ဆီဗီလာကို အိမ်ကွင်းမှာ ထပ်အနိုင်ယူပြီး အုပ်စုကို ထိန်းချုပ်သွားမယ့် ဂန်းနားများ
ဂန်းနားတွေဟာ ယနေ့ည ဆီဗီလာနဲ့ ကစားမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ နိုင်ပွဲနဲ့အတူ အုပ်စု ဘီကို အပြည့်အဝ ထိန်းချုပ်ခွင့် ရယူသွားမှာဖြစ်ပြီး ပြီးခဲ့တဲ့ ၂ ပွဲစလုံးက အဝေးကွင်းပွဲစဉ်ဖြစ်ခဲ့တာကြောင့် ဗုဒ္ဓဟူးနေ့ညဟာ အမ်းမရိတ်စ်မှာ ထူးခြားတဲ့ ဥရောပညတစ်ညဖြစ်လာဦးမှာဖြစ်ပါတယ်။
အာဆင်နယ်ဟာ ပီအက်စ်ဗွီကို ၄-၀ နိုင်ပွဲနဲ့ အုပ်စုကို စဖွင့်ခဲ့ပြီး ဆီဗီလာကို ပွဲစဥ် ၃ မှာ ၂-၁ နဲ့အဝေးကွင်းနိုင်ပွဲရယူနိုင်ခဲ့ပြီးနောက် အုပ်စုပထမနေရာကို ပြန်လည်တက်လှမ်းနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂန်းနားတွေဟာ ၃ ပွဲကစားပြီးချိန်မှာ ရမှတ် ၆ မှတ်နဲ့ တတိယနေရာက ဆီဗီလာထက် ၄ မှတ်အသာနဲ့ ဦးဆောင်နေပြီး အမ်းမရိတ်စ်မှာ နောက်ထပ် ဥရောပနိုင်ပွဲတစ်ပွဲကို မြင်တွေ့ရဦးမှာပါ။
နှစ်ဖက်အသင်း သတင်းများ
အာဆင်နယ်ဘက်မှာ သောမတ်စ် ပါတေး၊ ဂျေးဇု၊ စမစ် ရိုး၊ တင်းဘားတို့ ဆက်လက်လွဲချော်မှာဖြစ်ပြီး ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့တဲ့ ကာရာဘောင်းဖလားပွဲစဉ်မှာ နှစ်သိမ့်ဂိုးသွင်းယူပေးခဲ့တဲ့ အိုဒီဂတ် ပြန်ပါလာနိုင်ဖွယ်မရှိသေးတာကြောင့် ဗီယာရာပဲ ကွင်းလယ်မှာ ပွဲထွက်လာနိုင်ပါတယ်။ ဇင်ချန်ကိုလည်း ပွဲထွက်လူစာရင်းထဲ ပြန်ပါလာနိုင်ပြီး ဘန် ဝှိုက်ကတော့ ပွဲထွက်လူစာရင်းကနေ ချန်လှပ်ခံရဖွယ်ရှိပါတယ်။
ဆီဗီလာဘက်မှာ ဆာဂျီယို ရာမို့စ်၊ မာကာအို၊ ပါစတာတို့ ပါဝင်ကစားပေးနိုင်မှာမဟုတ်ပါဘူး။
ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း
အာဆင်နယ်-ရာယာ၊ တိုမိယဆု၊ ဆာလီဘာ၊ ဂါဘရီယဲလ်၊ ဇင်ချန်ကို၊ ဗီယာရာ၊ ဟာဗတ်ဇ်၊ ရိုက်၊ ဆာကာ၊ ထရော့ဆာ့ဒ်၊ မာတီနယ်လီ။
ဆီဗီလာ-နိုင်လန်း၊ နားဗက်စ်၊ ဂူဒယ်၊ ဘာဒီ၊ အကူနာ၊ ရာကီတစ်၊ ဆူမာရေး၊ ဆော၊ လူကီဘာကီယို၊ အန်-နက်ဆီရီ၊ အိုကမ်းပို့စ်။
ထိပ်တိုက်တွေ့ဆုံမှုနဲ့ နောက်ဆုံးပွဲရလဒ်များ
ဒီနှစ်သင်းကြား ၃ ကြိမ်တွေ့ဆုံခဲ့ရာမှာ အာဆင်နယ်က ၂ ကြိမ်နိုင် ဆီဗီလာက ၁ ကြိမ်အနိုင်ရခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ အာဆင်နယ်က ၂ ပွဲနိုင် ၁ပွဲသရေ ၂ ပွဲရှုံးခဲ့ပြီး ဆီဗီလာက ၁ ပွဲနိုင် ၃ ပွဲသရေ ၁ ပွဲရှုံးခဲ့ပါတယ်။
ပွဲကြိုသုံးသပ်ချက်
စနေနေ့က တရားမျှတမှုကင်းမဲ့တဲ့ ရှုံးပွဲကြောင့် အာတီတာရဲ့အသင်းဟာ ကြိတ်မနိုင်ခဲမရဖြစ်ခဲ့ရပြီး နောက်ဆုံးကစားခဲ့တဲ့ ၂ ပွဲစလုံးမှာ တိုက်စစ်ပိုင်းက ဂိုးသွင်းယူနိုင်ဖို့ ရုန်းကန်ခဲ့ရတာတော့ အမှန်ပဲဖြစ်ပါတယ်။ လွန်ခဲ့တဲ့ ၂ ပတ်က ဆီးဗီးမှာ ကစားခဲ့တဲ့ပွဲစဥ်တုန်းက စွမ်းဆောင်ရည်က အရမ်းလွှမ်းမိုးနိုင်ခဲ့တာမျိုးမရှိခဲ့ပေမယ့် ဂျေးဇုရဲ့မှော်ဆန်တဲ့ အခိုက်အတန့် ၂ ခုကနေ ကြီးမားတဲ့နိုင်ပွဲရရှိစေခဲ့တာဖြစ်ပါတယ်။ အမ်းမရိတ်စ်က ပရိသတ်အုပ်ကြီးက ဗုဒ္ဓဟူးနေ့ညပွဲစဉ်မှာ အရေးကြီးတဲ့အခန်းကဏ္ဍကနေ ပါဝင်မှာဖြစ်ပြီး ဆီဗီလာက ဂန်းနားတွေကို ပထမအကျော့အိမ်ကွင်းက ရှုံးနိမ့်မှုအတွက် လက်စားချေချင်နေမှာဖြစ်ပါတယ်။ အိမ်ရှင်တွေရဲ့ ခံစစ်ပိုင်း တည်ငြိမ်မှုက ရာသီအစောပိုင်း အောင်မြင်မှုတွေမှာ အဓိကကျခဲ့ပြီး ဒီအရာကပဲ ဒီနေ့ညပွဲစဉ်မှာ အရေးကြီးတဲ့နိုင်ပွဲကို ရရှိစေမှာဖြစ်ပါတယ်။
AM ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၂-၀ ဆီဗီလာ)
Arsenal Myanmar
Ref: Internet
ZAWGYI: ဂန္းနားေတြဟာ ယေန႔ည ဆီဗီလာနဲ႔ ကစားမယ့္ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ႏိုင္ပြဲနဲ႔အတူ အုပ္စု ဘီကို အျပည့္အဝ ထိန္းခ်ဳပ္ခြင့္ ရယူသြားမွာျဖစ္ၿပီး ၿပီးခဲ့တဲ့ ၂ ပြဲစလုံးက အေဝးကြင္းပြဲစဥ္ျဖစ္ခဲ့တာေၾကာင့္ ဗုဒၶဟူးေန႔ညဟာ အမ္းမရိတ္စ္မွာ ထူးျခားတဲ့ ဥေရာပညတစ္ညျဖစ္လာဦးမွာျဖစ္ပါတယ္။
အာဆင္နယ္ဟာ ပီအက္စ္ဗြီကို ၄-၀ ႏိုင္ပြဲနဲ႔ အုပ္စုကို စဖြင့္ခဲ့ၿပီး ဆီဗီလာကို ပြဲစဥ္ ၃ မွာ ၂-၁ နဲ႔အေဝးကြင္းႏိုင္ပြဲရယူႏိုင္ခဲ့ၿပီးေနာက္ အုပ္စုပထမေနရာကို ျပန္လည္တက္လွမ္းႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ဂန္းနားေတြဟာ ၃ ပြဲကစားၿပီးခ်ိန္မွာ ရမွတ္ ၆ မွတ္နဲ႔ တတိယေနရာက ဆီဗီလာထက္ ၄ မွတ္အသာနဲ႔ ဦးေဆာင္ေနၿပီး အမ္းမရိတ္စ္မွာ ေနာက္ထပ္ ဥေရာပႏိုင္ပြဲတစ္ပြဲကို ျမင္ေတြ႕ရဦးမွာပါ။
ႏွစ္ဖက္အသင္း သတင္းမ်ား
အာဆင္နယ္ဘက္မွာ ေသာမတ္စ္ ပါေတး၊ ေဂ်းဇု၊ စမစ္ ႐ိုး၊ တင္းဘားတို႔ ဆက္လက္လြဲေခ်ာ္မွာျဖစ္ၿပီး ဝက္စ္ဟမ္းကို ရႈံးနိမ့္ခဲ့တဲ့ ကာရာေဘာင္းဖလားပြဲစဥ္မွာ ႏွစ္သိမ့္ဂိုးသြင္းယူေပးခဲ့တဲ့ အိုဒီဂတ္ ျပန္ပါလာႏိုင္ဖြယ္မရွိေသးတာေၾကာင့္ ဗီယာရာပဲ ကြင္းလယ္မွာ ပြဲထြက္လာႏိုင္ပါတယ္။ ဇင္ခ်န္ကိုလည္း ပြဲထြက္လူစာရင္းထဲ ျပန္ပါလာႏိုင္ၿပီး ဘန္ ဝႈိက္ကေတာ့ ပြဲထြက္လူစာရင္းကေန ခ်န္လွပ္ခံရဖြယ္ရွိပါတယ္။
ဆီဗီလာဘက္မွာ ဆာဂ်ီယို ရာမို႔စ္၊ မာကာအို၊ ပါစတာတို႔ ပါဝင္ကစားေပးႏိုင္မွာမဟုတ္ပါဘူး။
ျဖစ္ႏိုင္ဖြယ္ ပြဲထြက္လူစာရင္း
အာဆင္နယ္-ရာယာ၊ တိုမိယဆု၊ ဆာလီဘာ၊ ဂါဘရီယဲလ္၊ ဇင္ခ်န္ကို၊ ဗီယာရာ၊ ဟာဗတ္ဇ္၊ ႐ိုက္၊ ဆာကာ၊ ထေရာ့ဆာ့ဒ္၊ မာတီနယ္လီ။
ဆီဗီလာ-ႏိုင္လန္း၊ နားဗက္စ္၊ ဂူဒယ္၊ ဘာဒီ၊ အကူနာ၊ ရာကီတစ္၊ ဆူမာေရး၊ ေဆာ၊ လူကီဘာကီယို၊ အန္-နက္ဆီရီ၊ အိုကမ္းပို႔စ္။
ထိပ္တိုက္ေတြ႕ဆုံမႈနဲ႔ ေနာက္ဆုံးပြဲရလဒ္မ်ား
ဒီႏွစ္သင္းၾကား ၃ ႀကိမ္ေတြ႕ဆုံခဲ့ရာမွာ အာဆင္နယ္က ၂ ႀကိမ္ႏိုင္ ဆီဗီလာက ၁ ႀကိမ္အႏိုင္ရခဲ့ပါတယ္။ ေနာက္ဆုံးကစားခဲ့တဲ့ ၅ ပြဲမွာ အာဆင္နယ္က ၂ ပြဲႏိုင္ ၁ပြဲသေရ ၂ ပြဲရႈံးခဲ့ၿပီး ဆီဗီလာက ၁ ပြဲႏိုင္ ၃ ပြဲသေရ ၁ ပြဲရႈံးခဲ့ပါတယ္။
ပြဲႀကိဳသုံးသပ္ခ်က္
စေနေန႔က တရားမွ်တမႈကင္းမဲ့တဲ့ ရႈံးပြဲေၾကာင့္ အာတီတာရဲ႕အသင္းဟာ ႀကိတ္မႏိုင္ခဲမရျဖစ္ခဲ့ရၿပီး ေနာက္ဆုံးကစားခဲ့တဲ့ ၂ ပြဲစလုံးမွာ တိုက္စစ္ပိုင္းက ဂိုးသြင္းယူႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရတာေတာ့ အမွန္ပဲျဖစ္ပါတယ္။ လြန္ခဲ့တဲ့ ၂ ပတ္က ဆီးဗီးမွာ ကစားခဲ့တဲ့ပြဲစဥ္တုန္းက စြမ္းေဆာင္ရည္က အရမ္းလႊမ္းမိုးႏိုင္ခဲ့တာမ်ိဳးမရွိခဲ့ေပမယ့္ ေဂ်းဇုရဲ႕ေမွာ္ဆန္တဲ့ အခိုက္အတန႔္ ၂ ခုကေန ႀကီးမားတဲ့ႏိုင္ပြဲရရွိေစခဲ့တာျဖစ္ပါတယ္။ အမ္းမရိတ္စ္က ပရိသတ္အုပ္ႀကီးက ဗုဒၶဟူးေန႔ညပြဲစဥ္မွာ အေရးႀကီးတဲ့အခန္းက႑ကေန ပါဝင္မွာျဖစ္ၿပီး ဆီဗီလာက ဂန္းနားေတြကို ပထမအေက်ာ့အိမ္ကြင္းက ရႈံးနိမ့္မႈအတြက္ လက္စားေခ်ခ်င္ေနမွာျဖစ္ပါတယ္။ အိမ္ရွင္ေတြရဲ႕ ခံစစ္ပိုင္း တည္ၿငိမ္မႈက ရာသီအေစာပိုင္း ေအာင္ျမင္မႈေတြမွာ အဓိကက်ခဲ့ၿပီး ဒီအရာကပဲ ဒီေန႔ညပြဲစဥ္မွာ အေရးႀကီးတဲ့ႏိုင္ပြဲကို ရရွိေစမွာျဖစ္ပါတယ္။
AM ခန႔္မွန္းပြဲၿပီးရလဒ္(အာဆင္နယ္ ၂-၀ ဆီဗီလာ)
Arsenal Myanmar
Ref: Internet
- Posted In:
- Pre Match Talks