ချန်ပီယံဟောကိန်းထုတ်ရာမှာ အာဆင်နယ်ကို ချန်လှပ်ခဲ့တဲ့ မန်ယူနိုက်တက်ကြယ်ပွင့်ဟောင်း 768 432 coyg

ချန်ပီယံဟောကိန်းထုတ်ရာမှာ အာဆင်နယ်ကို ချန်လှပ်ခဲ့တဲ့ မန်ယူနိုက်တက်ကြယ်ပွင့်ဟောင်း

မန်ချက်စတာယူနိုက်တက်ကြယ်ပွင့်ဟောင်း ဒီမီတာ ဘာဘာတော့ဗ်က မန်ချက်စတာယူနိုက်တက်နဲ့ ချဲလ်ဆီးတို့က ယခုလာမယ့်ရာသီမှာ ပရီးမီးယားလိဂ်ဖလားအတွက် အဓိကယှဉ်ပြိုင်သူတွေဖြစ်လာမယ်လို့ ဟောကိန်းထုတ်ခဲ့ပါတယ်။

မန်ချက်စတာစီးတီးနဲ့ အာဆင်နယ်တို့ဟာ ၂၀၂၂-၂၀၂၃ ရာသီမှာ ပရီးမီးယားလိဂ်ဖလားအတွက် ယှဉ်ပြိုင်ခဲ့ကြတာဖြစ်ပေမယ့်လည်း ဘာဘာတော့ဗ်က ၂ သင်းစလုံးကို ငြင်းပယ်ခဲ့ပြီး ပိုချက်တီနိုက အင်္ဂလိပ်ဘောလုံးလောကကို အကောင်းဆုံးပုံစံနဲ့ ပြန်လာလိမ့်မယ်လို့ ထောက်ခံခဲ့တာဖြစ်ပါတယ်။

“မန်စီးတီးပဲ နောက်ထပ်တစ်ကြိမ်ထပ်ရမယ်လို့ ကျွန်တော် ပြောမှာ မဟုတ်ပါဘူး။ ကျွန်တော် မန်ချက်စတာယူနိုက်တက်ကို ပရီးမီးယားလိဂ်ဖလားကို ရစေချင်တာ သိသာပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံတွေက မန်ချက်စတာယူနိုက်တက် ဒါမှမဟုတ် ချဲလ်ဆီးပဲဖြစ်ပါလိမ့်မယ်။ ကျွန်တော် ရေပန်းမစားဘဲ ချဲလ်ဆီး ရသွားတဲ့ဇာတ်လမ်းမျိုးကို နှစ်သက်ပါတယ်။ အထူးသဖြင့် ခင်ဗျား ဗိုလ်စွဲမယ်လို့ မမြင်ထားတဲ့အချိန်မှာပေါ့။ ကျွန်တော် ပိုချက်တီနိုကို နည်းပြတစ်ယောက်အနေနဲ့လည်း နှစ်သက်ပါတယ်။ ကျွန်တော် အင်္ဂလန်မှာ သူ ဆုဖလားနဲ့အတူ အောင်မြင်မှုရတာ မြင်ချင်ပါတယ်။”

တော့တင်ဟမ်ဟော့စပါးကြယ်ပွင့်ဟောင်းက အာဆင်နယ်နဲ့ မန်ချက်စတာစီးတီးတို့ကို အနည်းဆုံးတော့ ထိပ်ဆုံး ၄ နေရာတော့ ဝင်လိမ့်မယ်လို့ ပြောဆိုခဲ့ပေမယ့်လည်း နည်းပြသစ် ပိုစတီကိုဂလူလက်အောက်မှာ အသင်းဟောင်း စပါးစ်က ထိပ်ဆုံး ၄ နေရာဝင်မယ်လို့ မမျှော်လင့်ထားတာဖြစ်ပါတယ်။

“ထိပ်ဆုံး ၄ နေရာအတွက် ယှဉ်ပြိုင်မှုက ဘာကြောင့် ပရီးမီးယားလိဂ်ဟာ စောင့်ကြည့်ချင်စရာအရမ်းကောင်းလဲဆိုတဲ့ အကြောင်းပြချက်ပါ။ အက်စတန် ဗီလာ၊ နယူးကာဆယ်၊ ဘရိုက်တန်၊ စပါးစ်တို့လို အသင်းတွေက ထိပ်ဆုံး ၄ နေရာအတွက် ယှဉ်ပြိုင်နိုင်တယ်။ မန်စီးတီး၊ မန်ယူနိုက်တက်၊ ချဲလ်ဆီးတို့က ထိပ်ဆုံး ၄ နေရာထဲမှာ ရှိပါလိမ့်မယ်။ မန်ယူနိုက်တက်သာ ထိပ်ဆုံး ၄ နေရာမဝင်ဘူးဆိုရင် တော်တော်လေးဆိုးရွားတဲ့ရာသီဖြစ်ပါလိမ့်မယ်။ အာဆင်နယ်လည်း ထိပ်ဆုံး ၄ နေရာဝင်မယ်လို့ ကျွန်တော် ထင်တယ်။ သူတို့တွေ ဆုဖလားအတွက် တွန်းအားပေးဖို့ လိုပြီး မနှစ်က လုပ်နိုင်ခဲ့သလိုမျိုး ဒုတိယနေရာနဲ့ ကျေနပ်မနေသင့်ပါဘူး။ ထိပ်ဆုံး ၄ နေရာထဲမှာ လီဗာပူးလ်၊ စပါးစ်နဲ့ နယူးကာဆယ်တို့ကိုတော့ ကျွန်တော် မထည့်သွင်းပါဘူး”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet