တစ်ကျောင်းတည်းတက်လာတဲ့ ဂန်းနားကြယ်ပွင့်က ယူရိုမှာ ပွဲထွက်ခွင့်ရနိုင်တယ်လို့ ထောက်ခံခဲ့တဲ့ အမ်ဘာပေ 1024 576 coyg

တစ်ကျောင်းတည်းတက်လာတဲ့ ဂန်းနားကြယ်ပွင့်က ယူရိုမှာ ပွဲထွက်ခွင့်ရနိုင်တယ်လို့ ထောက်ခံခဲ့တဲ့ အမ်ဘာပေ

ခီလီယန် အမ်ဘာပေက အာဆင်နယ်ကြယ်ပွင့် ဝီလီယံ ဆာလီဘာက ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဗဟိုခံစစ်ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ပြင်သစ်အတွက် ပွဲထွက်ခွင့် ရနိုင်တဲ့ အရည်အချင်းအားလုံးရှိတယ်လို့ ပြောဆိုခဲ့ပါတယ်။

ဂန်းနားတွေအတွက် ၂ ရာသီဆက်တိုက် အထင်ကြီးဖွယ်ခြေစွမ်း ပြသနိုင်ခဲ့ပြီးနောက် ဆာလီဘာဟာ ပြင်သစ်ရဲ့ ယူရိုလူစာရင်းထဲမှာ တစ်နေရာရခဲ့တာဖြစ်ပေမယ့်လည်း ဘိုင်ယန်မြူးနစ်ကြယ်ပွင့် အူပါမီကာနိုနဲ့ လီဗာပူးလ်ကြယ်ပွင့် ကိုနာတီတို့ရဲ့နောက်မှာ ပွဲထွက်ခွင့်ရရှိဖွယ်ရှိနေတာဖြစ်ပါတယ်။

ပြင်သစ်ဟာ ဂျာမနီမှာ တတိယအကြိမ်မြောက် ယူရိုအောင်ပွဲ ရယူသွားနိုင်ဖို့အတွက် ရည်မှန်းထားတာဖြစ်ပြီး အဓိကဆုဖလားပြိုင်ပွဲတွေမှာ မကြာသေးမီက ပိုင်ဆိုင်ခဲ့တဲ့ မှတ်တမ်းကောင်းတွေကို ဆက်လက်ထိန်းသိမ်းသွားမှာဖြစ်ပါတယ်။

ပြင်သစ်တိုက်စစ်မှူး အမ်ဘာပေက ဆာလီဘာနဲ့ ပဲရစ်မှာ ကျောင်းအတူတူ တက်ခဲ့ကြတာဖြစ်ပြီး ပရော်ဖက်ရှင်နယ်ကစားသမားတွေ စဖြစ်လာတဲ့အချိန်ကတည်းက ဂန်းနားကြယ်ပွင့်ရဲ့ ကစားသမားဘဝကို စောင့်ကြည့်ခဲ့ပြီး အမ်းမရိတ်စ်မှာ တိုးတက်လာမှုက အထင်ကြီးစရာကောင်းခဲ့တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။

“သူနဲ့ ကျွန်တော်က ငယ်ငယ်ကတည်းက သိခဲ့ကြတာပါ။ ကျွန်တော်တို့က ဘွန်ဒီက မူလတန်းကျောင်းမှာ အတူတူတက်ခဲ့ကြတာပါ။ ကျွန်တော်တို့ မုန့်စားဆင်းချိန်ဆို ဘောလုံးအတူတူ ကစားခဲ့ကြတယ်။ ကျွန်တော်တို့က တစ်တန်းတည်းမဟုတ်တာတောင်မှပဲ သူက ကျွန်တော်တို့နဲ့ အတူ ကစားချင်တယ်လို့ ပြောခဲ့တယ်။ ကျွန်တော်တို့ ကစားခွင့်ပေးခဲ့တယ်။ ဘာလို့လဲဆိုတော့ သူက အဲဒီကတည်းက လူကောင်ကြီးနေပြီးသားပါ။ ပြီးတော့ သူ့ကို ဘွန်ဒီအသင်းမှာ ကျွန်တော့်အဖေက သူ့ကို လေ့ကျင့်ခဲ့တယ်။ ကျွန်တော်က သူ့ထက် ၃ နှစ်ကြီးတယ်။ အဲဒီတော့ သူ ဒီအချိန်အထိ တိုးတက်လာတာကို မြင်တွေ့ခဲ့ပြီး သူကစားတာ အနီးကပ်ကြည့်ခဲ့ရတယ်။ သူ့ကို လက်ရွေးစင်အသင်းထဲမှာ မြင်တွေ့ရတာက ကျွန်တော့်ကို တကယ်ပျော်ရွှင်စေခဲ့ပါတယ်။ ကျွန်တော် သူ့ကို လက်ရွေးစင်အသင်းသားတွေထဲမှာ တတ်နိုင်သမျှ မြန်မြန် ပေါင်းစပ်နိုင်အောင် ကြိုးစားပေးခဲ့ပါတယ်။

ဒီရာသီမှာ သူက အာဆင်နယ်အတွက် အရမ်းအရေးကြီးတဲ့ကစားသမားဖြစ်လာပြီး ပရီးမီးယားလိဂ်က အကောင်းဆုံးဗဟိုခံစစ်ကစားသမားတွေထဲက တစ်ဦးဖြစ်ခဲ့ပါတယ်။ သူက ကျွန်တော်တို့နဲ့အတူ စပြီးတော့ ပွဲကစားချိန်တွေ ရတော့မှာပါ။ အခု သူ့ရဲ့ နေရာကို ရှာတွေ့ဖို့က သူ့တာဝန်ဖြစ်သွားပါပြီ။ ကျွန်တော့်အတွက်တော့ သူ့မှာ ပြင်သစ်လက်ရွေးစင်အတွက် ပွဲထွက်ကစားသမားဖြစ်လာဖို့အတွက် လိုအပ်တဲ့ အရည်အသွေးတွေအားလုံးရှိပါတယ်။ကျွန်တော် သူ့ရဲ့ ကစားသမားဘဝကို အစ်ကိုတစ်ယောက်ရဲ့ ဂုဏ်ယူမှုနဲ့ ကြည့်မိတယ်။ ကျွန်တော်တို့ကြားမှာ ပြဿနာဖြစ်ခဲ့တာမရှိဘဲ တစ်ယောက်နဲ့တစ်ယောက် ပြောမနာဆိုမနာ စနောက်နေကြတဲ့သူတွေပါ။ ဥပမာ ကျွန်တော် သူ့ကို ဘွန်ဒီရဲ့ ကြယ်ပွင့်ဖြစ်လာစေချင်ပေမယ့် အဲဒါက ဘယ်တော့မှ ဖြစ်လာတော့မှာမဟုတ်ဘူးလို့ ခဏခဏ ပြောနေကျပါ”လို့ ပြောကြားခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI:
ခီလီယန္ အမ္ဘာေပက အာဆင္နယ္ၾကယ္ပြင့္ ဝီလီယံ ဆာလီဘာက ပရီးမီးယားလိဂ္ရဲ႕ အေကာင္းဆုံး ဗဟိုခံစစ္ကစားသမားေတြထဲက တစ္ဦးျဖစ္ၿပီး ယူ႐ို ၂၀၂၄ ၿပိဳင္ပြဲမွာ ျပင္သစ္အတြက္ ပြဲထြက္ခြင့္ ရႏိုင္တဲ့ အရည္အခ်င္းအားလုံးရွိတယ္လို႔ ေျပာဆိုခဲ့ပါတယ္။

ဂန္းနားေတြအတြက္ ၂ ရာသီဆက္တိုက္ အထင္ႀကီးဖြယ္ေျခစြမ္း ျပသႏိုင္ခဲ့ၿပီးေနာက္ ဆာလီဘာဟာ ျပင္သစ္ရဲ႕ ယူ႐ိုလူစာရင္းထဲမွာ တစ္ေနရာရခဲ့တာျဖစ္ေပမယ့္လည္း ဘိုင္ယန္ျမဴးနစ္ၾကယ္ပြင့္ အူပါမီကာႏိုနဲ႔ လီဗာပူးလ္ၾကယ္ပြင့္ ကိုနာတီတို႔ရဲ႕ေနာက္မွာ ပြဲထြက္ခြင့္ရရွိဖြယ္ရွိေနတာျဖစ္ပါတယ္။

ျပင္သစ္ဟာ ဂ်ာမနီမွာ တတိယအႀကိမ္ေျမာက္ ယူ႐ိုေအာင္ပြဲ ရယူသြားႏိုင္ဖို႔အတြက္ ရည္မွန္းထားတာျဖစ္ၿပီး အဓိကဆုဖလားၿပိဳင္ပြဲေတြမွာ မၾကာေသးမီက ပိုင္ဆိုင္ခဲ့တဲ့ မွတ္တမ္းေကာင္းေတြကို ဆက္လက္ထိန္းသိမ္းသြားမွာျဖစ္ပါတယ္။

ျပင္သစ္တိုက္စစ္မႉး အမ္ဘာေပက ဆာလီဘာနဲ႔ ပဲရစ္မွာ ေက်ာင္းအတူတူ တက္ခဲ့ၾကတာျဖစ္ၿပီး ပေရာ္ဖက္ရွင္နယ္ကစားသမားေတြ စျဖစ္လာတဲ့အခ်ိန္ကတည္းက ဂန္းနားၾကယ္ပြင့္ရဲ႕ ကစားသမားဘဝကို ေစာင့္ၾကည့္ခဲ့ၿပီး အမ္းမရိတ္စ္မွာ တိုးတက္လာမႈက အထင္ႀကီးစရာေကာင္းခဲ့တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။

“သူနဲ႔ ကြၽန္ေတာ္က ငယ္ငယ္ကတည္းက သိခဲ့ၾကတာပါ။ ကြၽန္ေတာ္တို႔က ဘြန္ဒီက မူလတန္းေက်ာင္းမွာ အတူတူတက္ခဲ့ၾကတာပါ။ ကြၽန္ေတာ္တို႔ မုန႔္စားဆင္းခ်ိန္ဆို ေဘာလုံးအတူတူ ကစားခဲ့ၾကတယ္။ ကြၽန္ေတာ္တို႔က တစ္တန္းတည္းမဟုတ္တာေတာင္မွပဲ သူက ကြၽန္ေတာ္တို႔နဲ႔ အတူ ကစားခ်င္တယ္လို႔ ေျပာခဲ့တယ္။ ကြၽန္ေတာ္တို႔ ကစားခြင့္ေပးခဲ့တယ္။ ဘာလို႔လဲဆိုေတာ့ သူက အဲဒီကတည္းက လူေကာင္ႀကီးေနၿပီးသားပါ။ ၿပီးေတာ့ သူ႔ကို ဘြန္ဒီအသင္းမွာ ကြၽန္ေတာ့္အေဖက သူ႔ကို ေလ့က်င့္ခဲ့တယ္။ ကြၽန္ေတာ္က သူ႔ထက္ ၃ ႏွစ္ႀကီးတယ္။ အဲဒီေတာ့ သူ ဒီအခ်ိန္အထိ တိုးတက္လာတာကို ျမင္ေတြ႕ခဲ့ၿပီး သူကစားတာ အနီးကပ္ၾကည့္ခဲ့ရတယ္။ သူ႔ကို လက္ေ႐ြးစင္အသင္းထဲမွာ ျမင္ေတြ႕ရတာက ကြၽန္ေတာ့္ကို တကယ္ေပ်ာ္႐ႊင္ေစခဲ့ပါတယ္။ ကြၽန္ေတာ္ သူ႔ကို လက္ေ႐ြးစင္အသင္းသားေတြထဲမွာ တတ္ႏိုင္သမွ် ျမန္ျမန္ ေပါင္းစပ္ႏိုင္ေအာင္ ႀကိဳးစားေပးခဲ့ပါတယ္။

ဒီရာသီမွာ သူက အာဆင္နယ္အတြက္ အရမ္းအေရးႀကီးတဲ့ကစားသမားျဖစ္လာၿပီး ပရီးမီးယားလိဂ္က အေကာင္းဆုံးဗဟိုခံစစ္ကစားသမားေတြထဲက တစ္ဦးျဖစ္ခဲ့ပါတယ္။ သူက ကြၽန္ေတာ္တို႔နဲ႔အတူ စၿပီးေတာ့ ပြဲကစားခ်ိန္ေတြ ရေတာ့မွာပါ။ အခု သူ႔ရဲ႕ ေနရာကို ရွာေတြ႕ဖို႔က သူ႔တာဝန္ျဖစ္သြားပါၿပီ။ ကြၽန္ေတာ့္အတြက္ေတာ့ သူ႔မွာ ျပင္သစ္လက္ေ႐ြးစင္အတြက္ ပြဲထြက္ကစားသမားျဖစ္လာဖို႔အတြက္ လိုအပ္တဲ့ အရည္အေသြးေတြအားလုံးရွိပါတယ္။ကြၽန္ေတာ္ သူ႔ရဲ႕ ကစားသမားဘဝကို အစ္ကိုတစ္ေယာက္ရဲ႕ ဂုဏ္ယူမႈနဲ႔ ၾကည့္မိတယ္။ ကြၽန္ေတာ္တို႔ၾကားမွာ ျပႆနာျဖစ္ခဲ့တာမရွိဘဲ တစ္ေယာက္နဲ႔တစ္ေယာက္ ေျပာမနာဆိုမနာ စေနာက္ေနၾကတဲ့သူေတြပါ။ ဥပမာ ကြၽန္ေတာ္ သူ႔ကို ဘြန္ဒီရဲ႕ ၾကယ္ပြင့္ျဖစ္လာေစခ်င္ေပမယ့္ အဲဒါက ဘယ္ေတာ့မွ ျဖစ္လာေတာ့မွာမဟုတ္ဘူးလို႔ ခဏခဏ ေျပာေနက်ပါ”လို႔ ေျပာၾကားခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet