စိတ်ပျက်ဖွယ်အိမ်ကွင်းရှုံးပွဲကို အဝေးကွင်းနိုင်ပွဲနဲ့ ချေဖျက်ပြမယ့် ဂန်းနားများ
နောက်ဆုံးကစားခဲ့တဲ့ပြိုင်ပွဲစုံ ၅ ပွဲမှာ တစ်ပွဲသာ အနိုင်ရရှိခဲ့တဲ့ အာဆင်နယ်ဟာ နှစ်သစ်ကူးအကြိုနေ့ ခရာဗင်ကော့တေ့ချ်မှာ မဖြစ်မနေ နိုင်ပွဲရယူသွားရမှာဖြစ်ပါတယ်။
ဖူလ်ဟမ်ဟာ နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၃ ပွဲစလုံးမှာ ရှုံးပွဲတွေ့ခဲ့ပြီးနောက် ရမှတ် ၂၁ မှတ်နဲ့ အဆင့် ၁၃ နေရာမှာ ရပ်တည်နေပါတယ်။
အာဆင်နယ်ကတော့ ပြီးခဲ့တဲ့အပတ် လီဗာပူးလ်နဲ့ ၁-၁ သရေကျခဲ့ပြီးနောက် ကြာသပတေးနေ့ည အိမ်ကွင်းမှာ ဝက်စ်ဟမ်းကို အံ့အားသင့်ဖွယ် ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ရမှတ် ၄၀ နဲ့ ဒုတိယနေရာမှာသာ ဆက်လက် ရပ်တည်နေပါတယ်။ ဂန်းနားတွေဟာ အထင်ကြီးဖွယ်စွမ်းဆောင်ရည် ဆက်လက်ပြသခဲ့ပေမယ့်လည်း ရသင့်တဲ့ အမှတ်တွေကို မရယူနိုင်ခဲ့တာဖြစ်ပြီး အထူးသဖြင့် တိုက်စစ်ပိုင်းမှာ ညံ့ဖျင်းနေခဲ့တာကြောင့် ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
ဖူလ်ဟမ်ဘက်မှာ ဝီလီယံ၊ တိုင်ရိစ် ဖရန်ကွာ၊ တင် ရီးမ်၊ ဘန်ဒါ၊ ထရာအိုရေးတို့ လွဲချော်မှာ ဖြစ်ပါတယ်။
အာဆင်နယ်ဘက်မှာတော့ ဒဏ်ရာပြဿနာသတင်း ထူးထူးခြားခြား အပြောင်းအလဲမရှိဘဲ ဇင်ချန်ကိုကတော့ ဝက်စ်ဟမ်း၊ လီဗာပူးလ်တို့နဲ့ ပွဲတွေမှာ ၂ ပွဲဆက်တိုက် ဆိုးရွားတဲ့ စွမ်းဆောင်ရည်ပြသခဲ့တဲ့အတွက် ပွဲထွက်လူစာရင်းမှာ ပါဝင်လာဖွယ်ရှိတော့ပါဘူး။ ပါတေး၊ တိုမိယဆု၊ တင်းဘား၊ ဗီယာရာတို့ကတော့ ဆက်လက် လွဲချော်ဦးမှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း
ဖူလ်ဟမ်-လီနို၊ တီတီ၊ အဒါရာဘီအိုယို၊ ဘက်ဆီ၊ ရော်ဘင်ဆင်၊ ကာနေ၊ ပယ်လ်ဟင်ညာ၊ ရိဒ်၊ ပါရဲရား၊ အီဝိုဘီ၊ မူနစ်ဇ်။
အာဆင်နယ်-ရာယာ၊ ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယဲလ်၊ ခီဗီယော၊ ရိုက်၊ ဟာဗတ်ဇ်၊ အော်ဒီဂွါဒ်၊ ဆာကာ၊ မာတီနယ်လီ၊ ဂျေးဇု။
