မန်စီးတီးနဲ့လီဗာပူးလ်တို့သရေပွဲအပြီး ဆုဖလားဟောကိန်းထုတ်လိုက်တဲ့ ကာရေဂါ
လီဗာပူးလ်ဂန္တဝင် ဂျေမီ ကာရေက ပရီးမီးယားလိဂ်ဖလားပြိုင်ပွဲဟာ လီဗာပူးလ်နဲ့ မန်စီးတီးတို့ သရေကျခဲ့ပြီးနောက် ရာသီကုန်အထိ သွားနိုင်တယ်လို့ ယုံကြည်နေပါတယ်။
လီဗာပူးလ်ဟာ တနင်္ဂနွေနေ့ညက အန်းဖီးမှာ ဂွါဒီယိုလာရဲ့အသင်းနဲ့ တစ်ဖက် ၁ ဂိုးစီ သရေကျခဲ့တာဖြစ်ပြီး ဂျွန်စတုန်းစ်နဲ့ မက္ကယ်လစ္စတာတို့က သွင်းဂိုးတွေ ကိုယ်စီ သွင်းယူပေးခဲ့ကြတာ ဖြစ်ပါတယ်။ ဒီသရေပွဲကြောင့် စနေနေ့က ဘရန့်တ်ဖို့ဒ်ကို အနိုင်ရခဲ့တဲ့ အာဆင်နယ်က ပရီးမီးယားလိဂ်အမှတ်ပေးဇယားထိပ်ဆုံးမှာ လီဗာပူးလ်နဲ့ ရမှတ်တူ ဂိုးကွာခြားချက်ကြောင့် ဆက်လက် ရပ်တည်နိုင်ခဲ့ပြီဖြစ်ပါတယ်။
ကာရေဂါက အခုလို ထိပ်ဆုံး ၃ သင်းကြား ကျဉ်းမြောင်းတဲ့ရမှတ်ကွာခြားချက်ကြောင့် ဆုဖလားပြိုင်ပွဲဟာ ရာသီနောက်ဆုံးနေ့အထိ အကြိတ်အနယ် ဖြစ်လာတော့မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
“ကောင်းလိုက်တဲ့ပွဲ။ ပရီးမီးယားလိဂ်က ထူးခြားဆန်းကြယ်လိုက်တာ။ နှစ်သင်းစလုံးက သူတို့ စွမ်းဆောင်ခဲ့တဲ့ပုံစံကြောင့် ဂုဏ်ယူသင့်တယ်။ ကျွန်တော်ကတော့ လီဗာပူးလ်ကို အဆုံးမှာ အနိုင်ရစေချင်တာ သိသာပါတယ်။ ဒါပေမယ့် ဒီနည်းပြ ၂ ဦးက ကျွန်တော်တို့ကို ပြီးခဲ့တဲ့ ၇ နှစ်၊ ၈ နှစ်အတွင်း ပေးခဲ့တာတွေက ထူးချွန်ပြောင်မြောက်ခဲ့ပါတယ်။ ကြည့်ရတာတော့ အခု အာဆင်နယ်နဲ့အတူ သူတို့တွေ ရာသီကုန်အထိ အကြိတ်အနယ် ဆက်ယှဉ်ပြိုင်သွားရတော့မယ့်ပုံပါပဲ”
ကာရေဂါက ဆုဖလားပြိုင်ပွဲဟာ ဆက်လက်ပြီး ရင်ခုန်စိတ်လှုပ်ရှားစရာကောင်းတော့မယ်လို့ မျှော်လင့်ထားပေမယ့်လည်း မန်စီးတီးက အနိုင်ယူရမယ့် အသင်းအဖြစ် ရှိနေဆဲလို့ ယုံကြည်နေပါတယ်။
“ခင်ဗျားသာ အာဆင်နယ်ဖြစ်ပြီး ဒီနေ့ပွဲကို စောင့်ကြည့်ခဲ့ရင် အကောင်းဆုံးဖြစ်နိုင်တဲ့ ရလဒ်က သရေလို့ တွေးနေမိပါလိမ့်မယ်။ ပြီးတော့ ခင်ဗျားက လီဗာပူးလ်ဆိုရင် လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်း အာဆင်နယ်က မန်စီးတီးနဲ့ကစားတာကို ကြည့်တဲ့အခါ အဲဒီအတိုင်းပဲ တွေးပါလိမ့်မယ်။ သူတို့တွေက မန်စီးတီးကို ချန်ထားခဲ့ဖို့ ကြိုးစားနေတုန်းပဲ။ မန်စီးတီးက အနိုင်ယူရမယ့်အသင်းအဖြစ် ရှိနေဆဲပါပဲ။ သူတို့တွေ(အာဆင်နယ်)က စီးတီးကို အနိုင်ယူပြီး ရမှတ်တွေ ရှာဖွေသွားရမယ်။ ဒါပေမယ့် စီးတီးရဲ့ လာမယ့် ၄ ပွဲ၊ ၅ ပွဲက ခက်ခဲပါတယ်။ အာဆင်နယ်က ဇယားထိပ်ဆုံးမှာရှိနေတာတောင်မှ လီဗာပူးလ်က သူတို့ကို မန်စီးတီးနဲ့ပွဲကျရင် အနိုင်ရစေချင်ပါလိမ့်မယ်။ ဘာလို့လဲဆိုတော့ စီးတီးရဲ့ ရာသီ နောက်ဆုံး ၅ ပွဲ၊ ၆ ပွဲက ရမှတ်အများဆုံးရနိုင်တဲ့ပွဲတွေလို့ ထင်နေလို့ပါ။ စီးတီးသာ လာမယ့်ရက်သတ္တပတ်အနည်းငယ်အတွင်းမှာသာ ရမှတ်တွေမလျော့ကျဘူးဆိုရင် သူတို့တွေက ရပ်တန့်ဖို့ တကယ်ကို ခက်ခဲလိမ့်မယ်လို့ ကျွန်တော်ထင်တယ်။”
လီဗာပူးလ်၊ အာဆင်နယ်နဲ့ မန်စီးတီးတို့အားလုံးဟာ လာမယ့်အပတ်မှာ အက်ဖ်အေဖလားပွဲတွေရှိတာကြောင့် ပရီးမီးယားလိဂ်ပွဲကစားသွားရမှာမဟုတ်ဘဲ ပြီးတာနဲ့ နိုင်ငံတကာပွဲစဉ်အားလပ်ရက်ရောက်လာမှာဖြစ်ပါတယ်။
အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့ဟာ နိုင်ငံတကာပွဲစဉ် အားလပ်ရက်တွေအပြီးမှ အစ်တီဟတ်မှာ တွေ့ဆုံယှဉ်ပြိုင်သွားကြမှာဖြစ်ပြီး ကာရေဂါက အဲဒီပွဲစဉ်ရလဒ်ဟာ ဆုဖလားဘယ်မှာရှိနေမလဲဆိုတာကို ဆုံးဖြတ်ရာမှာ အရေးကြီးလာလိမ့်မယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
“စီးတီးသာ အာဆင်နယ်ကို အနိုင်ယူနိုင်ခဲ့ရင် သူတို့တွေက ဖလားရဖို့ ရေပန်းအစားဆုံးဖြစ်သွားလိမ့်မယ်လို့ ထင်တယ်။ ကျွန်တော် တကယ်ထင်တာပါ။ အာဆင်နယ်သာ အဲဒီပွဲမှာ တစ်ခုခုရခဲ့မယ်ဆိုရင် ကျွန်တော်တို့ တူညီတဲ့စကားဝိုင်းကို ဆက်ပြောရမယ်လို့ ထင်ပါတယ်။ အဲဒါက မသေချာပါဘူး။ အာဆင်နယ်နဲ့ လီဗာပူးလ်တို့က စီးတီးရဲ့အထက်မှာရှိနေချင်တယ်ဆိုရင် ရာသီနောက်ဆုံး ၅ ပွဲ၊ ၆ ပွဲကို ၃ မှတ်၊ ၄ မှတ်လောက်ဖြတ်ပြီးသွားဖို့ လိုမယ်လို့ ကျွန်တော် ခံစားနေရပါတယ်။”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: လီဗာပူးလ္ဂႏၲဝင္ ေဂ်မီ ကာေရက ပရီးမီးယားလိဂ္ဖလားၿပိဳင္ပြဲဟာ လီဗာပူးလ္နဲ႔ မန္စီးတီးတို႔ သေရက်ခဲ့ၿပီးေနာက္ ရာသီကုန္အထိ သြားႏိုင္တယ္လို႔ ယုံၾကည္ေနပါတယ္။
လီဗာပူးလ္ဟာ တနဂၤေႏြေန႔ညက အန္းဖီးမွာ ဂြါဒီယိုလာရဲ႕အသင္းနဲ႔ တစ္ဖက္ ၁ ဂိုးစီ သေရက်ခဲ့တာျဖစ္ၿပီး ဂြၽန္စတုန္းစ္နဲ႔ မကၠယ္လစၥတာတို႔က သြင္းဂိုးေတြ ကိုယ္စီ သြင္းယူေပးခဲ့ၾကတာ ျဖစ္ပါတယ္။ ဒီသေရပြဲေၾကာင့္ စေနေန႔က ဘရန႔္တ္ဖို႔ဒ္ကို အႏိုင္ရခဲ့တဲ့ အာဆင္နယ္က ပရီးမီးယားလိဂ္အမွတ္ေပးဇယားထိပ္ဆုံးမွာ လီဗာပူးလ္နဲ႔ ရမွတ္တူ ဂိုးကြာျခားခ်က္ေၾကာင့္ ဆက္လက္ ရပ္တည္ႏိုင္ခဲ့ၿပီျဖစ္ပါတယ္။
ကာေရဂါက အခုလို ထိပ္ဆုံး ၃ သင္းၾကား က်ဥ္းေျမာင္းတဲ့ရမွတ္ကြာျခားခ်က္ေၾကာင့္ ဆုဖလားၿပိဳင္ပြဲဟာ ရာသီေနာက္ဆုံးေန႔အထိ အႀကိတ္အနယ္ ျဖစ္လာေတာ့မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။
“ေကာင္းလိုက္တဲ့ပြဲ။ ပရီးမီးယားလိဂ္က ထူးျခားဆန္းၾကယ္လိုက္တာ။ ႏွစ္သင္းစလုံးက သူတို႔ စြမ္းေဆာင္ခဲ့တဲ့ပုံစံေၾကာင့္ ဂုဏ္ယူသင့္တယ္။ ကြၽန္ေတာ္ကေတာ့ လီဗာပူးလ္ကို အဆုံးမွာ အႏိုင္ရေစခ်င္တာ သိသာပါတယ္။ ဒါေပမယ့္ ဒီနည္းျပ ၂ ဦးက ကြၽန္ေတာ္တို႔ကို ၿပီးခဲ့တဲ့ ၇ ႏွစ္၊ ၈ ႏွစ္အတြင္း ေပးခဲ့တာေတြက ထူးခြၽန္ေျပာင္ေျမာက္ခဲ့ပါတယ္။ ၾကည့္ရတာေတာ့ အခု အာဆင္နယ္နဲ႔အတူ သူတို႔ေတြ ရာသီကုန္အထိ အႀကိတ္အနယ္ ဆက္ယွဥ္ၿပိဳင္သြားရေတာ့မယ့္ပုံပါပဲ”
ကာေရဂါက ဆုဖလားၿပိဳင္ပြဲဟာ ဆက္လက္ၿပီး ရင္ခုန္စိတ္လႈပ္ရွားစရာေကာင္းေတာ့မယ္လို႔ ေမွ်ာ္လင့္ထားေပမယ့္လည္း မန္စီးတီးက အႏိုင္ယူရမယ့္ အသင္းအျဖစ္ ရွိေနဆဲလို႔ ယုံၾကည္ေနပါတယ္။
“ခင္ဗ်ားသာ အာဆင္နယ္ျဖစ္ၿပီး ဒီေန႔ပြဲကို ေစာင့္ၾကည့္ခဲ့ရင္ အေကာင္းဆုံးျဖစ္ႏိုင္တဲ့ ရလဒ္က သေရလို႔ ေတြးေနမိပါလိမ့္မယ္။ ၿပီးေတာ့ ခင္ဗ်ားက လီဗာပူးလ္ဆိုရင္ လာမယ့္ရက္သတၱပတ္အနည္းငယ္အတြင္း အာဆင္နယ္က မန္စီးတီးနဲ႔ကစားတာကို ၾကည့္တဲ့အခါ အဲဒီအတိုင္းပဲ ေတြးပါလိမ့္မယ္။ သူတို႔ေတြက မန္စီးတီးကို ခ်န္ထားခဲ့ဖို႔ ႀကိဳးစားေနတုန္းပဲ။ မန္စီးတီးက အႏိုင္ယူရမယ့္အသင္းအျဖစ္ ရွိေနဆဲပါပဲ။ သူတို႔ေတြ(အာဆင္နယ္)က စီးတီးကို အႏိုင္ယူၿပီး ရမွတ္ေတြ ရွာေဖြသြားရမယ္။ ဒါေပမယ့္ စီးတီးရဲ႕ လာမယ့္ ၄ ပြဲ၊ ၅ ပြဲက ခက္ခဲပါတယ္။ အာဆင္နယ္က ဇယားထိပ္ဆုံးမွာရွိေနတာေတာင္မွ လီဗာပူးလ္က သူတို႔ကို မန္စီးတီးနဲ႔ပြဲက်ရင္ အႏိုင္ရေစခ်င္ပါလိမ့္မယ္။ ဘာလို႔လဲဆိုေတာ့ စီးတီးရဲ႕ ရာသီ ေနာက္ဆုံး ၅ ပြဲ၊ ၆ ပြဲက ရမွတ္အမ်ားဆုံးရႏိုင္တဲ့ပြဲေတြလို႔ ထင္ေနလို႔ပါ။ စီးတီးသာ လာမယ့္ရက္သတၱပတ္အနည္းငယ္အတြင္းမွာသာ ရမွတ္ေတြမေလ်ာ့က်ဘူးဆိုရင္ သူတို႔ေတြက ရပ္တန႔္ဖို႔ တကယ္ကို ခက္ခဲလိမ့္မယ္လို႔ ကြၽန္ေတာ္ထင္တယ္။”
လီဗာပူးလ္၊ အာဆင္နယ္နဲ႔ မန္စီးတီးတို႔အားလုံးဟာ လာမယ့္အပတ္မွာ အက္ဖ္ေအဖလားပြဲေတြရွိတာေၾကာင့္ ပရီးမီးယားလိဂ္ပြဲကစားသြားရမွာမဟုတ္ဘဲ ၿပီးတာနဲ႔ ႏိုင္ငံတကာပြဲစဥ္အားလပ္ရက္ေရာက္လာမွာျဖစ္ပါတယ္။
အာဆင္နယ္နဲ႔ မန္ခ်က္စတာစီးတီးတို႔ဟာ ႏိုင္ငံတကာပြဲစဥ္ အားလပ္ရက္ေတြအၿပီးမွ အစ္တီဟတ္မွာ ေတြ႕ဆုံယွဥ္ၿပိဳင္သြားၾကမွာျဖစ္ၿပီး ကာေရဂါက အဲဒီပြဲစဥ္ရလဒ္ဟာ ဆုဖလားဘယ္မွာရွိေနမလဲဆိုတာကို ဆုံးျဖတ္ရာမွာ အေရးႀကီးလာလိမ့္မယ္လို႔ ယုံၾကည္ေနတာျဖစ္ပါတယ္။
“စီးတီးသာ အာဆင္နယ္ကို အႏိုင္ယူႏိုင္ခဲ့ရင္ သူတို႔ေတြက ဖလားရဖို႔ ေရပန္းအစားဆုံးျဖစ္သြားလိမ့္မယ္လို႔ ထင္တယ္။ ကြၽန္ေတာ္ တကယ္ထင္တာပါ။ အာဆင္နယ္သာ အဲဒီပြဲမွာ တစ္ခုခုရခဲ့မယ္ဆိုရင္ ကြၽန္ေတာ္တို႔ တူညီတဲ့စကားဝိုင္းကို ဆက္ေျပာရမယ္လို႔ ထင္ပါတယ္။ အဲဒါက မေသခ်ာပါဘူး။ အာဆင္နယ္နဲ႔ လီဗာပူးလ္တို႔က စီးတီးရဲ႕အထက္မွာရွိေနခ်င္တယ္ဆိုရင္ ရာသီေနာက္ဆုံး ၅ ပြဲ၊ ၆ ပြဲကို ၃ မွတ္၊ ၄ မွတ္ေလာက္ျဖတ္ၿပီးသြားဖို႔ လိုမယ္လို႔ ကြၽန္ေတာ္ ခံစားေနရပါတယ္။”လို႔ ေျပာၾကားခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Rivals' Talk