လန်ဒန်ကိုလ်နီမှာ လူတန်ကို အနိုင်ရခဲ့တဲ့ပွဲက ရခဲ့တဲ့ သင်ခန်းစာ ၃ ခု 1024 504 coyg

လန်ဒန်ကိုလ်နီမှာ လူတန်ကို အနိုင်ရခဲ့တဲ့ပွဲက ရခဲ့တဲ့ သင်ခန်းစာ ၃ ခု

အာဆင်နယ်ဟာ နော်တင်ဟမ်ဖောရက်စ်ကို ၂-၁ နဲ့ အနိုင်ရရှိခဲ့ပြီးနောက် အားလပ်ရက်အပိုရတာကို အလကားမနေဘဲ လူတန်တောင်းနဲ့ လန်ဒန်ကိုလ်နီကွင်းမှာ တံခါးပိတ်ခြေစမ်းပွဲကစားခဲ့ပြီး ဂန်းနားတွေက အရင်ကလည်း လေ့ကျင့်ရေးကွင်းကို တံခါးပိတ်ခြေစမ်းပွဲအတွက် အသုံးချခဲ့တာဖြစ်ပါတယ်။

ဒီအစီအစဉ်ဟာ သာမန်လေ့ကျင့်ရေးအစီအစဉ်နဲ့ နှိုင်းယှဉ်ရင် ပိုမိုယှဉ်ပြိုင်မှုရှိတာကြောင့် အာတီတာအတွက် ကစားကွက်လည်း စမ်းလို့ရ၊ ကစားသမားတွေအတွက်လည်း ပွဲကြံ့ခိုင်မှု ရပြီးသားဖြစ်ပြီး တစ်ချက်ခုတ် ၂ ချက်ပြတ်ဖြစ်ခဲ့တာဖြစ်ပါတယ်။

လူတန်တောင်းရဲ့ အိမ်ကွင်းဟာ ပရီးမီးယားလိဂ်ပွဲစဉ်တွေ လက်ခံကျင်းပနိုင်ဖို့အတွက် နောက်ထပ် ပြင်ဆင်မှုတွေ ပြုလုပ်ဖို့ လိုအပ်နေတာကြောင့် ဘန်လေနဲ့ ကစားရမယ့် ယခုအပတ်ပွဲစဉ်ကို ရွှေ့ဆိုင်းခဲ့တာဖြစ်ပြီး လန်ဒန်ကိုလ်နီကွင်းက ပွဲစဉ်ကနေ ရခဲ့တဲ့ သင်ခန်းစာတွေရှိခဲ့ပါတယ်။

ဒေးဗစ် ရာယာရဲ့ ပွဲဦးထွက်

ကစားသမားသစ် ဒေးဗစ် ရာယာဟာ အာဆင်နယ်အတွက် တရားဝင် ပွဲဦးထွက်ပါဝင်ကစားမပေးမီ လူတန်တောင်းနဲ့ပွဲမှာ ပွဲကစားချိန် တစ်နာရီလောက်ရခဲ့ပြီး ချန်ပီယံလိဂ်အုပ်စုအဖွင့်ပွဲစဉ်မှာ ပွဲဦးထွက်ခွင့် ရရှိသွားဖွယ်ရှိပါတယ်။ ဒီပွဲစဉ်ဟာ စက်တင်ဘာ ၁၉၊ ၂၀ လောက်မှာ ကစားသွားမှာဖြစ်ပြီး အဲဒီပွဲစဉ်အပြီး နောက်တစ်ပတ်မှာ လိဂ်ဖလား တတိယအဆင့်ပွဲစဉ်လည်း ရှိတာကြောင့် ဒေးဗစ် ရာယာက ပြိုင်ပွဲ ၂ ပွဲမှာ ဆက်တိုက် ပါဝင်ကစားခွင့် ရရှိမှာဖြစ်ပါတယ်။

ဇင်ချန်ကိုနဲ့ နယ်လ်ဆင် ပြန်လာမှု

ရိစ် နယ်လ်ဆင်ဟာ နော်တင်ဟမ်ဖောရက်စ်နဲ့ ကစားခဲ့တဲ့ ရာသီအဖွင့်ပွဲစဉ်မှာ အရန်ခုံထိုင်ခဲ့ပေမယ့်လည်း လူစားဝင်ကစားသမားအဖြစ် ပါဝင်ကစားခွင့် မရရှိခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လူတန်တောင်းနဲ့ပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားပေးခဲ့တာက ခေါ်တဲ့အချိန်မှာ ကစားပေးဖို့ အဆင်သင့်ရှိနေမှုကို ပြသခဲ့တာဖြစ်ပြီး ဇင်ချန်ကို ပြန်လည်ကစားပေးနိုင်မှုက ဂန်းနားတွေအတွက် ကြီးမားတဲ့ အားတက်စရာဖြစ်ခဲ့တာဖြစ်ပါတယ်။ လူတန်တောင်းနဲ့ပွဲစဉ်မှာ ယူကရိန်းနောက်ခံလူ ပါဝင်ကစားပေးခဲ့တာက တနင်္လာနေ့ည ခရစ္စတယ် ပဲလေ့စ်နဲ့ ပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားပေးသွားဖို့ အဆင်သင့်ဖြစ်နေပြီဆိုတဲ့ အဓိပ္ပာယ်ပဲဖြစ်ပါတယ်။ ယူရီယန် တင်းဘားရဲ့ ဒဏ်ရာရရှိခဲ့မှုကြောင့် ဇင်ချန်ကို တတ်နိုင်သမျှ အမြန်ဆုံး ပြန်လည်ကြံ့ခိုင်မှုရလာဖို့ မဖြစ်မနေ အရေးကြီးလာပြီး လက်ရှိမှာတော့ ဂန်းနားပရိသတ်တွေ စိတ်အေးခဲ့ရပြီဖြစ်ပါတယ်။

ချန်ပီယံလိဂ်အတွက် ကြိုတင်ပြင်ဆင်မှု

နောက်ဆုံးအနေနဲ့ ရက်သတ္တပတ်အလယ်မှာ ပွဲကစားရတဲ့အတွေ့အကြုံမျိုး ဒီရာသီမှာ ပိုပြီး ပုံမှန် ရင်ဆိုင်ရတော့မှာဖြစ်ပြီး အာဆင်နယ်အသင်းအနေနဲ့ ကြာသပတေးနေ့မှာ ပွဲကစားခဲ့တာဖြစ်ပြီး ဒီပွဲစဉ်ဟာ ရှေ့ကြုံလာရမယ့်အရာအတွက် အစောပိုင်း ကြိုတင်ပြင်ဆင်မှု ဖြစ်ပါတယ်။ အာဆင်နယ် လူစာရင်းက အားကောင်းနေမှုနဲ့အတူ ပြီးခဲ့တဲ့ရာသီကထက် မဲခွဲမှုက ပိုပြီး သက်သက်ညှာညှာဖြစ်ခဲ့မယ်ဆိုရင် ဆုဖလားပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်တွေအထိ သွားနိုင်မှာဖြစ်ပါတယ်။ တစ်ပတ်ကို ၂ ပွဲကစားဖို့ အဆင်သင့်ရှိနေဖို့က နားရက်မှာ အာတီတာက အသင်းကို ပုံသွင်းချင်နေတဲ့ နည်းဗျူဟာဖြစ်ပုံပေါ်ပါတယ်။

Arsenal Myanmar

Ref: Internet