ပျားဖွပ်ရင်း အချိုရည်လေးသောက်ပြီး စတုတ္ထအဆင့်တက်မယ့် ဆင်ပျံကြီး
အာဆင်နယ်ဟာ ရာသီအစကို ဘရန့်တ်ဖို့ဒ် အိမ်ကွင်းမှာ ယခုရက်သတ္တပတ်အလယ်မှာ ကာရာဘောင်းဖလားပွဲစဉ်အဖြစ် သွားရောက် ရင်ဆိုင်သွားရမှာ ဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ အနောက်လန်ဒန်ခရီးစဉ်ဟာ ဂန်းနားတွေအတွက် ပျော်စရာဖြစ်ခဲ့ပေမယ့်လည်း ပျားတွေဟာ ကြီး ၆ ကြီးကို ဒုက္ခပေးနိုင်တဲ့အသင်းဆိုတာ သက်သေပြသခဲ့ပြီးဖြစ်ပါတယ်။
အာဆင်နယ်ဟာ လိဂ်ဖလားမှာ ၂ ကြိမ်အထိ အနိုင်ရရှိခဲ့ပေမယ့်လည်း ကာရာဘောင်းဖလားပြိုင်ပွဲအဖြစ် ပြောင်းလဲပြီးကတည်းက အောင်မြင်မှု မရသေးတာဖြစ်ပြီး နောက်ဆုံး ဗိုလ်လုပွဲ ၁၂ ကြိမ်မှာ တစ်ကြိမ်သာ တက်ရောက်နိုင်ခဲ့တာဖြစ်ပါတယ်။
မြောက်လန်ဒန်ဒါဘီမှာ စိတ်ပျက်ဖွယ် သရေကျခဲ့ပြီးနောက် ဂန်းနားတွေဟာ ဗုဒ္ဓဟူးနေ့ညမှာ အနိုင်လိုချင်စိတ်တွေ တော်တော်လေး မြင့်မားနေမှာဖြစ်ပြီး ပြီးခဲ့တဲ့အပတ်မှာ ဂန်းနားပရိသတ်တွေဟာ ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲမှာ အောင်ပွဲရခဲ့တာကြောင့် ပျော်ရွှင်ခဲ့ရပြီးနောက် စနေနေ့ ဘုန်းမောက်အိမ်ကွင်းကို မသွားရောက်မီ ဂျီတက်ချ် ကွန်မြူနတီကွင်းမှာလည်း နောက်ထပ်တစ်ကြိမ် အောင်ပွဲခံချင်နေမှာ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အိမ်ရှင်တွေဟာ ပြီးခဲ့တဲ့ရက်သတ္တပတ်တွေအတွင်း ဒဏ်ရာပြဿနာအများအပြားနဲ့ ရင်ဆိုင်ခဲ့ရပြီး နောက်ခံတောင်ပံလူ ရီကို ဟင်နရီက ယခုရာသီကုန်အထိ လွဲချော်ဖွယ်ရှိသလို ကီဗင် ရှိတ်ဒ်ကလည်း အချိန်အတိုင်းအတာတစ်ခုအထိ အနားယူရမှာဖြစ်ပါတယ်။ သောမတ်စ် ဖရန့်ခ်ဟာ အိုင်ဗန် တိုနီ မပါဝင်ဘဲ ကစားသွားရဦးမှာဖြစ်ပြီး ရှန်ဒန် ဘက်ပ်တစ္စ၊ ဘန် မီး၊ မစ်ကယ် ဒမ်းစ်ဂွါဒ်၊ ဂျော့ဂျ် ဒါဆေးလ်ဗားတို့လည်း ဗုဒ္ဓဟူးနေ့ပွဲမှာ ပါဝင်ကစားပေးနိုင်မှာမဟုတ်ပါဘူး။
အာဆင်နယ်ဘက်မှာတော့ ဒီကလန် ရိုက်ဟာ တနင်္ဂနွေနေ့ ဒါဘီပွဲစဉ် ပထမပိုင်းမှာ ရရှိခဲ့တဲ့ ကျောဒဏ်ရာကြောင့် ဗုဒ္ဓဟူးနေ့ပွဲကို လွဲချော်မှာဖြစ်ပြီး မာတီနယ်လီနဲ့ ထရော့ဆာ့ဒ်တို့လည်း လွဲချော်မှာဖြစ်ပါတယ်။ သောမတ်စ် ပါတေးနဲ့ တင်းဘားတို့လည်း ဆက်လက် လွဲချော်ဦးမှာဖြစ်ပြီး ဆာကာကို အာတီတာက အနားပေးပြီး ပုံမှန်ပွဲထွက်ခွင့်မရတဲ့ ပထမအသင်းကစားသမား သို့မဟုတ် အကယ်ဒမီကြယ်ပွင့်တွေကို ပွဲထွက်ခွင့်ပေးသွားဖွယ်ရှိပါတယ်။
ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း
ဘရန့်တ်ဖို့ဒ်-စထရာကိုရှာ၊ ရိုရာဆလက်ဗ်၊ ဂျော်ဂျန်ဆန်၊ အေဂျာ၊ ဟစ်ကီ၊ အွန်ယယ်ကာ၊ ဂျာနတ်၊ ဂိုဒေါ့စ်၊ လူးဝစ္စ-ပေါ့တား၊ မူပေး၊ ဝစ်ဆာ။
အာဆင်နယ်-ရမ်းစ်ဒေးလ်၊ ဆီးဒရစ်၊ ဂါဘရီယဲလ်၊ ခီဗီယော၊ တိုမီယဆု၊ ဂျော်ဂျင်ညို၊ ဗီယာရာ၊ ဟာဗတ်ဇ်၊ နယ်လ်ဆင်၊ ဂျေးဇု၊ စမစ် ရိုး။
ပွဲကြိုသုံးသပ်ချက်
အာဆင်နယ်ရဲ့ ပုံမှန်ပွဲထွက်ခွင့်မရတဲ့ကစားသမားတွေဟာ ပြီးခဲ့တဲ့အခေါက်တွေတုန်းက တောက်ပဖို့ အခွင့်အရေးပေးချိန်မှာ ရုန်းကန်ခဲ့ရပြီး ဗုဒ္ဓဟူးနေ့မှာ လေ့ကျင့်သားဝနေပြီး ခံစစ်မာကျောတဲ့ ဘရန့်တ်ဖို့ဒ်နဲ့ပွဲမှာ အခက်အခဲတွေကို ကျော်ဖြတ်နိုင်မယ်လို့ မျှော်မှန်းရပါတယ်။ ဒီပွဲဟာ ဂိုးသိပ်များမယ့် ပွဲစဉ်မဖြစ်နိုင်ဘဲ ကျဉ်းမြောင်းတဲ့ရလဒ်နဲ့သာ အနိုင်အရှုံးကို ဆုံးဖြတ်သွားမယ့် ပွဲဖြစ်ပြီး ဘရန့်တ်ဖို့ဒ်ဟာ ပထမအသင်းကစားသမားအများအပြား မပါဝင်ဘဲ ကစားသွားရမှာဖြစ်တာကြောင့် ဧည့်သည် ဂန်းနားတွေကပဲ တိုက်စစ်မှာ အဆုံးအဖြတ်ပေးနိုင်တဲ့ အခိုက်အတန့်တွေကို ပိုင်ဆိုင်နိုင်ပြီး အနိုင်ရရှိသွားမှာ ဖြစ်ပါတယ်။
AM ခန့်မှန်းပွဲပြီးရလဒ်(ဘရန့်တ်ဖို့ဒ် ၀-၁ အာဆင်နယ်)
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ဟာ ရာသီအစကို ဘရန႔္တ္ဖို႔ဒ္ အိမ္ကြင္းမွာ ယခုရက္သတၱပတ္အလယ္မွာ ကာရာေဘာင္းဖလားပြဲစဥ္အျဖစ္ သြားေရာက္ ရင္ဆိုင္သြားရမွာ ျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီ အေနာက္လန္ဒန္ခရီးစဥ္ဟာ ဂန္းနားေတြအတြက္ ေပ်ာ္စရာျဖစ္ခဲ့ေပမယ့္လည္း ပ်ားေတြဟာ ႀကီး ၆ ႀကီးကို ဒုကၡေပးႏိုင္တဲ့အသင္းဆိုတာ သက္ေသျပသခဲ့ၿပီးျဖစ္ပါတယ္။
အာဆင္နယ္ဟာ လိဂ္ဖလားမွာ ၂ ႀကိမ္အထိ အႏိုင္ရရွိခဲ့ေပမယ့္လည္း ကာရာေဘာင္းဖလားၿပိဳင္ပြဲအျဖစ္ ေျပာင္းလဲၿပီးကတည္းက ေအာင္ျမင္မႈ မရေသးတာျဖစ္ၿပီး ေနာက္ဆုံး ဗိုလ္လုပြဲ ၁၂ ႀကိမ္မွာ တစ္ႀကိမ္သာ တက္ေရာက္ႏိုင္ခဲ့တာျဖစ္ပါတယ္။
ေျမာက္လန္ဒန္ဒါဘီမွာ စိတ္ပ်က္ဖြယ္ သေရက်ခဲ့ၿပီးေနာက္ ဂန္းနားေတြဟာ ဗုဒၶဟူးေန႔ညမွာ အႏိုင္လိုခ်င္စိတ္ေတြ ေတာ္ေတာ္ေလး ျမင့္မားေနမွာျဖစ္ၿပီး ၿပီးခဲ့တဲ့အပတ္မွာ ဂန္းနားပရိသတ္ေတြဟာ ခ်န္ပီယံလိဂ္အုပ္စုအဖြင့္ပြဲမွာ ေအာင္ပြဲရခဲ့တာေၾကာင့္ ေပ်ာ္႐ႊင္ခဲ့ရၿပီးေနာက္ စေနေန႔ ဘုန္းေမာက္အိမ္ကြင္းကို မသြားေရာက္မီ ဂ်ီတက္ခ်္ ကြန္ျမဴနတီကြင္းမွာလည္း ေနာက္ထပ္တစ္ႀကိမ္ ေအာင္ပြဲခံခ်င္ေနမွာ ျဖစ္ပါတယ္။
ႏွစ္ဖက္အသင္း သတင္းမ်ား
အိမ္ရွင္ေတြဟာ ၿပီးခဲ့တဲ့ရက္သတၱပတ္ေတြအတြင္း ဒဏ္ရာျပႆနာအမ်ားအျပားနဲ႔ ရင္ဆိုင္ခဲ့ရၿပီး ေနာက္ခံေတာင္ပံလူ ရီကို ဟင္နရီက ယခုရာသီကုန္အထိ လြဲေခ်ာ္ဖြယ္ရွိသလို ကီဗင္ ရွိတ္ဒ္ကလည္း အခ်ိန္အတိုင္းအတာတစ္ခုအထိ အနားယူရမွာျဖစ္ပါတယ္။ ေသာမတ္စ္ ဖရန႔္ခ္ဟာ အိုင္ဗန္ တိုနီ မပါဝင္ဘဲ ကစားသြားရဦးမွာျဖစ္ၿပီး ရွန္ဒန္ ဘက္ပ္တစၥ၊ ဘန္ မီး၊ မစ္ကယ္ ဒမ္းစ္ဂြါဒ္၊ ေဂ်ာ့ဂ်္ ဒါေဆးလ္ဗားတို႔လည္း ဗုဒၶဟူးေန႔ပြဲမွာ ပါဝင္ကစားေပးႏိုင္မွာမဟုတ္ပါဘူး။
အာဆင္နယ္ဘက္မွာေတာ့ ဒီကလန္ ႐ိုက္ဟာ တနဂၤေႏြေန႔ ဒါဘီပြဲစဥ္ ပထမပိုင္းမွာ ရရွိခဲ့တဲ့ ေက်ာဒဏ္ရာေၾကာင့္ ဗုဒၶဟူးေန႔ပြဲကို လြဲေခ်ာ္မွာျဖစ္ၿပီး မာတီနယ္လီနဲ႔ ထေရာ့ဆာ့ဒ္တို႔လည္း လြဲေခ်ာ္မွာျဖစ္ပါတယ္။ ေသာမတ္စ္ ပါေတးနဲ႔ တင္းဘားတို႔လည္း ဆက္လက္ လြဲေခ်ာ္ဦးမွာျဖစ္ၿပီး ဆာကာကို အာတီတာက အနားေပးၿပီး ပုံမွန္ပြဲထြက္ခြင့္မရတဲ့ ပထမအသင္းကစားသမား သို႔မဟုတ္ အကယ္ဒမီၾကယ္ပြင့္ေတြကို ပြဲထြက္ခြင့္ေပးသြားဖြယ္ရွိပါတယ္။
ျဖစ္ႏိုင္ဖြယ္ ပြဲထြက္လူစာရင္း
ဘရန႔္တ္ဖို႔ဒ္-စထရာကိုရွာ၊ ႐ိုရာဆလက္ဗ္၊ ေဂ်ာ္ဂ်န္ဆန္၊ ေအဂ်ာ၊ ဟစ္ကီ၊ အြန္ယယ္ကာ၊ ဂ်ာနတ္၊ ဂိုေဒါ့စ္၊ လူးဝစၥ-ေပါ့တား၊ မူေပး၊ ဝစ္ဆာ။
အာဆင္နယ္-ရမ္းစ္ေဒးလ္၊ ဆီးဒရစ္၊ ဂါဘရီယဲလ္၊ ခီဗီေယာ၊ တိုမီယဆု၊ ေဂ်ာ္ဂ်င္ညိဳ၊ ဗီယာရာ၊ ဟာဗတ္ဇ္၊ နယ္လ္ဆင္၊ ေဂ်းဇု၊ စမစ္ ႐ိုး။
ပြဲႀကိဳသုံးသပ္ခ်က္
အာဆင္နယ္ရဲ႕ ပုံမွန္ပြဲထြက္ခြင့္မရတဲ့ကစားသမားေတြဟာ ၿပီးခဲ့တဲ့အေခါက္ေတြတုန္းက ေတာက္ပဖို႔ အခြင့္အေရးေပးခ်ိန္မွာ ႐ုန္းကန္ခဲ့ရၿပီး ဗုဒၶဟူးေန႔မွာ ေလ့က်င့္သားဝေနၿပီး ခံစစ္မာေက်ာတဲ့ ဘရန႔္တ္ဖို႔ဒ္နဲ႔ပြဲမွာ အခက္အခဲေတြကို ေက်ာ္ျဖတ္ႏိုင္မယ္လို႔ ေမွ်ာ္မွန္းရပါတယ္။ ဒီပြဲဟာ ဂိုးသိပ္မ်ားမယ့္ ပြဲစဥ္မျဖစ္ႏိုင္ဘဲ က်ဥ္းေျမာင္းတဲ့ရလဒ္နဲ႔သာ အႏိုင္အရႈံးကို ဆုံးျဖတ္သြားမယ့္ ပြဲျဖစ္ၿပီး ဘရန႔္တ္ဖို႔ဒ္ဟာ ပထမအသင္းကစားသမားအမ်ားအျပား မပါဝင္ဘဲ ကစားသြားရမွာျဖစ္တာေၾကာင့္ ဧည့္သည္ ဂန္းနားေတြကပဲ တိုက္စစ္မွာ အဆုံးအျဖတ္ေပးႏိုင္တဲ့ အခိုက္အတန႔္ေတြကို ပိုင္ဆိုင္ႏိုင္ၿပီး အႏိုင္ရရွိသြားမွာ ျဖစ္ပါတယ္။
AM ခန႔္မွန္းပြဲၿပီးရလဒ္(ဘရန႔္တ္ဖို႔ဒ္ ၀-၁ အာဆင္နယ္)
Arsenal Myanmar
Ref: Internet
- Posted In:
- Pre Match Talks
- Team News