အမ်းမရိတ်စ်မှာ နောက်ထပ်နိုင်ပွဲနဲ့ ဇယားထိပ်က စပါးစ်ကို အမီလိုက်မယ့် ဂန်းနားများ
အာဆင်နယ်ဟာ အင်္ဂါနေ့ည ဆီဗီလာကို စပိန်မြေမှာ အနိုင်ရခဲ့တဲ့ ယုံကြည်ချက်တွေနဲ့အတူ စနေနေ့မှာ ရှက်ဖီးယူနိုက်တက်ကို အိမ်ကွင်းအမ်းမရိတ်စ်မှာ လက်ခံယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
ရှက်ဖီးယူနိုက်တက်ဟာ ဒီရာသီ ၉ ပွဲကစားပြီးချိန်မှာ ရမှတ် ၁ မှတ်နဲ့ အမှတ်ပေးဇယားအောက်ဆုံးမှာ ရပ်တည်နေတာဖြစ်ပြီး မြောက်လန်ဒန်မှာ နောက်ထပ် ရှုံးပွဲနဲ့ ရင်ဆိုင်ရဖွယ်ရှိပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အာဆင်နယ်ဘက်မှာ ကာလရှည် အနားယူနေရတဲ့ တင်းဘား ဆက်လက်လွဲချော်မှာဖြစ်ပြီး ပါတေးလည်း လေ့ကျင့်ရေးမှာ ရခဲ့တဲ့ ဒဏ်ရာကြောင့်လွဲချော်ဖို့ များနေပါတယ်။ ဂါဘရီယဲလ် ဂျေးဇုကလည်း ဆီဗီလာနဲ့ကစားခဲ့တဲ့ပွဲမှာ ကြွက်သားဒဏ်ရာရရှိခဲ့တာကြောင့် ပါဝင်ကစားပေးနိုင်မှာမဟုတ်ဘဲ ကိုင် ဟာဗတ်ဇ် သို့မဟုတ် အန်ကီးတီးယားက အထောင်တိုက်စစ်နေရာမှာ ကစားသွားမှာဖြစ်ပါတယ်။
ရှက်ဖီးယူနိုက်တက်ဘက်မှာ ခရစ္စ ဘရှမ် ခြေထောက်ကျိုးဒဏ်ရာကြောင့် ဆက်လက် လွဲချော်ဦးမှာဖြစ်ပြီး ဘန် ဘော့စ်ဘွန်း၊ တွမ် ဒေးဗီးစ်၊ ဒန်နီရယ် ဂျက်ဘီဆန်တို့အပါအဝင် ကစားသမားအများအပြား ပါဝင်ကစားပေးဖို့ မရေမရာဖြစ်နေပါတယ်။
ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း
အာဆင်နယ်-ရမ်းစ်ဒေးလ်၊ ဇင်ချန်ကို၊ ဂါဘရီယဲလ်၊ ဆာလီဘာ၊ ဝှိုက်၊ စမစ်ရိုး၊ ရိုက်၊ အော်ဒီဂွါဒ်၊ ဆာကာ၊ ဟာဗတ်ဇ်၊ မာတီနယ်လီ။
ရှက်ဖီး-ဖိုဒါရင်ဟမ်၊ ဘိုဂယ်၊ ထရပ်စတီ၊ ရော်ဘင်ဆန်၊ သောမတ်စ်၊ မက်ကတီး၊ နောဝုဒ်၊ ဒီဆူဇာကော်စတာ၊ ဟာမာ၊ မက်ဘန်နီ၊ အာချာ။
ပွဲကြိုသုံးသပ်ချက်
ဒီပွဲဟာ ရှက်ဖီးယူနိုက်တက်အတွက် ဘာမျှော်လင့်ချက်မှ မရှိတဲ့ပွဲတစ်ပွဲဖြစ်ပြီး နဂိုကတည်းက ခြေစွမ်းပိုင်းဆိုးရွားနေတဲ့အသင်းဟာ ဒဏ်ရာပြဿနာတွေရဲ့ ထပ်မံထိုးနှက်ခြင်းခံနေရတာကြောင့် အမ်းမရိတ်စ်မှာ သရေ ၁ မှတ်ရရင်တောင် ထူးခြားဆန်းကြယ်မှုဖြစ်လာမှာဖြစ်ပါတယ်။ တော့တင်ဟမ်ဟော့စပါးဟာ မြောက်လန်ဒန်ကို နောက်ဆုံးလာရောက်ခဲ့တဲ့ပွဲမှာ သရေ ၁ မှတ်အရယူနိုင်ခဲ့ပေမယ့်လည်း ရှက်ဖီးကတော့ ခံစစ်ပိုင်းအဆိုးရွားဆုံးစံချိန်နဲ့ အမ်းမရိတ်စ်ကို လာရောက်မှာဖြစ်ပါတယ်။ ဒါကြောင့် အာဆင်နယ်ကို ပထမပိုင်းမှာ ဂိုးမပေးရဘဲ ထိန်းထားနိုင်ရင်တောင် တော်တော်လေး ကောင်းနေပြီလို့ ပြောရမှာဖြစ်ပြီး တစ်ဂိုးပေးလိုက်ရပြီဆိုရင် ဆက်တိုက် ဂိုးတွေ ဆက်ခွင့်ပြုရနိုင်တယ်ဆိုတာ ပြီးခဲ့တဲ့ ပွဲစဉ်တွေကို ကြည့်ရင် သိနိုင်ပါတယ်။
AM ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၃-၀ ရှက်ဖီးယူနိုက်တက်)
ခရစ္စ ဆပ်တန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၃-၀ ရှက်ဖီးယူနိုက်တက်)
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ဟာ အဂၤါေန႔ည ဆီဗီလာကို စပိန္ေျမမွာ အႏိုင္ရခဲ့တဲ့ ယုံၾကည္ခ်က္ေတြနဲ႔အတူ စေနေန႔မွာ ရွက္ဖီးယူႏိုက္တက္ကို အိမ္ကြင္းအမ္းမရိတ္စ္မွာ လက္ခံယွဥ္ၿပိဳင္သြားမွာျဖစ္ပါတယ္။
ရွက္ဖီးယူႏိုက္တက္ဟာ ဒီရာသီ ၉ ပြဲကစားၿပီးခ်ိန္မွာ ရမွတ္ ၁ မွတ္နဲ႔ အမွတ္ေပးဇယားေအာက္ဆုံးမွာ ရပ္တည္ေနတာျဖစ္ၿပီး ေျမာက္လန္ဒန္မွာ ေနာက္ထပ္ ရႈံးပြဲနဲ႔ ရင္ဆိုင္ရဖြယ္ရွိပါတယ္။
ႏွစ္ဖက္အသင္း သတင္းမ်ား
အာဆင္နယ္ဘက္မွာ ကာလရွည္ အနားယူေနရတဲ့ တင္းဘား ဆက္လက္လြဲေခ်ာ္မွာျဖစ္ၿပီး ပါေတးလည္း ေလ့က်င့္ေရးမွာ ရခဲ့တဲ့ ဒဏ္ရာေၾကာင့္လြဲေခ်ာ္ဖို႔ မ်ားေနပါတယ္။ ဂါဘရီယဲလ္ ေဂ်းဇုကလည္း ဆီဗီလာနဲ႔ကစားခဲ့တဲ့ပြဲမွာ ႂကြက္သားဒဏ္ရာရရွိခဲ့တာေၾကာင့္ ပါဝင္ကစားေပးႏိုင္မွာမဟုတ္ဘဲ ကိုင္ ဟာဗတ္ဇ္ သို႔မဟုတ္ အန္ကီးတီးယားက အေထာင္တိုက္စစ္ေနရာမွာ ကစားသြားမွာျဖစ္ပါတယ္။
