ဗီတာလတီမှာ ချိုမြိန်တဲ့ ချယ်ရီသီးတွေ ခူးခြွေစားသုံးမယ့် ဆင်ပျံကြီး 1024 504 coyg

ဗီတာလတီမှာ ချိုမြိန်တဲ့ ချယ်ရီသီးတွေ ခူးခြွေစားသုံးမယ့် ဆင်ပျံကြီး

ကာရာဘောင်းဖလား စတုတ္ထအဆင့်ကို အသီးသီး တက်ရောက်နိုင်ခဲ့ကြတဲ့ အာဆင်နယ်နဲ့ ဘုန်းမောက်တို့ဟာ စနေနေ့မှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် ဗီတာလတီကွင်းမှာ တွေ့ဆုံယှဉ်ပြိုင်သွားရမှာ ဖြစ်ပါတယ်။ ချယ်ရီတွေဟာ ဗုဒ္ဓဟူးနေ့ညမှာ စတုတ်စီးတီးကို ၂-၀ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပြီး အာဆင်နယ်ကလည်း ပရီးမီးယားလိဂ်ပြိုင်ဘက်ဖြစ်တဲ့ ဘရန့်တ်ဖို့ဒ်ကို ၁-၀ နဲ့ အဝေးကွင်းနိုင်ပွဲ ရယူနိုင်ခဲ့တာ ဖြစ်ပါတယ်။

နှစ်ဖက်အသင်း သတင်းများ

ဗုဒ္ဓဟူးနေ့ညက ၈၅ မိနစ်မှာ ခြေကျင်းဝတ်ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရတဲ့ ဆိုလန်ကီဟာ အာဆင်နယ်နဲ့ပွဲစဉ်ကို အီမီလီယာနို မာကွန်ဒက်စ်(ခြေဖဝါး)၊ အဲလက်စ် စကော့တ်(ဒူး)၊ ရိုင်ယန် ဖရက်ဒရစ်ခ်(ခြေသလုံး)၊ လွိုက်ဒ် ကယ်လီ(ခြေသလုံး)၊ ခရစ္စ မက်ဖန်(မဖော်ပြနိုင်)တို့နဲ့အတူ လွဲချော်တော့မှာဖြစ်ပါတယ်။

အာဆင်နယ်ဘက်မှာ ဒီကလန် ရိုက်နဲ့ ဆာကာတို့ ဆက်လက်လွဲချော်ဦးမှာဖြစ်ပြီး ထရော့ဆာ့ဒ်၊ မာတီနယ်လီ၊ တင်းဘား၊ ပါတေးတို့လည်း အချိန်တစ်ခုအထိ ပါဝင်ကစားပေးနိုင်ဦးမှာမဟုတ်သေးပါဘူး။

ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း

အာဆင်နယ်-ရာယာ၊ ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယဲလ်၊ ဇင်ချန်ကို၊ အော်ဒီဂွါဒ်၊ ဂျော်ဂျင်ညို၊ ဗီယာရာ၊ နယ်လ်ဆင်၊ အန်ကီးတီးယား၊ ဂျေးဇု။

ဘုန်းမောက်-နီတို၊ အာရွန်စ်၊ ဇာဘန်ညီ၊ ဆီနီဆီ၊ ကာကက်ဇ်၊ ကွတ်ခ်၊ ဘီလင်း၊ တာဗာနီးယား၊ ခရစ္စတီး၊ အူအာတာရာ၊ မိုး။

ပွဲကြိုသုံးသပ်ချက်

အာဆင်နယ်နဲ့ ဘုန်းမောက်တို့ဟာ နောက်ဆုံး ၁၃ ကြိမ်တွေ့ဆုံခဲ့ရာမှာ ဘုန်းမောက်က ၁ ကြိမ်သာ နိုင်ပွဲရခဲ့ပြီး ဂန်းနားတွေက ၁၀ ပွဲနိုင် ၂ ပွဲသရေကျခဲ့ပါတယ်။ အာဆင်နယ်ဟာ ဒီရာသီ တိုက်စစ်ပိုင်းမှာ အရမ်းကြိး ကောင်းမနေပေမယ့်လည်း အဝေးကွင်းမှာ ခြေစွာကြောင်း ပြသခဲ့ပြီး တိုးတက်လာတဲ့ လူစာရင်းအရည်အသွေးကြောင့် ဒဏ်ရာပြဿနာတွေကလည်း အရမ်းကြီး စိုးရိမ်စရာ မကောင်းတော့တာဖြစ်ပါတယ်။ ဘုန်းမောက်ကတော့ အဓိကတိုက်စစ်မှူး ဆိုလန်ကီမပါဝင်နိုင်တာကြောင့် နဂိုကတည်းက ဂိုးရဖို့ ရုန်းကန်ခဲ့ရပြီးသားဖြစ်တာကြောင့် အိမ်ကွင်းမှာ ဂိုးမပြတ်စေဖို့ ဆုတောင်းရတော့မှာဖြစ်ပြီး အာတီတာရဲ့ ဂန်းနားတွေကပဲ မြောက်လန်ဒန်ကို နောက်ထပ် အနိုင် ၃ မှတ်၊ ကလင်းရှစ်တ်နဲ့အိမ်ပြန်ရမှာပါ။

AM ခန့်မှန်းပွဲပြီးရလဒ်(ဘုန်းမောက် ၀-၂ အာဆင်နယ်)
ခရစ္စ ဆပ်တန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(ဘုန်းမောက် ၀-၁ အာဆင်နယ်)

Arsenal Myanmar

Ref: Internet

ZAWGYI: ကာရာေဘာင္းဖလား စတုတၳအဆင့္ကို အသီးသီး တက္ေရာက္ႏိုင္ခဲ့ၾကတဲ့ အာဆင္နယ္နဲ႔ ဘုန္းေမာက္တို႔ဟာ စေနေန႔မွာ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ ဗီတာလတီကြင္းမွာ ေတြ႕ဆုံယွဥ္ၿပိဳင္သြားရမွာ ျဖစ္ပါတယ္။ ခ်ယ္ရီေတြဟာ ဗုဒၶဟူးေန႔ညမွာ စတုတ္စီးတီးကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့တာျဖစ္ၿပီး အာဆင္နယ္ကလည္း ပရီးမီးယားလိဂ္ၿပိဳင္ဘက္ျဖစ္တဲ့ ဘရန႔္တ္ဖို႔ဒ္ကို ၁-၀ နဲ႔ အေဝးကြင္းႏိုင္ပြဲ ရယူႏိုင္ခဲ့တာ ျဖစ္ပါတယ္။

ႏွစ္ဖက္အသင္း သတင္းမ်ား

ဗုဒၶဟူးေန႔ညက ၈၅ မိနစ္မွာ ေျခက်င္းဝတ္ဒဏ္ရာေၾကာင့္ လူစားလဲခံခဲ့ရတဲ့ ဆိုလန္ကီဟာ အာဆင္နယ္နဲ႔ပြဲစဥ္ကို အီမီလီယာႏို မာကြန္ဒက္စ္(ေျခဖဝါး)၊ အဲလက္စ္ စေကာ့တ္(ဒူး)၊ ႐ိုင္ယန္ ဖရက္ဒရစ္ခ္(ေျခသလုံး)၊ လြိဳက္ဒ္ ကယ္လီ(ေျခသလုံး)၊ ခရစၥ မက္ဖန္(မေဖာ္ျပႏိုင္)တို႔နဲ႔အတူ လြဲေခ်ာ္ေတာ့မွာျဖစ္ပါတယ္။

အာဆင္နယ္ဘက္မွာ ဒီကလန္ ႐ိုက္နဲ႔ ဆာကာတို႔ ဆက္လက္လြဲေခ်ာ္ဦးမွာျဖစ္ၿပီး ထေရာ့ဆာ့ဒ္၊ မာတီနယ္လီ၊ တင္းဘား၊ ပါေတးတို႔လည္း အခ်ိန္တစ္ခုအထိ ပါဝင္ကစားေပးႏိုင္ဦးမွာမဟုတ္ေသးပါဘူး။

ျဖစ္ႏိုင္ဖြယ္ ပြဲထြက္လူစာရင္း

အာဆင္နယ္-ရာယာ၊ ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယဲလ္၊ ဇင္ခ်န္ကို၊ ေအာ္ဒီဂြါဒ္၊ ေဂ်ာ္ဂ်င္ညိဳ၊ ဗီယာရာ၊ နယ္လ္ဆင္၊ အန္ကီးတီးယား၊ ေဂ်းဇု။

ဘုန္းေမာက္-နီတို၊ အာ႐ြန္စ္၊ ဇာဘန္ညီ၊ ဆီနီဆီ၊ ကာကက္ဇ္၊ ကြတ္ခ္၊ ဘီလင္း၊ တာဗာနီးယား၊ ခရစၥတီး၊ အူအာတာရာ၊ မိုး။

ပြဲႀကိဳသုံးသပ္ခ်က္

အာဆင္နယ္နဲ႔ ဘုန္းေမာက္တို႔ဟာ ေနာက္ဆုံး ၁၃ ႀကိမ္ေတြ႕ဆုံခဲ့ရာမွာ ဘုန္းေမာက္က ၁ ႀကိမ္သာ ႏိုင္ပြဲရခဲ့ၿပီး ဂန္းနားေတြက ၁၀ ပြဲႏိုင္ ၂ ပြဲသေရက်ခဲ့ပါတယ္။ အာဆင္နယ္ဟာ ဒီရာသီ တိုက္စစ္ပိုင္းမွာ အရမ္းႀကိး ေကာင္းမေနေပမယ့္လည္း အေဝးကြင္းမွာ ေျခစြာေၾကာင္း ျပသခဲ့ၿပီး တိုးတက္လာတဲ့ လူစာရင္းအရည္အေသြးေၾကာင့္ ဒဏ္ရာျပႆနာေတြကလည္း အရမ္းႀကီး စိုးရိမ္စရာ မေကာင္းေတာ့တာျဖစ္ပါတယ္။ ဘုန္းေမာက္ကေတာ့ အဓိကတိုက္စစ္မႉး ဆိုလန္ကီမပါဝင္ႏိုင္တာေၾကာင့္ နဂိုကတည္းက ဂိုးရဖို႔ ႐ုန္းကန္ခဲ့ရၿပီးသားျဖစ္တာေၾကာင့္ အိမ္ကြင္းမွာ ဂိုးမျပတ္ေစဖို႔ ဆုေတာင္းရေတာ့မွာျဖစ္ၿပီး အာတီတာရဲ႕ ဂန္းနားေတြကပဲ ေျမာက္လန္ဒန္ကို ေနာက္ထပ္ အႏိုင္ ၃ မွတ္၊ ကလင္းရွစ္တ္နဲ႔အိမ္ျပန္ရမွာပါ။

AM ခန႔္မွန္းပြဲၿပီးရလဒ္(ဘုန္းေမာက္ ၀-၂ အာဆင္နယ္)
ခရစၥ ဆပ္တန္ရဲ႕ ခန႔္မွန္းပြဲၿပီးရလဒ္(ဘုန္းေမာက္ ၀-၁ အာဆင္နယ္)

Arsenal Myanmar

Ref: Internet