အာဆင်နယ်ပရိသတ်တွေ မကြားချင်ဆုံး မှတ်ချက်ပေးခဲ့တဲ့ ဒရော့ဂ်ဘာ
ဒီဒီယာ ဒရော့ဂ်ဘာဟာ ချဲလ်ဆီးနဲ့ပတ်သက်ပြီး မေးခွန်းထုတ်မှုကို ပြင်းထန်တဲ့ တုံ့ပြန်မှုနဲ့အတူ အာဆင်နယ်ပရိသတ်တွေကို ဆွံ့အစေခဲ့ပါတယ်။
လီမန်စ်၊ ဂူအင်ဂမ့်၊ မာဆေးလ်တို့လို အသင်းတွေအတွက် ကစားပေးခဲ့ပြီးနောက် ဒရော့ဂ်ဘာဟာ ၂၀၀၄ ခုနှစ်မှာ ချဲလ်ဆီးကို ပေါင် ၂၄ သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ ကစားသမားဖြစ်ပါတယ်။ အိုင်ဗရီကို့စ်တိုက်စစ်မှူးဟာ ချဲလ်ဆီးအတွက် စုစုပေါင်း ၃၄၁ ပွဲပါဝင်ကစားပေးခဲ့ရာမှာ သွင်းဂိုး ၁၅၇ ဂိုးအထိ သွင်းယူပေးခဲ့ပြီး မကြာသေးမီက ရန်ပုံငွေပွဲအဖြစ် ကာတာမှာ ကျင်းပခဲ့တဲ့ပွဲမှာ ပြန်လည်ပါဝင်ကစားပေးခဲ့တာစြဖ်ပါတယ်။
အဲဒီပွဲစဉ်အတွင်း ဒရော့ဂ်ဘာက ချဲလ်ဆီးနဲ့ပတ်သက်ပြီး ပြောဆိုရာမှာ အာဆင်နယ်ပရိသတ်တွေကို ဆွံ့အသွားစေမယ့် မှတ်ချက်မျိုးပေးခဲ့တာဖြစ်ပါတယ်။ YouTuber ရှာကီက “ဒီဒီယာရေ နောက်ထပ်တစ်ခုလောက် ထပ်မေးမယ်။ ကျွန်တော် အဲဒီကိစ္စကို ရှင်းအောင်လုပ်ဖို့ လိုတယ်။ ကျွန်တော်က အာဆင်နယ်ပရိသတ်ပါ။ ခင်ဗျား ကျွန်တော့်အသည်းကို အကြိမ်ပေါင်းများစွာ ခွဲတာကို ခံခဲ့ရပြီး ကြီးပြင်းခဲ့ရတာပါ”လို့ မေးမြန်းခဲ့တာဖြစ်ပါတယ်။
ဒရော့ဂ်ဘာက “ကျွန်တော်က ကိုယ့်အလုပ် ကိုယ်လုပ်ခဲ့တာပါ။ ကျွန်တော့်ကို လှုံ့ဆော်ပေးနိုင်ခဲ့တဲ့ အရမ်းကောင်းတဲ့ကစားသမားတွေ အဲဒီမှာရှိခဲ့ပါတယ်(အာဆင်နယ်မှာ)။ အာဆင်နယ်က ကျွန်တော့်ရဲ့ အသင်းပါ။ ပီးရက်စ်၊ အွန်နရီ၊ ဝီးလ်တော့ဒ်တို့က ကျွန်တော့်ကောင်တွေပါ။”လို့ ပြန်ပြောခဲ့တာဖြစ်ပါတယ်။
ရှာကီက ထပ်ပြီးတော့ “အဲဒီတော့ ခင်ဗျား သူတို့ကို ဂိုးသွင်းရတော့ နာကျင်သလိုမျိုး မဖြစ်ခဲ့ဘူးလား”လို့ မေးမြန်းခဲ့ရာမှာ ဒရော့ဂ်ဘာက “ဟင့်အင်း။ ဒါပေမယ့် ကျွန်တော်တို့အတွက်တော့ ပြိုင်ပွဲတစ်ခုလိုမျိုး ဖြစ်ခဲ့တယ်။ လန်ဒန်ကို ဘယ်သူပိုင်သလဲပေါ့။ လန်ဒန်က အပြာရောင်ပါ။ ချန်ပီယံလိဂ် ဘယ်နှကြိမ်ရဖူးလို့လဲ။ ချန်ပီယံလိဂ် ဘယ်နှကြိမ် ရဖူးလဲ”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: ဒီဒီယာ ဒေရာ့ဂ္ဘာဟာ ခ်ဲလ္ဆီးနဲ႔ပတ္သက္ၿပီး ေမးခြန္းထုတ္မႈကို ျပင္းထန္တဲ့ တုံ႔ျပန္မႈနဲ႔အတူ အာဆင္နယ္ပရိသတ္ေတြကို ဆြံ႕အေစခဲ့ပါတယ္။
လီမန္စ္၊ ဂူအင္ဂမ့္၊ မာေဆးလ္တို႔လို အသင္းေတြအတြက္ ကစားေပးခဲ့ၿပီးေနာက္ ဒေရာ့ဂ္ဘာဟာ ၂၀၀၄ ခုႏွစ္မွာ ခ်ဲလ္ဆီးကို ေပါင္ ၂၄ သန္းနဲ႔ ေျပာင္းေ႐ႊ႕ခဲ့တဲ့ ကစားသမားျဖစ္ပါတယ္။ အိုင္ဗရီကို႔စ္တိုက္စစ္မႉးဟာ ခ်ဲလ္ဆီးအတြက္ စုစုေပါင္း ၃၄၁ ပြဲပါဝင္ကစားေပးခဲ့ရာမွာ သြင္းဂိုး ၁၅၇ ဂိုးအထိ သြင္းယူေပးခဲ့ၿပီး မၾကာေသးမီက ရန္ပုံေငြပြဲအျဖစ္ ကာတာမွာ က်င္းပခဲ့တဲ့ပြဲမွာ ျပန္လည္ပါဝင္ကစားေပးခဲ့တာျစဖ္ပါတယ္။
အဲဒီပြဲစဥ္အတြင္း ဒေရာ့ဂ္ဘာက ခ်ဲလ္ဆီးနဲ႔ပတ္သက္ၿပီး ေျပာဆိုရာမွာ အာဆင္နယ္ပရိသတ္ေတြကို ဆြံ႕အသြားေစမယ့္ မွတ္ခ်က္မ်ိဳးေပးခဲ့တာျဖစ္ပါတယ္။ YouTuber ရွာကီက “ဒီဒီယာေရ ေနာက္ထပ္တစ္ခုေလာက္ ထပ္ေမးမယ္။ ကြၽန္ေတာ္ အဲဒီကိစၥကို ရွင္းေအာင္လုပ္ဖို႔ လိုတယ္။ ကြၽန္ေတာ္က အာဆင္နယ္ပရိသတ္ပါ။ ခင္ဗ်ား ကြၽန္ေတာ့္အသည္းကို အႀကိမ္ေပါင္းမ်ားစြာ ခြဲတာကို ခံခဲ့ရၿပီး ႀကီးျပင္းခဲ့ရတာပါ”လို႔ ေမးျမန္းခဲ့တာျဖစ္ပါတယ္။
ဒေရာ့ဂ္ဘာက “ကြၽန္ေတာ္က ကိုယ့္အလုပ္ ကိုယ္လုပ္ခဲ့တာပါ။ ကြၽန္ေတာ့္ကို လႈံ႕ေဆာ္ေပးႏိုင္ခဲ့တဲ့ အရမ္းေကာင္းတဲ့ကစားသမားေတြ အဲဒီမွာရွိခဲ့ပါတယ္(အာဆင္နယ္မွာ)။ အာဆင္နယ္က ကြၽန္ေတာ့္ရဲ႕ အသင္းပါ။ ပီးရက္စ္၊ အြန္နရီ၊ ဝီးလ္ေတာ့ဒ္တို႔က ကြၽန္ေတာ့္ေကာင္ေတြပါ။”လို႔ ျပန္ေျပာခဲ့တာျဖစ္ပါတယ္။
ရွာကီက ထပ္ၿပီးေတာ့ “အဲဒီေတာ့ ခင္ဗ်ား သူတို႔ကို ဂိုးသြင္းရေတာ့ နာက်င္သလိုမ်ိဳး မျဖစ္ခဲ့ဘူးလား”လို႔ ေမးျမန္းခဲ့ရာမွာ ဒေရာ့ဂ္ဘာက “ဟင့္အင္း။ ဒါေပမယ့္ ကြၽန္ေတာ္တို႔အတြက္ေတာ့ ၿပိဳင္ပြဲတစ္ခုလိုမ်ိဳး ျဖစ္ခဲ့တယ္။ လန္ဒန္ကို ဘယ္သူပိုင္သလဲေပါ့။ လန္ဒန္က အျပာေရာင္ပါ။ ခ်န္ပီယံလိဂ္ ဘယ္ႏွႀကိမ္ရဖူးလို႔လဲ။ ခ်န္ပီယံလိဂ္ ဘယ္ႏွႀကိမ္ ရဖူးလဲ”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Rivals' Talk