ဂန်းနားကြယ်ပွင့်ကို ဂိုးဖန်တီးမှုစက်ယန္တရားလို့ ချီးကျူးခဲ့တဲ့ ဒီဘရိုင်းနား
မန်ချက်စတာစီးတီးကြယ်ပွင့် ကီဗင် ဒီဘရိုင်းနားက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဂိုးဖန်တီးရှင်တွေကို အကဲဖြတ်မှုမှာ မာတင် အော်ဒီဂွါဒ်ကို ဘရူနို ဖာနန်ဒက်စ်ထက် ပိုကောင်းမွန်တဲ့ကစားသမားအဖြစ် သတ်မှတ်ခဲ့ပါတယ်။
ဒီဘရိုင်းနားဟာ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံးဂိုးဖန်တီးရှင်တွေထဲမှာ ကိုယ့်ကိုကိုယ် ထည့်သွင်းခဲ့ခြင်းမရှိဘဲ ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ ရာသီအဖွင့်ပွဲစဉ်မှာ ရရှိခဲ့တဲ့ ဒဏ်ရာကြောင့် လပေါင်းများစွာ အနားယူရတော့မှာဖြစ်ပါတယ်။
“အော်ဒီဂွါဒ်က အရမ်းကို ဖန်တီးနိုင်စွမ်းရှိတယ်လို့ ကျွန်တော် ထင်တယ်။ သူက နည်းနည်းပိုပြီး ထိန်းချုပ်နိုင်စွမ်းရှိပြီး သူပြီးရင် မက်ဒီဆင်ကလည်း တကယ်ကို ဖန်တီးမှုအားကေငာ်းပါတယ်။ ဒါပေမယ့် ကျွန်တော် သူ့ကို အသင်းကြီးမှာ ပိုပြီး မြင်တွေ့ဖို့ လိုပါတယ်။ အဲဒီလိုဆိုရင် ဒီအမြင်က ပြောင်းလဲသွားနိုင်ပြီး အခုတော့ အဲဒါကြောင့် သူ့ကို အဆင့် ၃ နေရာမှာပဲ ထားတာပါ။ ဖန်တီးမှုအားကောင်းတာနဲ့ပတ်သက်ပြီး မတူညီတဲ့အရာတွေအများကြီးရှိပါတယ်”
“အခွင့်အရေးတွေ ဖန်တီးတာအပြင် တစ်ခါတလေမှာ ခင်ဗျား တစ်စုံတစ်ယောက်ကို ဘောလုံးပေးပြီး သူက မီတာ ၃၀ အကွာကနေ ဂိုးကန်သွင်းလို့ ဂိုးဖန်တီးမှုရတာလည်း ဖြစ်နိုင်ပါတယ်။ အဲဒါက အမြဲတမ်း ကွဲပြားခြားနားပါတယ်။ ဒါပေမယ့် သူက အမြဲတမ်း ကွင်းလယ်တိုက်စစ်မှာ ရှိနေတယ်လို့ ထင်တယ်။ သူက စွန့်စားမှုတွေလည်း အများကြီးလုပ်တယ်လို့လည်း ထင်တယ်။ ကျွန်တော်ကတော့ အဲဒါကို သဘောကျတယ်။ သူက တကယ်ကောင်းကောင်း လုပ်နေခဲ့တယ်ဆိုတာ သိသာပါတယ်။ သူက အဲဒါကို အချိန်အတော်ကြာ လုပ်နေခဲ့တာပါ။ အော်ဒီဂွါဒ်က မနှစ်တုန်းက အံ့အားသင့်စရာကောင်းခဲ့ပေမယ့် သူက ပိုငယ်ရွယ်တာ သိသာပါတယ်။ အဲဒီနေရာမှာလည်း ကွာခြားချက်တွေရှိပါတယ်”လို့ ပြောကြားခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: မန္ခ်က္စတာစီးတီးၾကယ္ပြင့္ ကီဗင္ ဒီဘ႐ိုင္းနားက ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးဂိုးဖန္တီးရွင္ေတြကို အကဲျဖတ္မႈမွာ မာတင္ ေအာ္ဒီဂြါဒ္ကို ဘ႐ူႏို ဖာနန္ဒက္စ္ထက္ ပိုေကာင္းမြန္တဲ့ကစားသမားအျဖစ္ သတ္မွတ္ခဲ့ပါတယ္။
ဒီဘ႐ိုင္းနားဟာ ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံးဂိုးဖန္တီးရွင္ေတြထဲမွာ ကိုယ့္ကိုကိုယ္ ထည့္သြင္းခဲ့ျခင္းမရွိဘဲ ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ဟာ ရာသီအဖြင့္ပြဲစဥ္မွာ ရရွိခဲ့တဲ့ ဒဏ္ရာေၾကာင့္ လေပါင္းမ်ားစြာ အနားယူရေတာ့မွာျဖစ္ပါတယ္။
“ေအာ္ဒီဂြါဒ္က အရမ္းကို ဖန္တီးႏိုင္စြမ္းရွိတယ္လို႔ ကြၽန္ေတာ္ ထင္တယ္။ သူက နည္းနည္းပိုၿပီး ထိန္းခ်ဳပ္ႏိုင္စြမ္းရွိၿပီး သူၿပီးရင္ မက္ဒီဆင္ကလည္း တကယ္ကို ဖန္တီးမႈအားေကငာ္းပါတယ္။ ဒါေပမယ့္ ကြၽန္ေတာ္ သူ႔ကို အသင္းႀကီးမွာ ပိုၿပီး ျမင္ေတြ႕ဖို႔ လိုပါတယ္။ အဲဒီလိုဆိုရင္ ဒီအျမင္က ေျပာင္းလဲသြားႏိုင္ၿပီး အခုေတာ့ အဲဒါေၾကာင့္ သူ႔ကို အဆင့္ ၃ ေနရာမွာပဲ ထားတာပါ။ ဖန္တီးမႈအားေကာင္းတာနဲ႔ပတ္သက္ၿပီး မတူညီတဲ့အရာေတြအမ်ားႀကီးရွိပါတယ္”
“အခြင့္အေရးေတြ ဖန္တီးတာအျပင္ တစ္ခါတေလမွာ ခင္ဗ်ား တစ္စုံတစ္ေယာက္ကို ေဘာလုံးေပးၿပီး သူက မီတာ ၃၀ အကြာကေန ဂိုးကန္သြင္းလို႔ ဂိုးဖန္တီးမႈရတာလည္း ျဖစ္ႏိုင္ပါတယ္။ အဲဒါက အၿမဲတမ္း ကြဲျပားျခားနားပါတယ္။ ဒါေပမယ့္ သူက အၿမဲတမ္း ကြင္းလယ္တိုက္စစ္မွာ ရွိေနတယ္လို႔ ထင္တယ္။ သူက စြန႔္စားမႈေတြလည္း အမ်ားႀကီးလုပ္တယ္လို႔လည္း ထင္တယ္။ ကြၽန္ေတာ္ကေတာ့ အဲဒါကို သေဘာက်တယ္။ သူက တကယ္ေကာင္းေကာင္း လုပ္ေနခဲ့တယ္ဆိုတာ သိသာပါတယ္။ သူက အဲဒါကို အခ်ိန္အေတာ္ၾကာ လုပ္ေနခဲ့တာပါ။ ေအာ္ဒီဂြါဒ္က မႏွစ္တုန္းက အံ့အားသင့္စရာေကာင္းခဲ့ေပမယ့္ သူက ပိုငယ္႐ြယ္တာ သိသာပါတယ္။ အဲဒီေနရာမွာလည္း ကြာျခားခ်က္ေတြရွိပါတယ္”လို႔ ေျပာၾကားခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Praise Talks
- Rivals' Talk