ဂွတ်ဒီဆင်ပါ့ခ်က ကျိန်စာဆိုးကို ရိုက်ချိုးဖို့ အားမာန်အပြည့်နဲ့ ရုန်းမယ့် ဆင်ပျံကြီး 1024 504 coyg

ဂွတ်ဒီဆင်ပါ့ခ်က ကျိန်စာဆိုးကို ရိုက်ချိုးဖို့ အားမာန်အပြည့်နဲ့ ရုန်းမယ့် ဆင်ပျံကြီး

အာဆင်နယ်ဟာ နိုင်ငံတကာပွဲစဉ်အားလပ်ရက်မတိုင်ခင် မန်ချက်စတာယူနိုက်တက်ကို ကြီးမားတဲ့ နိုင်ပွဲရရှိခဲ့ပြီးနောက် တနင်္ဂနွေနေ့ညနေမှာ အဲဗာတန်အိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်မှာဖြစ်ပါတယ်။

ဂွတ်ဒီဆင်ပါ့ခ်ဟာ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း အာဆင်နယ်အတွက် ပျော်စရာကောင်းတဲ့ နေရာမဖြစ်ခဲ့ဘဲ အာတီတာရဲ့အသင်းဟာ ပြီးခဲ့တဲ့ရာသီမှာ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး မြောက်လန်ဒန်ကလပ်အတွက် ၅ ပွဲအထိ နိုင်ပွဲပျောက်ဆုံးခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်။

ဒါပေမယ့်လည်း ဂန်းနားတွေဟာ ပုံမှန်ခြေစွမ်း ရရှိနေခြင်းမရှိတဲ့ အဲဗာတန်ကို ဒီတစ်ကြိမ်မှာတော့ အနိုင်ယူနိုင်မယ်လို့ မျှော်လင့်နေမှာဖြစ်ပြီး တနင်္ဂနွေနေ့ပွဲစဉ်ဟာ ဂွတ်ဒီဆင်ပါ့ခ် ကျိန်စာဆိုးကို ချေဖျက်ဖို့အတွက် ပြီးပြည့်စုံတဲ့အချိန်ဖြစ်ပါတယ်။

နှစ်ဖက်အသင်း သတင်းများ

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလတုန်းက အာဆင်နယ်ကို အနိုင်ဂိုးသွင်းယူခဲ့တဲ့ ဂျိမ်းစ် တာကောစကီးဟာ ရှက်ဖီးယူနိုက်တက်နဲ့ပွဲမှာ မျက်နှာဒဏ်ရာရရှိခဲ့ပေမယ့်လည်း ယခုအပတ်မှာ ဒေါမနစ် ကယ်လ်ဗတ် လူဝင်နဲ့အတူ ပွဲထွက်ပါဝင်ဖို့ အဆင်သင့်ဖြစ်နေမှာဖြစ်ပါတယ်။ ဆီးမတ်စ် ကိုးမန်း(ဒူး)၊ ဂျက်ခ် ဟာရစ်ဆင်(တင်ပါး)၊ ဒယ်လီအလီ(ပေါင်ခြံ)တို့ ဆက်လက်လွဲချော်မှာဖြစ်ပြီး ဂျားရက် ဘရန့်ဝိတ်ဟာ ယခုလမှာ အင်္ဂလန်ယူ-၂၁ ကနေ နုတ်ထွက်ခဲ့ပေမယ့်လည်း အာဆင်နယ်နဲ့ပွဲအတွက် အချိန်မီ ပေါင်ခြံဒဏ်ရာကနေ သက်သာလာနိုင်တယ်လို့ မျှော်လင့်ရပါတယ်။ ချာမီတီ(ပေါင်ခြံ)၊ အန်ဒရီ ဂိုးမက်စ်(ခြေသလုံး)၊ ဒေါ့ဘင်၊ မိုက်ကယ် ကိန်းတို့လည်း ဒဏ်ရာပြဿနာအနည်းငယ်ရှိနေပြီး ပွဲထွက်ပါဝင်နိုင်မှာမဟုတ်ပါဘူး။

ဆန့်ကျင်ဘက်အနေနဲ့ အာဆင်နယ်မှာတော့ နိုင်ငံတကာပွဲစဉ်အားလပ်ရက်အပြီး ဒဏ်ရာပြဿနာ ကင်းစင်နေပြီး သောမတ်စ် ပါတေး(ပေါင်ခြံ)၊ တင်းဘား(ဒူးရွတ်စုတ်)၊အယ်လ်နန်နီ(ဒူး)တို့သာ ဒဏ်ရာရရှိနေပေမယ့်လည်း အီဂျစ်ကွင်းလယ်လူကတော့ လေ့ကျင့်ရေးပြန်ဆင်းနိုင်နေပြီဖြစ်ပါတယ်။ ဂန်းနားတွေဟာ ဘရာဇီးလ်အတွက် ပွဲဦးထွက်မှာ ဒဏ်ရာရပြီးနောက် နောက်ထပ်တစ်ပွဲမှာ ဝင်ကစားခဲ့တဲ့ ဂါဘရီယဲလ်ရဲ့ အခြေအနေကို စောင့်ကြည့်နေပေမယ့်လည်း ဘရာဇီးလ်နောက်ခံလူက မကြာမီ လန်ဒန်ကိုလ်နီကွင်းကို ပြန်ရေက်လာမှာဖြစ်ပါတယ်။ ဆာကာကလည်း ဖနောင့်ကြောဒဏ်ရာရရှိနေတာ လအတော်ကြာပြီဖြစ်ပေမယ့်လည်း တနင်္ဂနွေနေ့ပွဲမှာ ပါဝင်ကစားပေးသွားနိုင်မှာဖြစ်တယ်လို့ အာတီတာက အတည်ပြုခဲ့ပြီး နိုင်ငံတကာပွဲအားလပ်ရက်အတွင်း နားချိန်ရခဲ့တဲ့ အန်ကီးတီးယားက ဂန်းနားတိုက်စစ်ကို ဦးဆောင်သွားဖွယ်ရှိပါတယ်။

ဖြစ်နိုင်ဖွယ်ပွဲထွက်လူစာရင်း

အဲဗာတန်-ပစ်ဖို့ဒ်၊ ပတ်တာဆန်၊ တာကောစကီး၊ ဘရန့်ဝိတ်၊ ယန်း၊ အိုနာနာ၊ ဂေးယီ၊ ဂါနာ၊ ဒူကူရေး၊ ဒန်ဂျူးမား၊ ဘီတို။
အာဆင်နယ်-ရမ်းစ်ဒေးလ်၊ ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယဲလ်၊ ဇင်ချန်ကို၊ အော်ဒီဂွါဒ်၊ ရိုက်၊ ဟာဗတ်ဇ်၊ ဆာကာ၊ အန်ကီးတီးယား၊ မာတီနယ်လီ။

ပွဲကြိုသုံးသပ်ချက်

အဲဗာတန်အသင်းရဲ့ လက်ရှိဖြစ်ပွားနေတဲ့ ဒဏ်ရာပြဿနာတွေနဲ့ တိုက်စစ်ပိုင်း ဆိုးရွားနေမှုကြောင့် ဂွတ်ဒီဆင်ပါ့ခ်မကလို့ ဘယ်နေရာမှာပဲဖြစ်ဖြစ် အကောင်းဆုံးပုံစံရနေတဲ့ ဂန်းနားတွေကို ယှဉ်နိုင်မှာမဟုတ်ပါဘူး။ ဂန်းနားတွေဟာ အစဉ်အလာပြိုင်ဘက် မန်ချက်စတာယူနိုက်တက်ကို နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ အနိုင်ရရှိခဲ့တာကြောင့် စိတ်ဓာတ်ပိုင်းအရ အမြင့်မားဆုံးအခြေအနေမှာရှိနေပြီး အာဆင်ဝင်းဂါးခေတ်လွန် အဲဗာတန်ကို ဂွတ်ဒီဆင်ပါ့ခ်မှာ ပထမဆုံး အဝေးကွင်းနိုင်ပွဲကို ရယူသွားမှာဖြစ်ပါတယ်။

ခရစ္စ ဆပ်တန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(အဲဗာတန် ၁-၂ အာဆင်နယ်)
ပေါလ် မာဆန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(အဲဗာတန် ၀-၂ အာဆင်နယ်)
AM ခန့်မှန်းပွဲပြီးရလဒ်(အဲဗာတန် ၁-၃ အာဆင်နယ်)

Arsenal Myanmar

Ref: Internet

ZAWGYI: