ဝက်စ်ဟမ်းကို အပြတ်ကြမ်းပြီး အချိုရည်သောက်မယ့် ဆင်ပျံကြီး 1024 504 coyg

ဝက်စ်ဟမ်းကို အပြတ်ကြမ်းပြီး အချိုရည်သောက်မယ့် ဆင်ပျံကြီး

အာဆင်နယ်ဟာ ယနေ့ညမှာ ကာရာဘောင်းဖလား စတုတ္ထပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအိမ်ကွင်း လန်ဒန်ကွင်းကို သွားရောက်ယှဉ်ပြိုင်သွားမှာဖြစ်ပြီး စက်တင်ဘာလမှာ ဂန်းနားတွေဟာ ဘရန့်တ်ဖို့ဒ်အိမ်ကွင်းမှာ ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် စတုတ္ထအဆင့်ကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ဟာ လန်ဒန်ပြိုင်ဘက်တွေနဲ့ စတုတ္ထအဆင့်မှာ ကျရောက်ခဲ့ပြီး နောက်ထပ် အန္တရာယ်များတဲ့ပွဲစဉ်တစ်ပွဲကို ရင်ဆိုင်သွားရမှာဖြစ်ပေမယ့်လည်း လက်ရှိရရှိနေတဲ့ ပုံစံကောင်းကြောင့် ဒေးဗစ် မွိုက်စ်ရဲ့ ဝက်စ်ဟမ်းကို အကောင်းဆုံးရင်ဆိုင်သွားနိုင်မှာ သေချာပါတယ်။

ဝက်စ်ဟမ်းဟာ ဒီနေ့ညပွဲစဉ်ကို ၄ ပွဲဆက် နိုင်ပွဲမရှိ ခြေစွမ်းနဲ့ ယှဉ်ပြိုင်သွားရမှာဖြစ်ပြီး တနင်္ဂနွေနေ့က အိမ်ကွင်းမှာ အဲဗာတန်ကို စိတ်ပျက်ဖွယ်စွမ်းဆောင်ရည်နဲ့ ရှုံးနိမ့်ခဲ့တာ ဖြစ်ပါတယ်။

နှစ်ဖက်အသင်း သတင်းများ

ဝက်စ်ဟမ်းအသင်းဘက်မှာ အဓိကကစားသမားတွေ ဒဏ်ရာပြဿနာ ကင်းစင်နေပြီး အာဆင်နယ်နဲ့ပွဲမှာ အကောင်းဆုံးပွဲထွက်လူစာရင်းကို ပွဲထုတ်လာမှာ ဖြစ်ပါတယ်။ ဒေးဗစ် မွိုက်စ်အနေနဲ့ အဲဗာတန်ကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်က လူစာရင်းကို အပြောင်းအလဲ အနည်းငယ် ပြုလုပ်သွားမှာဖြစ်ပြီး ဒန်နီ အင့်ဂ်၊ ဖော်နယ်စ်၊ သီလို ခဲရာတို့ဟာ ဗုဒ္ဓဟူးနေ့လူစာရင်းထဲမှာ ပါဝင်လာနိုင်တဲ့ကစားသမားတွေဖြစ်ပါတယ်။ ပရီးမီးယားလိဂ်မှာ ပွဲပယ်ခံထားရတဲ့ လူးကပ်စ် ပါကယ်တာနဲ့ အက်ဒ်ဆင် အယ်လ်ဗာရက်ဇ်တို့ကလည်း ပွဲထွက်လူစာရင်းထဲမှာ ပါဝင်လာမှာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်မှာ ပထမဆုံး ပရီးမီးယားလိဂ်ပွဲထွက်ပါဝင်ကစားပေးခဲ့တဲ့ မိုဟာမက် ကူးဒက်စ်လည်း ပါဝင်လာမှာဖြစ်ပါတယ်။

အာဆင်နယ်ဘက်မှာတော့ ဟက်ထရစ်သူရဲကောင်း အန်ကီးတီးယားကတော့ စိန့်ဂျိမ်းစ်ပါ့ခ်ကို သွားရောက်ယှဉ်ပြိုင်ရမယ့် စနေနေ့ပွဲစဉ်မတိုင်ခင် အရန်ခုံမှာ ချန်လှပ်ခံထားရဖွယ်ရှိပြီး ဂျေးဇုမပါဝင်နိုင်ချိန်မှာ နယူးကာဆယ်နဲ့ပွဲမှာ အဓိကအခန်းကဏ္ဍကနေ ပါဝင်ကစားပေးရမှာဖြစ်တာကြောင့်ဖြစ်ပါတယ်။ သောမတ်စ် ပါတေး၊ တင်းဘားတို့လညး် ဒဏ်ရာကြောင့် ဆက်လက်လွဲချော်မှာ ဖြစ်ပြီး ဒီကလန် ရိုက်ကလည်း အသင်းဟောင်းနဲ့ပွဲမှာ ပါဝင်ကစားပေးသွားဖွယ်မရှိဘဲ ဆာကာနဲ့ မာတီနယ်လီတို့ ၂ ဦးစလုံးလည်း နယူးကာဆယ်နဲ့ပွဲအတွက် အနားပေးခံထားရမှာ ဖြစ်ပါတယ်။

ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း

ဝက်စ်ဟမ်း-ဖေဘီယန်းစကီး၊ ခဲရာ၊ အော့ဂ်ဘွန်နာ၊ မက်ဗရိုပါးနော့စ်၊ ဂျွန်ဆင်၊ ဖော်နယ်စ်၊ အယ်လ်ဗာရက်ဇ်၊ ကော်နတ်၊ ပါကယ်တာ၊ ကူးဒက်စ်၊ အင့်ဂ်။
အာဆင်နယ်-ရမ်းစ်ဒေးလ်၊ ဝှိုက်၊ ဂါဘရီယဲလ်၊ ခီဗီယော၊ တိုမိယဆု၊ စမစ်ရိုး၊ ဂျော်ဂျင်ညို၊ ဗီယာရာ၊ ဟာဗတ်ဇ်၊ နယ်လ်ဆင်၊ ထရော့ဆာ့ဒ်။

ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံးပွဲရလဒ်များ

ဒီနှစ်သင်းကြား ၂၅ ကြိမ်တွေ့ဆုံခဲ့ရာမှာ ဝက်စ်ဟမ်းက ၂ ကြိမ်နိုင် ၄ ကြိမ်သရေ အာဆင်နယ်က ၁၉ ကြိမ်အနိုင်ရခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ဝက်စ်ဟမ်းက ၁ ပွဲနိုင် ၁ ပွဲသရေ ၃ ပွဲရှုံးခဲ့ပြီး အာဆင်နယ်က ၃ ပွဲနိုင် ၁ ပွဲသရေ ၁ ပွဲရှုံးခဲ့ပါတယ်။

ပွဲကြိုသုံးသပ်ချက်

အာတီတာဟာ ဒီပွဲစဉ်မှာ လူစာရင်းကို အပြောင်းအလဲ ပြုလုပ်သွားမှာဖြစ်ပြီး အရည်အသွေးပိုင်း အနည်းငယ်ကျဆင်းမှုရှိနိုင်ပေမယ့်လည်း ဂန်းနားတွေက နိုင်ပွဲရယူနိုင်ဆဲဆိုတာကို သက်သေပြသသွားမှာဖြစ်ပါတယ်။ ဂန်းနားတွေဟာ တတိယအဆင့်ပွဲစဉ်မှာ ဘရန့်တ်ဖို့ဒ်ကို အနိုင်ရအောင် ကစားခဲ့ပြီး အရှေ့လန်ဒန်မှာလည်း အလားတူပဲ လုပ်ဆောင်သွားနိုင်ပါတယ်။ ဝက်စ်ဟမ်းက အခုအချိန်မှာ အမြင့်မားဆုံးအဆင့်အတန်းမှာ ရှိမနေဘဲ အထူးသဖြင့် ဘောလုံးပိုင်ဆိုင်မှုအပိုင်းမှာဖြစ်ပြီး ဒေးဗစ် မွိုက်စ်ကတော့ အိမ်ကွင်းမှာ အနိုင်ယူဖို့ ခက်ခဲတဲ့အသင်းဖြစ်အောင် ပြင်ဆင်လာမှာသေချာပါတယ်။ ဒါပေမယ့်လည်း ဧည့်သည်တွေ လက်ရှိ ပိုင်ဆိုင်ထားတဲ့ အရှိန်အဟုန်က ဘယ်လိုအတားအဆီးမျိုးကိုမဆို ရုန်းကန်တိုးထွက်နိုင်စွမ်းရှိပြီး ကွာတားဖိုင်နယ်အဆင့်ကို တက်ရောက်သွားနိုင်မှာဖြစ်ပါတယ်။

AM ခန့်မှန်းပွဲပြီးရလဒ်(ဝက်စ်ဟမ်း ၁-၂ အာဆင်နယ်)

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဟာ ယေန႔ညမွာ ကာရာေဘာင္းဖလား စတုတၳပြဲစဥ္အျဖစ္ ဝက္စ္ဟမ္းအိမ္ကြင္း လန္ဒန္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္သြားမွာျဖစ္ၿပီး စက္တင္ဘာလမွာ ဂန္းနားေတြဟာ ဘရန႔္တ္ဖို႔ဒ္အိမ္ကြင္းမွာ ၁-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ စတုတၳအဆင့္ကို တက္လွမ္းႏိုင္ခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ဟာ လန္ဒန္ၿပိဳင္ဘက္ေတြနဲ႔ စတုတၳအဆင့္မွာ က်ေရာက္ခဲ့ၿပီး ေနာက္ထပ္ အႏၲရာယ္မ်ားတဲ့ပြဲစဥ္တစ္ပြဲကို ရင္ဆိုင္သြားရမွာျဖစ္ေပမယ့္လည္း လက္ရွိရရွိေနတဲ့ ပုံစံေကာင္းေၾကာင့္ ေဒးဗစ္ မြိဳက္စ္ရဲ႕ ဝက္စ္ဟမ္းကို အေကာင္းဆုံးရင္ဆိုင္သြားႏိုင္မွာ ေသခ်ာပါတယ္။

ဝက္စ္ဟမ္းဟာ ဒီေန႔ညပြဲစဥ္ကို ၄ ပြဲဆက္ ႏိုင္ပြဲမရွိ ေျခစြမ္းနဲ႔ ယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး တနဂၤေႏြေန႔က အိမ္ကြင္းမွာ အဲဗာတန္ကို စိတ္ပ်က္ဖြယ္စြမ္းေဆာင္ရည္နဲ႔ ရႈံးနိမ့္ခဲ့တာ ျဖစ္ပါတယ္။

ႏွစ္ဖက္အသင္း သတင္းမ်ား

ဝက္စ္ဟမ္းအသင္းဘက္မွာ အဓိကကစားသမားေတြ ဒဏ္ရာျပႆနာ ကင္းစင္ေနၿပီး အာဆင္နယ္နဲ႔ပြဲမွာ အေကာင္းဆုံးပြဲထြက္လူစာရင္းကို ပြဲထုတ္လာမွာ ျဖစ္ပါတယ္။ ေဒးဗစ္ မြိဳက္စ္အေနနဲ႔ အဲဗာတန္ကို ရႈံးနိမ့္ခဲ့တဲ့ပြဲစဥ္က လူစာရင္းကို အေျပာင္းအလဲ အနည္းငယ္ ျပဳလုပ္သြားမွာျဖစ္ၿပီး ဒန္နီ အင့္ဂ္၊ ေဖာ္နယ္စ္၊ သီလို ခဲရာတို႔ဟာ ဗုဒၶဟူးေန႔လူစာရင္းထဲမွာ ပါဝင္လာႏိုင္တဲ့ကစားသမားေတြျဖစ္ပါတယ္။ ပရီးမီးယားလိဂ္မွာ ပြဲပယ္ခံထားရတဲ့ လူးကပ္စ္ ပါကယ္တာနဲ႔ အက္ဒ္ဆင္ အယ္လ္ဗာရက္ဇ္တို႔ကလည္း ပြဲထြက္လူစာရင္းထဲမွာ ပါဝင္လာမွာျဖစ္ၿပီး ၿပီးခဲ့တဲ့အပတ္မွာ ပထမဆုံး ပရီးမီးယားလိဂ္ပြဲထြက္ပါဝင္ကစားေပးခဲ့တဲ့ မိုဟာမက္ ကူးဒက္စ္လည္း ပါဝင္လာမွာျဖစ္ပါတယ္။

အာဆင္နယ္ဘက္မွာေတာ့ ဟက္ထရစ္သူရဲေကာင္း အန္ကီးတီးယားကေတာ့ စိန႔္ဂ်ိမ္းစ္ပါ့ခ္ကို သြားေရာက္ယွဥ္ၿပိဳင္ရမယ့္ စေနေန႔ပြဲစဥ္မတိုင္ခင္ အရန္ခုံမွာ ခ်န္လွပ္ခံထားရဖြယ္ရွိၿပီး ေဂ်းဇုမပါဝင္ႏိုင္ခ်ိန္မွာ နယူးကာဆယ္နဲ႔ပြဲမွာ အဓိကအခန္းက႑ကေန ပါဝင္ကစားေပးရမွာျဖစ္တာေၾကာင့္ျဖစ္ပါတယ္။ ေသာမတ္စ္ ပါေတး၊ တင္းဘားတို႔လညး္ ဒဏ္ရာေၾကာင့္ ဆက္လက္လြဲေခ်ာ္မွာ ျဖစ္ၿပီး ဒီကလန္ ႐ိုက္ကလည္း အသင္းေဟာင္းနဲ႔ပြဲမွာ ပါဝင္ကစားေပးသြားဖြယ္မရွိဘဲ ဆာကာနဲ႔ မာတီနယ္လီတို႔ ၂ ဦးစလုံးလည္း နယူးကာဆယ္နဲ႔ပြဲအတြက္ အနားေပးခံထားရမွာ ျဖစ္ပါတယ္။

ျဖစ္ႏိုင္ဖြယ္ ပြဲထြက္လူစာရင္း

ဝက္စ္ဟမ္း-ေဖဘီယန္းစကီး၊ ခဲရာ၊ ေအာ့ဂ္ဘြန္နာ၊ မက္ဗ႐ိုပါးေနာ့စ္၊ ဂြၽန္ဆင္၊ ေဖာ္နယ္စ္၊ အယ္လ္ဗာရက္ဇ္၊ ေကာ္နတ္၊ ပါကယ္တာ၊ ကူးဒက္စ္၊ အင့္ဂ္။
အာဆင္နယ္-ရမ္းစ္ေဒးလ္၊ ဝႈိက္၊ ဂါဘရီယဲလ္၊ ခီဗီေယာ၊ တိုမိယဆု၊ စမစ္႐ိုး၊ ေဂ်ာ္ဂ်င္ညိဳ၊ ဗီယာရာ၊ ဟာဗတ္ဇ္၊ နယ္လ္ဆင္၊ ထေရာ့ဆာ့ဒ္။

ထိပ္တိုက္ေတြ႕ဆုံမႈနဲ႔ ေနာက္ဆုံးပြဲရလဒ္မ်ား

ဒီႏွစ္သင္းၾကား ၂၅ ႀကိမ္ေတြ႕ဆုံခဲ့ရာမွာ ဝက္စ္ဟမ္းက ၂ ႀကိမ္ႏိုင္ ၄ ႀကိမ္သေရ အာဆင္နယ္က ၁၉ ႀကိမ္အႏိုင္ရခဲ့ပါတယ္။ ေနာက္ဆုံးကစားခဲ့တဲ့ ၅ ပြဲမွာ ဝက္စ္ဟမ္းက ၁ ပြဲႏိုင္ ၁ ပြဲသေရ ၃ ပြဲရႈံးခဲ့ၿပီး အာဆင္နယ္က ၃ ပြဲႏိုင္ ၁ ပြဲသေရ ၁ ပြဲရႈံးခဲ့ပါတယ္။

ပြဲႀကိဳသုံးသပ္ခ်က္

အာတီတာဟာ ဒီပြဲစဥ္မွာ လူစာရင္းကို အေျပာင္းအလဲ ျပဳလုပ္သြားမွာျဖစ္ၿပီး အရည္အေသြးပိုင္း အနည္းငယ္က်ဆင္းမႈရွိႏိုင္ေပမယ့္လည္း ဂန္းနားေတြက ႏိုင္ပြဲရယူႏိုင္ဆဲဆိုတာကို သက္ေသျပသသြားမွာျဖစ္ပါတယ္။ ဂန္းနားေတြဟာ တတိယအဆင့္ပြဲစဥ္မွာ ဘရန႔္တ္ဖို႔ဒ္ကို အႏိုင္ရေအာင္ ကစားခဲ့ၿပီး အေရွ႕လန္ဒန္မွာလည္း အလားတူပဲ လုပ္ေဆာင္သြားႏိုင္ပါတယ္။ ဝက္စ္ဟမ္းက အခုအခ်ိန္မွာ အျမင့္မားဆုံးအဆင့္အတန္းမွာ ရွိမေနဘဲ အထူးသျဖင့္ ေဘာလုံးပိုင္ဆိုင္မႈအပိုင္းမွာျဖစ္ၿပီး ေဒးဗစ္ မြိဳက္စ္ကေတာ့ အိမ္ကြင္းမွာ အႏိုင္ယူဖို႔ ခက္ခဲတဲ့အသင္းျဖစ္ေအာင္ ျပင္ဆင္လာမွာေသခ်ာပါတယ္။ ဒါေပမယ့္လည္း ဧည့္သည္ေတြ လက္ရွိ ပိုင္ဆိုင္ထားတဲ့ အရွိန္အဟုန္က ဘယ္လိုအတားအဆီးမ်ိဳးကိုမဆို ႐ုန္းကန္တိုးထြက္ႏိုင္စြမ္းရွိၿပီး ကြာတားဖိုင္နယ္အဆင့္ကို တက္ေရာက္သြားႏိုင္မွာျဖစ္ပါတယ္။

AM ခန႔္မွန္းပြဲၿပီးရလဒ္(ဝက္စ္ဟမ္း ၁-၂ အာဆင္နယ္)

Arsenal Myanmar

Ref: Internet