ဘရန့်တ်ဖို့ဒ်နဲ့ ကာရာဘောင်းပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ အာတီတာ ပြောခဲ့သမျှ 1024 538 coyg

ဘရန့်တ်ဖို့ဒ်နဲ့ ကာရာဘောင်းပွဲစဉ်မတိုင်မီ သတင်းစာရှင်းလင်းပွဲမှာ အာတီတာ ပြောခဲ့သမျှ

အာဆင်နယ်နည်းပြ အာတီတာဟာ ကာရာဘောင်းဖလား တတိယအဆင့်ပွဲစဉ်အဖြစ် ဘရန့်တ်ဖို့ဒ်နဲ့ ယှဉ်ပြိုင်ကစားရမယ့်ပွဲမတိုင်ခင် ပွဲကြိုသတင်းစာရှင်းလင်းပွဲမှာ ပရိသတ်တွေ သိလိုသမျှကို အဖြေပေးခဲ့ပါတယ်။

မေး- ဒီကလန် ရိုက်ရဲ့ နောက်ဆုံးအခြေအနေကရော။
ဖြေ- သူ လေ့ကျင့်ရေးမဆင်းနိုင်သေးဘူး။ သူ ပွဲပါဝင်ကစားပေးနိုင်မှာမဟုတ်ပါဘူး။ အဲဒါက ကြီးမားတဲ့ ဒဏ်ရာကြီး မဟုတ်ဖို့ မျှော်လင့်ပါတယ်။ ကျွန်တော်တို့ ယုံကြည်ချက်ရှိပါတယ်။ သူက သက်တောင့်သက်သာ မရှိသေးတာဖြစ်ပြီး ကွင်းထဲကနေ သူ ထွက်ခွာခဲ့ရတာက ဘယ်တော့မှ ကောင်းမွန်တဲ့လက္ခဏာမဟုတ်ပါဘူး။ သူ ပါဝင်ကစားပေးနိုင်ဖို့က မသေချာသေးပါဘူး။

မေး- ထရော့ဆာ့ဒ်ရော ပြန်ပါလာမှာလား။
ဖြေ- ပါဝင်နိုင်မှာမဟုတ်ပါဘူး။ သူ တစ်နေ့ပြီးတစ်နေ့ ဘယ်လောက်တိုးတက်လာမလဲ ကြည့်တာပေ့ါ။ သူ လှုပ်ရှားမှုအချို့ ပြုလုပ်ခဲ့ပြီး အဲဒါကြောင့်ပဲ သူ အဲဒါကို ခံစားခဲ့ရတာပါ။ ကစားပေးဖို့ သက်တောင့်သက်သာ မရှိခဲ့တာပါ။

မေး-မာတီနယ်လီရဲ့ နောက်ဆုံးသတင်းကရော။
ဖြေ- မရှိပါဘူး။ မနက်ဖြန်အတွက်ဆိုရင်တော့ အရမ်းတိုတောင်းလွန်းတယ်။ ကြည့်ကြတာပေ့ါ။

မေး-သောမတ်စ် ပါတေးရဲ့ နောက်ဆုံးအခြေအနေကရော။
ဖြေ- သူလည်း မပါဝင်နိုင်သေးဘူး။ ဒဏ်ရာရစာရင်းက အရှည်ကြီးပဲ။ မပါဝင်နိုင်သေးပါဘူး။ ယူရီယန်လည်း အတူတူပဲ။ ဒါက ကျွန်တော်တို့ အခုအချိန်မှာ အသားကျအောင် လုပ်ရမယ့်အခြေအနေပါ။ ကျွန်တော်တို့မှာ အခုရှိနေတဲ့ လူစာရင်းက အရမ်းနည်းပါးပြီး ကျွန်တော်တို့ ရအောင် ဖြေရှင်းရမှာပါ။

မေး- ဆာကာရဲ့ အောင်ပွဲခံပုံအပေါ် အမြင်ကရော။
ဖြေ- ကျွန်တော် အဲဒီကိစ္စကို အရမ်း အာရုံမထားဘူး။ ကျွန်တော်က အဲဒါကို နောက်ဆုံးမှ နားလည်မယ့်သူဖြစ်ပါလိမ့်မယ်။ သူတို့တွေ လေးစားမှုရှိနေသရွေ့ လုပ်ချင်တာ လုပ်ခွင့်ရှိပါတယ်။

မေး- စပါးစ်နဲ့ပွဲမှာ ထော့နဲ့ထော့နဲ့ ဖြစ်ပြီးတော့ ဆာကာရဲ့ အခြေအနေကရောဘယ်လိုလဲ။
ဖြေ- သူက ပွဲအပြီးမှာ တော်တော်ဆိုးဆိုးကို ထော့နဲ့ ထော့နဲ့ဖြစ်နေခဲ့ပါတယ်။ ကျွန်တော်တို့ သူ့ကို ကွင်းထဲကနေ ခေါ်ထုတ်ခဲ့ရတယ်။ သူက လေ့ကျင့်ရေး အစီအစဉ်မှာတောင် မပါဝင်နိုင်ခဲ့ဘူး။ ဖြစ်နိုင်ခြေရှိပါတယ်(ဘုန်းမောက်နဲ့ပွဲကို လွဲဖို့)။

မေး-ဒီအပတ်က အမှားတွေနဲ့ပတ်သက်ပြီး ခင်​ဗျား ဘယ်လိုခံစားရလဲ။

ဖြေ- အမှားတွေနဲ့ အလွဲတွေက ဘောလုံးရဲ့ အစိတ်အပိုင်းပါ။ အဲဒါက ရှောင်လွှဲလို့မရပါဘူး။ ဖြစ်တတ်ပါတယ်။ သူတို့တွေက ဒီအမှားတွေကို အဆုံးသတ်နိုင်ဖို့ အရည်အသွေးရှိတယ်ဆိုတာကို သက်သေပြခဲ့တယ်။ အဲဲဒါက အရှက်ရစရာဖြစ်ခဲ့ပေမယ့် ကျွန်တော်တို့ လက်ခံရမှာပါ။

မေး- ခင်ဗျားက ပွဲချိန်စာရင်းက အရမ်းအန္တရာယ်ရှိတယ်လို့ ပြောခဲ့ပြီး ပပ်ကလည်း အလှည့်ကျသုံးပြီး မစွန့်စားနိုင်ဘူးတဲ့။ လိဂ်ဖလားက အဲဒါကို အပြောင်းအလဲ ဖြစ်စေနိုင်လား။

ဖြေ- အဲဒါ အမှန်ပါပဲ။ ကျွန်တော်တို့ ပြီးခဲ့တဲ့လအနည်းငယ်အတွင်းမှာ နိုင်ငံတကာပွဲစဉ်တွေ အများကြီးရှိခဲ့တယ်။ သူတို့တွေအနေနဲ့ မိနစ်တွေအများကြီး တော်တော်လေး အာရုံစိုက်ခဲ့ရတယ်။ ဒါပေမယ့် အခုအချိန် ကျွန်တော်တို့မှာ ရှိနေတဲ့ လူစာရင်းက ၂၄ ဦး မဟုတ်ပါဘူး။ မနက်ဖြန်ကို ကစားသမား ၁၁ ဦး ဒါမှမဟုတ် ၁၂ ဦးအပြောင်းအလဲလုပ်ဖို့က ကျွန်တော်တို့မှာရှိတဲ့လူစာရင်းနဲ့က မဖြစ်နိုင်ပါဘူး။

မေး- သွင်းဂိုးတွေ ကင်းမဲ့နေတာကြောင့် ခင်ဗျား ဇန်နဝါရီကျရင် တိုက်စစ်မှူးခေါ်ဖို့ ကြိုးစားသွားမှာလား။

ဖြေ-ကျွန်တော်တို့ အဲဒီအကြောင်း လုံးဝကို မတွေးပါဘူး။ ကျွန်တော်တို့မှာ တကယ်ကောင်းတဲ့ တိုက်စစ်ကစားသမားတွေ ရှိနေပါတယ်။ ကျွန်တော်တို့မှာ ဒဏ်ရာပြဿနာအချို့ ရှိနေတယ်ဆိုတာ အမှန်ပါပဲ။ ဒါပေမယ့် ကျွန်တော်တို့မှာရှိနေတဲ့ ကစားသမားတွေနဲ့ပဲ ဆက်သွားမယ်ဆိုတာတော့ သေချာပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္နည္းျပ အာတီတာဟာ ကာရာေဘာင္းဖလား တတိယအဆင့္ပြဲစဥ္အျဖစ္ ဘရန႔္တ္ဖို႔ဒ္နဲ႔ ယွဥ္ၿပိဳင္ကစားရမယ့္ပြဲမတိုင္ခင္ ပြဲႀကိဳသတင္းစာရွင္းလင္းပြဲမွာ ပရိသတ္ေတြ သိလိုသမွ်ကို အေျဖေပးခဲ့ပါတယ္။

လိ

ေမး- ဒီကလန္ ႐ိုက္ရဲ႕ ေနာက္ဆုံးအေျခအေနကေရာ။
ေျဖ- သူ ေလ့က်င့္ေရးမဆင္းႏိုင္ေသးဘူး။ သူ ပြဲပါဝင္ကစားေပးႏိုင္မွာမဟုတ္ပါဘူး။ အဲဒါက ႀကီးမားတဲ့ ဒဏ္ရာႀကီး မဟုတ္ဖို႔ ေမွ်ာ္လင့္ပါတယ္။ ကြၽန္ေတာ္တို႔ ယုံၾကည္ခ်က္ရွိပါတယ္။ သူက သက္ေတာင့္သက္သာ မရွိေသးတာျဖစ္ၿပီး ကြင္းထဲကေန သူ ထြက္ခြာခဲ့ရတာက ဘယ္ေတာ့မွ ေကာင္းမြန္တဲ့လကၡဏာမဟုတ္ပါဘူး။ သူ ပါဝင္ကစားေပးႏိုင္ဖို႔က မေသခ်ာေသးပါဘူး။

ေမး- ထေရာ့ဆာ့ဒ္ေရာ ျပန္ပါလာမွာလား။
ေျဖ- ပါဝင္ႏိုင္မွာမဟုတ္ပါဘူး။ သူ တစ္ေန႔ၿပီးတစ္ေန႔ ဘယ္ေလာက္တိုးတက္လာမလဲ ၾကည့္တာေပ့ါ။ သူ လႈပ္ရွားမႈအခ်ိဳ႕ ျပဳလုပ္ခဲ့ၿပီး အဲဒါေၾကာင့္ပဲ သူ အဲဒါကို ခံစားခဲ့ရတာပါ။ ကစားေပးဖို႔ သက္ေတာင့္သက္သာ မရွိခဲ့တာပါ။

ေမး-မာတီနယ္လီရဲ႕ ေနာက္ဆုံးသတင္းကေရာ။
ေျဖ- မရွိပါဘူး။ မနက္ျဖန္အတြက္ဆိုရင္ေတာ့ အရမ္းတိုေတာင္းလြန္းတယ္။ ၾကည့္ၾကတာေပ့ါ။

ေမး-ေသာမတ္စ္ ပါေတးရဲ႕ ေနာက္ဆုံးအေျခအေနကေရာ။
ေျဖ- သူလည္း မပါဝင္ႏိုင္ေသးဘူး။ ဒဏ္ရာရစာရင္းက အရွည္ႀကီးပဲ။ မပါဝင္ႏိုင္ေသးပါဘူး။ ယူရီယန္လည္း အတူတူပဲ။ ဒါက ကြၽန္ေတာ္တို႔ အခုအခ်ိန္မွာ အသားက်ေအာင္ လုပ္ရမယ့္အေျခအေနပါ။ ကြၽန္ေတာ္တို႔မွာ အခုရွိေနတဲ့ လူစာရင္းက အရမ္းနည္းပါးၿပီး ကြၽန္ေတာ္တို႔ ရေအာင္ ေျဖရွင္းရမွာပါ။

ေမး- ဆာကာရဲ႕ ေအာင္ပြဲခံပုံအေပၚ အျမင္ကေရာ။
ေျဖ- ကြၽန္ေတာ္ အဲဒီကိစၥကို အရမ္း အာ႐ုံမထားဘူး။ ကြၽန္ေတာ္က အဲဒါကို ေနာက္ဆုံးမွ နားလည္မယ့္သူျဖစ္ပါလိမ့္မယ္။ သူတို႔ေတြ ေလးစားမႈရွိေနသေ႐ြ႕ လုပ္ခ်င္တာ လုပ္ခြင့္ရွိပါတယ္။

ေမး- စပါးစ္နဲ႔ပြဲမွာ ေထာ့နဲ႔ေထာ့နဲ႔ ျဖစ္ၿပီးေတာ့ ဆာကာရဲ႕ အေျခအေနကေရာဘယ္လိုလဲ။
ေျဖ- သူက ပြဲအၿပီးမွာ ေတာ္ေတာ္ဆိုးဆိုးကို ေထာ့နဲ႔ ေထာ့နဲ႔ျဖစ္ေနခဲ့ပါတယ္။ ကြၽန္ေတာ္တို႔ သူ႔ကို ကြင္းထဲကေန ေခၚထုတ္ခဲ့ရတယ္။ သူက ေလ့က်င့္ေရး အစီအစဥ္မွာေတာင္ မပါဝင္ႏိုင္ခဲ့ဘူး။ ျဖစ္ႏိုင္ေျခရွိပါတယ္(ဘုန္းေမာက္နဲ႔ပြဲကို လြဲဖို႔)။

ေမး-ဒီအပတ္က အမွားေတြနဲ႔ပတ္သက္ၿပီး ခင္​ဗ်ား ဘယ္လိုခံစားရလဲ။

ေျဖ- အမွားေတြနဲ႔ အလြဲေတြက ေဘာလုံးရဲ႕ အစိတ္အပိုင္းပါ။ အဲဒါက ေရွာင္လႊဲလို႔မရပါဘူး။ ျဖစ္တတ္ပါတယ္။ သူတို႔ေတြက ဒီအမွားေတြကို အဆုံးသတ္ႏိုင္ဖို႔ အရည္အေသြးရွိတယ္ဆိုတာကို သက္ေသျပခဲ့တယ္။ အဲဲဒါက အရွက္ရစရာျဖစ္ခဲ့ေပမယ့္ ကြၽန္ေတာ္တို႔ လက္ခံရမွာပါ။

ေမး- ခင္ဗ်ားက ပြဲခ်ိန္စာရင္းက အရမ္းအႏၲရာယ္ရွိတယ္လို႔ ေျပာခဲ့ၿပီး ပပ္ကလည္း အလွည့္က်သုံးၿပီး မစြန႔္စားႏိုင္ဘူးတဲ့။ လိဂ္ဖလားက အဲဒါကို အေျပာင္းအလဲ ျဖစ္ေစႏိုင္လား။

ေျဖ- အဲဒါ အမွန္ပါပဲ။ ကြၽန္ေတာ္တို႔ ၿပီးခဲ့တဲ့လအနည္းငယ္အတြင္းမွာ ႏိုင္ငံတကာပြဲစဥ္ေတြ အမ်ားႀကီးရွိခဲ့တယ္။ သူတို႔ေတြအေနနဲ႔ မိနစ္ေတြအမ်ားႀကီး ေတာ္ေတာ္ေလး အာ႐ုံစိုက္ခဲ့ရတယ္။ ဒါေပမယ့္ အခုအခ်ိန္ ကြၽန္ေတာ္တို႔မွာ ရွိေနတဲ့ လူစာရင္းက ၂၄ ဦး မဟုတ္ပါဘူး။ မနက္ျဖန္ကို ကစားသမား ၁၁ ဦး ဒါမွမဟုတ္ ၁၂ ဦးအေျပာင္းအလဲလုပ္ဖို႔က ကြၽန္ေတာ္တို႔မွာရွိတဲ့လူစာရင္းနဲ႔က မျဖစ္ႏိုင္ပါဘူး။

ေမး- သြင္းဂိုးေတြ ကင္းမဲ့ေနတာေၾကာင့္ ခင္ဗ်ား ဇန္နဝါရီက်ရင္ တိုက္စစ္မႉးေခၚဖို႔ ႀကိဳးစားသြားမွာလား။

ေျဖ-ကြၽန္ေတာ္တို႔ အဲဒီအေၾကာင္း လုံးဝကို မေတြးပါဘူး။ ကြၽန္ေတာ္တို႔မွာ တကယ္ေကာင္းတဲ့ တိုက္စစ္ကစားသမားေတြ ရွိေနပါတယ္။ ကြၽန္ေတာ္တို႔မွာ ဒဏ္ရာျပႆနာအခ်ိဳ႕ ရွိေနတယ္ဆိုတာ အမွန္ပါပဲ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔မွာရွိေနတဲ့ ကစားသမားေတြနဲ႔ပဲ ဆက္သြားမယ္ဆိုတာေတာ့ ေသခ်ာပါတယ္။

Arsenal Myanmar

Ref: Internet