ဂွါဒီယိုလာရဲ့စီးတီးကို ဒုတိယမြောက်နိုင်ပွဲရယူဖို့ အဓိကလက်နက်ကြီးတွေ ပျောက်ဆုံးနေတဲ့ ဂန်းနားများ
အာဆင်နယ်ဟာ ၂၀၂၃-၂၀၂၄ ရာသီကို ကွန်မြူနတီဒိုင်းလုပွဲမှာ မန်စီးတီးကို အနိုင်ယူပြီး စတင်နိုင်ခဲ့တာဖြစ်ပြီး ဂန်းနားတွေဟာ ဂွါဒီယိုလာရဲ့အသင်းနဲ့ တွေ့ဆုံရမယ့်ပွဲမတိုင်ခင် ပရီးမီးယားလိဂ်မှာ ရှုုံးပွဲမရှိသေးတဲ့အသင်းအဖြစ် ရပ်တည်နေတာဖြစ်ပါတယ်။
ဂန်းနားတွေဟာ ပြီးခဲ့တဲ့ရာသီက အမှတ်ပေးဇယားထိပ်ဆုံးမှာ အချိန်အများစုကို ဦးဆောင်နိုင်ခဲ့တာကြောင့် ဆုဖလားအားလုံးကို စိန်ခေါ်နိုင်တဲ့ ဂွါဒီယိုလာရဲ့အသင်းကို ကြောက်ရွံ့စေခဲ့တာဖြစ်ပေမယ့်လည်း ရာသီနှောင်းပိုင်း ခြေချော်မှုကြောင့် မန်စီးတီးကို ၃ နှစ်ဆက် ဖလားပေးလိုက်ရတာဖြစ်ပါတယ်။
အာဆင်နယ်ဟာ ဒီရာသီမှာတော့ မန်စီးတီးကို ကျော်ဖြတ်နိုင်ဖို့ ရည်မှန်းထားပေမယ့်လည်း ဂွါဒီယိုလာရဲ့အသင်းက ရာသီအစကတည်းက ၎င်းတို့ဟာ ပရီးမီးယားလိဂ်ရဲ့ စူပါပါဝါအသင်းကြီးအဖြစ် ရှိနေဆဲဆိုတာ ပြသထားပြီး ပြီးခဲ့တဲ့အပတ်ကတော့ ဝုလ်ဗ်စ်ကို အံ့အားသင့်ဖွယ် ရှုံးနိမ့်ခဲ့တာဖြစ်ပါတယ်။
ဂန်းနားတွေကလည်း ပြီးခဲ့တဲ့ အင်္ဂါနေ့ညက လွန်းစ်နဲ့ ကစားခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့တာဖြစ်ပြီး တနင်္ဂနွေနေ့မှာတော့ နိုင်ပွဲပြန်လည်ရယူသွားဖို့ ရည်မှန်းထားမှာ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
အာဆင်နယ်ဘက်မှာ ဘူကာယို ဆာကာ ပြန်ကစားပေးဖို့ ကြံ့ခိုင်မှု ပြည့်ဝလာမလားဆိုတာ မရှင်းလင်းသေးပေမယ့် ဆောက်ဂိတ်က အင်္ဂလန်ရဲ့ လာမယ့်ပွဲစဉ်တွေအတွက် လူစာရင်းထဲကို ခေါ်ယူခဲ့ပြီး ကစားသမားကို ဂန်းနားတွေက အကဲဖြတ်နေဆဲဖြစ်တယ်လို့ အတည်ပြုခဲ့ပါတယ်။ မာတီနယ်လီလည်း လွဲချော်မှာဖြစ်တာကြောင့် ဆာကာပါ ထပ်မံလွဲချော်မယ်ဆိုရင်တော့ အာဆင်နယ်အတွက် ကြီးမားတဲ့ ထိုးနှက်ချက်ကြီးဖြစ်လာမှာဖြစ်ပြီး ကံကောင်းတာက သောမတ်စ် ပါတေး ပြန်လည်ပါဝင်လာနိုင်မှာဖြစ်သလို ပြီးခဲ့တဲ့ ဥရောပပွဲမှာ အမှားကျူးလွန်ခဲ့တဲ့ ရာယာနေရာမှာ ရမ်းစ်ဒေးလ် ပြန်လည်ပါဝင်လာမှာ ဖြစ်ပါတယ်။
ဂွါဒီယိုလာဟာ လိုက်ပ်ဇစ်ကို အနိုင်ရခဲ့တဲ့ ချန်ပီယံလိဂ်ပွဲစဉ် ပွဲနေ့လူစာရင်းထဲကို ဂျွန် စတုန်းစ်နဲ့ ဘာနာဒို ဆေးလ်ဗားတို့ကို ပြန်လည်ကြိုဆိုခဲ့ပြီး စတုန်းစ်အတွက် ဒီလို အဆင့်အတန်းမြင့်မားတဲ့ပွဲစဉ်မှာ ပွဲထွက်ကစားဖို့အတွက် စောလွန်းသေးပေမယ့်လည်း ဘာနာဒိုဆေးလ်ဗားကတော့ ပါဝင်လာမှာဖြစ်ပါတယ်။ ဧည့်သည်တွေဟာ ရိုဒရီကို ပွဲပယ်ပြစ်ဒဏ်ကြောင့် ဆုံးရှုံးထားရပြီး အာဆင်နယ်နဲ့ အရင်က တွေ့ဆုံမှုတွေမှာ အောင်မြင်မှုအများအပြားရခဲ့တဲ့ ဒီဘရိုင်းနားကလည်း ကာလရှည် အနားယူနေရတာဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း
အာဆင်နယ်-ရမ်းစ်ဒေးလ်၊ ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယဲလ်၊ ဇင်ချန်ကို၊ ပါတေး၊ ရိုက်၊ အော်ဒီဂွါဒ်၊ ဂျေးဇု၊ အန်ကီးတီးယား၊ ထရော့ဆာ့ဒ်။
မန်စီးတီး-အီဒါဆန်၊ ဝေါ်ကာ၊ ဒီယက်စ်၊ ဂဗာဒီယောလ်၊ အကန်းဂျိ၊ ဖိလစ်ပ်စ်၊ ကိုဗာချစ်၊ အယ်လ်ဗာရက်ဇ်၊ ဘာနာဒို ဆေးလ်ဗား၊ ဟာလန်း၊ ဒိုကု။
ပွဲကြို သုံးသပ်ချက်
ဒီနည်းပြနှစ်ယောက် တွေ့ဆုံတဲ့အခါတိုင်း နည်းဗျူဟာပိုင်း ထိပ်တိုက်တွေ့ဆုံမှုတွေ အမြဲတမ်း ရှိခဲ့ပေမယ့် ဂွါဒီယိုလာက တပည့်ဖြစ်သူထက် အမြဲတမ်း ပိုမိုသာလွန်ခဲ့တာဖြစ်ပြီး အာတီတာက မန်စီးတီးကို ပရီးမီးယားလိဂ်မှာ တစ်ခါမှ အနိုင်မရဖူးသေးတာဖြစ်ပါတယ်။ ဧည့်သည်တွေဟာ ကွင်းလယ်မှာ ပြဿနာတွေ ရှိနေပေမယ့်လည်း ဆာကာနဲ့ မာတီနယ်လီတို့ မပါဝင်နိုင်မှုကြောင့် မန်စီးတီးက အသာစီး အခိုင်အမာ ရရှိမှာဖြစ်ပါတယ်။ အာဆင်နယ်ရဲ့ တိုက်စစ်ဟန်ချက်ကလည်း လွန်းစ်နဲ့ပွဲ ဒုတိယပိုင်းမှာ လုံးဝပျက်သွားပြီး တနင်္ဂနွေနေ့မှာ ပိုမို အင်အားကြီးမားတဲ့ ပြိုင်ဘက်နဲ့ ရင်ဆိုင်ကစားရမှာ အလားတူ ခံစားရနိုင်ပါတယ်။ အားလုံးခြုံပြောရရင် လက္ခဏာတွေ အားလုံးက မန်စီးတီးအနေနဲ့ အဝေးကွင်းနိုင်ပွဲရရှိမယ်လို့ ညွှန်ပြနေပေမယ့်လည်း ဂန်းနားတွေကလည်း နောက်ဆုံးအချိန်အထိ ပြန်လည်တုံ့ပြန်သွားမှာ ဖြစ်ပါတယ်။
AM ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၁-၁ မန်စီးတီး)
ပေါလ်မာဆန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၁-၁ မန်စီးတီး)
ခရစ္စ ဆပ်တန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(အာဆင်နယ် ၁-၂ မန်စီးတီး)
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ဟာ ၂၀၂၃-၂၀၂၄ ရာသီကို ကြန္ျမဴနတီဒိုင္းလုပြဲမွာ မန္စီးတီးကို အႏိုင္ယူၿပီး စတင္ႏိုင္ခဲ့တာျဖစ္ၿပီး ဂန္းနားေတြဟာ ဂြါဒီယိုလာရဲ႕အသင္းနဲ႔ ေတြ႕ဆုံရမယ့္ပြဲမတိုင္ခင္ ပရီးမီးယားလိဂ္မွာ ရႈုံးပြဲမရွိေသးတဲ့အသင္းအျဖစ္ ရပ္တည္ေနတာျဖစ္ပါတယ္။
ဂန္းနားေတြဟာ ၿပီးခဲ့တဲ့ရာသီက အမွတ္ေပးဇယားထိပ္ဆုံးမွာ အခ်ိန္အမ်ားစုကို ဦးေဆာင္ႏိုင္ခဲ့တာေၾကာင့္ ဆုဖလားအားလုံးကို စိန္ေခၚႏိုင္တဲ့ ဂြါဒီယိုလာရဲ႕အသင္းကို ေၾကာက္႐ြံ႕ေစခဲ့တာျဖစ္ေပမယ့္လည္း ရာသီေႏွာင္းပိုင္း ေျခေခ်ာ္မႈေၾကာင့္ မန္စီးတီးကို ၃ ႏွစ္ဆက္ ဖလားေပးလိုက္ရတာျဖစ္ပါတယ္။
အာဆင္နယ္ဟာ ဒီရာသီမွာေတာ့ မန္စီးတီးကို ေက်ာ္ျဖတ္ႏိုင္ဖို႔ ရည္မွန္းထားေပမယ့္လည္း ဂြါဒီယိုလာရဲ႕အသင္းက ရာသီအစကတည္းက ၎တို႔ဟာ ပရီးမီးယားလိဂ္ရဲ႕ စူပါပါဝါအသင္းႀကီးအျဖစ္ ရွိေနဆဲဆိုတာ ျပသထားၿပီး ၿပီးခဲ့တဲ့အပတ္ကေတာ့ ဝုလ္ဗ္စ္ကို အံ့အားသင့္ဖြယ္ ရႈံးနိမ့္ခဲ့တာျဖစ္ပါတယ္။
ဂန္းနားေတြကလည္း ၿပီးခဲ့တဲ့ အဂၤါေန႔ညက လြန္းစ္နဲ႔ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္မွာ ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့တာျဖစ္ၿပီး တနဂၤေႏြေန႔မွာေတာ့ ႏိုင္ပြဲျပန္လည္ရယူသြားဖို႔ ရည္မွန္းထားမွာ ျဖစ္ပါတယ္။
ႏွစ္ဖက္အသင္း သတင္းမ်ား
အာဆင္နယ္ဘက္မွာ ဘူကာယို ဆာကာ ျပန္ကစားေပးဖို႔ ႀကံ့ခိုင္မႈ ျပည့္ဝလာမလားဆိုတာ မရွင္းလင္းေသးေပမယ့္ ေဆာက္ဂိတ္က အဂၤလန္ရဲ႕ လာမယ့္ပြဲစဥ္ေတြအတြက္ လူစာရင္းထဲကို ေခၚယူခဲ့ၿပီး ကစားသမားကို ဂန္းနားေတြက အကဲျဖတ္ေနဆဲျဖစ္တယ္လို႔ အတည္ျပဳခဲ့ပါတယ္။ မာတီနယ္လီလည္း လြဲေခ်ာ္မွာျဖစ္တာေၾကာင့္ ဆာကာပါ ထပ္မံလြဲေခ်ာ္မယ္ဆိုရင္ေတာ့ အာဆင္နယ္အတြက္ ႀကီးမားတဲ့ ထိုးႏွက္ခ်က္ႀကီးျဖစ္လာမွာျဖစ္ၿပီး ကံေကာင္းတာက ေသာမတ္စ္ ပါေတး ျပန္လည္ပါဝင္လာႏိုင္မွာျဖစ္သလို ၿပီးခဲ့တဲ့ ဥေရာပပြဲမွာ အမွားက်ဴးလြန္ခဲ့တဲ့ ရာယာေနရာမွာ ရမ္းစ္ေဒးလ္ ျပန္လည္ပါဝင္လာမွာ ျဖစ္ပါတယ္။
