ကလင်ဒါကျအတိုင်းပဲ ပျားဖွပ်ပြီး စီးတီးကို ဖိအားဆက်ပေးမယ့် ဂန်းနားများ
၂၀၂၃ ခုနှစ်ရဲ့ နောက်ဆုံး နိုင်ငံတကာပွဲစဉ် အားလပ်ရက်ကာလ ကုန်ဆုံးသွားပြီဖြစ်ပြီး ဘရန့်တ်ဖို့ဒ်ဟာ စနေနေ့ညမှာ အာဆင်နယ်ကို ဂျီတက်ချ် ကွန်မြူနတီကွင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ်အဖြစ် လက်ခံယှဉ်ပြိုင်သွားမှာဖြစ်ပါတယ်။
အာဆင်နယ်ဟာ ပျားတွေနဲ့ အကောင်းအဆိုး ရောထွေးနေတဲ့ ဆက်ဆံရေးမျိုးရှိခဲ့ပြီး ၂၀၂၁ ခုနှစ်တုန်းက အနောက်လန်ဒန်မှာ ရှုံးနိမ့်ခဲ့ပြီးကတည်းက အာတီတာရဲ့အသင်းဟာ တွေ့ဆုံမှုတွေမှာ အသာစီးရယူနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဒီထဲကမှ အပြောင်မြောက်ပွဲစဉ်တွေထဲက တစ်ပွဲဖြစ်ခဲ့တာကတော့ ပြီးခဲ့တဲ့ရာသီ ဂျီတက်ချ်ကွင်းမှာ ကစားခဲ့တဲ့ပွဲစဉ်မှာဖြစ်ပြီး ဂန်းနားတွေဟာ ဒီရာသီမှာ ဘရန့်တ်ဖို့ဒ်ကို အိမ်ကွင်းမှာ အနိုင်ယူခဲ့ပြီးဖြစ်ပါတယ်။
သောမတ်စ် ဖရန့်ခ်ရဲ့အသင်းဟာ ပရီးမီးယားလိဂ်ထိပ်တန်းအသင်းတွေဆို အမြဲတမ်း ဒုက္ခပေးနိုင်တဲ့အသင်းဖြစ်ပေမယ့်လည်း စနေနေ့ပွဲဟာ ဧည့်သည်တွေအတွက် ပြင်းထန်တဲ့စိန်ခေါ်မှုဖြစ်လာမှာ သေချာပါတယ်။ မန်ချက်စတာစီးတီးက လီဗာပူးလ်နဲ့ အစောပိုင်းပွဲကစားသွားရမှာဖြစ်ပြီး အစ်တီဟတ်မှာသာ ဂန်းနားတွေရဲ့ ဆုဖလားပြိုင်ဘက်တွေ သရေကျခဲ့မယ်ဆိုရင် ဇယားထိပ်ဆုံးကို တက်လှမ်းနိုင်မှာ ဖြစ်ပါတယ်။
နှစ်ဖက်အသင်း သတင်းများ
ဘရန့်တ်ဖို့ဒ်ဘက်မှာ အိုင်ဗန် တိုနီ ပွဲပယ်ပြစ်ဒဏ်ကြောင့် ဆက်လက်လွဲချော်ဦးမှာဖြစ်ပြီး ရီကို ဟင်နရီ၊ ကီဗင် ရှိတ်ဒ်၊ ဒါဆေးလ်ဗား၊ ဟစ်ကီတို့ ဒဏ်ရာကနေ ပြန်လည်ကောင်းမွန်လာခြင်းမရှိသေးသလို ဒမ်စ်ဂတ်၊ လူးဝစ္စ-ပေါ့တားတို့လည်း ပါဝင်ကစားပေးဖို့ မသေချာပါဘူး။
အာဆင်နယ်ဘက်မှာလည်း ဖေဘီယို ဗီယာရာ ပွဲပယ်ခံထားရပြီး စမစ်ရိုး၊ ပါတေး၊ တင်းဘားတို့ ဆက်လက်လွဲချော်မှာဖြစ်ပါတယ်။ အာရွန် ရမ်းစ်ဒေးလ်ကတော့ မိခင်အသင်းနဲ့ ပြန်လည်ရင်ဆိုင်လို့မရတဲ့ ရာယာကြောင့် ပွဲထွက်လူစာရင်းထဲ ပြန်ပါလာမှာဖြစ်ပြီး အာတီတာအနေနဲ့ အော်ဒီဂွါဒ်နဲ့ ဘန် ဝှိုက်တို့ကိုလည်း လူစာရင်းထဲ ပြန်လည်ထည့်သွင်းနိုင်ဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။ ဂျေးဇုက အင်္ဂါနေ့ညမှာ ဘရာဇီးလ်အတွက် မိနစ် ၉၀ အပြည့်ကစားခဲ့တာကြောင့် ဒီပွဲမှာ အရန်ခုံမှာတောင် ပါမလာဘူးဆိုရင် အံ့အားသင့်စရာဖြစ်လာမှာ ဖြစ်ပါတယ်။
ဖြစ်နိုင်ဖွယ် ပွဲထွက်လူစာရင်း
ဘရန့်တ်ဖို့ဒ်-ဖလက်ကန်၊ အေယာ၊ ကောလင်းစ်၊ ပင်းနော့ခ်၊ မီး၊ ရိုဝါဆလက်ဗ်၊ ဂျန်ဆန်၊ နောဂတ်၊ ဂျနဲ့၊ ဝစ်ဆာ၊ အမ်ဘူးမို။
အာဆင်နယ်-ရမ်းစ်ဒေးလ်၊ ဝှိုက်၊ ဆာလီဘာ၊ ဂါဘရီယဲလ်၊ တိုမိယဆု၊ ဂျော်ဂျင်ညို၊ ရိုက်၊ အော်ဒီဂွါဒ်၊ ဆာကာ၊ ထရော့ဆာ့ဒ်၊ မာတီနယ်လီ။
ပွဲကြိုသုံးသပ်ချက်
အာဆင်နယ်ဟာ အောက်တိုဘာ နိုင်ငံတကာပွဲအားလပ်ရက်အပြီး ပထမဆုံးပြန်ကစားတဲ့ပွဲမှာ ခြေစွမ်းဆိုးရွားခဲ့ပြီး နောက်ဆုံးမှာ ချဲလ်ဆီးမှာ ၂-၂ သရေကျခဲ့တာဖြစ်ပါတယ်။ ဒီပွဲမှာလည်း အဲဒီလိုမျိုး ခြေစွမ်းပိုင်း ပုံမှန်အခြေအနေမဟုတ်တာမျိုး ဖြစ်နိုင်ပြီး ဘာလို့လဲဆိုရင် သောမတ်စ် ဖရန့်ခ်ရဲ့အသင်းက ဧည့်သည်တွေကို ကောင်းကောင်း ဒုက္ခပေးနိုင်တဲ့အသင်းဖြစ်နေလို့ပါ။ ဒါပေမယ့်လည်း အာတီတာအနေနဲ့ အဓိကကစားသမားအများအပြားကို ပွဲနေ့လူစာရင်းထဲ ပြန်ထည့်လို့ရတော့မှာဖြစ်လို့ စနေနေ့မှာ ဂန်းနားတွေ အနိုင် ၃ မှတ်အပြည့်မရစရာ အကြောင်းမရှိပါဘူး။
AM ခန့်မှန်းပွဲပြီးရလဒ်(ဘရန့်တ်ဖို့ဒ် ၀-၁ အာဆင်နယ်)
ခရစ္စဆပ်တန်ရဲ့ ခန့်မှန်းပွဲပြီးရလဒ်(ဘရန့်တ်ဖို့ဒ် ၀-၁ အာဆင်နယ်)
Arsenal Myanmar
Ref: Internet
ZAWGYI: ၂၀၂၃ ခုႏွစ္ရဲ႕ ေနာက္ဆုံး ႏိုင္ငံတကာပြဲစဥ္ အားလပ္ရက္ကာလ ကုန္ဆုံးသြားၿပီျဖစ္ၿပီး ဘရန႔္တ္ဖို႔ဒ္ဟာ စေနေန႔ညမွာ အာဆင္နယ္ကို ဂ်ီတက္ခ်္ ကြန္ျမဴနတီကြင္းမွာ ပရီးမီးယားလိဂ္ပြဲစဥ္အျဖစ္ လက္ခံယွဥ္ၿပိဳင္သြားမွာျဖစ္ပါတယ္။
အာဆင္နယ္ဟာ ပ်ားေတြနဲ႔ အေကာင္းအဆိုး ေရာေထြးေနတဲ့ ဆက္ဆံေရးမ်ိဳးရွိခဲ့ၿပီး ၂၀၂၁ ခုႏွစ္တုန္းက အေနာက္လန္ဒန္မွာ ရႈံးနိမ့္ခဲ့ၿပီးကတည္းက အာတီတာရဲ႕အသင္းဟာ ေတြ႕ဆုံမႈေတြမွာ အသာစီးရယူႏိုင္ခဲ့တာျဖစ္ပါတယ္။ အဲဒီထဲကမွ အေျပာင္ေျမာက္ပြဲစဥ္ေတြထဲက တစ္ပြဲျဖစ္ခဲ့တာကေတာ့ ၿပီးခဲ့တဲ့ရာသီ ဂ်ီတက္ခ်္ကြင္းမွာ ကစားခဲ့တဲ့ပြဲစဥ္မွာျဖစ္ၿပီး ဂန္းနားေတြဟာ ဒီရာသီမွာ ဘရန႔္တ္ဖို႔ဒ္ကို အိမ္ကြင္းမွာ အႏိုင္ယူခဲ့ၿပီးျဖစ္ပါတယ္။
ေသာမတ္စ္ ဖရန႔္ခ္ရဲ႕အသင္းဟာ ပရီးမီးယားလိဂ္ထိပ္တန္းအသင္းေတြဆို အၿမဲတမ္း ဒုကၡေပးႏိုင္တဲ့အသင္းျဖစ္ေပမယ့္လည္း စေနေန႔ပြဲဟာ ဧည့္သည္ေတြအတြက္ ျပင္းထန္တဲ့စိန္ေခၚမႈျဖစ္လာမွာ ေသခ်ာပါတယ္။ မန္ခ်က္စတာစီးတီးက လီဗာပူးလ္နဲ႔ အေစာပိုင္းပြဲကစားသြားရမွာျဖစ္ၿပီး အစ္တီဟတ္မွာသာ ဂန္းနားေတြရဲ႕ ဆုဖလားၿပိဳင္ဘက္ေတြ သေရက်ခဲ့မယ္ဆိုရင္ ဇယားထိပ္ဆုံးကို တက္လွမ္းႏိုင္မွာ ျဖစ္ပါတယ္။
ႏွစ္ဖက္အသင္း သတင္းမ်ား
ဘရန႔္တ္ဖို႔ဒ္ဘက္မွာ အိုင္ဗန္ တိုနီ ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ ဆက္လက္လြဲေခ်ာ္ဦးမွာျဖစ္ၿပီး ရီကို ဟင္နရီ၊ ကီဗင္ ရွိတ္ဒ္၊ ဒါေဆးလ္ဗား၊ ဟစ္ကီတို႔ ဒဏ္ရာကေန ျပန္လည္ေကာင္းမြန္လာျခင္းမရွိေသးသလို ဒမ္စ္ဂတ္၊ လူးဝစၥ-ေပါ့တားတို႔လည္း ပါဝင္ကစားေပးဖို႔ မေသခ်ာပါဘူး။
အာဆင္နယ္ဘက္မွာလည္း ေဖဘီယို ဗီယာရာ ပြဲပယ္ခံထားရၿပီး စမစ္႐ိုး၊ ပါေတး၊ တင္းဘားတို႔ ဆက္လက္လြဲေခ်ာ္မွာျဖစ္ပါတယ္။ အာ႐ြန္ ရမ္းစ္ေဒးလ္ကေတာ့ မိခင္အသင္းနဲ႔ ျပန္လည္ရင္ဆိုင္လို႔မရတဲ့ ရာယာေၾကာင့္ ပြဲထြက္လူစာရင္းထဲ ျပန္ပါလာမွာျဖစ္ၿပီး အာတီတာအေနနဲ႔ ေအာ္ဒီဂြါဒ္နဲ႔ ဘန္ ဝႈိက္တို႔ကိုလည္း လူစာရင္းထဲ ျပန္လည္ထည့္သြင္းႏိုင္ဖို႔ ေမွ်ာ္လင့္ေနမွာ ျဖစ္ပါတယ္။ ေဂ်းဇုက အဂၤါေန႔ညမွာ ဘရာဇီးလ္အတြက္ မိနစ္ ၉၀ အျပည့္ကစားခဲ့တာေၾကာင့္ ဒီပြဲမွာ အရန္ခုံမွာေတာင္ ပါမလာဘူးဆိုရင္ အံ့အားသင့္စရာျဖစ္လာမွာ ျဖစ္ပါတယ္။
ျဖစ္ႏိုင္ဖြယ္ ပြဲထြက္လူစာရင္း
ဘရန႔္တ္ဖို႔ဒ္-ဖလက္ကန္၊ ေအယာ၊ ေကာလင္းစ္၊ ပင္းေနာ့ခ္၊ မီး၊ ႐ိုဝါဆလက္ဗ္၊ ဂ်န္ဆန္၊ ေနာဂတ္၊ ဂ်နဲ႔၊ ဝစ္ဆာ၊ အမ္ဘူးမို။
အာဆင္နယ္-ရမ္းစ္ေဒးလ္၊ ဝႈိက္၊ ဆာလီဘာ၊ ဂါဘရီယဲလ္၊ တိုမိယဆု၊ ေဂ်ာ္ဂ်င္ညိဳ၊ ႐ိုက္၊ ေအာ္ဒီဂြါဒ္၊ ဆာကာ၊ ထေရာ့ဆာ့ဒ္၊ မာတီနယ္လီ။
ပြဲႀကိဳသုံးသပ္ခ်က္
အာဆင္နယ္ဟာ ေအာက္တိုဘာ ႏိုင္ငံတကာပြဲအားလပ္ရက္အၿပီး ပထမဆုံးျပန္ကစားတဲ့ပြဲမွာ ေျခစြမ္းဆိုး႐ြားခဲ့ၿပီး ေနာက္ဆုံးမွာ ခ်ဲလ္ဆီးမွာ ၂-၂ သေရက်ခဲ့တာျဖစ္ပါတယ္။ ဒီပြဲမွာလည္း အဲဒီလိုမ်ိဳး ေျခစြမ္းပိုင္း ပုံမွန္အေျခအေနမဟုတ္တာမ်ိဳး ျဖစ္ႏိုင္ၿပီး ဘာလို႔လဲဆိုရင္ ေသာမတ္စ္ ဖရန႔္ခ္ရဲ႕အသင္းက ဧည့္သည္ေတြကို ေကာင္းေကာင္း ဒုကၡေပးႏိုင္တဲ့အသင္းျဖစ္ေနလို႔ပါ။ ဒါေပမယ့္လည္း အာတီတာအေနနဲ႔ အဓိကကစားသမားအမ်ားအျပားကို ပြဲေန႔လူစာရင္းထဲ ျပန္ထည့္လို႔ရေတာ့မွာျဖစ္လို႔ စေနေန႔မွာ ဂန္းနားေတြ အႏိုင္ ၃ မွတ္အျပည့္မရစရာ အေၾကာင္းမရွိပါဘူး။
AM ခန႔္မွန္းပြဲၿပီးရလဒ္(ဘရန႔္တ္ဖို႔ဒ္ ၀-၁ အာဆင္နယ္)
ခရစၥဆပ္တန္ရဲ႕ ခန႔္မွန္းပြဲၿပီးရလဒ္(ဘရန႔္တ္ဖို႔ဒ္ ၀-၁ အာဆင္နယ္)
Arsenal Myanmar
Ref: Internet
- Posted In:
- Pre Match Talks
- Team News