ထိပ်တိုက်တွေ့ဆုံမှုနဲ့နောက်ဆုံးပွဲရလဒ်များ
ဒီနှစ်သင်းကြား၁၅ ကြိမ်တွေ့ဆုံခဲ့ရာမှာ ဖူလ်ဟမ်က ၁ ကြိမ်နိုင် ၅ ကြိမ်သရေ အာဆင်နယ်က ၉ ကြိမ်အနိုင်ရခဲ့ပါတယ်။ နောက်ဆုံးကစားခဲ့တဲ့ ၅ ပွဲမှာ ဖူလ်ဟမ်က ၂ ပွဲနိုင် ၃ ပွဲရှုံး၊ အာဆင်နယ်က ၂ ပွဲနိုင် ၂ ပွဲသရေ ၁ ပွဲရှုံးခဲ့ပါတယ်။
ပွဲကြိုသုံးသပ်ချက်
ရာအူးလ် ဟီမီနက်ဇ် ပြန်လည်ပါဝင်လာမှုက အိမ်ရှင်တွေအတွက် အထောက်အကူဖြစ်စေမယ်ဆိုတာ သံသယဖြစ်စရာမရှိဘဲ ဝီလီယံလည်း ပြန်ပါလာမှာပါ။ ဖူလ်ဟမ်ဟာ စုဖွဲ့မှုအားကောင်းတဲ့အသင်းဖြစ်ပြီး ခရာဗင် ကော့တေ့ချ်မှာဆိုရင် အသင်းကြီးတွေကို စိတ်ပျက်အောင်လုပ်နိုင်စွမ်းရှိတယ်ဆိုတာကို ပြသခဲ့ပြီးဖြစ်ပါတယ်။ ဖူလ်ဟမ်ဟာ ဩဂုတ်လတုန်းက ကစားခဲ့တဲ့ ပထမအကျော့တုန်းကလည်း မြောက်လန်ဒန်မှာ နောက်ကျ ချေပဂိုးနဲ့ သရေ ၁ မှတ် အရယူသွားခဲ့တာကြောင့် ဂန်းနားတွေအတွက် အန္တရာယ်ရှိတဲ့ပြိုင်ဘက်ဆိုတာတော့ သေချာပါတယ်။ ဒါပေမယ့်လည်း ဂန်းနားတွေဟာ တနင်္ဂနွေနေ့မှာ နောက်ထပ်တစ်ကြိမ် ကစားကွက်အသာစီးရယူပြီး အိမ်ရှင်တွေကို ဖြိုခွင်းဖို့ ကြိုးပမ်းသွားဦးမှာပါ။ ဖူလ်ဟမ်ဘက်မှာ တန်ပြန်တိုက်စစ်ကနေ အထိနာအောင်လုပ်နိုင်တဲ့ တောင်ပံကစားသမားတွေရှိလို့ ခံစစ်အကူးအပြောင်းမှာ ဂန်းနားတို့ စမ်းသပ်ခံရမှာဖြစ်ပြီး အဓိက စိုးရိမ်ရမှာကတော့ တိုက်စစ်ပိုင်းပါ။ ပရီးမီးယားလိဂ်ဖလား ပြိုင်ပွဲကနေ လမ်းမချော်သွားရအောင် မဖြစ်မနေ နိုင်ပွဲလိုအပ်နေတဲ့ ဂန်းနားတွေအနေနဲ့ ဒီတစ်ကြိမ်မှာတော့ ရသင့်ရထိုက်တဲ့ ရမှတ်တွေကို ရယူသွားမယ်လို့ မျှော်လင့်ရပါတယ်။
AM ခန့်မှန်းပွဲပြီးရလဒ်(ဖူလ်ဟမ် ၁-၂ အာဆင်နယ်)
ပေါလ် မာဆန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(ဖူလ်ဟမ် ၀-၂ အာဆင်နယ်)
ခရစ္စ ဆပ်တန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(ဖူလ်ဟမ် ၀-၁ အာဆင်နယ်)
Arsenal Myanmar
Ref: Internet
ZAWGYI: ေနာက္ဆုံးကစားခဲ့တဲ့ၿပိဳင္ပြဲစုံ ၅ ပြဲမွာ တစ္ပြဲသာ အႏိုင္ရရွိခဲ့တဲ့ အာဆင္နယ္ဟာ ႏွစ္သစ္ကူးအႀကိဳေန႔ ခရာဗင္ေကာ့ေတ့ခ်္မွာ မျဖစ္မေန ႏိုင္ပြဲရယူသြားရမွာျဖစ္ပါတယ္။
ဖူလ္ဟမ္ဟာ ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္ ၃ ပြဲစလုံးမွာ ရႈံးပြဲေတြ႕ခဲ့ၿပီးေနာက္ ရမွတ္ ၂၁ မွတ္နဲ႔ အဆင့္ ၁၃ ေနရာမွာ ရပ္တည္ေနပါတယ္။
အာဆင္နယ္ကေတာ့ ၿပီးခဲ့တဲ့အပတ္ လီဗာပူးလ္နဲ႔ ၁-၁ သေရက်ခဲ့ၿပီးေနာက္ ၾကာသပေတးေန႔ည အိမ္ကြင္းမွာ ဝက္စ္ဟမ္းကို အံ့အားသင့္ဖြယ္ ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ရမွတ္ ၄၀ နဲ႔ ဒုတိယေနရာမွာသာ ဆက္လက္ ရပ္တည္ေနပါတယ္။ ဂန္းနားေတြဟာ အထင္ႀကီးဖြယ္စြမ္းေဆာင္ရည္ ဆက္လက္ျပသခဲ့ေပမယ့္လည္း ရသင့္တဲ့ အမွတ္ေတြကို မရယူႏိုင္ခဲ့တာျဖစ္ၿပီး အထူးသျဖင့္ တိုက္စစ္ပိုင္းမွာ ညံ့ဖ်င္းေနခဲ့တာေၾကာင့္ ျဖစ္ပါတယ္။
ႏွစ္ဖက္အသင္း သတင္းမ်ား
ဖူလ္ဟမ္ဘက္မွာ ဝီလီယံ၊ တိုင္ရိစ္ ဖရန္ကြာ၊ တင္ ရီးမ္၊ ဘန္ဒါ၊ ထရာအိုေရးတို႔ လြဲေခ်ာ္မွာ ျဖစ္ပါတယ္။
အာဆင္နယ္ဘက္မွာေတာ့ ဒဏ္ရာျပႆနာသတင္း ထူးထူးျခားျခား အေျပာင္းအလဲမရွိဘဲ ဇင္ခ်န္ကိုကေတာ့ ဝက္စ္ဟမ္း၊ လီဗာပူးလ္တို႔နဲ႔ ပြဲေတြမွာ ၂ ပြဲဆက္တိုက္ ဆိုး႐ြားတဲ့ စြမ္းေဆာင္ရည္ျပသခဲ့တဲ့အတြက္ ပြဲထြက္လူစာရင္းမွာ ပါဝင္လာဖြယ္ရွိေတာ့ပါဘူး။ ပါေတး၊ တိုမိယဆု၊ တင္းဘား၊ ဗီယာရာတို႔ကေတာ့ ဆက္လက္ လြဲေခ်ာ္ဦးမွာ ျဖစ္ပါတယ္။
ျဖစ္ႏိုင္ဖြယ္ ပြဲထြက္လူစာရင္း
ဖူလ္ဟမ္-လီႏို၊ တီတီ၊ အဒါရာဘီအိုယို၊ ဘက္ဆီ၊ ေရာ္ဘင္ဆင္၊ ကာေန၊ ပယ္လ္ဟင္ညာ၊ ရိဒ္၊ ပါရဲရား၊ အီဝိုဘီ၊ မူနစ္ဇ္။
အာဆင္နယ္-ရာယာ၊ ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယဲလ္၊ ခီဗီေယာ၊ ႐ိုက္၊ ဟာဗတ္ဇ္၊ ေအာ္ဒီဂြါဒ္၊ ဆာကာ၊ မာတီနယ္လီ၊ ေဂ်းဇု။
ထိပ္တိုက္ေတြ႕ဆုံမႈနဲ႔ေနာက္ဆုံးပြဲရလဒ္မ်ား
ဒီႏွစ္သင္းၾကား၁၅ ႀကိမ္ေတြ႕ဆုံခဲ့ရာမွာ ဖူလ္ဟမ္က ၁ ႀကိမ္ႏိုင္ ၅ ႀကိမ္သေရ အာဆင္နယ္က ၉ ႀကိမ္အႏိုင္ရခဲ့ပါတယ္။ ေနာက္ဆုံးကစားခဲ့တဲ့ ၅ ပြဲမွာ ဖူလ္ဟမ္က ၂ ပြဲႏိုင္ ၃ ပြဲရႈံး၊ အာဆင္နယ္က ၂ ပြဲႏိုင္ ၂ ပြဲသေရ ၁ ပြဲရႈံးခဲ့ပါတယ္။
ပြဲႀကိဳသုံးသပ္ခ်က္
ရာအူးလ္ ဟီမီနက္ဇ္ ျပန္လည္ပါဝင္လာမႈက အိမ္ရွင္ေတြအတြက္ အေထာက္အကူျဖစ္ေစမယ္ဆိုတာ သံသယျဖစ္စရာမရွိဘဲ ဝီလီယံလည္း ျပန္ပါလာမွာပါ။ ဖူလ္ဟမ္ဟာ စုဖြဲ႕မႈအားေကာင္းတဲ့အသင္းျဖစ္ၿပီး ခရာဗင္ ေကာ့ေတ့ခ်္မွာဆိုရင္ အသင္းႀကီးေတြကို စိတ္ပ်က္ေအာင္လုပ္ႏိုင္စြမ္းရွိတယ္ဆိုတာကို ျပသခဲ့ၿပီးျဖစ္ပါတယ္။ ဖူလ္ဟမ္ဟာ ဩဂုတ္လတုန္းက ကစားခဲ့တဲ့ ပထမအေက်ာ့တုန္းကလည္း ေျမာက္လန္ဒန္မွာ ေနာက္က် ေခ်ပဂိုးနဲ႔ သေရ ၁ မွတ္ အရယူသြားခဲ့တာေၾကာင့္ ဂန္းနားေတြအတြက္ အႏၲရာယ္ရွိတဲ့ၿပိဳင္ဘက္ဆိုတာေတာ့ ေသခ်ာပါတယ္။ ဒါေပမယ့္လည္း ဂန္းနားေတြဟာ တနဂၤေႏြေန႔မွာ ေနာက္ထပ္တစ္ႀကိမ္ ကစားကြက္အသာစီးရယူၿပီး အိမ္ရွင္ေတြကို ၿဖိဳခြင္းဖို႔ ႀကိဳးပမ္းသြားဦးမွာပါ။ ဖူလ္ဟမ္ဘက္မွာ တန္ျပန္တိုက္စစ္ကေန အထိနာေအာင္လုပ္ႏိုင္တဲ့ ေတာင္ပံကစားသမားေတြရွိလို႔ ခံစစ္အကူးအေျပာင္းမွာ ဂန္းနားတို႔ စမ္းသပ္ခံရမွာျဖစ္ၿပီး အဓိက စိုးရိမ္ရမွာကေတာ့ တိုက္စစ္ပိုင္းပါ။ ပရီးမီးယားလိဂ္ဖလား ၿပိဳင္ပြဲကေန လမ္းမေခ်ာ္သြားရေအာင္ မျဖစ္မေန ႏိုင္ပြဲလိုအပ္ေနတဲ့ ဂန္းနားေတြအေနနဲ႔ ဒီတစ္ႀကိမ္မွာေတာ့ ရသင့္ရထိုက္တဲ့ ရမွတ္ေတြကို ရယူသြားမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။
AM ခန႔္မွန္းပြဲၿပီးရလဒ္(ဖူလ္ဟမ္ ၁-၂ အာဆင္နယ္)
ေပါလ္ မာဆန္ရဲ႕ ခန႔္မွန္းပြဲၿပီးရလဒ္(ဖူလ္ဟမ္ ၀-၂ အာဆင္နယ္)
ခရစၥ ဆပ္တန္ရဲ႕ ခန႔္မွန္းပြဲၿပီးရလဒ္(ဖူလ္ဟမ္ ၀-၁ အာဆင္နယ္)
Arsenal Myanmar
Ref: Internet
- Posted In:
- Pre Match Talks
- Team News