ဆုဖလားပြိုင်ပွဲမှာ အာဆင်နယ်နဲ့ပတ်သက်ပြီး သံသယတစ်ခုကို ပြောပြခဲ့တဲ့ နဗီး
ဂယ်ရီ နဗီးက လာမယ့် မန်ချက်စတာယူနိုက်တက်နဲ့ အိုးထရက်ဖို့ဒ်မှာ ကစားရမယ့် အာဆင်နယ်ရဲ့ ပွဲစဉ်ဟာ မန်ချက်စတာစီးတီးနဲ့ ယှဉ်ပြိုင်နေတဲ့ ဆုဖလားပြိုင်ပွဲမှာ ခြေချော်ဖို့ ဖြစ်လာနိုင်တယ်လို့ ယုံကြည်နေပါတယ်။
အာဆင်နယ်ဟာ တနင်္ဂနွေနေ့က တော့တင်ဟမ်ဟော့စပါးကို ဆာကာ၊ ဟာဗတ်ဇ်တို့ရဲ့ သွင်းဂိုးတွေကြောင့် မြောက်လန်ဒန်ဒါဘီမှာ ၃-၂ နဲ့ အဖိုးတန် အဝေးကွင်းနိုင်ပွဲရယူပြီး မန်စီးတီးကို ဖိအားဆက်ပေးနိုင်ခဲ့တာဖြစ်ပါတယ်။ တနင်္ဂနွေနေ့ညမှာ ကစားခဲ့တဲ့ နော်တင်ဟမ် ဖောရက်စ်နဲ့ပွဲမှာ မန်ချက်စတာစီးတီးက အမှားအယွင်းမရှိ ၂-၀ နဲ့ အဝေးကွင်းနိုင်ပွဲရယူနိုင်ခဲ့ပြီး ဂန်းနားတွေနဲ့ ၁ မှတ်အကွာကို ပြန်လည်တက်လှမ်းလာနိုင်ခဲ့တာဖြစ်ပါတယ်။
အာတီတာရဲ့အသင်းဟာ အမှတ်ပေးဇယားထိပ်ဆုံးမှာ တစ်ပွဲပို ၁ မှတ်အသာနဲ့ ဆက်လက် ဦးဆောင်နေဆဲဖြစ်ပေမယ့်လည်း မန်စီးတီးသာ လက်ကျန်ပွဲစဉ်တွေအားလုံးမှာ အမှားမရှိခဲ့ဘူးဆိုရင် ၄ နှစ်ဆက် သမိုင်းဝင် အောင်ပွဲရရှိသွားတော့မယ်ဆိုတဲ့ အဓိပ္ပာယ်ဖြစ်ပါတယ်။
အာဆင်နယ်ကလည်း နောက်ဆုံး လက်ကျန် ၃ ပွဲစလုံးမှာ အနိုင်ကစားသွားဖို့ မျှော်လင့်နေမှာဖြစ်ပြီး ဂန်းနားတွေ ချန်ပီယံဖြစ်၊ မဖြစ်က မန်ချက်စတာစီးတိး ခြေချော်မယ့်အပေါ်မှာ မူတည်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း နဗီးက ခြေချော်ချင်းချော် အာဆင်နယ်ကပဲ အိုးထရက်ဖို့ဒ်က မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ ခြေချော်သွားလိမ့်မယ်လို့ ထင်မြင်နေတာဖြစ်ပါတယ်။
“အိုးထရက်ဖို့ဒ်မှာ ဘာတွေဖြစ်မလဲဆိုတာ ခင်ဗျား ဘယ်တော့မှ ကြိုမသိနိုင်ဘူး။ အိုးထရက်ဖို့ဒ်က အသင်းတွေအတွက် ဂူသင်္ချိုင်း ဖြစ်လာနိုင်ပါတယ်။ မန်ချက်စတာယူနိုက်တက် အခုအချိန် ခြေစွမ်းနဲ့ဆိုရင်တောင်မှပဲ ဒီပွဲက ကြီးမားတဲ့ပွဲတစ်ပွဲလို့ ယူဆထားရမယ်။ အသင်းတွေက ဒီရာသီ အိုးထရက်ဖို့ဒ်မှာ အနိုင်ရခဲ့ပြီး အမှတ်ပေးဇယားအောက်ဘက်ခြမ်းက အသင်းတွေပါ။ ဒါပေမယ့် ထိပ်ပိုင်းက အသင်းတွေကတော့ အဲဒီကိုသွားကစားရင် ရုန်းကန်ရပါတယ်။
ထင်ရှားတာကတော့ ပြီးခဲ့တဲ့လက လီဗာပူးလ်က အဲဒီမှာ အက်ဖ်အေကွာတားဖိုင်နယ် ရှုံးပြီး လိဂ်ပွဲမှာတော့ သရေကျခဲ့တယ်။ ဒါက လီဗာပူးလ် ဆုဖလားပြိုင်ပွဲကနေ ဝေးကွာသွားခဲ့တာရဲ့ အစဖြစ်နိုင်ပါတယ်။ ခင်ဗျား ဘယ်တော့မှ အိုးထရက်ဖို့ဒ်က ပွဲကို လျှော့တွကလို့မရဘူး။ ပွဲတွေကို အားလုံး စုပြီး ကြည့်လိုက်ရင် အရမ်းများပြားပေမယ့် သူတို့တွေ ရနေခဲ့တဲ့ ခြေစွမ်းနဲ့ သူတို့မှာ ရှိတဲ့ ခံစစ်ပိုင်း တည်ငြိမ်မှုကို ကြည့်ပါ။ အာဆင်နယ်က ၁၀၀ ရာခိုင်နှုန်း စံချိန်ရရှိလိမ့်မယ်လို့ ထင်တယ်။ ကျွန်တော် သံသယရှိတာတစ်ခုက အိုးထရက်ဖို့ဒ်ပွဲပါ။ အဲဒါက လာမယ့် အပတ်၊ ၂ ပတ်လောက်မှာ မန်စီးတီး ဘယ်လိုလုပ်မလဲဆိုတဲ့အပေါ်မှာ မူတည်နေတယ်။
စီးတီးသာ ရမှတ်တွေ လျော့ကျခဲ့ရင် အာဆင်နယ်ကတော့ ကြီးထွားလာလိမ့်မယ်။ ပြီးခဲ့တဲ့ရာသီကထက် ဒီရာသီ အာဆင်နယ်အသင်းက အများကြီးပိုကောင်းပါတယ်။ ပိုပြီးတော့လည်း စိတ်ဓာတ်ပိုင်း ကြံ့ခိုင်လာတယ်။ အားကောင်းတဲ့ စိတ်ဓာတ်ပိုင်းကို မြင်နေရတယ်။ လူတွေက ဆာလီဘာဒဏ်ရာရသွားခဲ့တာကို လက်ညှိုးထိုးပြပါလိမ့်မယ်။ ကျွန်တော်လည်း အဲဒီလို လက်ညှိုးထိုးနိုင်ပါတယ်။ ဒါပေမယ့် အဲဒါထက် ပိုခဲ့တယ်။ ကွင်းထဲမှာ သူတို့ရဲ့ ခံစစ်ကစားပုံကို အသေးစိတ် အာရုံစိုက်ပြီး စည်းကမ်းတကျကစားမှု၊ အာရုံစိုက်မှုတွေနဲ့ အဝေးကွင်း ပေးဂိုးမရှိ ၆ ပွဲ ပြန်ယူနိုင်တာကတော့ ဘယ်လိုရာသီမျိုးမှာမဆို ကြီးမားတဲ့အောင်မြင်မှုပဲ။
သူတို့တွေ ဗီလာပွဲနဲ့ ချန်ပီယံလိဂ်မှာ နည်းနည်း ခြေကျသွားတာဖြစ်နိုင်တယ်။ ဒါပေမယ့် ဒါက ဖြစ်တတ်တယ်။ သူတို့တွေ ပြန်ကောင်းလာပြီး အသင်းအဖွဲ့အနေနဲ့ ရှေ့ဆက်သွားနေတယ်ဆိုတာကို ပြသနေတယ်။ သူတို့တွေ နည်းပြအဖွဲ့အဖြစ်နဲ့ ရှေ့ဆက်သွားနေတယ်။ ကစားသမားအစုအဖွဲ့အနေနဲ့ ရှေ့ဆက်သွားနေတယ်။ ကျွန်တော်တို့က ပြီးခဲ့တဲ့ရာသီတုန်းနဲ့ နည်းနည်းလေးမှ မတူတဲ့ အာဆင်နယ်ကို မြင်နေရတာပါ။”လို့ ပြောဆိုခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
ဂယ္ရီ နဗီးက လာမယ့္ မန္ခ်က္စတာယူႏိုက္တက္နဲ႔ အိုးထရက္ဖို႔ဒ္မွာ ကစားရမယ့္ အာဆင္နယ္ရဲ႕ ပြဲစဥ္ဟာ မန္ခ်က္စတာစီးတီးနဲ႔ ယွဥ္ၿပိဳင္ေနတဲ့ ဆုဖလားၿပိဳင္ပြဲမွာ ေျခေခ်ာ္ဖို႔ ျဖစ္လာႏိုင္တယ္လို႔ ယုံၾကည္ေနပါတယ္။
အာဆင္နယ္ဟာ တနဂၤေႏြေန႔က ေတာ့တင္ဟမ္ေဟာ့စပါးကို ဆာကာ၊ ဟာဗတ္ဇ္တို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ေျမာက္လန္ဒန္ဒါဘီမွာ ၃-၂ နဲ႔ အဖိုးတန္ အေဝးကြင္းႏိုင္ပြဲရယူၿပီး မန္စီးတီးကို ဖိအားဆက္ေပးႏိုင္ခဲ့တာျဖစ္ပါတယ္။ တနဂၤေႏြေန႔ညမွာ ကစားခဲ့တဲ့ ေနာ္တင္ဟမ္ ေဖာရက္စ္နဲ႔ပြဲမွာ မန္ခ်က္စတာစီးတီးက အမွားအယြင္းမရွိ ၂-၀ နဲ႔ အေဝးကြင္းႏိုင္ပြဲရယူႏိုင္ခဲ့ၿပီး ဂန္းနားေတြနဲ႔ ၁ မွတ္အကြာကို ျပန္လည္တက္လွမ္းလာႏိုင္ခဲ့တာျဖစ္ပါတယ္။
အာတီတာရဲ႕အသင္းဟာ အမွတ္ေပးဇယားထိပ္ဆုံးမွာ တစ္ပြဲပို ၁ မွတ္အသာနဲ႔ ဆက္လက္ ဦးေဆာင္ေနဆဲျဖစ္ေပမယ့္လည္း မန္စီးတီးသာ လက္က်န္ပြဲစဥ္ေတြအားလုံးမွာ အမွားမရွိခဲ့ဘူးဆိုရင္ ၄ ႏွစ္ဆက္ သမိုင္းဝင္ ေအာင္ပြဲရရွိသြားေတာ့မယ္ဆိုတဲ့ အဓိပၸာယ္ျဖစ္ပါတယ္။
အာဆင္နယ္ကလည္း ေနာက္ဆုံး လက္က်န္ ၃ ပြဲစလုံးမွာ အႏိုင္ကစားသြားဖို႔ ေမွ်ာ္လင့္ေနမွာျဖစ္ၿပီး ဂန္းနားေတြ ခ်န္ပီယံျဖစ္၊ မျဖစ္က မန္ခ်က္စတာစီးတိး ေျခေခ်ာ္မယ့္အေပၚမွာ မူတည္ေနတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း နဗီးက ေျခေခ်ာ္ခ်င္းေခ်ာ္ အာဆင္နယ္ကပဲ အိုးထရက္ဖို႔ဒ္က မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲမွာ ေျခေခ်ာ္သြားလိမ့္မယ္လို႔ ထင္ျမင္ေနတာျဖစ္ပါတယ္။
“အိုးထရက္ဖို႔ဒ္မွာ ဘာေတြျဖစ္မလဲဆိုတာ ခင္ဗ်ား ဘယ္ေတာ့မွ ႀကိဳမသိႏိုင္ဘူး။ အိုးထရက္ဖို႔ဒ္က အသင္းေတြအတြက္ ဂူသခ်ႋဳင္း ျဖစ္လာႏိုင္ပါတယ္။ မန္ခ်က္စတာယူႏိုက္တက္ အခုအခ်ိန္ ေျခစြမ္းနဲ႔ဆိုရင္ေတာင္မွပဲ ဒီပြဲက ႀကီးမားတဲ့ပြဲတစ္ပြဲလို႔ ယူဆထားရမယ္။ အသင္းေတြက ဒီရာသီ အိုးထရက္ဖို႔ဒ္မွာ အႏိုင္ရခဲ့ၿပီး အမွတ္ေပးဇယားေအာက္ဘက္ျခမ္းက အသင္းေတြပါ။ ဒါေပမယ့္ ထိပ္ပိုင္းက အသင္းေတြကေတာ့ အဲဒီကိုသြားကစားရင္ ႐ုန္းကန္ရပါတယ္။
ထင္ရွားတာကေတာ့ ၿပီးခဲ့တဲ့လက လီဗာပူးလ္က အဲဒီမွာ အက္ဖ္ေအကြာတားဖိုင္နယ္ ရႈံးၿပီး လိဂ္ပြဲမွာေတာ့ သေရက်ခဲ့တယ္။ ဒါက လီဗာပူးလ္ ဆုဖလားၿပိဳင္ပြဲကေန ေဝးကြာသြားခဲ့တာရဲ႕ အစျဖစ္ႏိုင္ပါတယ္။ ခင္ဗ်ား ဘယ္ေတာ့မွ အိုးထရက္ဖို႔ဒ္က ပြဲကို ေလွ်ာ့တြကလို႔မရဘူး။ ပြဲေတြကို အားလုံး စုၿပီး ၾကည့္လိုက္ရင္ အရမ္းမ်ားျပားေပမယ့္ သူတို႔ေတြ ရေနခဲ့တဲ့ ေျခစြမ္းနဲ႔ သူတို႔မွာ ရွိတဲ့ ခံစစ္ပိုင္း တည္ၿငိမ္မႈကို ၾကည့္ပါ။ အာဆင္နယ္က ၁၀၀ ရာခိုင္ႏႈန္း စံခ်ိန္ရရွိလိမ့္မယ္လို႔ ထင္တယ္။ ကြၽန္ေတာ္ သံသယရွိတာတစ္ခုက အိုးထရက္ဖို႔ဒ္ပြဲပါ။ အဲဒါက လာမယ့္ အပတ္၊ ၂ ပတ္ေလာက္မွာ မန္စီးတီး ဘယ္လိုလုပ္မလဲဆိုတဲ့အေပၚမွာ မူတည္ေနတယ္။
စီးတီးသာ ရမွတ္ေတြ ေလ်ာ့က်ခဲ့ရင္ အာဆင္နယ္ကေတာ့ ႀကီးထြားလာလိမ့္မယ္။ ၿပီးခဲ့တဲ့ရာသီကထက္ ဒီရာသီ အာဆင္နယ္အသင္းက အမ်ားႀကီးပိုေကာင္းပါတယ္။ ပိုၿပီးေတာ့လည္း စိတ္ဓာတ္ပိုင္း ႀကံ့ခိုင္လာတယ္။ အားေကာင္းတဲ့ စိတ္ဓာတ္ပိုင္းကို ျမင္ေနရတယ္။ လူေတြက ဆာလီဘာဒဏ္ရာရသြားခဲ့တာကို လက္ညႇိဳးထိုးျပပါလိမ့္မယ္။ ကြၽန္ေတာ္လည္း အဲဒီလို လက္ညႇိဳးထိုးႏိုင္ပါတယ္။ ဒါေပမယ့္ အဲဒါထက္ ပိုခဲ့တယ္။ ကြင္းထဲမွာ သူတို႔ရဲ႕ ခံစစ္ကစားပုံကို အေသးစိတ္ အာ႐ုံစိုက္ၿပီး စည္းကမ္းတက်ကစားမႈ၊ အာ႐ုံစိုက္မႈေတြနဲ႔ အေဝးကြင္း ေပးဂိုးမရွိ ၆ ပြဲ ျပန္ယူႏိုင္တာကေတာ့ ဘယ္လိုရာသီမ်ိဳးမွာမဆို ႀကီးမားတဲ့ေအာင္ျမင္မႈပဲ။
သူတို႔ေတြ ဗီလာပြဲနဲ႔ ခ်န္ပီယံလိဂ္မွာ နည္းနည္း ေျခက်သြားတာျဖစ္ႏိုင္တယ္။ ဒါေပမယ့္ ဒါက ျဖစ္တတ္တယ္။ သူတို႔ေတြ ျပန္ေကာင္းလာၿပီး အသင္းအဖြဲ႕အေနနဲ႔ ေရွ႕ဆက္သြားေနတယ္ဆိုတာကို ျပသေနတယ္။ သူတို႔ေတြ နည္းျပအဖြဲ႕အျဖစ္နဲ႔ ေရွ႕ဆက္သြားေနတယ္။ ကစားသမားအစုအဖြဲ႕အေနနဲ႔ ေရွ႕ဆက္သြားေနတယ္။ ကြၽန္ေတာ္တို႔က ၿပီးခဲ့တဲ့ရာသီတုန္းနဲ႔ နည္းနည္းေလးမွ မတူတဲ့ အာဆင္နယ္ကို ျမင္ေနရတာပါ။”လို႔ ေျပာဆိုခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Rivals' Talk