ဘန် ဝှိုက်ရဲ့ လုပ်ရပ်အပေါ် PGMOL ဆီ ဖြေရှင်းချက်တောင်းထားတဲ့ စပါး 1024 504 coyg

ဘန် ဝှိုက်ရဲ့ လုပ်ရပ်အပေါ် PGMOL ဆီ ဖြေရှင်းချက်တောင်းထားတဲ့ စပါး

တော့တင်ဟမ်ဟော့စပါးနည်းပြ အန်ဂီ ပိုစတီကိုဂလူက မြောက်လန်ဒန်ဒါဘီမှာ အာဆင်နယ်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အတွင်း ဗီကာရီယိုရဲ့လက်အိတ်ကို ချောင်သွားအောင် လုပ်ခဲ့တဲ့ ဘန် ဝှိုက်ရဲ့လုပ်ရပ်ကို တုံ့ပြန်ခဲ့ပါတယ်။

ဟော့ဗျက်ရဲ့ အုန်းဂိုးမတိုင်ခင်မှာ ဘန် ဝှိုက်က ဆာကာ ထောင့်ကန်ဘောကန်တင်ဖို့ ပြင်ဆင်နေချိန်မှာ တော့တင်ဟမ်ဟော့စပါးဂိုးသမား ဗီကာရီယိုရဲ့ လက်အိတ်ကို ကျွတ်သွားအောင် လုပ်ဖို့ ကြိုးပမ်းနေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။

ပြီးတဲ့နောက်မှာ ဘန် ဝှိုက်က အာဆင်နယ်ရဲ့ တတိယဂိုးကို သွင်းယူပေးခဲ့ပြီး ပိုစတီကိုဂလူက ဘန် ဝှိုက်ရဲ့ လုပ်ရပ်နဲ့ပတ်သက်ပြီး “အဲဒါက မဟာဗျူဟာပဲ။ ခင်ဗျား အဲဒီလို သတ်မှတ်လို့ရတယ်။ အဲဒါက မဟာဗျူဟာပါ။ ကျွန်တော် အဲဒီလိုကိစ္စမျိုးတွေကို ဘယ်တုန်းကမှ အရမ်း စိတ်မဝင်စားခဲ့ပါဘူး။ ကျွန်တော် အကဲဖြတ်မှာလည်းမဟုတ်ဘူး။ သိပ်လည်း ဂရုမစိုက်ပါဘူး။ လူတွေက ဒါက သူတို့ကို အရေးသာစေလိမ့်မယ်လို့ တွေးကြမယ်ဆိုရင်လည်း ကျွန်တော်ကတော့ သိပ်စိုးရိမ်နေမှာမဟုတ်ပါဘူး။ ကျွန်တော်ကတော့ အရာရာကို အနိုင်ရမယ့်အသင်းကို တည်ဆောက်ဖို့ပဲ အာရုံစိုက်ဖို့ ကြိုးစားသွားမှာပါ။”

စပါးစ်က လက်ရှိမှာတော့ PGMOL ကို ဂိုးသမားတွေအပေါ်မှာ အာရုံပျက်ပြားအောင် လုပ်တဲ့ စည်းမျဉ်းတွေနဲ့ပတ်သက်ပြီး ရှင်းလင်းချက် တောင်းဆိုထားပါတယ်။

“ခင်ဗျား သူတို့ကို လှမ်းမေးလို့ရပါတယ်။ သူတို့တွေက ပုန်းကွယ်နေတဲ့ အဖွဲ့အစည်းမဟုတ်ပါဘူး။ အသင်းအားလုံးလည်း မေးမြန်းကြမှာ သေချာတယ်။ ကျွန်တော်တို့ ပြောင်းလဲသွားတဲ့အရာတွေနဲ့ပတ်သက်ပြီး ရှင်းလင်းချက်ကို တောင်းထားပါတယ်။ ခင်ဗျား ဘယ်တော့မှ ကြိုမသိနိုင်ပါဘူး။ ကျွန်တော်တို့က ဂိုးသမားကို ကြားဝင်နှောင့်ယှက်တဲ့အပေါ်မှာ အမှန်တကယ် ရပ်တည်မှုက ဘာလဲဆိုတဲ့ ရှင်းလင်းချက်လေးအချို့ လိုချင်ရုံပါ။ ကျွန်တော်က ရှေးဆန်တယ်။ ဒါပေမယ့် ကျွန်တော် အမြဲတမ်း တွေးခဲ့မိတာက ဂိုးသမားဆိုတာမျိုးက တခြားကစားသမားတွေထက်စာရင် နည်းနည်းပိုပြီး အကာအကွယ်ပေးရမယ့်သူမျိုးပါ။ အခုတော့ အဲဒီအယူအဆက မရှိတော့တာဖြစ်နိုင်ပြီး အဲဒီလို အကာအကွယ်ပေးခဲ့တယ်ဆိုတာလည်း ကျွန်တော် မေ့တောင်မေ့နေပါပြီ။”လို့ ပြောဆိုခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:
ေတာ့တင္ဟမ္ေဟာ့စပါးနည္းျပ အန္ဂီ ပိုစတီကိုဂလူက ေျမာက္လန္ဒန္ဒါဘီမွာ အာဆင္နယ္ကို ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္အတြင္း ဗီကာရီယိုရဲ႕လက္အိတ္ကို ေခ်ာင္သြားေအာင္ လုပ္ခဲ့တဲ့ ဘန္ ဝႈိက္ရဲ႕လုပ္ရပ္ကို တုံ႔ျပန္ခဲ့ပါတယ္။

ေဟာ့ဗ်က္ရဲ႕ အုန္းဂိုးမတိုင္ခင္မွာ ဘန္ ဝႈိက္က ဆာကာ ေထာင့္ကန္ေဘာကန္တင္ဖို႔ ျပင္ဆင္ေနခ်ိန္မွာ ေတာ့တင္ဟမ္ေဟာ့စပါးဂိုးသမား ဗီကာရီယိုရဲ႕ လက္အိတ္ကို ကြၽတ္သြားေအာင္ လုပ္ဖို႔ ႀကိဳးပမ္းေနခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။

ၿပီးတဲ့ေနာက္မွာ ဘန္ ဝႈိက္က အာဆင္နယ္ရဲ႕ တတိယဂိုးကို သြင္းယူေပးခဲ့ၿပီး ပိုစတီကိုဂလူက ဘန္ ဝႈိက္ရဲ႕ လုပ္ရပ္နဲ႔ပတ္သက္ၿပီး “အဲဒါက မဟာဗ်ဴဟာပဲ။ ခင္ဗ်ား အဲဒီလို သတ္မွတ္လို႔ရတယ္။ အဲဒါက မဟာဗ်ဴဟာပါ။ ကြၽန္ေတာ္ အဲဒီလိုကိစၥမ်ိဳးေတြကို ဘယ္တုန္းကမွ အရမ္း စိတ္မဝင္စားခဲ့ပါဘူး။ ကြၽန္ေတာ္ အကဲျဖတ္မွာလည္းမဟုတ္ဘူး။ သိပ္လည္း ဂ႐ုမစိုက္ပါဘူး။ လူေတြက ဒါက သူတို႔ကို အေရးသာေစလိမ့္မယ္လို႔ ေတြးၾကမယ္ဆိုရင္လည္း ကြၽန္ေတာ္ကေတာ့ သိပ္စိုးရိမ္ေနမွာမဟုတ္ပါဘူး။ ကြၽန္ေတာ္ကေတာ့ အရာရာကို အႏိုင္ရမယ့္အသင္းကို တည္ေဆာက္ဖို႔ပဲ အာ႐ုံစိုက္ဖို႔ ႀကိဳးစားသြားမွာပါ။”

စပါးစ္က လက္ရွိမွာေတာ့ PGMOL ကို ဂိုးသမားေတြအေပၚမွာ အာ႐ုံပ်က္ျပားေအာင္ လုပ္တဲ့ စည္းမ်ဥ္းေတြနဲ႔ပတ္သက္ၿပီး ရွင္းလင္းခ်က္ ေတာင္းဆိုထားပါတယ္။

“ခင္ဗ်ား သူတို႔ကို လွမ္းေမးလို႔ရပါတယ္။ သူတို႔ေတြက ပုန္းကြယ္ေနတဲ့ အဖြဲ႕အစည္းမဟုတ္ပါဘူး။ အသင္းအားလုံးလည္း ေမးျမန္းၾကမွာ ေသခ်ာတယ္။ ကြၽန္ေတာ္တို႔ ေျပာင္းလဲသြားတဲ့အရာေတြနဲ႔ပတ္သက္ၿပီး ရွင္းလင္းခ်က္ကို ေတာင္းထားပါတယ္။ ခင္ဗ်ား ဘယ္ေတာ့မွ ႀကိဳမသိႏိုင္ပါဘူး။ ကြၽန္ေတာ္တို႔က ဂိုးသမားကို ၾကားဝင္ေႏွာင့္ယွက္တဲ့အေပၚမွာ အမွန္တကယ္ ရပ္တည္မႈက ဘာလဲဆိုတဲ့ ရွင္းလင္းခ်က္ေလးအခ်ိဳ႕ လိုခ်င္႐ုံပါ။ ကြၽန္ေတာ္က ေရွးဆန္တယ္။ ဒါေပမယ့္ ကြၽန္ေတာ္ အၿမဲတမ္း ေတြးခဲ့မိတာက ဂိုးသမားဆိုတာမ်ိဳးက တျခားကစားသမားေတြထက္စာရင္ နည္းနည္းပိုၿပီး အကာအကြယ္ေပးရမယ့္သူမ်ိဳးပါ။ အခုေတာ့ အဲဒီအယူအဆက မရွိေတာ့တာျဖစ္ႏိုင္ၿပီး အဲဒီလို အကာအကြယ္ေပးခဲ့တယ္ဆိုတာလည္း ကြၽန္ေတာ္ ေမ့ေတာင္ေမ့ေနပါၿပီ။”လို႔ ေျပာဆိုခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet