ဂန်းနားကြယ်ပွင့်က အရမ်းမကောင်းဘဲ အမွှမ်းတင်နေတာလို့ ဝေဖန်ခဲ့တဲ့ မက်ကလင်း 770 513 coyg

ဂန်းနားကြယ်ပွင့်က အရမ်းမကောင်းဘဲ အမွှမ်းတင်နေတာလို့ ဝေဖန်ခဲ့တဲ့ မက်ကလင်း

ဂျိမ်းစ် မက်ကလင်းက ဒီကလန် ရိုက်စ်ဟာ ကမ္ဘာ့ထိပ်တန်းကွင်းလယ်ကစားသမားတွေထဲက တစ်ဦးလို့ ယူဆမခံရသင့်ဘဲ လိုတာထက်ပိုပြီး အမွှမ်းတင်ခံနေရတဲ့ကစားသမားလို့ ပြောဆိုလိုက်ပါတယ်။

ဒီကလန် ရိုက်စ်ဟာ ပြီးခဲ့တဲ့နွေရာသီမှာ ဝက်စ်ဟမ်းကနေ အာဆင်နယ်ကို ပြောင်းရွှေ့လာပြီးကတည်းက အဓိကကစားသမားဖြစ်လာခဲ့သူဖြစ်ပြီး ဘောလုံးလုယူမှု(၈၃ ကြိမ်)၊ ကြားဝင်ဖျက်ထုတ်မှု(၄၄ ကြိမ်)၊ တည်ကန်ဘောကနေ ဂိုးဖန်တီးမှု (၅ ကြိမ်)အပါအဝင် ပရီးမီးယားလိဂ်မှာ အဓိကကျတဲ့ ကိန်းဂဏန်းတွေမှာ အသင်းဖော်တွေအားလုံးထဲမှာ ပထမအဖြစ်နဲ့ ရာသီအဆုံးသတ်နိုင်ခဲ့တာဖြစ်ပါတယ်။

အသက် ၂၅ နှစ်အရွယ်ကစားသမားဟာ အင်္ဂလန်လက်ရွေးစင်အသင်းအတွက်လည်း ထပ်တူထပ်မျှ အရေးကြီးတဲ့ကစားသမားဖြစ်ပြီး လက်ရှိအချိန်အထိ နိုင်ငံတကာပွဲ ၅၂ ပွဲကစားခဲ့ရာမှာ နောက်ဆုံး အဓိကဆုဖလားပြိုင်ပွဲ ၁၃ ပွဲစလုံးမှာ ပွဲထွက်ခွင့်ရခဲ့တာဖြစ်ပါတယ်။

တနင်္ဂနွေနေ့မှာ ဒီကလန် ရိုက်ဟာ ဆားဘီးယားကို ၁-၀ နဲ့ အနိုင်ရခဲ့တဲ့ ယူရို အုပ်စုအဖွင့်ပွဲစဉ်မှာ ဘောလုံးပေးပို့မှု ၇၇ ကြိမ်၊ အခွင့်အရေး ၁ ကြိမ်ဖန်တီး၊ လိမ်ခေါက်မှုနဲ့ အဝေးဘောပေးပို့မှု ၁၀၀ ရာခိုင်နှုန်း အောင်မြင်ခဲ့တာဖြစ်ပါတယ်။

ဒီကလန် ရိုက်ဟာ လူငယ်အဆင့်တွေမှာတုန်းက အိုင်ယာလန်အသင်းအတွက် ပွဲ ၂၀ ပါဝင်ကစားပေးခဲ့ပြီး အိုင်ယာလန်လက်ရွေးစင်အသင်းအတွက် ကစားပေးဖို့ ဆုံးဖြတ်ခဲ့မယ်ဆိုရင်တော့ လက်ရှိအခြေအနေနဲ့ တော်တော်လေး ကွဲပြားခြားနားသွားနိုင်ပါတယ်။

အာဆင်နယ်ကြယ်ပွင့်ဟာ ၂၀၁၉ ခုနှစ်မှာ လက်ရွေးစင်ကိုယ်စားပြုအသင်းကို အင်္ဂလန်အသင်းကို မပြောင်းလဲမီ အိုင်ယာလန်အသင်းရဲ့ စီနီယာ ကစားသမားအဖြစ်နဲ့ ခြေစမ်းပွဲ ၃ ပွဲအထိတောင် ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။

အိုင်ယာလန်လက်ရွေးစင်ဟောင်း မက်ကလင်းက အဲဒီဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အခုအချိန်အထိ အစာမကြေသေးပုံပေါ်ပြီး ဆန်းဒါးလန်းနဲ့ ဝက်စ်ဘရွန်းကစားသမားဟောင်းက ဒီကလန် ရိုက်က ရိုဒရီနဲ့ တိုနီ ခရူးစ်တို့လို ပွဲကို ညွှန်ကြားနိုင်တဲ့အရည်အချင်းမျိုးမရှိဘဲ လိုတာထက်ပိုပြီး အမွှမ်းတင်ခံနေရတဲ့ကစားသမားလို့ ဝေဖန်လိုက်တာဖြစ်ပါတယ်။

“ဒီကလန် ရိုက်က လိုတာထက်ပိုပြီး စန်းတင်ခံနေရတာလို့ ထင်တယ်။ ကျွန်တော့်ကို တမျိုးမထင်ပါနဲ့။ သူက အရမ်းကောင်းတဲ့ ဘောလုံးသမားလို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် အင်္ဂလိပ်မီဒီယာတွေက သူနဲ့ပတ်သက်ပြီး အရမ်းကြီး မြှောက်ပင့်နေကြတယ်လို့ ထင်တယ်။ကျွန်တော့်အတွက်တော့ သူက ကမ္ဘာ့အဆင့်မဟုတ်ပါဘူး။ ကျွန်တော့်အတွက် ကမ္ဘာ့အဆင့်ဆိုတာက ကမ္ဘာပေါ်က ဘယ်အသင်းမှာမဆို ကစားနိုင်တဲ့တစ်စုံတယောက်ပါ။ သူက အဲဒီလိုလုပ်နိုင်မယ်မထင်ဘူး။ သူ မန်စီးတီးမှာသာဆိုရင် ရိုဒရီကို ကျော်ပြီး ပါဝင်ခွင့်ရမယ်လို့ မထင်ပါဘူး။ ကျွန်တော့်အတွက်တော့ တိုနီ ခရူးစ်က ကမ္ဘာ့အဆင့်ပဲ။ သူက ပွဲကို အဆုံးအဖြတ်ပေးနိုင်တယ်။ ရိုဒရီကလည်း ပွဲကို အဆုံးအဖြတ်ပေးနိုင်တယ်။ ဒီကလန် ရိုက်က အဲဒီလိုလုပ်နိုင်တယ်လို့ မထင်ဘူး”လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:
ဂ်ိမ္းစ္ မက္ကလင္းက ဒီကလန္ ႐ိုက္စ္ဟာ ကမာၻ႔ထိပ္တန္းကြင္းလယ္ကစားသမားေတြထဲက တစ္ဦးလို႔ ယူဆမခံရသင့္ဘဲ လိုတာထက္ပိုၿပီး အမႊမ္းတင္ခံေနရတဲ့ကစားသမားလို႔ ေျပာဆိုလိုက္ပါတယ္။

ဒီကလန္ ႐ိုက္စ္ဟာ ၿပီးခဲ့တဲ့ေႏြရာသီမွာ ဝက္စ္ဟမ္းကေန အာဆင္နယ္ကို ေျပာင္းေ႐ႊ႕လာၿပီးကတည္းက အဓိကကစားသမားျဖစ္လာခဲ့သူျဖစ္ၿပီး ေဘာလုံးလုယူမႈ(၈၃ ႀကိမ္)၊ ၾကားဝင္ဖ်က္ထုတ္မႈ(၄၄ ႀကိမ္)၊ တည္ကန္ေဘာကေန ဂိုးဖန္တီးမႈ (၅ ႀကိမ္)အပါအဝင္ ပရီးမီးယားလိဂ္မွာ အဓိကက်တဲ့ ကိန္းဂဏန္းေတြမွာ အသင္းေဖာ္ေတြအားလုံးထဲမွာ ပထမအျဖစ္နဲ႔ ရာသီအဆုံးသတ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

အသက္ ၂၅ ႏွစ္အ႐ြယ္ကစားသမားဟာ အဂၤလန္လက္ေ႐ြးစင္အသင္းအတြက္လည္း ထပ္တူထပ္မွ် အေရးႀကီးတဲ့ကစားသမားျဖစ္ၿပီး လက္ရွိအခ်ိန္အထိ ႏိုင္ငံတကာပြဲ ၅၂ ပြဲကစားခဲ့ရာမွာ ေနာက္ဆုံး အဓိကဆုဖလားၿပိဳင္ပြဲ ၁၃ ပြဲစလုံးမွာ ပြဲထြက္ခြင့္ရခဲ့တာျဖစ္ပါတယ္။

တနဂၤေႏြေန႔မွာ ဒီကလန္ ႐ိုက္ဟာ ဆားဘီးယားကို ၁-၀ နဲ႔ အႏိုင္ရခဲ့တဲ့ ယူ႐ို အုပ္စုအဖြင့္ပြဲစဥ္မွာ ေဘာလုံးေပးပို႔မႈ ၇၇ ႀကိမ္၊ အခြင့္အေရး ၁ ႀကိမ္ဖန္တီး၊ လိမ္ေခါက္မႈနဲ႔ အေဝးေဘာေပးပို႔မႈ ၁၀၀ ရာခိုင္ႏႈန္း ေအာင္ျမင္ခဲ့တာျဖစ္ပါတယ္။

ဒီကလန္ ႐ိုက္ဟာ လူငယ္အဆင့္ေတြမွာတုန္းက အိုင္ယာလန္အသင္းအတြက္ ပြဲ ၂၀ ပါဝင္ကစားေပးခဲ့ၿပီး အိုင္ယာလန္လက္ေ႐ြးစင္အသင္းအတြက္ ကစားေပးဖို႔ ဆုံးျဖတ္ခဲ့မယ္ဆိုရင္ေတာ့ လက္ရွိအေျခအေနနဲ႔ ေတာ္ေတာ္ေလး ကြဲျပားျခားနားသြားႏိုင္ပါတယ္။

အာဆင္နယ္ၾကယ္ပြင့္ဟာ ၂၀၁၉ ခုႏွစ္မွာ လက္ေ႐ြးစင္ကိုယ္စားျပဳအသင္းကို အဂၤလန္အသင္းကို မေျပာင္းလဲမီ အိုင္ယာလန္အသင္းရဲ႕ စီနီယာ ကစားသမားအျဖစ္နဲ႔ ေျခစမ္းပြဲ ၃ ပြဲအထိေတာင္ ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။

အိုင္ယာလန္လက္ေ႐ြးစင္ေဟာင္း မက္ကလင္းက အဲဒီဆုံးျဖတ္ခ်က္နဲ႔ပတ္သက္ၿပီး အခုအခ်ိန္အထိ အစာမေၾကေသးပုံေပၚၿပီး ဆန္းဒါးလန္းနဲ႔ ဝက္စ္ဘ႐ြန္းကစားသမားေဟာင္းက ဒီကလန္ ႐ိုက္က ႐ိုဒရီနဲ႔ တိုနီ ခ႐ူးစ္တို႔လို ပြဲကို ၫႊန္ၾကားႏိုင္တဲ့အရည္အခ်င္းမ်ိဳးမရွိဘဲ လိုတာထက္ပိုၿပီး အမႊမ္းတင္ခံေနရတဲ့ကစားသမားလို႔ ေဝဖန္လိုက္တာျဖစ္ပါတယ္။

“ဒီကလန္ ႐ိုက္က လိုတာထက္ပိုၿပီး စန္းတင္ခံေနရတာလို႔ ထင္တယ္။ ကြၽန္ေတာ့္ကို တမ်ိဳးမထင္ပါနဲ႔။ သူက အရမ္းေကာင္းတဲ့ ေဘာလုံးသမားလို႔ ကြၽန္ေတာ္ ထင္ပါတယ္။ ဒါေပမယ့္ အဂၤလိပ္မီဒီယာေတြက သူနဲ႔ပတ္သက္ၿပီး အရမ္းႀကီး ေျမႇာက္ပင့္ေနၾကတယ္လို႔ ထင္တယ္။ကြၽန္ေတာ့္အတြက္ေတာ့ သူက ကမာၻ႔အဆင့္မဟုတ္ပါဘူး။ ကြၽန္ေတာ့္အတြက္ ကမာၻ႔အဆင့္ဆိုတာက ကမာၻေပၚက ဘယ္အသင္းမွာမဆို ကစားႏိုင္တဲ့တစ္စုံတေယာက္ပါ။ သူက အဲဒီလိုလုပ္ႏိုင္မယ္မထင္ဘူး။ သူ မန္စီးတီးမွာသာဆိုရင္ ႐ိုဒရီကို ေက်ာ္ၿပီး ပါဝင္ခြင့္ရမယ္လို႔ မထင္ပါဘူး။ ကြၽန္ေတာ့္အတြက္ေတာ့ တိုနီ ခ႐ူးစ္က ကမာၻ႔အဆင့္ပဲ။ သူက ပြဲကို အဆုံးအျဖတ္ေပးႏိုင္တယ္။ ႐ိုဒရီကလည္း ပြဲကို အဆုံးအျဖတ္ေပးႏိုင္တယ္။ ဒီကလန္ ႐ိုက္က အဲဒီလိုလုပ္ႏိုင္တယ္လို႔ မထင္ဘူး”လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet