်ဴးေျပာဆိုမႈေတြ ျပဳလုပ္ခဲ့ေပမယ့္လည္း ၎တို႔ဟာ ပုံစံ အမ်ားအျပားနဲ႔ အလြန္ကြဲျပားျခားနားတဲ့သူေတြျဖစ္တယ္လို႔ ဝန္ခံ ေျပာၾကားခဲ့ပါတယ္။
ဩစေၾတးလ်နည္းျပအတြက္ေတာ့ ေျမာက္လန္ဒန္က ဘဝအစဟာ အလြန္အားေကာင္းခဲ့တာျဖစ္ၿပီး စပါးစ္က ၅ ပြဲကစားၿပီးခ်ိန္မွာ ပရီးမီးယားလိဂ္အမွတ္ေပးဇယား အဆင့္ ၂ ေနရာမွာ ရပ္တည္ေနတာျဖစ္ပါတယ္။
ေပၚစတီကိုဂလူဟာ တနဂၤေႏြေန႔(ယေန႔) အမ္းမရိတ္စ္မွာ ပထမဆုံးေသာ ေျမာက္လန္ဒန္ဒါဘီ အရသာကို ျမည္းစမ္းခြင့္ရေတာ့မွာျဖစ္ၿပီး ဆဲလ္တစ္နည္းျပေဟာင္းက အာတီတာတင္မကဘဲ အာဆင္နယ္ကိုပါ ခက္ခဲတဲ့ စတင္မႈအၿပီးမွာ နည္းျပနဲ႔အသင္း တစ္သားတည္းရွိခဲ့ၾကတာကို အထင္ႀကီးခဲ့တာျဖစ္ပါတယ္။
“မီေခးလ္က အရမ္းထူးခြၽန္ခဲ့တယ္လို႔ ထင္တယ္။ ေဘာလုံးအသင္းအတြက္ မွန္ကန္တဲ့ ဦးတည္ခ်က္ရွိၿပီး အစကတည္းကေန တကယ္ အားေကာင္းခဲ့ၿပီး အသင္းကလည္း သူ႔ကို ေထာက္ခံခဲ့တယ္။ ဒါေပမယ့္ ဒါက ထူးျခားတယ္လို႔ ကြၽန္ေတာ္ မထင္ပါဘူး။ လီဗာပူးလ္လည္း ကေလာ့ပ္နဲ႔ အဲဒီလိုမ်ိဳး လုပ္ခဲ့တယ္လို႔ ထင္တယ္။ အသင္းအမ်ားစုက သူတို႔ေတြ ဘာကို ဖန္တီးဖို႔ ႀကိဳးပမ္းေနလဲဆိုတာကို ေအာင္ျမင္တဲ့ကာလက်မွ ရွင္းရွင္းလင္းလင္း သိၾကတယ္။ အသင္းအမ်ားစုအတြက္ တစ္ခုတည္းေသာ ျပႆနာက သူတို႔ေတြ ေမွ်ာ္လင့္ထားတဲ့ ႏႈန္းအတိုင္း အရာအားလုံးက တိုးတက္လာမႈမရွိဘူးဆိုတဲ့ အရိပ္ေအာက္က ခုန္ထြက္ဖို႔ပါ။ အာဆင္နယ္ကို ခ်ီးက်ဴးပါတယ္။ အာတီတာကိုလည္း ခ်ီးက်ဴးပါတယ္။ သူတို႔ေတြ တစ္ေယာက္နဲ႔တစ္ေယာက္ အားေပးေထာက္ခံခဲ့ၾကၿပီး အဲဒီအတြက္ ျပန္ခံစားေနရပါၿပီ။ ဒါေပမယ့္ ဒါက ကြၽန္ေတာ္တို႔ လိုက္အတုခိုးရမယ့္ ပုံစံတစ္ခုမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔မွာလည္း ကိုယ္ပိုင္ပုံစံရွိပါတယ္။ ခင္ဗ်ား တျခား ဘယ္သူ႔ဟာကိုမွ လိုက္လုပ္လို႔မရပါဘူး။ ခင္ဗ်ား တျခားလူတစ္ေယာက္ရဲ႕ လုပ္ငန္းစဥ္အတိုင္း လိုက္လုပ္လို႔မရဘူး။ ခင္ဗ်ားဘာလိုခ်င္လဲဆိုတာ ရွင္းရွင္းလင္းလင္း သိေအာင္ လုပ္ရမွာျဖစ္ၿပီး တိုးတက္မႈျမင္လာတဲ့အထိ အေထာက္အပံ့ေပးပါ။ အဲဒီအစီအစဥ္အတိုင္း လုပ္ပါ။”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
ေပၚစတီကိုဂလူက ေျမာက္လန္ဒန္ၿပိဳင္ဘက္ အာဆင္နယ္နည္းျပ အာတီတာနဲ႔ ၎ရဲ႕ၾကားက တူညီမႈေတြကို ႏႈိင္းယွဥ္ရာမွာ ၎တို႔ဟာ အလြန္ကြဲျပားျခားနားၾကတဲ့သူေတြျဖစ္တယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။
“ကြၽန္ေတာ္ ယိုကိုဟားမားမွာ ပထမဆုံးအလုပ္ရခဲ့တဲ့အခ်ိန္တုန္းက စီးတီးမွာ တစ္ပတ္ေလာက္ အခ်ိန္ကုန္ဆုံးခဲ့တယ္။ ကြၽန္ေတာ္ ေလ့က်င့္ေရးကို ေလ့လာခဲ့ၿပီး ပြဲနဲ႔ပတ္သက္ၿပီး အာတီတာ ဘယ္ေလာက္အထိ စိတ္အားထက္သန္မႈရွိလဲဆိုတာ ခင္ဗ်ား ျမင္ေတြ႕ႏိုင္ပါတယ္။ ကြၽန္ေတာ္တို႔မွာ ဆင္တူတာေတြနဲ႔ပတ္သက္ၿပီး ေျပာရရင္ ကြၽန္ေတာ္က အသက္ ၅၈ ရွိပါၿပီ။ သူက အသက္ဘယ္ေလာက္လဲမသိဘူး။ ကြၽန္ေတာ္ နည္းျပလာတာ ၂၆ ႏွစ္ရွိၿပီ။ သူက ၅ ႏွစ္လားပဲရွိပါေသးတယ္။ သူက တစ္ႏိုင္ငံတည္းမွာပဲ နည္းျပခဲ့ဖူးတာ။ ကြၽန္ေတာ္က ႏိုင္ငံအနည္းငယ္မွာ နည္းျပခဲ့ဖူးတယ္။ သူ ဆံပင္ေတြ ဘယ္လိုျဖစ္ၿပီး အရမ္းနက္ေမွာင္ၿပီး သန္စြမ္းေနလဲ မသိဘူး။ သူက ကြၽန္ေတာ့္ထက္ေတာ့ အမ်ားႀကီး ႀကံ့ခိုင္မႈရွိပါတယ္။ ကြၽန္ေတာ္ မသိဘူး။ ကြၽန္ေတာ္တို႔ ၾကားမွာ ခ်ိတ္ဆက္လို႔ရႏိုင္တဲ့ အေၾကာင္းအရာေတြအမ်ားႀကီးရွိမေနပါဘူး။ ကြၽန္ေတာ္တို႔က ဆန႔္က်င္ဘက္လို႔ေတာ့ မေျပာပါဘူး။ ကြၽန္ေတာ္တို႔က မတူညီတာပါ။ အသင္းကို ကစားေစတဲ့နည္းလမ္းမွာေတာင္မွ မတူညီပါဘူး။ ဟုတ္ပါတယ္။ သူက တိုက္စစ္အရမ္းအားသန္တယ္။ ဒါေပမယ့္ ကြၽန္ေတာ့္ တိုက္စစ္ကစားပုံနဲ႔ေတာ့ မတူပါဘူး။ ဒါက ၿပိဳင္ပြဲရဲ႕ အလွတရားပဲ။ အဲဒါေၾကာင့္ပဲ ခင္ဗ်ား ေကာ္ပီကူးလို႔မရႏိုင္တာပါ။ ခင္ဗ်ားသာ အႏုပညာရွင္ျဖစ္ၿပီး ပီကာဆိုကို ျမင္ရင္ ခင္ဗ်ား သူ႔ကို ေကာ္ပီကူးနိင္တယ္။ ဒါေပမယ့္ ပီကာဆိုေတာ့ ျဖစ္မွာမဟုတ္ပါဘူး။ ဟုတ္တယ္မလား။ ေဘာလုံးမွာလည္း အဲဒီအတိုင္းပါပဲ”
ေပၚစတီကိုဂလူဟာ ပိုမိုအားေကာင္းတဲ့အသင္းနဲ႔ ရင္ဆိုင္ရာမွာ ပြဲကို မတူညီတဲ့ပုံစံနဲ႔ ခ်ဥ္းကပ္မွာလား(ခံစစ္ပိုကစားမလား)လို႔ ေမးျမန္းျခင္းခံခဲ့ရခ်ိန္မွာ “ကြၽန္ေတာ္တို႔ ကစားပုံနဲ႔ ပတ္သက္ၿပီး ကြၽန္ေတာ္တို႔ ေျပာင္းလဲမွာမဟုတ္ပါဘူး။ ကြၽန္ေတာ္တို႔ သူတို႔ကို အသက္ထြက္ေအာင္ ေၾကာက္႐ြံ႕သြားတဲ့အထိ လုပ္သြားမွာပါ။ ကြၽန္ေတာ္တို႔ အဲဒီလို မလုပ္ႏိုင္ဘူး၊ ကြၽန္ေတာ္တို႔ ကစားေနက် ပုံစံအတိုင္း မကစားႏိုင္ဘူးဆိုရင္ သေရရေအာင္ ကစားၿပီး ရွင္သန္ေအာင္ လုပ္ရမယ္ဆိုရင္ ကြၽန္ေတာ္တို႔ အမွန္တကယ္ ေလ့လာသင္ယူခဲ့တာက ဘာလဲ။ မိနစ္ ၉၀ ကစားရတဲ့ ၿပိဳင္ပြဲကေန ရွင္သန္က်န္ရစ္ေအာင္ လုပ္ရတဲ့အျပင္ဘာရွိလဲ။ ဘာမွမရွိဘူး။ ကြၽန္ေတာ္တို႔ ကစားခ်င္တဲ့ပုံစံအတိုင္း ကစားသြားမွာပါ။”လို႔ ေျပာၾကားခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Rivals' Talk
- Team News