တိုမိယဆုရဲ့ အနီကတ်နဲ့ပတ်သက်ပြီး တုံ့ပြန်ခဲ့တဲ့ ဂျေမီ ကာရေဂါ
လီဗာပူးလ်ဂန္တဝင် ဂျေမီ ကာရေဂါက တနင်္လာနေ့ည ခရစ္စတယ် ပဲလေ့စ်ကို အနိုင်ရခဲ့တဲ့ပွဲစဉ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံခဲ့ရတဲ့ အာဆင်နယ်နောက်ခံလူ တိုမီယဆုအတွက် စိတ်မကောင်းဖြစ်မိတယ်လို့ ပြောကြားခဲ့ပါတယ်။
အာဆင်နယ်က ပရီးမီးယားလိဂ်ရာသီသစ် ဒုတိယမြောက်နိုင်ပွဲကို ရရှိခဲ့ပြီးနောက် ကာရေဂါဟာ Monday Night Football မှာ စီစဉ်တင်ဆက်နေခဲ့တာဖြစ်ပြီး တိုမီယဆုဟာ အချိန်ဆွဲတယ်ဆိုတဲ့စွပ်စွဲချက်နဲ့ ပထမအဝါကတ်ပြသခံခဲ့ရပြီးနောက် အန်ဒရီ အာယူးရဲ့ ရှပ်ကို ဆွဲခဲ့တယ်ဆိုပြီး ဒုတိယအဝါကတ် ပြသခံခဲ့ရတာဖြစ်ပါတယ်။
ဒါပေမယ့်လည်း ရုပ်သံအနှေးပြကွက်တွေမှာ တိုမီယဆုနဲ့ အာယူးတို့ကြား ထိတွေ့မှု အနည်းငယ်လောက်သာ ရှိခဲ့တာကို မြင်တွေ့ခဲ့ရပြီး ကာရေဂါက ဂျပန်နောက်ခံလူရဲ့ ပထမအဝါကတ်ဟာ အသင်းတွေရဲ့ လုပ်ရပ်ကြောင့် အပြစ်ပေးခံခဲ့ရတာဖြစ်တယ်လို့ ခံစားခဲ့ရတာဖြစ်ပါတယ်။
ကာရေဂါက တိုမီယဆု ထုတ်ပယ်ခံရတဲ့အထိ ဖြစ်စေခဲ့တဲ့ လက်ပစ်ဘောမတိုင်ခင် ဘောလုံးကို ရယူဖို့ နှေးကွေးစွာလုပ်ဆောင်ခဲ့တာနဲ့ပတ်သက်ပြီး သောမတ်စ် ပါတေး သတိပေးခံခဲ့ရတာကို သတိပြုမိခဲ့တာ ဖြစ်ပါတယ်။
ခိုင် ဟာဗတ်ဇ်က ကွင်းဘေးစည်းမှာ ကိုယ်တိုင် လက်ပစ်ဘောမမြှောက်ဘဲ အချိန်အနည်းငယ် ဖြုန်းတီးခဲ့ပြီးနောက် ဘောလုံးက တိုမီယဆုဆီကို ရောက်လာခဲ့တာဖြစ်ပြီး ဂျပန်နောက်ခံလူ လက်ပစ်ဘော မြှောက်ဖို့ ကြိုးပမ်းနေချိန်မှာ ဒိုင်လူကြီးက အချိန်ဆွဲတယ်ဆိုပြီး အဝါကတ်ပြသခဲ့တာဖြစ်ပါတယ်။
“ခင်ဗျား ဒိုင်လူကြီးကို ကြည့်လိုက်ပါ။ သူ့ပုံစံက ထပ်ပြီး အချိန်မဆွဲနဲ့တော့။ ငါတို့တွေ ဒီထက်ပိုပြီး အချိန်ဆွဲတာမလိုချင်တော့ဘူးဆိုတဲ့ပုံစံမျိုးပါ။ အာဆင်နယ်က အချိန်ဖြုန်းတီးနေတယ်။ သူ သောမတ်စ် ပါတေးကို စစချင်းမှာပဲ ပြောခဲ့တယ်။ ဒီဂိုးလွန်ဘောကနေ ဘောလုံးက ကွင်းတစ်ဖက်ခြမ်းမှာ အဆုံးသတ်သွားတယ်။ ကျွန်တော် ပြောခဲ့သလိုပဲ ကျွန်တော်တို့ ကွင်းလယ်မျဉ်းနားက လက်ပစ်ဘော အာဆင်နယ် ရသွားတာကနေ စက္ကန့် ၂၀ နီးပါးပဲ ကြာတယ်။ ကျွန်တော် တိုမီယဆုအတွက် အမှန်တကယ် စိတ်မကောင်းဖြစ်မိတယ်။ ဘာလို့လဲဆိုတော့ အစပိုင်းတုန်းက သောမတ်စ် ပါတေးရဲ့ အခန်းကဏ္ဍကြောင့်လို့ ထင်လို့ပါ။ အခု ခိုင် ဟာဗတ်ဇ်က ဘောလုံးကောက်ကိုင်တယ်။ သူ ဘောလုံးရတဲ့အချိန်နဲ့ ကောက်ကိုင်လိုက်တဲ့အချိန်ကတင် စက္ကန့် ၂၀ လောက်ရှိတယ်။ ဒါပေမယ့် ခိုင် ဟာဗတ်ဇ်က ကြည့်ပြီး တိုမီယဆုဆီကို ပစ်ပေးခဲ့တယ်လို့ ကျွန်တော် ထင်တယ်။ တိုမီယဆုက တကယ်တမ်းတော့ အချိန်ဖြုန်းဖို့ ကြိုးပမ်းခဲ့တာမဟုတ်ဘူးလို့ ကျွန်တော် ထင်တယ်။ သူက တကယ် လက်ပစ်ဘောမြှောက်ပေးဖို့ လူရှာနေတာပါ။ သူက ဘောလုံးကို တကယ်ပဲ ပြေးကောက်ခဲ့တယ်။ သူ နှေးနှေးကွေးကွေး မလုပ်ခဲ့ဘူး။ ကျွန်တော် ဒိုင်လူကြီးကို နားလည်ပေးနိုင်တယ်။ ဒါပေမယ့် သူက အသင်းအတွက် အဝါကတ်တစ်ကတ်ကို ယူခဲ့ရတာပါ”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: လီဗာပူးလ္ဂႏၲဝင္ ေဂ်မီ ကာေရဂါက တနလၤာေန႔ည ခရစၥတယ္ ပဲေလ့စ္ကို အႏိုင္ရခဲ့တဲ့ပြဲစဥ္မွာ အနီကတ္နဲ႔ ထုတ္ပယ္ခံခဲ့ရတဲ့ အာဆင္နယ္ေနာက္ခံလူ တိုမီယဆုအတြက္ စိတ္မေကာင္းျဖစ္မိတယ္လို႔ ေျပာၾကားခဲ့ပါတယ္။
အာဆင္နယ္က ပရီးမီးယားလိဂ္ရာသီသစ္ ဒုတိယေျမာက္ႏိုင္ပြဲကို ရရွိခဲ့ၿပီးေနာက္ ကာေရဂါဟာ Monday Night Football မွာ စီစဥ္တင္ဆက္ေနခဲ့တာျဖစ္ၿပီး တိုမီယဆုဟာ အခ်ိန္ဆြဲတယ္ဆိုတဲ့စြပ္စြဲခ်က္နဲ႔ ပထမအဝါကတ္ျပသခံခဲ့ရၿပီးေနာက္ အန္ဒရီ အာယူးရဲ႕ ရွပ္ကို ဆြဲခဲ့တယ္ဆိုၿပီး ဒုတိယအဝါကတ္ ျပသခံခဲ့ရတာျဖစ္ပါတယ္။
ဒါေပမယ့္လည္း ႐ုပ္သံအေႏွးျပကြက္ေတြမွာ တိုမီယဆုနဲ႔ အာယူးတို႔ၾကား ထိေတြ႕မႈ အနည္းငယ္ေလာက္သာ ရွိခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး ကာေရဂါက ဂ်ပန္ေနာက္ခံလူရဲ႕ ပထမအဝါကတ္ဟာ အသင္းေတြရဲ႕ လုပ္ရပ္ေၾကာင့္ အျပစ္ေပးခံခဲ့ရတာျဖစ္တယ္လို႔ ခံစားခဲ့ရတာျဖစ္ပါတယ္။
ကာေရဂါက တိုမီယဆု ထုတ္ပယ္ခံရတဲ့အထိ ျဖစ္ေစခဲ့တဲ့ လက္ပစ္ေဘာမတိုင္ခင္ ေဘာလုံးကို ရယူဖို႔ ေႏွးေကြးစြာလုပ္ေဆာင္ခဲ့တာနဲ႔ပတ္သက္ၿပီး ေသာမတ္စ္ ပါေတး သတိေပးခံခဲ့ရတာကို သတိျပဳမိခဲ့တာ ျဖစ္ပါတယ္။
ခိုင္ ဟာဗတ္ဇ္က ကြင္းေဘးစည္းမွာ ကိုယ္တိုင္ လက္ပစ္ေဘာမေျမႇာက္ဘဲ အခ်ိန္အနည္းငယ္ ျဖဳန္းတီးခဲ့ၿပီးေနာက္ ေဘာလုံးက တိုမီယဆုဆီကို ေရာက္လာခဲ့တာျဖစ္ၿပီး ဂ်ပန္ေနာက္ခံလူ လက္ပစ္ေဘာ ေျမႇာက္ဖို႔ ႀကိဳးပမ္းေနခ်ိန္မွာ ဒိုင္လူႀကီးက အခ်ိန္ဆြဲတယ္ဆိုၿပီး အဝါကတ္ျပသခဲ့တာျဖစ္ပါတယ္။
“ခင္ဗ်ား ဒိုင္လူႀကီးကို ၾကည့္လိုက္ပါ။ သူ႔ပုံစံက ထပ္ၿပီး အခ်ိန္မဆြဲနဲ႔ေတာ့။ ငါတို႔ေတြ ဒီထက္ပိုၿပီး အခ်ိန္ဆြဲတာမလိုခ်င္ေတာ့ဘူးဆိုတဲ့ပုံစံမ်ိဳးပါ။ အာဆင္နယ္က အခ်ိန္ျဖဳန္းတီးေနတယ္။ သူ ေသာမတ္စ္ ပါေတးကို စစခ်င္းမွာပဲ ေျပာခဲ့တယ္။ ဒီဂိုးလြန္ေဘာကေန ေဘာလုံးက ကြင္းတစ္ဖက္ျခမ္းမွာ အဆုံးသတ္သြားတယ္။ ကြၽန္ေတာ္ ေျပာခဲ့သလိုပဲ ကြၽန္ေတာ္တို႔ ကြင္းလယ္မ်ဥ္းနားက လက္ပစ္ေဘာ အာဆင္နယ္ ရသြားတာကေန စကၠန႔္ ၂၀ နီးပါးပဲ ၾကာတယ္။ ကြၽန္ေတာ္ တိုမီယဆုအတြက္ အမွန္တကယ္ စိတ္မေကာင္းျဖစ္မိတယ္။ ဘာလို႔လဲဆိုေတာ့ အစပိုင္းတုန္းက ေသာမတ္စ္ ပါေတးရဲ႕ အခန္းက႑ေၾကာင့္လို႔ ထင္လို႔ပါ။ အခု ခိုင္ ဟာဗတ္ဇ္က ေဘာလုံးေကာက္ကိုင္တယ္။ သူ ေဘာလုံးရတဲ့အခ်ိန္နဲ႔ ေကာက္ကိုင္လိုက္တဲ့အခ်ိန္ကတင္ စကၠန႔္ ၂၀ ေလာက္ရွိတယ္။ ဒါေပမယ့္ ခိုင္ ဟာဗတ္ဇ္က ၾကည့္ၿပီး တိုမီယဆုဆီကို ပစ္ေပးခဲ့တယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ တိုမီယဆုက တကယ္တမ္းေတာ့ အခ်ိန္ျဖဳန္းဖို႔ ႀကိဳးပမ္းခဲ့တာမဟုတ္ဘူးလို႔ ကြၽန္ေတာ္ ထင္တယ္။ သူက တကယ္ လက္ပစ္ေဘာေျမႇာက္ေပးဖို႔ လူရွာေနတာပါ။ သူက ေဘာလုံးကို တကယ္ပဲ ေျပးေကာက္ခဲ့တယ္။ သူ ေႏွးေႏွးေကြးေကြး မလုပ္ခဲ့ဘူး။ ကြၽန္ေတာ္ ဒိုင္လူႀကီးကို နားလည္ေပးႏိုင္တယ္။ ဒါေပမယ့္ သူက အသင္းအတြက္ အဝါကတ္တစ္ကတ္ကို ယူခဲ့ရတာပါ”လို႔ ေျပာၾကားခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Rivals' Talk
- Team News