မန်စီးတီးနဲ့ပွဲမှာ အံ့အားသင့်ခဲ့ရတဲ့ကစားသမားကို ပြောပြခဲ့တဲ့ စပါးစ်ကြယ်ပွင့်ဟောင်း
talkSPORT ဘောလုံးဝေဖန်သုံးသပ်သူ ဂျေမီ အိုဟားရားက တနင်္ဂနွေနေ့ ကွန်မြူနတီဒိုင်းလုပွဲအဖြစ် မန်ချက်စတာစီးတီးနဲ့ ကစားခဲ့တဲ့ပွဲမှာ အာဆင်နယ်ကြယ်ပွင့် ခိုင် ဟာဗတ်ဇ်က ဆိုးဆိုးရွားရွားကစားခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
စပါးစ်ကွင်းလယ်ကစားသမားဟောင်းက ဝင်ဘလေမှာ ကစားခဲ့တဲ့ ကွန်မြူနတီဒိုင်းလုပွဲမှာ ဂျာမန်ကြယ်ပွင့်ဟာ အံ့အားသင့်စေခဲ့သူဖြစ်တယ်လို့ ပြောဆိုခဲ့ပြီး ချဲလ်ဆီးကြယ်ပွင့်ဟောင်းဟာ တိုက်စစ်မှူး အခန်းကဏ္ဍမှာ ဆိုးရွားခဲ့တယ်လို့ ယုံကြည်နေတာဖြစ်ပါတယ်။
အာဆင်နယ်ဟာ ဂါဘရီယဲလ် ဂျေးဇု ဒဏ်ရာ ရရှိနေတာကြောင့် ခိုင် ဟာဗတ်ဇ်ကို အထောင်တိုက်စစ်မှူးအဖြစ် အသုံးပြုခဲ့ရတာဖြစ်ပြီး အသက် ၂၄ နှစ်အရွယ် ကစားသမားဟာ မန်ချက်စတာစီးတီးနဲ့ပွဲစဉ်မှာ ခြိမ်းခြောက်နိုင်စွမ်းမရှိခဲ့တာဖြစ်ပါတယ်။
ခိုင် ဟာဗတ်ဇ်ရဲ့ ဘောလုံးကိုင်ကစားပုံက အထင်ကြီးစရာကောင်းခဲ့ပြီး ခံစစ်ပိုင်းကို ကူညီပေးနိုင်ခဲ့ပေမယ့်လည်း အလွန်ကောင်းမွန်တဲ့ အခွင့်အရေး ၂ ကြိမ်စလုံးကို အသုံးမချနိုင်ခဲ့တာ ဖြစ်ပါတယ်။ “ခိုင် ဟာဗတ်ဇ်က နည်းနည်း အံ့အားသင့်စရာဖြစ်ခဲ့တယ်မဟုတ်လား အာဆင်နယ်ပရိသတ်တွေရေ ခင်ဗျားတို့ကို ဆုဖလားရယူပေးဖို့ သူ့ကို ဘယ်လိုအားကိုးလို့ရနိုင်မှာလဲ။ ”လို့ ပြောဆိုခဲ့တာ ဖြစ်ပါတယ်။
ဂျေမီ အိုဟားရားရဲ့ ပြောဆိုမှုဟာ သဘာဝမကျဘူးလို့ ဆိုရမှာဖြစ်ပြီး ဟာဗတ်ဇ်ဟာ မန်စီးတီးနဲ့ ပွဲစဉ်မှာ အကောင်းကြီးမဟုတ်ခဲ့သလို အရမ်းအဆိုးကြီးလည်း မဟုတ်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ချဲလ်ဆီးအတွက် တိုက်စစ်မှူးအဖြစ် ကစားခဲ့ပေမယ့်လည်း တိုက်စစ်မှူးစစ်စစ် မဟုတ်တာကြောင့် အလုပ်မဖြစ်ခဲ့ဘဲ ဟာဗတ်ဇ်ဟာ နောက်ချန်တိုက်စစ်မှူးအဖြစ် ကစားနိုင်ပေမယ့် ကျောနံပါတ် ၁၀ ဒါမှမဟုတ် တောင်ပံတိုက်စစ်နေရာမှာ ပိုမိုကောင်းမွန်တဲ့ ကစားသမားဖြစ်ပါတယ်။
အာဆင်နယ်မှာ ဆာကာ၊ မာတီနယ်လီ၊ အော်ဒီဂွါဒ်တို့က တောင်ပံနဲ့ ကျောနံပါတ် ၁၀ နေရာတွေမှာ အခိုင်အမာ နေရာရထားပြီးဖြစ်ပြီး ပထမဦးစားပေး တိုက်စစ်မှူး ဂျေးဇု ဒဏ်ရာရနေတာကြောင့်သာ ဟာဗတ်ဇ်အနေနဲ့ အခိုက်အတန့် ဝင်ကစားပေးနေရတာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Rivals' Talk
- Team News