စတမ်းဖို့ဒ်ဘရစ်ချ်မှာ လန်ဒန်ဘုရင်ဘွဲ့ကို ဆက်လက် ဘွဲ့ခံဦးမယ့် ဂန်းနားများ
နိုင်ငံတကာပွဲစဉ်အားလပ်ရက် ၂ ပတ်ကြောင့် နားခဲ့ရပြီးနောက် အာတီတာရဲ့အသင်းဟာ စနေနေ့ညနေမှာ လန်ဒန်ဒါဘီပွဲစဉ်အဖြစ် စတမ်းဖို့ဒ် ဘရစ်ချ်ကို ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် သွားရောက်ယှဉ်ပြိုင်သွားမှာ ဖြစ်ပါတယ်။
ဂန်းနားတွေဟာ မန်ချက်စတာစီးတီးကို ၁-၀ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် မြင့်မားတဲ့စိတ်ဓာတ်နဲ့အတူ နိုင်ငံတကာပွဲစဉ်အားလပ်ရက်ကို ဖြတ်သန်းခဲ့တာဖြစ်ပြီး အာတီတာရဲ့လူစာရင်းဟာ လန်ဒန်ကိုလ်နီကွင်းကို ဒဏ်ရာကင်းကင်းနဲ့ ပြန်လာနိုင်ဖို့ အရေးကြီးပါတယ်။
နိုင်ငံတကာပွဲစဉ်အားလပ်ရက်မတိုင်ခင် ကြီးမားတဲ့ အောင်ပွဲကို ပိုင်ဆိုင်ခဲ့ပြီးနောက် ဂန်းနားတွေဟာ ရှုံးပွဲမရှိ ရာသီအစကို ဆက်လက် ထိန်းသိမ်းသွားနိုင်မယ်လို့ မျှော်လင့်နေမှာဖြစ်ပြီး အာတီတာရဲ့အသင်းဟာ ချဲလ်ဆီးနဲ့ ခုနောက်ပိုင်း တွေ့ဆုံမှုတွေမှာ အသာစီးရယူထားနိုင်ခဲ့တာဖြစ်ပါတယ်။
နောက်ဆုံး စတမ်းဖို့ဒ် ဘရစ်ချ်မှာ ကစားခဲ့တဲ့ ၂၀၂၂-၂၀၂၃ ရာသီတုန်းက အပြတ်အသတ် အသာစီး ရယူနိုင်ခဲ့ပေမယ့်လည်း ပိုချက်တီနိုရဲ့အသင်းဟာ စနေနေ့ပွဲစဉ်ကို ၃ ပွဲဆက်နိုင်ပွဲရယူထားတဲ့အသင်းအဖြစ်နဲ့ ယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
ချဲလ်ဆီးဘက်မှာ ရီးစ် ဂျိမ်းစ် ဒဏ်ရာကနေ ပြန်လည်သက်သာလာပြီဖြစ်ပေမယ့်လည်း အရဲစွန့် ပါဝင်ကစားပေးသွားဖွယ်မရှိဘဲ ကိုး ပါလ်မာနဲ့ မာဒရစ်ခ်တို့ကတော့ ဒီပွဲစဉ်မှာ ပါဝင်ကစားပေးဖို့ ကြံ့ခိုင်မှု ပြည့်ဝနေမယ်လို့ မျှော်လင့်ရပါတယ်။ ဘာဒီယာရှီလေနဲ့ ချူကဝူမီကာတို့လည်း ပြန်လည်ပါဝင်လာနိုင်ပေမယ့်လည်း ချေးဝဲလ်၊ ဒီဆာဆီ၊ ဖိုဖာနာ၊ အန်ကွန်ကူ၊ လာဗီယာတို့တော့ ပါဝင်ကစားပေးဖို့ မသေချာပါဘူး။
အာဆင်နယ်ဘက်မှာ ဒဏ်ရာကြောင့် အနားယူနေခဲ့ရတဲ့ ဆာကာ ပြန်လည်ပါဝင်လာနိုင်ပြီး မာတီနယ်လီကလည်း မန်စီးတီးနဲ့ပွဲမှာ အံ့အားသင့်ဖွယ် ပါဝင်ကစားပေးခဲ့ပြီးနောက် ဒီပွဲမှာ ပွဲထွက်ပါဝင်လာနိုင်ပါတယ်။ လီအန်ဒရို ထရော့ဆာ့ဒ်ကတော့ ဒဏ်ရာရရှိနေပြီး သောမတ်စ် ပါတေးကလည်း ကြံ့ခိုင်မှုအပြည့်အဝ ပြန်လည်ရရှိဖို့ လုပ်ဆောင်နေဆဲဖြစ်ပေမယ့် အချိန်မီ ကြံ့ခိုင်မှု ရရှိလာနိုင်တယ်လို့ မျှော်လင့်ရပါတယ်။
ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း
ချဲလ်ဆီး-ဆန်းချက်ဇ်၊ ကိုဝီလ်၊ ဆေးလ်ဗား၊ ဂူစတို၊ ကူကူရယ်လာ၊ ဖာနန်ဒက်ဇ်၊ ကိုင်ဆေဒို၊ ဂယ်လေဂါ၊ စတားလင်း၊ မာဒရစ်ခ်၊ ဂျက်ဆင်။
အာဆင်နယ်-ရာယာ၊ ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယဲလ်၊ ဇင်ချန်ကို၊ ပါတေး၊ ရိုက်၊ အော်ဒီဂွါဒ်၊ ဆာကာ၊ ဂျေးဇု၊ မာတီနယ်လီ။
ပွဲကြိုသုံးသပ်ချက်
ချဲလ်ဆီးဟာ ခြေစွမ်းပိုင်း ကျဆင်းနေခဲ့ပေမယ့်လည်း တစ်ချိန်ကျရင် ပုံစံကောင်း ပြန်လည်ရရှိလာနိုင်တယ်လို့ ယူဆခြင်းခံခဲ့ရပြီး အဲဒီအချိန်က နိုင်ငံတကာပွဲစဉ် အားလပ်ရက်မတိုင်မီမှာ ရောက်ရှိလာခဲ့တာဖြစ်ပါတယ်။ ချဲလ်ဆီးဟာ အနိုင်ယူနိုင်လိမ့်မယ်လို့ မျှော်မှန်းခြင်းခံထားရတဲ့အသင်းတွေကို အနိုင်ယူခဲ့တာဖြစ်ပေမယ့်လည်း မကြာသေးမီက နိုင်ပွဲတွေဟာ ဂန်းနားတွေနဲ့ မရင်ဆိုင်မီမှာ ယုံကြည်ချက်တွေ အများအပြား ရရှိစေမှာဖြစ်ပါတယ်။ အကောင်းဆုံးပုံစံမှာ ရှိမနေခဲ့တာတောင်မှ ရလဒ်ကောင်းတွေ ရယူထားနိုင်ခဲ့တဲ့ ဧည့်သည်တွေအတွက်တော့ ရိုးရှင်းတဲ့ စမ်းသပ်မှုမဟုတ်နိုင်ပါဘူး။ ဒါပေမယ့်လည်း အာတီတာက စနေနေ့မှာ သူ့ရဲ့အား အကောင်းဆုံးဆုံးလို့ ယုံကြည်ရတဲ့ လူစာရင်းကို ပွဲထုတ်သွားမှာဖြစ်ပြီး မယုံနိုင်စရာကောင်းတဲ့ အဝေးကွင်းစွမ်းဆောင်ရည်ကြောင့် ဒီအပတ် စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဘာမှ ကြောင့်ကြစရာမလိုပါဘူး။ စနေနေ့ပွဲစဉ်ဟာ အာဆင်နယ်အတွက် စတမ်းဖို့ဒ် ဘရစ်ချ်မှာ ၄ ပွဲဆက်တိုက် လန်ဒန်ဒါဘီနိုင်ပွဲဖြစ်လာမှာသေချာပြီး ကျဉ်းမြောင်းတဲ့ရလဒ်နဲ့ အနိုင်ရရှိသွားမှာဖြစ်ပါတယ်။
AM ခန့်မှန်းပွဲပြီးရလဒ်(ချဲလ်ဆီး ၁-၂ အာဆင်နယ်)
ခရစ္စ ဆပ်တန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(ချဲလ်ဆီး ၀-၁ အာဆင်နယ်)
