ရာယာကို ခေါ်ယူခဲ့တဲ့ အာတီတာရဲ့ဆုံးဖြတ်ချက်ကို အပြစ်တင်ခဲ့တဲ့ သရဲနီဂန္တဝင်
မန်ချက်စတာယူနိုက်တက်ဂန္တဝင် ဂိုးသမားကြီး ပီတာ ရှမိုက်ကယ်က ဘရန့်တ်ဖို့ဒ်ဂိုးသမား ဒေးဗစ် ရာယာကို ခေါ်ယူခဲ့တဲ့ အာတီတာရဲ့ ဆုံးဖြတ်ချက်ကို ဝေဖန်ပြစ်တင်ခဲ့ပါတယ်။
အာတီတာရဲ့အသင်းက ဒေးဗစ် ရာယာအတွက် ဘရန့်တ်ဖို့ဒ်ကို ပေါင်သန်း ၃၀ ပေးချေဖို့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ပြီး ရာယာဟာ လက်ရှိမှာ အာရွန် ရမ်းစ်ဒေးလ်ကို ပွဲထွက်ဂိုးသမားနေရာအတွက် ယှဉ်ပြိုင်မှု ပေးသွားတော့မှာဖြစ်ပြီး အာတီတာကလည်း အဲဒီအတိုင်း ဖြစ်စေချင်လို့ ခေါ်ယူခဲ့တာဖြစ်ပါတယ်။
ဒါပေမယ့်လည်း မန်ချက်စတာယူနိုက်တက်ဂန္တဝင် ရှမိုက်ကယ်က အားကောင်းတဲ့ ဂိုးသမား ၂ ဦးကို လူစာရင်းထဲမှာ အတူတူထားတာက အဝတ်လဲခန်းထဲမှာ ဆိုးရွားတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးတာဖြစ်လိမ့်မယ်လို့ အာတီတာရဲ့ဆုံးဖြတ်ချက်ကို ဝေဖန်ပြစ်တင်ခဲ့တာဖြစ်ပါတယ်။
“ကျွန်တော် လုံးဝကို နားမလည်နိုင်ပါဘူး။ ကျောနံပါတ် ၁ နေရာအတွက် ယှဉ်ပြိုင်မှုရှိတာက အရမ်းကောင်းတဲ့အရာလို့ နည်းပြတစ်ယောက်က ဘယ်လိုလုပ်ပြီး ကောက်ချက်ဆွဲနိုင်တာလဲဆိုတာ ကျွန်တော် နားမလည်နိုင်ပါဘူး။ ဂိုးသမားနေရာက အရမ်းကို တုံ့ပြန်မှုရှိပါတယ်။ ခင်ဗျားဘာသာ ဖြစ်ချင်တာတွေကို ဖန်တီးလို့မရနိုင်ဘူး။ သူ့ဘာသာဖြစ်လာတာကိုပဲ ခင်ဗျား စောင့်ဆိုင်းရမှာပါ။ ခင်ဗျားက အခု ခင်ဗျားဂိုးသမားကို တခြားတစ်ယောက်ထက် ပိုကောင်းတယ်ဆိုတာ သက်သေပြစမ်းဆိုပြီး တောင်းဆိုနေတာပဲ။ ဒါက ခင်ဗျားအခု ခင်ဗျား မလုပ်ချင်တဲ့အရာတွေကို လုပ်ရတော့မယ်ဆိုတဲ့အဓိပ္ပာယ်ပဲ”
“ဂိုးသမားနေရာဆိုတာက ခင်ဗျား ကွင်းထဲမှာ ပုံမှန်ရှိနေချင်တဲ့နေရာတစ်ခုပါ။ ခင်ဗျား ယှဉ်ပြိုင်ရမယ့်အခြေအနေရှိလာတဲ့အခါကျရင် သူ့အတွက်သူရော၊ နေရာအတွက်ပါ ပွဲကစားရတော့မယ်။ ကျွန်တော် အဲဒါကို နားမလည်ပါဘူး။ ခင်ဗျားလုပ်လိုက်တာက သူတို့ ၂ ယောက်စလုံးကို စိတ်မလုံခြုံမှုတွေ အများကြီး ပေးလိုက်တာပဲ။ တစ်ချိန်တည်းမှာပဲ ကျောနံပါတ် ၁ နေရာအတွက် နှစ်ယောက်ကို စိန်ခေါ်မှု လုပ်ခိုင်းတယ်။ ခင်ဗျားက အဝတ်လဲခန်းထဲမှာလည်း ဆိုးရွားတဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးလိုက်တာလည်း ဖြစ်နိုင်တယ်။ ဘာလို့လဲဆိုတော့ ပွဲထွက်ရမယ့်သူနဲ့ မကစားရမယ့်သူ ၂ ဦးကြားမှာ ယှဉ်ပြိုင်မှုတွေက ထိပ်တိုက်ရှိလာမှာမို့လို့ပါ။ တစ်ခုခုမှားသွားရင် သူတို့တွေ သိဖို့လိုတယ်။ အားလုံး အမှားလုပ်မိကြတယ်။ အားလုံး ဂိုးပေးရတဲ့အထိ အမှားလုပ်ဖူးတယ်။ နည်းပြက အဆင်ပြေတယ် ငါ့ကောင်။ မင်းက ငါ့ကျောနံပါတ် ၁ ဖြစ်နေတုန်းပဲလို့ ပြောတယ်။ ခင်ဗျားမှာ အဲဒီယုံကြည်ချက်မျိုးရှိဖို့ လိုတယ်။ ခင်ဗျားမှာ အဲဒီလိုယုံကြည်ချက်မရှိရင် အသင်းအတွက် ၁၀၀ ရာခိုင်နှုန်း မစွမ်းဆောင်ပေးနိုင်ပါဘူး။”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
အာတီတာဟာ အမ်းမရိတ်စ်ကို ရောက်ရှိလာတဲ့အချိန်ကတည်းက ပွဲထွက်ခွင့်နေရာအတွက် ယှဉ်ပြိုင်မှုတွေ ဖန်တီးခဲ့တာဖြစ်ပြီး ရာယာက ဘရန့်တ်ဖို့ဒ်နဲ့ အလွန်ပြောင်မြောက်တဲ့ရာသီပိုင်ဆိုင်ခဲ့ပြီးနောက် အာဆင်နယ်ဂိုးပေါက်အတွက် အရည်အသွေးတွေ ပိုမိုကောင်းမွန်လာစေမှာ သံသယဖြစ်စရာမရှိပါဘူး။
Arsenal Myanmar
Ref: Internet
- Posted In:
- Rivals' Talk
- Team News
- Transfer News