ဂိုးပြတ်ရှုံးပွဲအတွက် ဂန်းနားကြယ်ပွင့်ကို ပြစ်တင်လိုက်တဲ့ မိုရက်စ်
ဒေးဗစ် မိုရက်စ်က တနင်္ဂနွေနေ့ညက ချဲလ်ဆီးကို ၅-၀ နဲ့ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပြီးနောက် ဒီရာသီ အဝေးကွင်းကြီးမားတဲ့ ရှုံးပွဲတွေအတွက် ဒီကလန် ရိုက် မရှိတော့တာကို အပြစ်ပုံချခဲ့ပါတယ်။
ဝက်စ်ဟမ်းဟာ ချဲလ်ဆီးနဲ့ပွဲမှာ ဆိုးရွားတဲ့ ပထမပိုင်း ကစားပုံကို ပြသခဲ့ပြီး ကိုး ပါလ်မာ၊ ဂယ်လေဂါနဲ့ မာဒူအဲခီတို့က အိမ်ရှင် ချဲလ်ဆီးတို့အတွက် ပထမပိုင်းမပြီးဆုံးခင်မှာပဲ ၃ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဒုတိယပိုင်း ပြန်စပြီး ၁၅ မိနစ်အတွင်းမှာပဲ ဂျက်ခ်ဆင်ရဲ့ နောက်ထပ် သွင်းဂိုး ၂ ဂိုးကို ခွင့်ပြု ပေးခဲ့ရပြီးနောက် ဝက်စ်ဟမ်းဟာ ဒီရာသီမှာ ၄ ဂိုးနဲ့အထက် အဝေးကွင်းမှာ ဂိုးခွင့်ပြုပေးခဲ့ရတာ ၆ ကြိမ်မြောက်ဖြစ်ခဲ့ပြီး ပြိုင်ပွဲစုံမှာ အဝေးကွင်း ၆ ပွဲမှာ ၅ ကြိမ်မြောက်ရှုံးနိမ့်မှုလည်း ဖြစ်ခဲ့ပါတယ်။
ဒေးဗစ် မိုရက်စ်က ပြီးခဲ့တဲ့နွေရာသီမှာ အာဆင်နယ်ကို ပေါင် ၁၀၅ သန်းနဲ့ ပြောင်းရွှေ့သွားခဲ့တဲ့ ဒီကလန် ရိုက်က ဒီရာသီအသင်းရဲ့ ဆိုးရွားတဲ့ခံစစ်မှတ်တမ်းနောက်ကွယ်က အဓိကသော့ချက်ဖြစ်တယ်လို့ ယုံကြည်နေပါတယ်။
ဝက်စ်ဟမ်းက ချဲလ်ဆီးကို ၅-၀ နဲ့ ရှုံးနိမ့်ခဲ့တဲ့ပွဲအပြီး ဘာကြောင့် ဒီရာသီမှာ ကြီးမားတဲ့ အဝေးကွင်းရှုံးပွဲတွေ ရင်ဆိုင်နေရတာလဲလို့ မေးမြန်းခဲ့ရာမှာ မိုရက်စ်က “ဒီကလန် ရိုက်ကြောင့်ပါ။ ဒီနိုင်ငံရဲ့ အကောင်းဆုံးကွင်းလယ်ကစားသမားကို ရခဲ့တယ်။ အကာအကွယ်ပေးနိုင်တယ်။ ပြိုင်ဘက်တွေရဲ့ တိုက်စစ်ဆင်မှု ၅၀ ရာခိုင်နှုန်းလောက်အထိကို ကန့်သတ်ထားနိုင်တဲ့ ကစားသမားမျိုးရှိတဲ့အခါမှာ ခင်ဗျားရဲ့အသင်းက ခံစစ်ပိုင်း အများကြီးပိုကောင်းတဲ့အသင်းဖြစ်နေမှာပါ။ ကျွန်တော်တို့ရဲ့ ခံစစ် ၄ ဦးရှေ့မှာ အကာအကွယ်မရှိတော့ဘူး။ ကျွန်တော်တို့ ကောင်းသင့်သလောက် ကောင်းမွန်တဲ့ ခံစစ်ကစားပုံလည်း မရှိခဲ့ဘူး။
ကျွန်တော်တို့က ပွဲတော်တော်များများမှာ ခံစစ်ပိုင်းမှာ ကောင်းသင့်သလောက် မကောင်းခဲ့ပါဘူး။ ဒါပေမယ့် ခင်ဗျား သိလား။ ကျွန်တော် ပြောခဲ့တဲ့အတိုင်းပဲ။ ခင်ဗျား သတိထားရမယ်။ ခင်ဗျား ပြောနေတာက တကယ်ကို အားကောင်းတဲ့နေရာမှာ ရပ်တည်နေတဲ့ အသင်းအကြောင်းပါ။ ကျွန်တော်တို့က ဆိုးရွားတဲ့ အဝေးကွင်းပွဲနေ့တွေ တော်တော်များများ ပိုင်ဆိုင်ခဲ့တယ်။ ကျွန်တော်တို့ ကြိုးစားပြီး အဲဒီရလဒ်ဆိုးတွေကို ပိုကောင်းလာအောင် လုပ်ရမယ်။ ကျွန်တော်ပြောခဲ့တဲ့အတိုင်းပဲ ကျွန်တော်တို့ အဲဒီလို ရလဒ်ဆိုးတွေကို ချေဖျက်ဖို့ လိုအပ်နေတဲ့အချိန်မှာ စိတ်ပိုင်းဆိုင်ရာ ခက်ခဲမှုတွေကို ဘေးဖယ်ထားဖို့ ကြိုးစားခဲ့တယ်။ ကျွန်တော် ပုံမှန် ကြိုတင်ပြင်ဆင်ပေးထားတဲ့အသင်းက ပုံမှန်အတိုင်းပဲ စွမ်းဆောင်နိုင်ပါလိမ့်မယ်။ ခင်ဗျား အမြဲတမ်း ရှုံးနေကျပုံစံအတိုင်း ရှုံးနိုင်ပါတယ်။
ပြောရရင် ချဲလ်ဆီးက အခုအချိန်မှာ တော်တော်လေးကောင်းနေတယ်။ ကျွန်တော်တို့ ဒီနေ့ ဂိုးဘားတန်း ၃ ကြိမ်ထိတယ်။ အီမာဆန်ကလည်း အပိုင်အလုံးလွဲတယ်။ အဲဒီတော့ ဒီပွဲက ၅-၃ လောက်နဲ့ ပြီးခဲ့ရမှာလို့ ခင်ဗျား ပြောမှာပဲ။ ဒါပေမယ့် ကျွန်တော်တို့ ဒီပွဲမှာ အခွင့်အရေး အနည်းငယ်ရခဲ့ပေမယ့် ပွဲစဉ်အတွင်းမှာ ဆက်နေနိုင်စေမယ့် အခြေခံကျကျ ခံစစ်ကစားပုံမျိုးတောင် မကစားနိုင်ခဲ့ဘူး။ ပြီးခဲ့တဲ့အပတ်က လီဗာပူးလ်နဲ့ ၂-၂ သရေကျခဲ့တုန်းက ကစားခဲ့တဲ့အသင်းအတိုင်းပါပဲ။”လို့ ပြောဆိုခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
ေဒးဗစ္ မိုရက္စ္က တနဂၤေႏြေန႔ညက ခ်ဲလ္ဆီးကို ၅-၀ နဲ႔ ဂိုးျပတ္ရႈံးနိမ့္ခဲ့ၿပီးေနာက္ ဒီရာသီ အေဝးကြင္းႀကီးမားတဲ့ ရႈံးပြဲေတြအတြက္ ဒီကလန္ ႐ိုက္ မရွိေတာ့တာကို အျပစ္ပုံခ်ခဲ့ပါတယ္။
ဝက္စ္ဟမ္းဟာ ခ်ဲလ္ဆီးနဲ႔ပြဲမွာ ဆိုး႐ြားတဲ့ ပထမပိုင္း ကစားပုံကို ျပသခဲ့ၿပီး ကိုး ပါလ္မာ၊ ဂယ္ေလဂါနဲ႔ မာဒူအဲခီတို႔က အိမ္ရွင္ ခ်ဲလ္ဆီးတို႔အတြက္ ပထမပိုင္းမၿပီးဆုံးခင္မွာပဲ ၃ ဂိုးအထိ သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။
ဒုတိယပိုင္း ျပန္စၿပီး ၁၅ မိနစ္အတြင္းမွာပဲ ဂ်က္ခ္ဆင္ရဲ႕ ေနာက္ထပ္ သြင္းဂိုး ၂ ဂိုးကို ခြင့္ျပဳ ေပးခဲ့ရၿပီးေနာက္ ဝက္စ္ဟမ္းဟာ ဒီရာသီမွာ ၄ ဂိုးနဲ႔အထက္ အေဝးကြင္းမွာ ဂိုးခြင့္ျပဳေပးခဲ့ရတာ ၆ ႀကိမ္ေျမာက္ျဖစ္ခဲ့ၿပီး ၿပိဳင္ပြဲစုံမွာ အေဝးကြင္း ၆ ပြဲမွာ ၅ ႀကိမ္ေျမာက္ရႈံးနိမ့္မႈလည္း ျဖစ္ခဲ့ပါတယ္။
ေဒးဗစ္ မိုရက္စ္က ၿပီးခဲ့တဲ့ေႏြရာသီမွာ အာဆင္နယ္ကို ေပါင္ ၁၀၅ သန္းနဲ႔ ေျပာင္းေ႐ႊ႕သြားခဲ့တဲ့ ဒီကလန္ ႐ိုက္က ဒီရာသီအသင္းရဲ႕ ဆိုး႐ြားတဲ့ခံစစ္မွတ္တမ္းေနာက္ကြယ္က အဓိကေသာ့ခ်က္ျဖစ္တယ္လို႔ ယုံၾကည္ေနပါတယ္။
ဝက္စ္ဟမ္းက ခ်ဲလ္ဆီးကို ၅-၀ နဲ႔ ရႈံးနိမ့္ခဲ့တဲ့ပြဲအၿပီး ဘာေၾကာင့္ ဒီရာသီမွာ ႀကီးမားတဲ့ အေဝးကြင္းရႈံးပြဲေတြ ရင္ဆိုင္ေနရတာလဲလို႔ ေမးျမန္းခဲ့ရာမွာ မိုရက္စ္က “ဒီကလန္ ႐ိုက္ေၾကာင့္ပါ။ ဒီႏိုင္ငံရဲ႕ အေကာင္းဆုံးကြင္းလယ္ကစားသမားကို ရခဲ့တယ္။ အကာအကြယ္ေပးႏိုင္တယ္။ ၿပိဳင္ဘက္ေတြရဲ႕ တိုက္စစ္ဆင္မႈ ၅၀ ရာခိုင္ႏႈန္းေလာက္အထိကို ကန႔္သတ္ထားႏိုင္တဲ့ ကစားသမားမ်ိဳးရွိတဲ့အခါမွာ ခင္ဗ်ားရဲ႕အသင္းက ခံစစ္ပိုင္း အမ်ားႀကီးပိုေကာင္းတဲ့အသင္းျဖစ္ေနမွာပါ။ ကြၽန္ေတာ္တို႔ရဲ႕ ခံစစ္ ၄ ဦးေရွ႕မွာ အကာအကြယ္မရွိေတာ့ဘူး။ ကြၽန္ေတာ္တို႔ ေကာင္းသင့္သေလာက္ ေကာင္းမြန္တဲ့ ခံစစ္ကစားပုံလည္း မရွိခဲ့ဘူး။
ကြၽန္ေတာ္တို႔က ပြဲေတာ္ေတာ္မ်ားမ်ားမွာ ခံစစ္ပိုင္းမွာ ေကာင္းသင့္သေလာက္ မေကာင္းခဲ့ပါဘူး။ ဒါေပမယ့္ ခင္ဗ်ား သိလား။ ကြၽန္ေတာ္ ေျပာခဲ့တဲ့အတိုင္းပဲ။ ခင္ဗ်ား သတိထားရမယ္။ ခင္ဗ်ား ေျပာေနတာက တကယ္ကို အားေကာင္းတဲ့ေနရာမွာ ရပ္တည္ေနတဲ့ အသင္းအေၾကာင္းပါ။ ကြၽန္ေတာ္တို႔က ဆိုး႐ြားတဲ့ အေဝးကြင္းပြဲေန႔ေတြ ေတာ္ေတာ္မ်ားမ်ား ပိုင္ဆိုင္ခဲ့တယ္။ ကြၽန္ေတာ္တို႔ ႀကိဳးစားၿပီး အဲဒီရလဒ္ဆိုးေတြကို ပိုေကာင္းလာေအာင္ လုပ္ရမယ္။ ကြၽန္ေတာ္ေျပာခဲ့တဲ့အတိုင္းပဲ ကြၽန္ေတာ္တို႔ အဲဒီလို ရလဒ္ဆိုးေတြကို ေခ်ဖ်က္ဖို႔ လိုအပ္ေနတဲ့အခ်ိန္မွာ စိတ္ပိုင္းဆိုင္ရာ ခက္ခဲမႈေတြကို ေဘးဖယ္ထားဖို႔ ႀကိဳးစားခဲ့တယ္။ ကြၽန္ေတာ္ ပုံမွန္ ႀကိဳတင္ျပင္ဆင္ေပးထားတဲ့အသင္းက ပုံမွန္အတိုင္းပဲ စြမ္းေဆာင္ႏိုင္ပါလိမ့္မယ္။ ခင္ဗ်ား အၿမဲတမ္း ရႈံးေနက်ပုံစံအတိုင္း ရႈံးႏိုင္ပါတယ္။
ေျပာရရင္ ခ်ဲလ္ဆီးက အခုအခ်ိန္မွာ ေတာ္ေတာ္ေလးေကာင္းေနတယ္။ ကြၽန္ေတာ္တို႔ ဒီေန႔ ဂိုးဘားတန္း ၃ ႀကိမ္ထိတယ္။ အီမာဆန္ကလည္း အပိုင္အလုံးလြဲတယ္။ အဲဒီေတာ့ ဒီပြဲက ၅-၃ ေလာက္နဲ႔ ၿပီးခဲ့ရမွာလို႔ ခင္ဗ်ား ေျပာမွာပဲ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔ ဒီပြဲမွာ အခြင့္အေရး အနည္းငယ္ရခဲ့ေပမယ့္ ပြဲစဥ္အတြင္းမွာ ဆက္ေနႏိုင္ေစမယ့္ အေျခခံက်က် ခံစစ္ကစားပုံမ်ိဳးေတာင္ မကစားႏိုင္ခဲ့ဘူး။ ၿပီးခဲ့တဲ့အပတ္က လီဗာပူးလ္နဲ႔ ၂-၂ သေရက်ခဲ့တုန္းက ကစားခဲ့တဲ့အသင္းအတိုင္းပါပဲ။”လို႔ ေျပာဆိုခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Rivals' Talk