Arsenal Myanmar
Ref: Internet
ZAWGYI: ႏိုင္ငံတကာပြဲစဥ္အားလပ္ရက္ ၂ ပတ္ေၾကာင့္ နားခဲ့ရၿပီးေနာက္ အာတီတာရဲ႕အသင္းဟာ စေနေန႔ညေနမွာ လန္ဒန္ဒါဘီပြဲစဥ္အျဖစ္ စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ သြားေရာက္ယွဥ္ၿပိဳင္သြားမွာ ျဖစ္ပါတယ္။
ဂန္းနားေတြဟာ မန္ခ်က္စတာစီးတီးကို ၁-၀ နဲ႔ အႏိုင္ရရွိခဲ့ၿပီးေနာက္ ျမင့္မားတဲ့စိတ္ဓာတ္နဲ႔အတူ ႏိုင္ငံတကာပြဲစဥ္အားလပ္ရက္ကို ျဖတ္သန္းခဲ့တာျဖစ္ၿပီး အာတီတာရဲ႕လူစာရင္းဟာ လန္ဒန္ကိုလ္နီကြင္းကို ဒဏ္ရာကင္းကင္းနဲ႔ ျပန္လာႏိုင္ဖို႔ အေရးႀကီးပါတယ္။
ႏိုင္ငံတကာပြဲစဥ္အားလပ္ရက္မတိုင္ခင္ ႀကီးမားတဲ့ ေအာင္ပြဲကို ပိုင္ဆိုင္ခဲ့ၿပီးေနာက္ ဂန္းနားေတြဟာ ရႈံးပြဲမရွိ ရာသီအစကို ဆက္လက္ ထိန္းသိမ္းသြားႏိုင္မယ္လို႔ ေမွ်ာ္လင့္ေနမွာျဖစ္ၿပီး အာတီတာရဲ႕အသင္းဟာ ခ်ဲလ္ဆီးနဲ႔ ခုေနာက္ပိုင္း ေတြ႕ဆုံမႈေတြမွာ အသာစီးရယူထားႏိုင္ခဲ့တာျဖစ္ပါတယ္။
ေနာက္ဆုံး စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ကစားခဲ့တဲ့ ၂၀၂၂-၂၀၂၃ ရာသီတုန္းက အျပတ္အသတ္ အသာစီး ရယူႏိုင္ခဲ့ေပမယ့္လည္း ပိုခ်က္တီႏိုရဲ႕အသင္းဟာ စေနေန႔ပြဲစဥ္ကို ၃ ပြဲဆက္ႏိုင္ပြဲရယူထားတဲ့အသင္းအျဖစ္နဲ႔ ယွဥ္ၿပိဳင္သြားမွာျဖစ္ပါတယ္။
ႏွစ္ဖက္အသင္း သတင္းမ်ား
ခ်ဲလ္ဆီးဘက္မွာ ရီးစ္ ဂ်ိမ္းစ္ ဒဏ္ရာကေန ျပန္လည္သက္သာလာၿပီျဖစ္ေပမယ့္လည္း အရဲစြန႔္ ပါဝင္ကစားေပးသြားဖြယ္မရွိဘဲ ကိုး ပါလ္မာနဲ႔ မာဒရစ္ခ္တို႔ကေတာ့ ဒီပြဲစဥ္မွာ ပါဝင္ကစားေပးဖို႔ ႀကံ့ခိုင္မႈ ျပည့္ဝေနမယ္လို႔ ေမွ်ာ္လင့္ရပါတယ္။ ဘာဒီယာရွီေလနဲ႔ ခ်ဴကဝူမီကာတို႔လည္း ျပန္လည္ပါဝင္လာႏိုင္ေပမယ့္လည္း ေခ်းဝဲလ္၊ ဒီဆာဆီ၊ ဖိုဖာနာ၊ အန္ကြန္ကူ၊ လာဗီယာတို႔ေတာ့ ပါဝင္ကစားေပးဖို႔ မေသခ်ာပါဘူး။
အာဆင္နယ္ဘက္မွာ ဒဏ္ရာေၾကာင့္ အနားယူေနခဲ့ရတဲ့ ဆာကာ ျပန္လည္ပါဝင္လာႏိုင္ၿပီး မာတီနယ္လီကလည္း မန္စီးတီးနဲ႔ပြဲမွာ အံ့အားသင့္ဖြယ္ ပါဝင္ကစားေပးခဲ့ၿပီးေနာက္ ဒီပြဲမွာ ပြဲထြက္ပါဝင္လာႏိုင္ပါတယ္။ လီအန္ဒ႐ို ထေရာ့ဆာ့ဒ္ကေတာ့ ဒဏ္ရာရရွိေနၿပီး ေသာမတ္စ္ ပါေတးကလည္း ႀကံ့ခိုင္မႈအျပည့္အဝ ျပန္လည္ရရွိဖို႔ လုပ္ေဆာင္ေနဆဲျဖစ္ေပမယ့္ အခ်ိန္မီ ႀကံ့ခိုင္မႈ ရရွိလာႏိုင္တယ္လို႔ ေမွ်ာ္လင့္ရပါတယ္။
ျဖစ္ႏိုင္ဖြယ္ ပြဲထြက္လူစာရင္း
ခ်ဲလ္ဆီး-ဆန္းခ်က္ဇ္၊ ကိုဝီလ္၊ ေဆးလ္ဗား၊ ဂူစတို၊ ကူကူရယ္လာ၊ ဖာနန္ဒက္ဇ္၊ ကိုင္ေဆဒို၊ ဂယ္ေလဂါ၊ စတားလင္း၊ မာဒရစ္ခ္၊ ဂ်က္ဆင္။
အာဆင္နယ္-ရာယာ၊ ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယဲလ္၊ ဇင္ခ်န္ကို၊ ပါေတး၊ ႐ိုက္၊ ေအာ္ဒီဂြါဒ္၊ ဆာကာ၊ ေဂ်းဇု၊ မာတီနယ္လီ။
ပြဲႀကိဳသုံးသပ္ခ်က္
ခ်ဲလ္ဆီးဟာ ေျခစြမ္းပိုင္း က်ဆင္းေနခဲ့ေပမယ့္လည္း တစ္ခ်ိန္က်ရင္ ပုံစံေကာင္း ျပန္လည္ရရွိလာႏိုင္တယ္လို႔ ယူဆျခင္းခံခဲ့ရၿပီး အဲဒီအခ်ိန္က ႏိုင္ငံတကာပြဲစဥ္ အားလပ္ရက္မတိုင္မီမွာ ေရာက္ရွိလာခဲ့တာျဖစ္ပါတယ္။ ခ်ဲလ္ဆီးဟာ အႏိုင္ယူႏိုင္လိမ့္မယ္လို႔ ေမွ်ာ္မွန္းျခင္းခံထားရတဲ့အသင္းေတြကို အႏိုင္ယူခဲ့တာျဖစ္ေပမယ့္လည္း မၾကာေသးမီက ႏိုင္ပြဲေတြဟာ ဂန္းနားေတြနဲ႔ မရင္ဆိုင္မီမွာ ယုံၾကည္ခ်က္ေတြ အမ်ားအျပား ရရွိေစမွာျဖစ္ပါတယ္။ အေကာင္းဆုံးပုံစံမွာ ရွိမေနခဲ့တာေတာင္မွ ရလဒ္ေကာင္းေတြ ရယူထားႏိုင္ခဲ့တဲ့ ဧည့္သည္ေတြအတြက္ေတာ့ ႐ိုးရွင္းတဲ့ စမ္းသပ္မႈမဟုတ္ႏိုင္ပါဘူး။ ဒါေပမယ့္လည္း အာတီတာက စေနေန႔မွာ သူ႔ရဲ႕အား အေကာင္းဆုံးဆုံးလို႔ ယုံၾကည္ရတဲ့ လူစာရင္းကို ပြဲထုတ္သြားမွာျဖစ္ၿပီး မယုံႏိုင္စရာေကာင္းတဲ့ အေဝးကြင္းစြမ္းေဆာင္ရည္ေၾကာင့္ ဒီအပတ္ စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ဘာမွ ေၾကာင့္ၾကစရာမလိုပါဘူး။ စေနေန႔ပြဲစဥ္ဟာ အာဆင္နယ္အတြက္ စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ၄ ပြဲဆက္တိုက္ လန္ဒန္ဒါဘီႏိုင္ပြဲျဖစ္လာမွာေသခ်ာၿပီး က်ဥ္းေျမာင္းတဲ့ရလဒ္နဲ႔ အႏိုင္ရရွိသြားမွာျဖစ္ပါတယ္။
AM ခန႔္မွန္းပြဲၿပီးရလဒ္(ခ်ဲလ္ဆီး ၁-၂ အာဆင္နယ္)
ခရစၥ ဆပ္တန္ရဲ႕ ခန႔္မွန္းပြဲၿပီးရလဒ္(ခ်ဲလ္ဆီး ၀-၁ အာဆင္နယ္)
Arsenal Myanmar
Ref: Internet
- Posted In:
- Pre Match Talks