ဘန်လေကို အနိုင်ယူပြီး ထိပ်ဆုံး ၄ နေရာအတွင်းက တိုက်ပွဲမှာ အမှားခံမှာမဟုတ်တဲ့ ဂန်းနားများ
အာဆင်နယ်ဟာ စနေနေ့မှာ အမှတ်ပေးဇယား အောက်ခြေက တန်းတက် ဘန်လေကို အိမ်ကွင်း အမ်းမရိတ်စ်မှာ လက်ခံယှဉ်ပြိုင်သွားရမှာဖြစ်ပြီး ဂန်းနားတွေအတွက် သက်တောင့်သက်သာနိုင်ပွဲတစ်ပွဲဖြစ်လာဦးမှာ ဖြစ်ပါတယ်။
အာဆင်နယ်ဟာ ပြီးခဲ့တဲ့အပတ်က စိန့်ဂျိမ်းစ်ပါ့ခ်မှာ နယူးကာဆယ်ကို အငြင်းပွားဖွယ် ဆုံးဖြတ်ချက်ကြောင့် ရှုံးနိမ့်ခဲ့ပြီးနောက် ယခုရာသီ ပရီးမီးယားလိဂ်မှာ ပထမဆုံး ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ကွန်ပနီရဲ့ ဘန်လေအသင်းကလည်း ချန်ပီယံရှစ်ကနေ တန်းတက်လာပြီးကတည်းက ရုန်းကန်နေရပြီး နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲစလုံးမှာ ရှုံးနိမ့်ခဲ့ပြီးနောက် တန်းဆင်းဇုန်ထဲဲမှာ ရပ်တည်နေရတာဖြစ်ပါတယ်။
နှစ်ဖက်အသင်းသတင်းများ
အာဆင်နယ်ဘက်မှာ ပါတေး၊ အန်ကီးတီးယား၊ အော်ဒီဂွါဒ်၊ တင်းဘား၊ ဂျေးဇုနဲ့ စမစ် ရိုးတို့ ပါဝင်ကစားပေးနိုင်ဦးမှာမဟုတ်ဘဲ ဆီဗီလာနဲ့ပွဲမှာ ဒဏ်ရာရခဲ့တဲ့ ဆာကာလည်း ပါဝင်ကစားပေးနိုင်ဖို့ မသေချာပါဘူး။
ဘန်လေဘက်မှာလည်း အိုဘာဖီမီ၊ ဘန်ဆန်၊ လိုင်လီ ဖော်စတာ၊ အက်ခ်ဒယ်တို့ လွဲချော်မှာဖြစ်ပြီး အာရွန် ရမ်းဆေးကလည်း ပါဝင်ကစားပေးဖို့ မရေမရာဖြစ်နေပါတယ်။
ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း
အာဆင်နယ်-ရာယာ၊ ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယဲလ်၊ တိုမိယဆု၊ ဂျော်ဂျင်ညို၊ ဟာဗတ်ဇ်၊ ဗီယာရာ၊ မာတီနယ်လီ၊ ရိစ် နယ်လ်ဆင်၊ ထရော့ဆာ့ဒ်။
ဘန်လေ-ဂျွန်စတုန်း၊ ဝ့ါဒ်၊ အန်ဒါဆန်၊ ဂေးဟီ၊ မစ်ချယ်၊ လာမာ၊ ဒူကူရေး၊ အယူး၊ ဟုချ်၊ ရှလပ်၊ အေဒူယာ။
ပွဲကြိုသုံးသပ်ချက်
ဘန်လေအသင်းနဲ့ပတ်သက်ပြီး များများစားစားပြောစရာမရှိဘဲ အထူးသဖြင့် ဖော်စတာ မပါဝင်တဲ့အသင်းကြောင့်ဖြစ်ပြီး ဘန် ဝှိုက်အနေနဲ့ ဒီရာသီမှာ ကွန်ပနီရဲ့အသင်းက စိတ်ပျက်စရာရလဒ်တွေ ပိုင်ဆိုင်နေပေမယ့် တောက်ပနေတဲ့ ကိုလီယိုရှိုကိုတော့ သတိထားရမှာပါ။ ဂန်းနားတွေဟာ စနေနေ့ညနေ အမ်းမရိတ်စ်မှာ ဘန်လေကို ဧည့်ခံရာမှာ ဘာပြဿနာမှ မတွေ့နိုင်ဘဲ ဧည့်သည်တွေဟာ အာဆင်နယ်ရဲ့ ဖိအားပေးမှုကို တန်ပြန်နိုင်မယ့်အင်အားမရှိသလို ခံစစ်ကို ထိုးဖောက်နိုင်စွမ်းလည်း မရှိပါဘူး။ ဘန်လေရဲ့ ခံစစ်ကလည်း တော်တော်လေးကို အခြေအနေဆိုးရွားနေပြီး အနည်းဆုံး ၂ ဂိုးလောက် ပုံမှန်ခွင့်ပြုနေရတာကြောင့် ဂန်းနားတွေနဲ့ပွဲမှာ အရမ်းကြီး ဂိုးမပြတ်ဖို့ပဲ မျှော်လင့်ရမှာပါ။
AM ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၃-၀ ဘန်လေ)
ခရစ္စ ဆပ်တန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၃-၀ ဘန်လေ)
ပေါလ် မာဆန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၃-၀ ဘန်လေ)
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ဟာ စေနေန႔မွာ အမွတ္ေပးဇယား ေအာက္ေျခက တန္းတက္ ဘန္ေလကို အိမ္ကြင္း အမ္းမရိတ္စ္မွာ လက္ခံယွဥ္ၿပိဳင္သြားရမွာျဖစ္ၿပီး ဂန္းနားေတြအတြက္ သက္ေတာင့္သက္သာႏိုင္ပြဲတစ္ပြဲျဖစ္လာဦးမွာ ျဖစ္ပါတယ္။
အာဆင္နယ္ဟာ ၿပီးခဲ့တဲ့အပတ္က စိန႔္ဂ်ိမ္းစ္ပါ့ခ္မွာ နယူးကာဆယ္ကို အျငင္းပြားဖြယ္ ဆုံးျဖတ္ခ်က္ေၾကာင့္ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ယခုရာသီ ပရီးမီးယားလိဂ္မွာ ပထမဆုံး ရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။ ကြန္ပနီရဲ႕ ဘန္ေလအသင္းကလည္း ခ်န္ပီယံရွစ္ကေန တန္းတက္လာၿပီးကတည္းက ႐ုန္းကန္ေနရၿပီး ေနာက္ဆုံးကစားခဲ့တဲ့ ၅ ပြဲစလုံးမွာ ရႈံးနိမ့္ခဲ့ၿပီးေနာက္ တန္းဆင္းဇုန္ထဲဲမွာ ရပ္တည္ေနရတာျဖစ္ပါတယ္။
ႏွစ္ဖက္အသင္းသတင္းမ်ား
အာဆင္နယ္ဘက္မွာ ပါေတး၊ အန္ကီးတီးယား၊ ေအာ္ဒီဂြါဒ္၊ တင္းဘား၊ ေဂ်းဇုနဲ႔ စမစ္ ႐ိုးတို႔ ပါဝင္ကစားေပးႏိုင္ဦးမွာမဟုတ္ဘဲ ဆီဗီလာနဲ႔ပြဲမွာ ဒဏ္ရာရခဲ့တဲ့ ဆာကာလည္း ပါဝင္ကစားေပးႏိုင္ဖို႔ မေသခ်ာပါဘူး။
ဘန္ေလဘက္မွာလည္း အိုဘာဖီမီ၊ ဘန္ဆန္၊ လိုင္လီ ေဖာ္စတာ၊ အက္ခ္ဒယ္တို႔ လြဲေခ်ာ္မွာျဖစ္ၿပီး အာ႐ြန္ ရမ္းေဆးကလည္း ပါဝင္ကစားေပးဖို႔ မေရမရာျဖစ္ေနပါတယ္။
ျဖစ္ႏိုင္ဖြယ္ ပြဲထြက္လူစာရင္း
အာဆင္နယ္-ရာယာ၊ ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယဲလ္၊ တိုမိယဆု၊ ေဂ်ာ္ဂ်င္ညိဳ၊ ဟာဗတ္ဇ္၊ ဗီယာရာ၊ မာတီနယ္လီ၊ ရိစ္ နယ္လ္ဆင္၊ ထေရာ့ဆာ့ဒ္။
ဘန္ေလ-ဂြၽန္စတုန္း၊ ဝ့ါဒ္၊ အန္ဒါဆန္၊ ေဂးဟီ၊ မစ္ခ်ယ္၊ လာမာ၊ ဒူကူေရး၊ အယူး၊ ဟုခ်္၊ ရွလပ္၊ ေအဒူယာ။
ပြဲႀကိဳသုံးသပ္ခ်က္
ဘန္ေလအသင္းနဲ႔ပတ္သက္ၿပီး မ်ားမ်ားစားစားေျပာစရာမရွိဘဲ အထူးသျဖင့္ ေဖာ္စတာ မပါဝင္တဲ့အသင္းေၾကာင့္ျဖစ္ၿပီး ဘန္ ဝႈိက္အေနနဲ႔ ဒီရာသီမွာ ကြန္ပနီရဲ႕အသင္းက စိတ္ပ်က္စရာရလဒ္ေတြ ပိုင္ဆိုင္ေနေပမယ့္ ေတာက္ပေနတဲ့ ကိုလီယိုရႈိကိုေတာ့ သတိထားရမွာပါ။ ဂန္းနားေတြဟာ စေနေန႔ညေန အမ္းမရိတ္စ္မွာ ဘန္ေလကို ဧည့္ခံရာမွာ ဘာျပႆနာမွ မေတြ႕ႏိုင္ဘဲ ဧည့္သည္ေတြဟာ အာဆင္နယ္ရဲ႕ ဖိအားေပးမႈကို တန္ျပန္ႏိုင္မယ့္အင္အားမရွိသလို ခံစစ္ကို ထိုးေဖာက္ႏိုင္စြမ္းလည္း မရွိပါဘူး။ ဘန္ေလရဲ႕ ခံစစ္ကလည္း ေတာ္ေတာ္ေလးကို အေျခအေနဆိုး႐ြားေနၿပီး အနည္းဆုံး ၂ ဂိုးေလာက္ ပုံမွန္ခြင့္ျပဳေနရတာေၾကာင့္ ဂန္းနားေတြနဲ႔ပြဲမွာ အရမ္းႀကီး ဂိုးမျပတ္ဖို႔ပဲ ေမွ်ာ္လင့္ရမွာပါ။
AM ခန႔္မွန္းပြဲၿပီးရလဒ္(အာဆင္နယ္ ၃-၀ ဘန္ေလ)
ခရစၥ ဆပ္တန္ရဲ႕ ခန႔္မွန္းပြဲၿပီးရလဒ္(အာဆင္နယ္ ၃-၀ ဘန္ေလ)
ေပါလ္ မာဆန္ရဲ႕ ခန႔္မွန္းပြဲၿပီးရလဒ္(အာဆင္နယ္ ၃-၀ ဘန္ေလ)
Arsenal Myanmar
Ref: Internet
- Posted In:
- Pre Match Talks