ရွက္ဖီးယူႏိုက္တက္ဘက္မွာ ခရစၥ ဘရွမ္ ေျခေထာက္က်ိဳးဒဏ္ရာေၾကာင့္ ဆက္လက္ လြဲေခ်ာ္ဦးမွာျဖစ္ၿပီး ဘန္ ေဘာ့စ္ဘြန္း၊ တြမ္ ေဒးဗီးစ္၊ ဒန္နီရယ္ ဂ်က္ဘီဆန္တို႔အပါအဝင္ ကစားသမားအမ်ားအျပား ပါဝင္ကစားေပးဖို႔ မေရမရာျဖစ္ေနပါတယ္။
ျဖစ္ႏိုင္ဖြယ္ ပြဲထြက္လူစာရင္း
အာဆင္နယ္-ရမ္းစ္ေဒးလ္၊ ဇင္ခ်န္ကို၊ ဂါဘရီယဲလ္၊ ဆာလီဘာ၊ ဝႈိက္၊ စမစ္႐ိုး၊ ႐ိုက္၊ ေအာ္ဒီဂြါဒ္၊ ဆာကာ၊ ဟာဗတ္ဇ္၊ မာတီနယ္လီ။
ရွက္ဖီး-ဖိုဒါရင္ဟမ္၊ ဘိုဂယ္၊ ထရပ္စတီ၊ ေရာ္ဘင္ဆန္၊ ေသာမတ္စ္၊ မက္ကတီး၊ ေနာဝုဒ္၊ ဒီဆူဇာေကာ္စတာ၊ ဟာမာ၊ မက္ဘန္နီ၊ အာခ်ာ။
ပြဲႀကိဳသုံးသပ္ခ်က္
ဒီပြဲဟာ ရွက္ဖီးယူႏိုက္တက္အတြက္ ဘာေမွ်ာ္လင့္ခ်က္မွ မရွိတဲ့ပြဲတစ္ပြဲျဖစ္ၿပီး နဂိုကတည္းက ေျခစြမ္းပိုင္းဆိုး႐ြားေနတဲ့အသင္းဟာ ဒဏ္ရာျပႆနာေတြရဲ႕ ထပ္မံထိုးႏွက္ျခင္းခံေနရတာေၾကာင့္ အမ္းမရိတ္စ္မွာ သေရ ၁ မွတ္ရရင္ေတာင္ ထူးျခားဆန္းၾကယ္မႈျဖစ္လာမွာျဖစ္ပါတယ္။ ေတာ့တင္ဟမ္ေဟာ့စပါးဟာ ေျမာက္လန္ဒန္ကို ေနာက္ဆုံးလာေရာက္ခဲ့တဲ့ပြဲမွာ သေရ ၁ မွတ္အရယူႏိုင္ခဲ့ေပမယ့္လည္း ရွက္ဖီးကေတာ့ ခံစစ္ပိုင္းအဆိုး႐ြားဆုံးစံခ်ိန္နဲ႔ အမ္းမရိတ္စ္ကို လာေရာက္မွာျဖစ္ပါတယ္။ ဒါေၾကာင့္ အာဆင္နယ္ကို ပထမပိုင္းမွာ ဂိုးမေပးရဘဲ ထိန္းထားႏိုင္ရင္ေတာင္ ေတာ္ေတာ္ေလး ေကာင္းေနၿပီလို႔ ေျပာရမွာျဖစ္ၿပီး တစ္ဂိုးေပးလိုက္ရၿပီဆိုရင္ ဆက္တိုက္ ဂိုးေတြ ဆက္ခြင့္ျပဳရႏိုင္တယ္ဆိုတာ ၿပီးခဲ့တဲ့ ပြဲစဥ္ေတြကို ၾကည့္ရင္ သိႏိုင္ပါတယ္။
AM ခန႔္မွန္းပြဲၿပီးရလဒ္(အာဆင္နယ္ ၃-၀ ရွက္ဖီးယူႏိုက္တက္)
ခရစၥ ဆပ္တန္ရဲ႕ ခန႔္မွန္းပြဲၿပီးရလဒ္(အာဆင္နယ္ ၃-၀ ရွက္ဖီးယူႏိုက္တက္)
Arsenal Myanmar
Ref: Internet
- Posted In:
- Pre Match Talks