ပဲလေ့စ်နဲ့ပွဲမှာ ဂန်းနားတွေ ဘယ်လို ပွဲထွက်လာနိုင်မလဲ 1024 608 coyg

ပဲလေ့စ်နဲ့ပွဲမှာ ဂန်းနားတွေ ဘယ်လို ပွဲထွက်လာနိုင်မလဲ

အာဆင်နယ်ဟာ ယနေ့ညမှာ ဆဲလ်ဟတ်စ်ပါ့ခ်ကို သွားရောက်ပြီး ခရစ္စတယ် ပဲလေ့စ်နဲ့ ပရီးမီးယားလိဂ် ဒုတိယပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားသွားမှာဖြစ်ပြီး ရာသီအဖွင့်ပွဲစဉ်မှာ နော်တင်ဟမ်ဖောရက်စ်ကို ၂-၁ နဲ့အနိုင်ရရှိခဲ့တဲ့ ပုံစံကောင်းကို ဆက်လက်ပြသသွားမှာဖြစ်ပါတယ်။

ဒီပွဲစဉ်မှာ အာတီတာအနေနဲ့ ပုံမှန် အသုံးပြုနေကျဖြစ်တဲ့ ၄-၂-၃-၁ ကစားကွက်ကိုပဲ ခင်းကျင်းလာနိုင်ပြီး ခရစ္စတယ် ပဲလေ့စ်ကို ပြီးခဲ့တဲ့ရာသီမှာ အသာစီးရယူနိုင်ခဲ့ပေမယ့်လည်း လျှော့တွက်လို့တော့ မရတာဖြစ်ပါတယ်။

အာတီတာ ဘယ်လိုပွဲထွက်လာနိုင်လဲ

အာရွန် ရမ်းစ်ဒေးလ်ဟာ ယခုလ အမ်းမရိတ်စ်ဖလားနောက်ပိုင်း လက်စွမ်း ပြန်ကောင်းလာပြီး ဒေးဗစ် ရာယာဆီကနေ ယှဉ်ပြိုင်မှုကို ရရှိနေပြီဖြစ်ပေမယ့်လည်း ဒီပွဲမှာတော့ ဂိုးပေါက်မှာ ဆက်လက် ပွဲထွက်လာဦးမှာ ဖြစ်ပါတယ်။

သောမတ်စ် ပါတေးက ဖောရက်စ်နဲ့ပွဲမှာ ကွင်းလယ်ကို ပြောင်းမကစားခင် ညာနောက်ခံနေရာမှာ ပွဲထွက်ပါဝင်လာခဲ့ပြီး ဘန် ဝှိုက်၊ ဆာလီဘာ၊ တင်းဘားတို့က ခံစစ် ၃ ဦးမှာ ပါဝင်လာခဲ့ပေမယ့်လည်း ဒတ်ချ်နောက်ခံလူရဲ့ ဒူးဒဏ်ရာကြောင့် အပြောင်းအလဲတွေ ရှိလာမှာဖြစ်ပါတယ်။

ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ အာတီတာက သမားရိုးကျ ၄-၂-၃-၁ ပုံစံနဲ့ ပွဲထွက်လာနိုင်ပြီး ဖောရက်စ်နဲ့ပွဲမှာ နည်းဗျူဟာကြောင့်ဆိုပြီး ချန်လှပ်ခံခဲ့ရတဲ့ ဂါဘရီယဲလ် ပြန်ပါလာမှာဖြစ်သလို ဘန် ဝှိုက်လည်း ညာနောက်ခံနေရာမှာ ပြန်ပွဲထွက်လာမှာဖြစ်ပါတယ်။

ဇင်ချန်ကိုက ခြေသလုံးဒဏ်ရာကနေ ကြံ့ခိုင်မှု ပြန်လည်ရရှိနေပြီဖြစ်တာကြောင့် ဘယ်နောက်ခံနေရာမှာ ပွဲထွက်လာမှာဖြစ်ပြီး ခိုင် ဟာဗတ်ဇ်ကတော့ နောက်ခံကစားသမား တစ်ဦး ပိုလာတဲ့အတွက် အရန်ခုံမှာ ထိုင်ရမှာဖြစ်ပါတယ်။

ပါတေးက ကွင်းလယ်မှာ ပုံမှန်အတိုင်း ကျောနံပါတ် ၆ နေရာကနေ ဒီကလန် ရိုက်နဲ့အတူ ပွဲထွက် ကစားသွားမှာဖြစ်ပြီး အာဆင်နယ်ရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးရှင်ဟာ ဖောရက်စ်နဲ့ပွဲမှာ ဂိုးသွင်းယူဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း မတ် တန်နာက ၂ ကြိမ်အထိ ငြင်းပယ်ခဲ့တာဖြစ်ပါတယ်။

တိုက်စစ်မှာတော့ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲမှာ လှပတဲ့ အနိုင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ဘူကာယို ဆာကာက ညာတောင်ပံမှာ ပွဲထွက်လာမှာဖြစ်ပြီး အန်ကီးတီးယားရဲ့ အဖွင့်ဂိုးကို အလွန်ကောင်းမွန်တဲ့ လှည့်ထွက်မှုနဲ့ ဖန်တီးပေးခဲ့တဲ့ မာတီနယ်လီက ဘယ်တောင်ပံမှာ ပွဲထွက်လာမှာ ဖြစ်ပါတယ်။

အသင်းခေါင်းဆောင် မာတင် အော်ဒီဂွါဒ်ကတော့ ကျောနံပါတ် ၁၀ နေရာမှာ ပွဲထွက်လာမှာဖြစ်ပြီး နော်ဝေကွင်းလယ်ကြယ်ပွင့်ဟာ အာဆင်နယ်ရဲ့ တိုက်စစ်စတင်မှုနဲ့ အခွင့်အရေး ဖန်တီးမှုအတွက် အဓိကအခန်းကဏ္ဍကနေ ပါဝင်ကစားပေးသွားမှာဖြစ်ပါတယ်။

တိုက်စစ်မှာတော့ အန်ကီးတီးယားကပဲ ပွဲထွက်ခွင့် ရဦးမှာဖြစ်ပြီး ဟေးအမ်း အကယ်ဒမီထွက်ဟာ အလွန်ကောင်းမွန်တဲ့ လေကျင့်ရေးအစီအစဉ်ကို ပိုင်ဆိုင်ခဲ့တာကြောင့် ပွဲထွက်ခွင့်ပေးခံခဲ့ရပြီးနောက် နည်းပြ အာတီတာရဲ့ ယုံကြည်မှုကို ယခုရာသီ ပထမဆုံးသွင်းဂိုးနဲ့ သက်သေပြခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet