ဂန်းနားတွေအတွက် အနိုင် ၃ မှတ်စောင့်နေတဲ့ ဆဲလ်ဟတ်စ်ပါ့ခ်က လန်ဒန်ဒါဘီပွဲစဉ်
တနင်္လာနေ့ည ဆဲလ်ဟတ်စ်ပါ့ခ်မှာ ခရစ္စတယ် ပဲလေ့စ်ဟာ လန်ဒန်ပြိုင်ဘက် အာဆင်နယ်ကို လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး လင်းယုန်တွေဟာ ပြီးခဲ့တဲ့အပတ်က ဘာရာမောလ်လိန်းမှာ ရှက်ဖီးယူနိုက်တက်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့သလို အာတီတာရဲ့အသင်းကလည်း နော်တင်ဟမ်ဖောရက်စ်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့တာဖြစ်ပါတယ်။
နှစ်ဖက်အသင်းသတင်း
ခရစ္စတယ်ပဲလေ့စ်အတွက် သတင်းကောင်းက မိုက်ကယ် အိုလစ်ဆီ စာချုပ်သစ် ချုပ်ဆိုခဲ့တာဖြစ်ပေမယ့်လည်း ပြင်သစ်ယူ-၂၁ ကြယ်ပွင့်ဟာ ပေါင်ဒဏ်ရာကနေ ပြန်လည်သက်သာလာဖို့ လုပ်ဆောင်နေရဆဲဖြစ်ပြီး နည်းပြ ရွိုင်း ဟော့ဒ်ဆင်က ပြန်ကစားပေးနိုင်ဖို့ အချိန်အနည်းငယ်သာ လိုအပ်တော့တယ်လို့ ပြောဆိုခဲ့ပါတယ်။ နွေရာသီကစားသမားခေါ်ယူမှု မားသီးယပ်စ် ဖရန်ကာကလည်း ကျောဒဏ်ရာကြောင့် ပွဲဦးထွက်ဖို့ လိုသေးပြီး ဝီလ် ဟုချ်ကလည်း ရာသီကြိုမှာရခဲ့တဲ့ ဒူးဒဏ်ရာကနေ ပြန်မကောင်းသေးသလို နေသန် ဖာဂူဆန်ကလည်း ကြွက်သားဒဏ်ရာကြောင့် လာမယ့်လအထိ ပြန်ကစားပေးနိုင်ဦးမှာမဟုတ်သေးပါဘူး။ မာ့စ် ဂေးဟီကတော့ ရှက်ဖီးယူနိုက်တက်နဲ့ပွဲမှာ ဒဏ်ရာရခဲ့လို့ လူစားလဲခံခဲ့ရပေမယ့် ဒီပွဲမှာ ပါဝင်ကစားပေးနိုင်မယ်လို့ သိရပါတယ်။
အာဆင်နယ်ဘက်မှာတော့ တင်းဘားနဲ့အတူ ဂျေဆူးစ်(ဒူး)၊ ဘာလိုဂန်(ခြေကျင်းဝတ်)၊ လိုကွန်ဂါ(ကြွက်သား)၊ မိုဟာမက် အယ်လ်နန်နီ(ဒူး)တို့ လွဲချော်မှာဖြစ်ပြီး ဇင်ချန်ကို ပြန်လည်ပါဝင်လာနိုင်ပါတယ်။ တိုက်စစ်မှာတော့ နော်တင်ဟမ်ဖောရက်စ်နဲ့ပွဲစဉ်မှာ အဖွင့်ဂိုး သွင်းယူပေးခဲ့တဲ့ အန်တီးတီးယားကိုပဲ အာတီတာက ဆက်လက် ယုံကြည်မှုပေးသွားမှာဖြစ်ပြီး မာတီနယ်လီ၊ ဆာကာတို့က တောင်ပံ ၂ ဖက်မှာ ပွဲထွက်လာမှာဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း
ခရစ္စတယ်ပဲလေ့စ်-ဂျွန်စတုန်း၊ ဝ့ါဒ်၊ အန်ဒါဆန်၊ ဂေးဟီ၊ ဒူကူရေး၊ လာမာ၊ အယူး၊ အီဇီ၊ ရှလပ်၊ အေဒူယာ။
အာဆင်နယ်-ရမ်းစ်ဒေးလ်၊ ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယဲလ်၊ ဇင်ချန်ကို၊ အိုဒီဂတ်၊ ရိုက်၊ ပါတေး၊ ဆာကာ၊ အန်ကီးတီးယား၊ မာတီနယ်လီ။
ပွဲကြိုသုံးသပ်ချက်
ပဲလေ့စ်ဟာ ပြီးခဲ့တဲ့အပတ်က ရှက်ဖီးယူနိုက်တက်နဲ့ပွဲစဉ်မှာ ၁ ဂိုးထက်ပိုရခဲ့ဖို့ ထိုက်တန်ခဲ့တာဖြစ်နိုင်ပြီး တနင်္လာနေ့ညပွဲစဉ်မှာတော့ တစ်ဖက်သတ်ပဲ ဖြစ်သွားဖို့ များပါတယ်။ လန်ဒန်ဒါဘီနဲ့ အဝေးကွင်းပွဲစဉ်တွေဟာ အာဆင်နယ်အတွက်တော့ ပြီးခဲ့တဲ့ရာသီမှာ ပေါင်မုန့်ထောပတ်သုတ်စားရသလို လွယ်ကူခဲ့ပြီး အာတီတာရဲ့ ဂန်းနားတွေအနေနဲ့ ရာသီအဖွင့်ပွဲစဉ်မှာ အနိုင်မရခဲ့ဘူးဆိုရင်တောင်မှပဲ ဆဲလ်ဟတ်စ်ပါ့ခ်မှာတော့ အနိုင် ၃ မှတ်ရသွားမှာဖြစ်ပါတယ်။
ပေါလ်မာဆန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(ခရစ္စတယ်ပဲလေ့စ် ၀-၂ အာဆင်နယ်)
ခရစ္စ ဆပ်တန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(ခရစ္စတယ်ပဲလေ့စ် ၀-၂ အာဆင်နယ်)
AM ခန့်မှန်းပွဲပြီးရလဒ်(ခရစ္စတယ်ပဲလေ့စ် ၀-၃ အာဆင်နယ်)
Arsenal Myanmar
Ref: Internet
- Posted In:
- Pre Match Talks