ဂြါဒီယိုလာဟာ လိုက္ပ္ဇစ္ကို အႏိုင္ရခဲ့တဲ့ ခ်န္ပီယံလိဂ္ပြဲစဥ္ ပြဲေန႔လူစာရင္းထဲကို ဂြၽန္ စတုန္းစ္နဲ႔ ဘာနာဒို ေဆးလ္ဗားတို႔ကို ျပန္လည္ႀကိဳဆိုခဲ့ၿပီး စတုန္းစ္အတြက္ ဒီလို အဆင့္အတန္းျမင့္မားတဲ့ပြဲစဥ္မွာ ပြဲထြက္ကစားဖို႔အတြက္ ေစာလြန္းေသးေပမယ့္လည္း ဘာနာဒိုေဆးလ္ဗားကေတာ့ ပါဝင္လာမွာျဖစ္ပါတယ္။ ဧည့္သည္ေတြဟာ ႐ိုဒရီကို ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ ဆုံးရႈံးထားရၿပီး အာဆင္နယ္နဲ႔ အရင္က ေတြ႕ဆုံမႈေတြမွာ ေအာင္ျမင္မႈအမ်ားအျပားရခဲ့တဲ့ ဒီဘ႐ိုင္းနားကလည္း ကာလရွည္ အနားယူေနရတာျဖစ္ပါတယ္။
ျဖစ္ႏိုင္ဖြယ္ ပြဲထြက္လူစာရင္း
အာဆင္နယ္-ရမ္းစ္ေဒးလ္၊ ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယဲလ္၊ ဇင္ခ်န္ကို၊ ပါေတး၊ ႐ိုက္၊ ေအာ္ဒီဂြါဒ္၊ ေဂ်းဇု၊ အန္ကီးတီးယား၊ ထေရာ့ဆာ့ဒ္။
မန္စီးတီး-အီဒါဆန္၊ ေဝၚကာ၊ ဒီယက္စ္၊ ဂဗာဒီေယာလ္၊ အကန္းဂ်ိ၊ ဖိလစ္ပ္စ္၊ ကိုဗာခ်စ္၊ အယ္လ္ဗာရက္ဇ္၊ ဘာနာဒို ေဆးလ္ဗား၊ ဟာလန္း၊ ဒိုကု။
ပြဲႀကိဳ သုံးသပ္ခ်က္
ဒီနည္းျပႏွစ္ေယာက္ ေတြ႕ဆုံတဲ့အခါတိုင္း နည္းဗ်ဴဟာပိုင္း ထိပ္တိုက္ေတြ႕ဆုံမႈေတြ အၿမဲတမ္း ရွိခဲ့ေပမယ့္ ဂြါဒီယိုလာက တပည့္ျဖစ္သူထက္ အၿမဲတမ္း ပိုမိုသာလြန္ခဲ့တာျဖစ္ၿပီး အာတီတာက မန္စီးတီးကို ပရီးမီးယားလိဂ္မွာ တစ္ခါမွ အႏိုင္မရဖူးေသးတာျဖစ္ပါတယ္။ ဧည့္သည္ေတြဟာ ကြင္းလယ္မွာ ျပႆနာေတြ ရွိေနေပမယ့္လည္း ဆာကာနဲ႔ မာတီနယ္လီတို႔ မပါဝင္ႏိုင္မႈေၾကာင့္ မန္စီးတီးက အသာစီး အခိုင္အမာ ရရွိမွာျဖစ္ပါတယ္။ အာဆင္နယ္ရဲ႕ တိုက္စစ္ဟန္ခ်က္ကလည္း လြန္းစ္နဲ႔ပြဲ ဒုတိယပိုင္းမွာ လုံးဝပ်က္သြားၿပီး တနဂၤေႏြေန႔မွာ ပိုမို အင္အားႀကီးမားတဲ့ ၿပိဳင္ဘက္နဲ႔ ရင္ဆိုင္ကစားရမွာ အလားတူ ခံစားရႏိုင္ပါတယ္။ အားလုံးၿခဳံေျပာရရင္ လကၡဏာေတြ အားလုံးက မန္စီးတီးအေနနဲ႔ အေဝးကြင္းႏိုင္ပြဲရရွိမယ္လို႔ ၫႊန္ျပေနေပမယ့္လည္း ဂန္းနားေတြကလည္း ေနာက္ဆုံးအခ်ိန္အထိ ျပန္လည္တုံ႔ျပန္သြားမွာ ျဖစ္ပါတယ္။
AM ခန႔္မွန္းပြဲၿပီးရလဒ္(အာဆင္နယ္ ၁-၁ မန္စီးတီး)
ေပါလ္မာဆန္ရဲ႕ ခန႔္မွန္းပြဲၿပီးရလဒ္(အာဆင္နယ္ ၁-၁ မန္စီးတီး)
ခရစၥ ဆပ္တန္ရဲ႕ ခန႔္မွန္းပြဲၿပီးရလဒ္(အာဆင္နယ္ ၁-၂ မန္စီးတီး)
Arsenal Myanmar
Ref: Internet
- Posted In:
- Pre Match Talks