အာဆင်နယ်နဲ့ပွဲမတိုင်ခင် ထိပ်တန်းအရည်အသွေးရှိတဲ့ ဂန်းနားကြယ်ပွင့် ၅ ဦးကို ပြောပြခဲ့တဲ့ မူစီအားလား
ဘိုင်ယန်မြူးနစ်ကြယ်ပွင့် ဂျမဲလ် မူစီအားလားက ဘိုင်ယန်မြူးနစ်ရဲ့ ဂန်းနားတွေနဲ့ ရင်ဆိုင်ကစားရမယ့် ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲမတိုင်ခင် အာဆင်နယ်ကြယ်ပွင့် ၅ ဦးကို ချီးကျူးပြောဆိုလိုက်ပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့ ၁၆ သင်းရှုံးထွက်အဆင့်မှာ ပေါ်တိုကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး ကွာတားဖိုင်နယ်အဆင့်မှာတော့ ဘွန်ဒက်စ်လီဂါချန်ပီယံတွေဖြစ်တဲ့ ဘိုင်ယန်မြူးနစ်နဲ့ တွေ့ဆုံခဲ့တာဖြစ်ပါတယ်။
သောမတ်စ် တူဟယ်ရဲ့ အသင်းဟာ လာဇီယိုကို ၁၆ သင်းရှုံးထွက်အဆင့်မှာ ၂ ကျော့ပေါင်း ၃-၁ နဲ့ အနိုင်ယူပြီး ကွာတားဖိုင်နယ်ကို တက်လှမ်းလာနိုင်ခဲ့တာ ဖြစ်ပြီး အာဆင်နယ်ကတော့ အာဆင်ဝင်းဂါးလက်ထက် ၂၀၀၆ ဗိုလ်လုပွဲမှာ ဘာစီလိုနာကို ရှုံးနိမ့်ခဲ့ပြီးနောက် ပထမဆုံးအကြိမ် ချန်ပီယံလိဂ်ဖလားကို ရယူဖို့အတွက် ကြိုးပမ်းနေတာဖြစ်ပါတယ်။
ဘိုင်ယန်မြူးနစ်ကတော့ ၂၀၂၀ ခုနှစ်နောက်ပိုင်း ပထမဆုံးအကြိမ်နဲ့ ၇ ကြိမ်မြောက် ဥရောပဖလားကို ကိုင်မြှောက်ခွင့်ရဖို့ ကြိုးပမ်းနေတာဖြစ်ပြီး မူစီအားလားဟာ ဂန်းနားတွေ ပြုလုပ်နိုင်တဲ့ ခြိမ်းခြောက်မှုတွေကို စိုးရိမ်နေတာဖြစ်ပါတယ်။ ဂျာမန်တောင်ပံကစားသမားက အာတီတာရဲ့အသင်းဟာ နေရာတိုင်းမှာ ထိပ်တန်းအရည်အသွေးရှိတဲ့ ကစားသမားတွေ ပိုင်ဆိုင်ထားတယ်လို့ ပြောဆိုခဲ့ပြီး အကောင်းဆုံးကစားသမား ၅ ဦးကို ရွေးချယ်ခဲ့ပါတယ်။
“မာတင် အော်ဒီဂွါဒ်က ကွင်းလယ်မှာ အရမ်းတော်တဲ့ ကစားကွက်ဖန်တီးရှင်ပါ။ ဒါပေမယ့်လည်း တစ်သင်းလုံးမှာ အရည်အသွေးရှိတဲ့ကစားသမားတွေ အများကြီးရှိပါသေးတယ်။ ဆာကာ၊ မာတီနယ်လီ၊ ရိုက်၊ ဟာဗတ်ဇ်နဲ့ တခြားကစားသမားတွေအများကြီးရှိပါသေးတယ်။ သူတို့တွေက နေရာတိုင်းမှာ ထိပ်တန်းအရည်အသွေးကစားသမားတွေရှိပါတယ်။ ကျွန်တော်တို့ အဲဒီအတွက် အဆင်သင့်ဖြစ်နေရပါမယ်”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်နဲ့ ဘိုင်ယန်မြူးနစ်တို့ထဲက အနိုင်ရတဲ့အသင်းဟာ ဆီမီးဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ် သို့မဟုတ် လက်ရှိ ချန်ပီယံ မန်ချက်စတာစီးတီးနဲ့ ရင်ဆိုင်ရမှာဖြစ်ပြီး ဂွါဒီယိုလာရဲ့ အသင်းကို ၂ ကျော့စလုံးမှာ အနိုင်ယူဖို့ ဖြစ်နိုင်လားလို့ မေးမြန်းခဲ့ရာမှာ မူစီးအားလားက “ကျွန်တော်တို့ ဘယ်လိုအသင်းမျိုးကိုမဆို အနိုင်ယူနိုင်တယ်ဆိုတဲ့ ခံယူချက် ရှိပါတယ်။ ကျွန်တော်တို့ထက် ပိုကောင်းတဲ့ရာသီကို ပိုင်ဆိုင်နေတဲ့အသင်းတွေရှိပါတယ်။ ဒါပေမယ့် ကျွန်တော် ဘယ်တော့မှ ပြိုင်ဘက်ကို ကြောက်ရွံ့စိတ်နဲ့ ပွဲကို ဝင်မကစားပါဘူး။”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္ ဂ်မဲလ္ မူစီအားလားက ဘိုင္ယန္ျမဴးနစ္ရဲ႕ ဂန္းနားေတြနဲ႔ ရင္ဆိုင္ကစားရမယ့္ ခ်န္ပီယံလိဂ္ကြာတားဖိုင္နယ္ပြဲမတိုင္ခင္ အာဆင္နယ္ၾကယ္ပြင့္ ၅ ဦးကို ခ်ီးက်ဴးေျပာဆိုလိုက္ပါတယ္။
အာဆင္နယ္ဟာ ၿပီးခဲ့တဲ့ ၁၆ သင္းရႈံးထြက္အဆင့္မွာ ေပၚတိုကို ပင္နယ္တီ အဆုံးအျဖတ္နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး ကြာတားဖိုင္နယ္အဆင့္မွာေတာ့ ဘြန္ဒက္စ္လီဂါခ်န္ပီယံေတြျဖစ္တဲ့ ဘိုင္ယန္ျမဴးနစ္နဲ႔ ေတြ႕ဆုံခဲ့တာျဖစ္ပါတယ္။
ေသာမတ္စ္ တူဟယ္ရဲ႕ အသင္းဟာ လာဇီယိုကို ၁၆ သင္းရႈံးထြက္အဆင့္မွာ ၂ ေက်ာ့ေပါင္း ၃-၁ နဲ႔ အႏိုင္ယူၿပီး ကြာတားဖိုင္နယ္ကို တက္လွမ္းလာႏိုင္ခဲ့တာ ျဖစ္ၿပီး အာဆင္နယ္ကေတာ့ အာဆင္ဝင္းဂါးလက္ထက္ ၂၀၀၆ ဗိုလ္လုပြဲမွာ ဘာစီလိုနာကို ရႈံးနိမ့္ခဲ့ၿပီးေနာက္ ပထမဆုံးအႀကိမ္ ခ်န္ပီယံလိဂ္ဖလားကို ရယူဖို႔အတြက္ ႀကိဳးပမ္းေနတာျဖစ္ပါတယ္။
ဘိုင္ယန္ျမဴးနစ္ကေတာ့ ၂၀၂၀ ခုႏွစ္ေနာက္ပိုင္း ပထမဆုံးအႀကိမ္နဲ႔ ၇ ႀကိမ္ေျမာက္ ဥေရာပဖလားကို ကိုင္ေျမႇာက္ခြင့္ရဖို႔ ႀကိဳးပမ္းေနတာျဖစ္ၿပီး မူစီအားလားဟာ ဂန္းနားေတြ ျပဳလုပ္ႏိုင္တဲ့ ၿခိမ္းေျခာက္မႈေတြကို စိုးရိမ္ေနတာျဖစ္ပါတယ္။ ဂ်ာမန္ေတာင္ပံကစားသမားက အာတီတာရဲ႕အသင္းဟာ ေနရာတိုင္းမွာ ထိပ္တန္းအရည္အေသြးရွိတဲ့ ကစားသမားေတြ ပိုင္ဆိုင္ထားတယ္လို႔ ေျပာဆိုခဲ့ၿပီး အေကာင္းဆုံးကစားသမား ၅ ဦးကို ေ႐ြးခ်ယ္ခဲ့ပါတယ္။
“မာတင္ ေအာ္ဒီဂြါဒ္က ကြင္းလယ္မွာ အရမ္းေတာ္တဲ့ ကစားကြက္ဖန္တီးရွင္ပါ။ ဒါေပမယ့္လည္း တစ္သင္းလုံးမွာ အရည္အေသြးရွိတဲ့ကစားသမားေတြ အမ်ားႀကီးရွိပါေသးတယ္။ ဆာကာ၊ မာတီနယ္လီ၊ ႐ိုက္၊ ဟာဗတ္ဇ္နဲ႔ တျခားကစားသမားေတြအမ်ားႀကီးရွိပါေသးတယ္။ သူတို႔ေတြက ေနရာတိုင္းမွာ ထိပ္တန္းအရည္အေသြးကစားသမားေတြရွိပါတယ္။ ကြၽန္ေတာ္တို႔ အဲဒီအတြက္ အဆင္သင့္ျဖစ္ေနရပါမယ္”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
အာဆင္နယ္နဲ႔ ဘိုင္ယန္ျမဴးနစ္တို႔ထဲက အႏိုင္ရတဲ့အသင္းဟာ ဆီမီးဖိုင္နယ္မွာ ရီးရဲလ္မက္ဒရစ္ သို႔မဟုတ္ လက္ရွိ ခ်န္ပီယံ မန္ခ်က္စတာစီးတီးနဲ႔ ရင္ဆိုင္ရမွာျဖစ္ၿပီး ဂြါဒီယိုလာရဲ႕ အသင္းကို ၂ ေက်ာ့စလုံးမွာ အႏိုင္ယူဖို႔ ျဖစ္ႏိုင္လားလို႔ ေမးျမန္းခဲ့ရာမွာ မူစီးအားလားက “ကြၽန္ေတာ္တို႔ ဘယ္လိုအသင္းမ်ိဳးကိုမဆို အႏိုင္ယူႏိုင္တယ္ဆိုတဲ့ ခံယူခ်က္ ရွိပါတယ္။ ကြၽန္ေတာ္တို႔ထက္ ပိုေကာင္းတဲ့ရာသီကို ပိုင္ဆိုင္ေနတဲ့အသင္းေတြရွိပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ ဘယ္ေတာ့မွ ၿပိဳင္ဘက္ကို ေၾကာက္႐ြံ႕စိတ္နဲ႔ ပြဲကို ဝင္မကစားပါဘူး။”လို႔ ေျပာၾကားခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Rivals' Talk