မန်စီးတီးနဲ့ပွဲက အာတီတာရဲ့ နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ မော်ရင်ဟို 634 413 coyg

မန်စီးတီးနဲ့ပွဲက အာတီတာရဲ့ နည်းစနစ်ကို ဝေဖန်ခဲ့တဲ့ မော်ရင်ဟို

ဂျိုဆေး မော်ရင်ဟိုက ပြီးခဲ့တဲ့လက မန်ချက်စတာစီးတီးနဲ့ ကစားခဲ့တဲ့ပွဲက အာဆင်နယ်ရဲ့ နည်းစနစ်အတွက် အာတီတာကို ပြစ်တင်ဝေဖန်ခဲ့ပါတယ်။

ဂန်းနားတွေဟာ မတ်လ ၃၁ ရက်နေ့က အစ်တီဟတ်ကို သွားကစားခဲ့တာဖြစ်ပြီး ဆုဖလားပြိုင်ပွဲအတွက် အရေးကြီးတဲ့ပွဲတစ်ပွဲဖြစ်တာကြောင့် နှစ်ဖက်စလုံးက ထိန်းကစားခဲ့လို့ ဂိုးမရှိသရေနဲ့သာ ပွဲပြီးသွားခဲ့တာ ဖြစ်ပါတယ်။

အာဆင်နယ်ဟာ ခံစစ်အသားပေး ပွဲဗျူဟာကို အသုံးပြုခဲ့ပြီး အာတီတာရဲ့ အသင်းဟာ မန်ချက်စတာစီးတီးနဲ့ပွဲမှာ ဆုဖလားပြိုင်ပွဲအတွက် သရေ ၁ မှတ်အနည်းဆုံးရဖို့ လိုတာကြောင့် ဘောလုံးပိုင်ဆိုင်မှု ၂၇ ရာခိုင်နှုန်းသာ ရှိခဲ့တဲ့အထိ ခံစစ်ပိတ်ကစားခဲ့တာဖြစ်ပါတယ်။

မော်ရင်ဟိုဟာ ဘတ်စ်ကားကွက်လို့ နာမည်ကျော်တဲ့ ခံစစ်ပိတ်ကစားပုံကြောင့် ပြစ်တင်ဝေဖန်မှုတွေ ခံခဲ့ရသူဖြစ်ပြီး ဒီတစ်ကြိမ်မှာတော့ ပေါ်တူဂီလူမျိုးနည်းပြက အာတီတာကို ပြစ်တင်ဝေဖန်ခဲ့ပြီး ဂန်းနားတွေကစားပုံကြောင့် အံ့အားသင့်ခဲ့ရတယ်လို့ ဝန်ခံခဲ့ပါတယ်။

“ကျွန်တော် ပျော်ရွှင်မိပါတယ်။ ဘာလို့လဲဆိုတော့ အဲဒီကလေးကို ကျွန်တော် နှစ်သက်လို့ပါ(မော်ရင်ဟို ဘာစီလိုနာမှာ လက်ထောက်နည်းပြလုပ်တုန်းက အာတီတာက လူငယ်ကွင်းလယ်ကစားသမားတစ်ဦးအဖြစ်နဲ့ တွေ့ဆုံခဲ့)သူ့အတွက် ဖြစ်လာတဲ့ အရာအားလုံးအတွက် ကျွန်တော် ပျော်ရွှင်မိတယ်။ ဒါပေမယ့် သူတို့တွေ(အာဆင်နယ်)အမှတ်ရဖို့ ကစားတဲ့ပုံစံနဲ့ မီဒီယာတွေပြောနေတဲ့ မှော်ဆန်တဲ့နည်းဗျူဟာအကြောင်းတော့ ပြောချင်တယ်။ ကျွန်တော်နည်းပြတုန်းက အဲဒါက မှော်ဆန်တဲ့ နည်းဗျူဟာမဟုတ်ပါဘူး။ ကျွန်တော် မန်စီးတီးအိမ်ကွင်းမှာ အကြိမ်အနည်းငယ် အနိုင်ရခဲ့တယ်။ ဒါပေမယ့် အဲဒါက အံ့အားသင့်စရာ နည်းဗျူဟာမဟုတ်ခဲ့ဘူး။ အဲဒါကခံစစ်အသားပေးပွဲစဉ်ဖြစ်ခဲ့တယ်။ ဘတ်စ်ကားကွက်။ ဘတ်စ်ကားကိုမှ နှစ်ထပ်ရပ်ကစားတဲ့အကွက်ပါ။ အဲဒါက မတူညီတဲ့ ရှုထောင့်ဖြစ်ခဲ့တယ်။(သူ့တုန်းက လှောင်ခံရပြီး အာတီတာမှ ချီးကျူးခံရတာကိုဆိုလို)”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:
ဂ်ိဳေဆး ေမာ္ရင္ဟိုက ၿပီးခဲ့တဲ့လက မန္ခ်က္စတာစီးတီးနဲ႔ ကစားခဲ့တဲ့ပြဲက အာဆင္နယ္ရဲ႕ နည္းစနစ္အတြက္ အာတီတာကို ျပစ္တင္ေဝဖန္ခဲ့ပါတယ္။

ဂန္းနားေတြဟာ မတ္လ ၃၁ ရက္ေန႔က အစ္တီဟတ္ကို သြားကစားခဲ့တာျဖစ္ၿပီး ဆုဖလားၿပိဳင္ပြဲအတြက္ အေရးႀကီးတဲ့ပြဲတစ္ပြဲျဖစ္တာေၾကာင့္ ႏွစ္ဖက္စလုံးက ထိန္းကစားခဲ့လို႔ ဂိုးမရွိသေရနဲ႔သာ ပြဲၿပီးသြားခဲ့တာ ျဖစ္ပါတယ္။

အာဆင္နယ္ဟာ ခံစစ္အသားေပး ပြဲဗ်ဴဟာကို အသုံးျပဳခဲ့ၿပီး အာတီတာရဲ႕ အသင္းဟာ မန္ခ်က္စတာစီးတီးနဲ႔ပြဲမွာ ဆုဖလားၿပိဳင္ပြဲအတြက္ သေရ ၁ မွတ္အနည္းဆုံးရဖို႔ လိုတာေၾကာင့္ ေဘာလုံးပိုင္ဆိုင္မႈ ၂၇ ရာခိုင္ႏႈန္းသာ ရွိခဲ့တဲ့အထိ ခံစစ္ပိတ္ကစားခဲ့တာျဖစ္ပါတယ္။

ေမာ္ရင္ဟိုဟာ ဘတ္စ္ကားကြက္လို႔ နာမည္ေက်ာ္တဲ့ ခံစစ္ပိတ္ကစားပုံေၾကာင့္ ျပစ္တင္ေဝဖန္မႈေတြ ခံခဲ့ရသူျဖစ္ၿပီး ဒီတစ္ႀကိမ္မွာေတာ့ ေပၚတူဂီလူမ်ိဳးနည္းျပက အာတီတာကို ျပစ္တင္ေဝဖန္ခဲ့ၿပီး ဂန္းနားေတြကစားပုံေၾကာင့္ အံ့အားသင့္ခဲ့ရတယ္လို႔ ဝန္ခံခဲ့ပါတယ္။

“ကြၽန္ေတာ္ ေပ်ာ္႐ႊင္မိပါတယ္။ ဘာလို႔လဲဆိုေတာ့ အဲဒီကေလးကို ကြၽန္ေတာ္ ႏွစ္သက္လို႔ပါ(ေမာ္ရင္ဟို ဘာစီလိုနာမွာ လက္ေထာက္နည္းျပလုပ္တုန္းက အာတီတာက လူငယ္ကြင္းလယ္ကစားသမားတစ္ဦးအျဖစ္နဲ႔ ေတြ႕ဆုံခဲ့)သူ႔အတြက္ ျဖစ္လာတဲ့ အရာအားလုံးအတြက္ ကြၽန္ေတာ္ ေပ်ာ္႐ႊင္မိတယ္။ ဒါေပမယ့္ သူတို႔ေတြ(အာဆင္နယ္)အမွတ္ရဖို႔ ကစားတဲ့ပုံစံနဲ႔ မီဒီယာေတြေျပာေနတဲ့ ေမွာ္ဆန္တဲ့နည္းဗ်ဴဟာအေၾကာင္းေတာ့ ေျပာခ်င္တယ္။ ကြၽန္ေတာ္နည္းျပတုန္းက အဲဒါက ေမွာ္ဆန္တဲ့ နည္းဗ်ဴဟာမဟုတ္ပါဘူး။ ကြၽန္ေတာ္ မန္စီးတီးအိမ္ကြင္းမွာ အႀကိမ္အနည္းငယ္ အႏိုင္ရခဲ့တယ္။ ဒါေပမယ့္ အဲဒါက အံ့အားသင့္စရာ နည္းဗ်ဴဟာမဟုတ္ခဲ့ဘူး။ အဲဒါကခံစစ္အသားေပးပြဲစဥ္ျဖစ္ခဲ့တယ္။ ဘတ္စ္ကားကြက္။ ဘတ္စ္ကားကိုမွ ႏွစ္ထပ္ရပ္ကစားတဲ့အကြက္ပါ။ အဲဒါက မတူညီတဲ့ ရႈေထာင့္ျဖစ္ခဲ့တယ္။(သူ႔တုန္းက ေလွာင္ခံရၿပီး အာတီတာမွ ခ်ီးက်ဴးခံရတာကိုဆိုလို)”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet