လီဗာပူးလ်နဲ့ အာဆင်နယ်တို့ပွဲကို အလေးအနက်သုံးသပ်ပြီး ဟောကိန်းထုတ်လိုက်တဲ့ ကာရေဂါ mgsaw

လီဗာပူးလ်နဲ့ အာဆင်နယ်တို့ပွဲကို အလေးအနက်သုံးသပ်ပြီး ဟောကိန်းထုတ်လိုက်တဲ့ ကာရေဂါ

ဂျေမီ ကာရေဂါက အာဆင်နယ်ရဲ့ အတွေ့အကြုံမရှိသေးတဲ့ကစားသမားတွေဟာ အန်းဖီးကွင်းရဲ့ ငရဲပွက်သလို အပူရှိန်ကြားမှာ အရည်ပျော်သွားပြီး ပရီးမီးယားလိဂ်ဆုဖလားပြိုင်ပွဲမှာ မန်စီးတီးကို လက်မြှောက် အရှုံးပေးလိုက်ရနိုင်တယ်လို့ ထင်မြင်နေပါတယ်။

ဂန်းနားတွေဟာ တနင်္ဂနွေနေ့ အန်းဖီးမှာ ဆုဖလားစိန်ခေါ်မှုအတွက် အရေးကြီးတဲ့ စမ်းသပ်မှုကို ရင်ဆိုင်သွားရမှာဖြစ်ပြီး ၂၀၁၂ ခုနှစ်ကတည်းက အနိုင်မရရှိတော့တဲ့ နေရာကို သွားရောက်ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

လီဗာပူးလ်အသင်းဟာ ဒီရာသီမှာ အကောင်းဆုံးပုံစံမှာ ရှိမနေပေမယ့်လည်း အိမ်ကွင်း အန်းဖီးမှာဆို ဘယ်အသင်းမှ ဗိုလ်မထားဘူးဆိုတာကို အောက်တိုဘာက မန်စီးတီးကို အနိုင်ရခဲ့တဲ့ပွဲနဲ့ ပြီးခဲ့တဲ့လက မန်ယူနိုက်တက်ကို ၇-၀ နဲ့ ဂိုးပြတ်အနိုင်ယူပြီး ပြသထားခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်အသင်းကလည်း အထင်ကြီးဖွယ် ပရီးမီးယားလိဂ် ၇ ပွဲဆက်နိုင်ပွဲ ရရှိထားပြီး ရာသီကုန်ဖို့ ၉ ပွဲသာ လိုတော့တဲ့အချိန်မှာ အမှတ်ပေးဇယားထိပ်ဆုံးမှာ ၈ မှတ်ဖြတ်ထားပြီး ဖလားရဖို့ ရေပန်းအစားဆုံးအသင်းအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။

ဒါပေမယ့်လည်း ကာရေဂါက ယာဂန် ကလော့ပ်ရဲ့ ပုံမှန်ခြေစွမ်းပျောက်ဆုံးနေတဲ့အသင်းဟာ တနင်္ဂနွေနေ့မှာ အိမ်ကွင်းပရိသတ်တွေရဲ့ ကြွေးကြော်သံတွေကြားမှာ အသက်ပြန်ဝင်လာလိမ့်မယ်လို့ ယုံကြည်ချက်ရှိနေဆဲ ဖြစ်ပါတယ်။

“ဒီရာသီမှာ အာဆင်နယ်က လီဗာပူးလ်ထက် အများကြီးပိုကောင်းခဲ့တယ်ဆိုတာ ကျွန်တော် သိပါတယ်။ ကျွန်တော့်ခေါင်းထဲမှာတော့ အန်းဖီးဆိုတဲ့ အချက်တစ်ချက် ရှိနေပါတယ်။ ပတ်ဝန်းကျင်အငွေ့အသက်တွေက အာဆင်နယ်ကစားသမားတွေကို လွှမ်းခြုံသွားနိုင်မလား။ အာဆင်နယ်အသင်းမှာ ငယ်ရွယ်တဲ့ကစားသမားတွေအများကြီးရှိနေသေးပြီး အကောင်းဆုံးအသင်းတွေထဲက အချို့ အန်းဖီးကိုလာပြီး အဲဒါကို မဖြေရှင်းနိုင်ခဲ့ဘူး။ အဲဒါက အရှက်ရစရာ မရှိပါဘူး။ ကျွန်တော် အန်းဖီးမှာ လီဗာပူးလ်နဲ့ ဘယ်တော့မှ ရင်ဆိုင်သွားမှာမဟုတ်ပါဘူး။ ကျွန်တော် ရင်ဆိုင်ရမယ်လို့လည်း မထင်သလို ရင်ဆိုင်နိုင်မယ်လို့လည်း မထင်ပါဘူး။ အဲဒီတော့ ကျွန်တော် လီဗာပူးလ်က ၂-၁ နဲ့ အနိုင်ရသွားမယ်လို့ ပြောရပါလိမ့်မယ်”

အာဆင်နယ်ဟာ ပြီးခဲ့တဲ့ရာသီက အန်းဖီးမှာ ၄-၀ နဲ့ အနိုင်ယူခံခဲ့ရပေမယ့်လည်း ဒုတိယပိုင်း ကွင်းဘေးစည်းမှာ ကလော့ပ်နဲ့ အာတီတာတို့ ပြဿနာတက်တဲ့အချိန်မတိုင်ခင် ကောင်းကောင်း ယှဉ်ပြိုင်နိုင်ခဲ့ပြီး သိပ်မကြာခင်မှာ လီဗာပူးလ်က ဦးဆောင်ဂိုးရသွားခဲ့တာဖြစ်ပါတယ်။

“အာတီတာက သူဘယ်သူလဲဆိုတာနဲ့ပတ်သက်ပြီး အများကြီး မပြောင်းလဲသင့်ဘူးလို့ ထင်တယ်။ သူက ကွင်းဘေးစည်းမှာ အင်တိုက်အားတိုက်ရှိတယ်။ စိတ်ဆန္ဒအရမ်းပြင်းပြတယ်။ ကျွန်တော်ဆိုလိုချင်တာက ယာဂန် ကလော့ပ်နဲ့ အတူတူပါပဲ။ နည်းပြတစ်ယောက်ဆီကနေ ဒါကို မြင်ရတာ ကျွန်တော့်စိတ်ထဲ ဘယ်လိုမှမနေပါဘူး။ ဒါပေမယ့် အဲဒါက ပြီးခဲ့တဲ့ရာသီ လီဗာပူးလ်ကို အသာစီးရသွားစေခဲ့တယ်လို့ ထင်တယ်။ သူ့ရဲ့ ခေါင်းထဲမှာ အဲဒါကိုပြန်တွေးမိပြီး ကွင်းထဲက သူ့ရဲ့ နည်းပြအဖွဲ့တွေနဲ့ ကစားသမားတွေကို ပရိသတ်တွေကို ပွဲထဲ မခေါ်မိစေနဲ့လို့ တွေးနေပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ ဒီရာသီ ခြေစွမ်းအရ ဒီပွဲက သာမန်ဘောလုံးပွဲတစ်ပွဲလောက်သာဆိုရင် အာဆင်နယ်က နိုင်မယ့်ပွဲဖြစ်နေလို့ပါ”

“လီဗာပူးလ်ပရိသတ်တွေက သူတို့တွေ ဒီပွဲကို အနိုင်ရနိုင်တယ်လို့ တွေးမိရတဲ့တစ်ခုတည်းသော အကြောင်းအရင်းက အန်းဖီးမှာ ဖြစ်နေလို့ပါ။ အဲဒါက ခက်ခဲတဲ့ ကွင်းဖြစ်ပြီး သူတို့တွေက ကွင်းထဲမှာ အငွေ့အသက်အချို့ကို ဖန်တီးနိုင်ပါတယ်။ အာဆင်နယ်ကစားသမားတွေနဲ့ နည်းပြအဖွဲ့တွေက မိုက်မဲတဲ့ ဖျက်ထုတ်မှုတွေ လုပ်တာ ဒါမှမဟုတ်အာတီတာ ဒိုင်လူကြီးတွေနဲ့ ပြဿနာတက်တာမျိုးကနေ ပွဲမဆူအောင် လုပ်မိဖို့ လိုပါတယ်။ အဲဒါက အာတီတာရဲ့အသင်းလိုက်ပြောဆိုမှုမှာ ကြီးမားတဲ့အစိတ်အပိုင်း ဖြစ်ပါလိမ့်မယ်။ သူတို့တွေ အန်းဖီးက ပရိသတ်အုပ်ကြီးကို ဘယ်လို တိတ်ဆိတ်နေအောင် လုပ်နိုင်မလဲဆိုတာကိုပေါ့။ ”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet