ရာယာမြွေဖမ်းခဲ့ပေမယ့် ရိုက်ကယ်တင်ခဲ့လို့ အနိုင်ရခဲ့တဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာများ
ဒီကလန် ရိုက်ဟာ အင်္ဂါနေ့ညက ဒေးဗစ် ရာယာဆီကနေ ဆိုးရွားတဲ့ အမှား ၂ ခု ကျူးလွန်ခဲ့ပေမယ့်လည်း ဂန်းနားတွေကို ၄-၃ နဲ့ အနိုင်ရပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ၅ မှတ်အသာနဲ့ ဦးဆောင်နိုင်အောင် နောက်ကျအနိုင်ဂိုးကို ခေါင်းတိုက်သွင်းယူပေးခဲ့တာဖြစ်ပါတယ်။
၁။ ဟီးရိုးကနေ ဇီးရိုး
ပွဲကို နှေးကွေးစွာ စတင်ခဲ့ပြီးနောက် ထူးဆန်းတဲ့အခြေအနေမှာ လျင်လျင်မြန်မြန် အသက်ဝင်ခဲ့ပါတယ်။ နောက်ပြန်ပေးတာ အရှိန်လွန်သွားတာကြောင့် ဂိုးသမား ကာမင်းစကီး လက်ပစ်ဘောဖြစ်အောင် ကန်ထုတ်ခဲ့ရာကနေ ရခဲ့တဲ့ လက်ပစ်ဘောကနေ ဂျေးဇုက ဆာကာကို ခပ်မြန်မြန်ပဲ ပေးပို့ခဲ့ရာမှာ အင်္ဂလန်တောင်ပံကြယ်ပွင့်က ပင်နယ်တီဧရိယာထဲ ဆွဲဝင်ပြီး ခင်းပေးခဲ့ရာမှာ မာတီနယ်လီက ပြေးဝင်ပိတ်သွင်းခဲ့တာဖြစ်ပါတယ်။ အဲဒါက ဒီပွဲစဉ်ရဲ့ ပထမဆုံးဂိုးကန်ချက်ဖြစ်ခဲ့ပြီး လူတန်က အဲဒီအကွက်အတိုင်းပဲ နောက်ထပ် ၅ မိနစ်အကြာမှာ ဂိုးသွင်းယူသွားခဲ့တာဖြစ်ပါတယ်။ အဖွင့်ဂိုး သွင်းယူနိုင်ခဲ့ပေမယ့်လည်း မာတီနယ်လီဟာ အဲဒီချေပဂိုးအတွက် အပြစ်ရှိခဲ့ပြီး အိုရှိုကို လူသေချာမကပ်ထားတာကြောင့် လွတ်လွတ်ကျွတ်ကျွတ်ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ မာတီနယ်လီသာ အဲဒီနေရာမှာ ရှိမနေဘဲ တန်ပြန်တိုက်စစ်ဆင်ဖို့ ကွင်းလယ်စက်ဝိုင်းနားလောက်မှာ အသင့်စောင့်ဆိုင်းနေခဲ့ရင် အခြားနောက်ခံလူတစ်ဦးက ခေါင်းတိုက်ရှင်းထုတ်ခဲ့မှာ သေချာပါတယ်။
၂။ ဂိုးပေါက်ပြန်ရှာတွေ့ခဲ့တဲ့ ဂျေးဇု
အာဆင်နယ်ရဲ့ ကစားကွက်အပေါ် ဂျေးဇုရဲ့လုပ်အားနှုန်းနဲ့ ဘက်ပေါင်းစုံ ဖြန့်ဝေပေးနိုင်စွမ်းက ဘယ်တုန်းကမှ သံသယဖြစ်စရာမရှိခဲ့တာဖြစ်ပေမယ့် ဂိုးသွင်းစွမ်းရည်ကတော့ သံသယဖြစ်စရာအနည်းငယ်ရှိခဲ့တာဖြစ်ပါတယ်။ ဒီပွဲစဉ်မှာ ပါဝင်မကစားပေးမီ ဂျေးဇုက မန်စီးတီးကနေ ပေါင် ၄၅ သန်းနဲ့ ပြောင်းလာပြီးကတည်းက ၄၇ ပွဲမှာ ၁၆ ဂိုး သွင်းယူထားနိုင်ခဲ့တာဖြစ်သလို ဒီရာသီမှာတော့ ပရီးမီးယားလိဂ်သွင်းဂိုး တစ်ဂိုးတည်းသာ သွင်းယူထားနိုင်ခဲ့ပြီး အဲဒီဂိုးကလည်း စက်တင်ဘာအစောပိုင်းမှာ သွင်းယူခဲ့တာပါ။ ဘန်ဝှိုက်က ညာတောင်ပံမှာ ဆာကာနဲ့ အပေးအယူလုပ်ပြီးနောက် ဖြတ်တင်ပေးပို့လိုက်တဲ့ ဘောလုံးကို ဂျေးဇုက ချိန်သားကိုက် ပြေးဝင် ခေါင်းတိုက်ပိတ်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
၃။ ဂိုးသမား အငြင်းအခုံကို ပြန်လည် မီးမွှေးလိုက်တဲ့ ရာယာ
အာတီတာဟာ ရာသီအစတုန်းက ပထမပွဲထွက်ဂိုးသမားဆိုတာ ဒီရာသီမှာ မရှိဘူးလို့ ပြောခဲ့ပြီး ရမ်းစ်ဒေးလ်ကို ချန်လှပ်ချင်လို့ ဆင်ခြေပေးခဲ့တာသာ ဖြစ်တယ်ဆိုတာ ကြာလေ သိသာထင်ရှားလေ ဖြစ်လာပါတယ်။ ရာယာဟာ လက်စွမ်းပိုင်း တည်ငြိမ်မှု မရှိပေမယ့်လည်း ပွဲထွက်ဂိုးသမားနေရာမှာ ဆက်လက် ပါဝင်ခွင့်ရနေပေမယ့် အင်္ဂါနေ့ညဟာ ဘရန့်တ်ဖို့ဒ်ကနေ အငှားနဲ့ လာကစားတဲ့ စပိန်ဂိုးသမားအတွက် ဆိုးရွားတဲ့ညနေခင်းဖြစ်ခဲ့ပါတယ်။ ရာယာဟာ ပထမသွင်းဂိုးအတွက် အပြစ်မရှိခဲ့ဘူးဆိုရင်တောင်မှ ဒုတိယဂိုးကတော့ လုံးလုံး အပြစ်ရှိခဲ့ပြီး ဘောလုံးကို ထွက်ဆွဲရာမှာ လက်နှစ်ဖက်စလုံး မြှောက်ပြီး ဖမ်းတာတောင်မှ အဒီဘာယိုရဲ့ ခေါင်းကိုတောင် ကျော်အောင် မစွမ်းဆောင်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။ ဘာကလေရဲ့ သွင်းဂိုးမှာလည်း ရာယာဟာ ပျာယာခတ်နေခဲ့ပြီး ဘန် ဝှိုက်ကို ဖြတ်ကျော်ပြီး ကန်သွင်းခဲ့ချိန်မှာ မြန်သင့်သလောက်မြန်မြန် ထိုင်မချနိုင်ခဲ့လို့ ဂွကြားထဲကနေ ဝင်သွားခဲ့တာဖြစ်ပါတယ်။ အာတီတာအနေနဲ့ နောက်ထပ်တစ်ကြိမ် ပွဲထွက်ဂိုးသမားကိစ္စအတွက် မေးခွန်းတွေကို ဖြေရတော့မှာပါ။
၄။ ၂၀၂၁-၂၀၂၂ ရာသီနောက်ပိုင်း ပထမဆုံးဂိုးပြန်ရခဲ့တဲ့ ဘာကလေ
လူတန်ရဲ့ တတိယမြောက်ဦးဆောင်ဂိုးဟာ အာဆင်နယ်ဘက်ကနေ ကြည့်ရင် လွယ်လွယ်နဲ့ ပေးလိုက်ရတဲ့ဂိုးတစ်ဂိုးဖြစ်ပေမယ့်လည်း အဲဒါက လူတန်ရဲ့ စွန့်စားခန်းဖွင့်နိုင်မှုနဲ့ အရည်အသွေးကို ညွှန်ပြမှုဖြစ်ခဲ့ပြီး ပရီးမီးယားလိဂ်အတွေ့အကြုံရင့်ကျက်တဲ့ကစားသမား ၂ ဦးနဲ့အတူ ကြောက်မက်ဖွယ်ကောင်းတဲ့အသင်းတစ်သင်းဆိုတာလည်း သိသာထင်ရှားခဲ့ပါတယ်။ ဘာကလေဟာ ကွင်းလယ်စက်ဝိုင်းကနေ ဘောလုံးကို ရယူခဲ့ပြီး ဂါဘရီယဲလ်နဲ့ အော်ဒီဂွါဒ်တို့ကို ကျော်ဖြတ်ပြီးနောက် တောင်းဆန့်ဒ်နဲ့ ဝမ်းတူးရိုက်သွားခဲ့တာဖြစ်ပါတယ်။ ဘာကလေဟာ ဘောလုံးကို ပင်နယ်တီဧရီယာဘယ်အစွန်မှာ ဘန် ဝှိုက် ကာကွယ်ထားတဲ့ကြားကနေ လှည့်ထွက်ပြီး ဘယ်ခြေနဲ့ အပြင်းကန်သွင်းခဲ့ရာမှာ ၂၀၂၁-၂၀၂၂ ရာသီနောက်ဆုံးနေ့နောက်ပိုင်း ပထမဆုံးသွင်းဂိုးကို ရရှိခဲ့တာဖြစ်ပါတယ်။ ဘာကလေဟာ အသက် ၃၀ ပြည့်မွေးနေ့ကိုလည်း ကျင်းပခဲ့တာဖြစ်ပြီး အဲဗာတန်ကြယ်ပွင့်ဟောင်းရဲ့ တစ်ခါတုန်းကပုံစံကို ပြန်မြင်တွေ့ခဲ့ရတာလည်းဖြစ်ပါတယ်။
၅။ ကယ်တင်ရှင် ဒီကလန် ရိုက်
အာဆင်နယ်အတွက် အိပ်မက်ဆိုးမက်တဲ့ ညတစ်ညဖြစ်တော့မယ့်ပုံပေါ်ခဲ့ပြီး ဂိုးတွေကလည်း ထင်ထားတာထက် လွယ်လွယ်ပြန်ပေးခဲ့ရပြီး ဒုတိယနေရာက လီဗာပူးလ်ဟာ ဗုဒ္ဓဟူးနေ့ညမှာ အမှတ်ပေးဇယားကြမ်းကပ်နေတဲ့ ရှက်ဖီးနဲ့ ရင်ဆိုင်ရမှာဖြစ်လို့ ဒီပွဲမှာ မဖြစ်မနေအနိုင်ကစားဖို့လိုတယ်ဆိုတာ ဂန်းနားတွေ သိနေကြပါတယ်။ ပြီးခဲ့တဲ့ရာသီတုန်းက နယူးရီးယားမှာ ခြေချော်ခဲ့မှုတွေကြောင့် ဇွဲမလျှော့ဘဲ အမီလိုက်ခဲ့တဲ့ စီးတီးရဲ့ ကျော်ဖြတ်ခြင်းကို ခံခဲ့ရတာပါ။ ဒီပွဲစဉ်က ပုံစံမျိုးနဲ့ဆိုရင် ဒီရာသီအကုန်မှာလည်း အလားတူ အခြေအနေမျိုး ကြုံတွေ့ရနိုင်တယ်ဆိုတာကို ဂန်းနားတွေ ကောင်းကောင်း သတိပြုမိခဲ့ပေမယ့် အသင်းစံချိန်တင် ပြောင်းရွှေ့ကြေးရှင် ဒီကလန် ရိုက်က ပေးရတဲ့စျေးနဲ့ တန်လွန်းမက တန်တယ်ဆိုတာကို နောက်ထပ်တစ်ကြိမ် သက်သေပြသသွားခဲ့တာကြောင့်သာ ဆင်ပျံကြီးတို့ အနိုင် ၃ မှတ်အပြည့်ရခဲ့တာဖြစ်ပါတယ်။
၆။ ဂိုးသွင်းခြေ ပြန်ရနေတဲ့ ကင်းကိုင်
ဟာဗတ်ဇ်ဟာ ယုံကြည်မှု ပြန်လည်ရရှိနေတာကြောင့် နောက်ထပ်သွင်းဂိုးတစ်ဂိုးကို ထပ်မံသွင်းယူနိုင်ခဲ့ပြီး ဂျာမန်ကြယ်ပွင့်ဟာ ဂျေးဇုနဲ့ အလွန်ကောင်းမွန်တဲ့ ပေါင်းစပ်ကစားမှု ပြုလုပ်ပြီး ဂိုးသမားနဲ့ တစ်ဦးချင်း ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ဟာဗတ်ဇ်ဟာ လူတန်နဲ့ပွဲမှာ ဘောလုံးပေးပို့ရာမှာ တိကျမှု ၆၄ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး အဓိကကျတဲ့ ပေးပို့မှု ၄ ကြိမ်လည်း အပါအဝင်ဖြစ်ခဲ့ပါတယ်။ ဂျာမန်ကွင်းလယ်ကြယ်ပွင့်ဟာ တစ်ဦးချင်းတိုက်ပွဲ ၁၀ ကြိမ်လည်း အနိုင်ရခဲ့၊ ဖျက်ထုတ်မှု ၂ ကြိမ်၊ ကြားဝင်လုယူမှု ၁ ကြိမ် ပြုလုပ်နိုင်ခဲ့ပါသေးတယ်။ ဂန်းနားတွေအတွက် အရေးပါတဲ့သွင်းဂိုး တစ်ဂိုးကို ရယူပေးနိုင်ဖို့အတွက် ဂိုးပေါက်ကန်သွင်းမှု ၅ ကြိမ်အထိ ပြုလုပ်ခဲ့ပါတယ်။
၇။ ပွဲ ၂၀၀ ပြည့်ပွဲမှာ ဂိုးဖန်တီးမှု ပြုလုပ်ပေးနိုင်ခဲ့တဲ့ ဆာကာ
ဘူကာယို ဆာကာဟာ ၂၀၁၈ ခုနှစ်မှာ အာဆင်နယ်အတွက် ပွဲဦးထွက်ခွင့်ရခဲ့ပြီးနောက်ပိုင်း ပွဲပေါင်း ၂၀၀ ပြည့်မြောက်ခဲ့ပြီဖြစ်ပြီး ဖာဘရီဂတ်စ်နောက်ပိုင်း ဒီစံချိန်ကို ရရှိခဲ့တဲ့ အသက်အငယ်ဆုံးကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဆာကာဟာ ပထမပိုင်းကို ကောင်းမွန်တဲ့ ပုံစံနဲ့ စတင်ခဲ့ပြီး ဂန်းနားတွေအတွက် ဦးဆောင်ဂိုးကို မာတီနယ်လီသွင်းယူနိုင်အောင် ဖန်တီးပေးခဲ့တာဖြစ်ပါတယ်။ဆာကာဟာ ဂျေးဇုရဲ့ သွင်းဂိုးဖြစ်လာနိုင်တဲ့ အခွင့်အရေးကိုလည်း ဖန်တီးပေးခဲ့တာဖြစ်ပြီး ဘန် ဝှိုက်နဲ့အတူ ညာတောင်ပံမှာ ဝမ်းတူးရိုက်ပြီး အင်္ဂလန်ညာနောက်ခံလူက ဖြတ်တင်ပေးပို့မှုပြုလုပ်ခဲ့ရာမှာ ဘရာဇီးလ်တိုက်စစ်မှူးက ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: ဒီကလန္ ႐ိုက္ဟာ အဂၤါေန႔ညက ေဒးဗစ္ ရာယာဆီကေန ဆိုး႐ြားတဲ့ အမွား ၂ ခု က်ဴးလြန္ခဲ့ေပမယ့္လည္း ဂန္းနားေတြကို ၄-၃ နဲ႔ အႏိုင္ရၿပီး အမွတ္ေပးဇယားထိပ္ဆုံးမွာ ၅ မွတ္အသာနဲ႔ ဦးေဆာင္ႏိုင္ေအာင္ ေနာက္က်အႏိုင္ဂိုးကို ေခါင္းတိုက္သြင္းယူေပးခဲ့တာျဖစ္ပါတယ္။
၁။ ဟီး႐ိုးကေန ဇီး႐ိုး
ပြဲကို ေႏွးေကြးစြာ စတင္ခဲ့ၿပီးေနာက္ ထူးဆန္းတဲ့အေျခအေနမွာ လ်င္လ်င္ျမန္ျမန္ အသက္ဝင္ခဲ့ပါတယ္။ ေနာက္ျပန္ေပးတာ အရွိန္လြန္သြားတာေၾကာင့္ ဂိုးသမား ကာမင္းစကီး လက္ပစ္ေဘာျဖစ္ေအာင္ ကန္ထုတ္ခဲ့ရာကေန ရခဲ့တဲ့ လက္ပစ္ေဘာကေန ေဂ်းဇုက ဆာကာကို ခပ္ျမန္ျမန္ပဲ ေပးပို႔ခဲ့ရာမွာ အဂၤလန္ေတာင္ပံၾကယ္ပြင့္က ပင္နယ္တီဧရိယာထဲ ဆြဲဝင္ၿပီး ခင္းေပးခဲ့ရာမွာ မာတီနယ္လီက ေျပးဝင္ပိတ္သြင္းခဲ့တာျဖစ္ပါတယ္။ အဲဒါက ဒီပြဲစဥ္ရဲ႕ ပထမဆုံးဂိုးကန္ခ်က္ျဖစ္ခဲ့ၿပီး လူတန္က အဲဒီအကြက္အတိုင္းပဲ ေနာက္ထပ္ ၅ မိနစ္အၾကာမွာ ဂိုးသြင္းယူသြားခဲ့တာျဖစ္ပါတယ္။ အဖြင့္ဂိုး သြင္းယူႏိုင္ခဲ့ေပမယ့္လည္း မာတီနယ္လီဟာ အဲဒီေခ်ပဂိုးအတြက္ အျပစ္ရွိခဲ့ၿပီး အိုရႈိကို လူေသခ်ာမကပ္ထားတာေၾကာင့္ လြတ္လြတ္ကြၽတ္ကြၽတ္ေခါင္းတိုက္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ မာတီနယ္လီသာ အဲဒီေနရာမွာ ရွိမေနဘဲ တန္ျပန္တိုက္စစ္ဆင္ဖို႔ ကြင္းလယ္စက္ဝိုင္းနားေလာက္မွာ အသင့္ေစာင့္ဆိုင္းေနခဲ့ရင္ အျခားေနာက္ခံလူတစ္ဦးက ေခါင္းတိုက္ရွင္းထုတ္ခဲ့မွာ ေသခ်ာပါတယ္။
၂။ ဂိုးေပါက္ျပန္ရွာေတြ႕ခဲ့တဲ့ ေဂ်းဇု
အာဆင္နယ္ရဲ႕ ကစားကြက္အေပၚ ေဂ်းဇုရဲ႕လုပ္အားႏႈန္းနဲ႔ ဘက္ေပါင္းစုံ ျဖန႔္ေဝေပးႏိုင္စြမ္းက ဘယ္တုန္းကမွ သံသယျဖစ္စရာမရွိခဲ့တာျဖစ္ေပမယ့္ ဂိုးသြင္းစြမ္းရည္ကေတာ့ သံသယျဖစ္စရာအနည္းငယ္ရွိခဲ့တာျဖစ္ပါတယ္။ ဒီပြဲစဥ္မွာ ပါဝင္မကစားေပးမီ ေဂ်းဇုက မန္စီးတီးကေန ေပါင္ ၄၅ သန္းနဲ႔ ေျပာင္းလာၿပီးကတည္းက ၄၇ ပြဲမွာ ၁၆ ဂိုး သြင္းယူထားႏိုင္ခဲ့တာျဖစ္သလို ဒီရာသီမွာေတာ့ ပရီးမီးယားလိဂ္သြင္းဂိုး တစ္ဂိုးတည္းသာ သြင္းယူထားႏိုင္ခဲ့ၿပီး အဲဒီဂိုးကလည္း စက္တင္ဘာအေစာပိုင္းမွာ သြင္းယူခဲ့တာပါ။ ဘန္ဝႈိက္က ညာေတာင္ပံမွာ ဆာကာနဲ႔ အေပးအယူလုပ္ၿပီးေနာက္ ျဖတ္တင္ေပးပို႔လိုက္တဲ့ ေဘာလုံးကို ေဂ်းဇုက ခ်ိန္သားကိုက္ ေျပးဝင္ ေခါင္းတိုက္ပိတ္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။
၃။ ဂိုးသမား အျငင္းအခုံကို ျပန္လည္ မီးေမႊးလိုက္တဲ့ ရာယာ
အာတီတာဟာ ရာသီအစတုန္းက ပထမပြဲထြက္ဂိုးသမားဆိုတာ ဒီရာသီမွာ မရွိဘူးလို႔ ေျပာခဲ့ၿပီး ရမ္းစ္ေဒးလ္ကို ခ်န္လွပ္ခ်င္လို႔ ဆင္ေျခေပးခဲ့တာသာ ျဖစ္တယ္ဆိုတာ ၾကာေလ သိသာထင္ရွားေလ ျဖစ္လာပါတယ္။ ရာယာဟာ လက္စြမ္းပိုင္း တည္ၿငိမ္မႈ မရွိေပမယ့္လည္း ပြဲထြက္ဂိုးသမားေနရာမွာ ဆက္လက္ ပါဝင္ခြင့္ရေနေပမယ့္ အဂၤါေန႔ညဟာ ဘရန႔္တ္ဖို႔ဒ္ကေန အငွားနဲ႔ လာကစားတဲ့ စပိန္ဂိုးသမားအတြက္ ဆိုး႐ြားတဲ့ညေနခင္းျဖစ္ခဲ့ပါတယ္။ ရာယာဟာ ပထမသြင္းဂိုးအတြက္ အျပစ္မရွိခဲ့ဘူးဆိုရင္ေတာင္မွ ဒုတိယဂိုးကေတာ့ လုံးလုံး အျပစ္ရွိခဲ့ၿပီး ေဘာလုံးကို ထြက္ဆြဲရာမွာ လက္ႏွစ္ဖက္စလုံး ေျမႇာက္ၿပီး ဖမ္းတာေတာင္မွ အဒီဘာယိုရဲ႕ ေခါင္းကိုေတာင္ ေက်ာ္ေအာင္ မစြမ္းေဆာင္ႏိုင္ခဲ့ဘဲ ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။ ဘာကေလရဲ႕ သြင္းဂိုးမွာလည္း ရာယာဟာ ပ်ာယာခတ္ေနခဲ့ၿပီး ဘန္ ဝႈိက္ကို ျဖတ္ေက်ာ္ၿပီး ကန္သြင္းခဲ့ခ်ိန္မွာ ျမန္သင့္သေလာက္ျမန္ျမန္ ထိုင္မခ်ႏိုင္ခဲ့လို႔ ဂြၾကားထဲကေန ဝင္သြားခဲ့တာျဖစ္ပါတယ္။ အာတီတာအေနနဲ႔ ေနာက္ထပ္တစ္ႀကိမ္ ပြဲထြက္ဂိုးသမားကိစၥအတြက္ ေမးခြန္းေတြကို ေျဖရေတာ့မွာပါ။
၄။ ၂၀၂၁-၂၀၂၂ ရာသီေနာက္ပိုင္း ပထမဆုံးဂိုးျပန္ရခဲ့တဲ့ ဘာကေလ
လူတန္ရဲ႕ တတိယေျမာက္ဦးေဆာင္ဂိုးဟာ အာဆင္နယ္ဘက္ကေန ၾကည့္ရင္ လြယ္လြယ္နဲ႔ ေပးလိုက္ရတဲ့ဂိုးတစ္ဂိုးျဖစ္ေပမယ့္လည္း အဲဒါက လူတန္ရဲ႕ စြန႔္စားခန္းဖြင့္ႏိုင္မႈနဲ႔ အရည္အေသြးကို ၫႊန္ျပမႈျဖစ္ခဲ့ၿပီး ပရီးမီးယားလိဂ္အေတြ႕အႀကဳံရင့္က်က္တဲ့ကစားသမား ၂ ဦးနဲ႔အတူ ေၾကာက္မက္ဖြယ္ေကာင္းတဲ့အသင္းတစ္သင္းဆိုတာလည္း သိသာထင္ရွားခဲ့ပါတယ္။ ဘာကေလဟာ ကြင္းလယ္စက္ဝိုင္းကေန ေဘာလုံးကို ရယူခဲ့ၿပီး ဂါဘရီယဲလ္နဲ႔ ေအာ္ဒီဂြါဒ္တို႔ကို ေက်ာ္ျဖတ္ၿပီးေနာက္ ေတာင္းဆန႔္ဒ္နဲ႔ ဝမ္းတူး႐ိုက္သြားခဲ့တာျဖစ္ပါတယ္။ ဘာကေလဟာ ေဘာလုံးကို ပင္နယ္တီဧရီယာဘယ္အစြန္မွာ ဘန္ ဝႈိက္ ကာကြယ္ထားတဲ့ၾကားကေန လွည့္ထြက္ၿပီး ဘယ္ေျခနဲ႔ အျပင္းကန္သြင္းခဲ့ရာမွာ ၂၀၂၁-၂၀၂၂ ရာသီေနာက္ဆုံးေန႔ေနာက္ပိုင္း ပထမဆုံးသြင္းဂိုးကို ရရွိခဲ့တာျဖစ္ပါတယ္။ ဘာကေလဟာ အသက္ ၃၀ ျပည့္ေမြးေန႔ကိုလည္း က်င္းပခဲ့တာျဖစ္ၿပီး အဲဗာတန္ၾကယ္ပြင့္ေဟာင္းရဲ႕ တစ္ခါတုန္းကပုံစံကို ျပန္ျမင္ေတြ႕ခဲ့ရတာလည္းျဖစ္ပါတယ္။
၅။ ကယ္တင္ရွင္ ဒီကလန္ ႐ိုက္
အာဆင္နယ္အတြက္ အိပ္မက္ဆိုးမက္တဲ့ ညတစ္ညျဖစ္ေတာ့မယ့္ပုံေပၚခဲ့ၿပီး ဂိုးေတြကလည္း ထင္ထားတာထက္ လြယ္လြယ္ျပန္ေပးခဲ့ရၿပီး ဒုတိယေနရာက လီဗာပူးလ္ဟာ ဗုဒၶဟူးေန႔ညမွာ အမွတ္ေပးဇယားၾကမ္းကပ္ေနတဲ့ ရွက္ဖီးနဲ႔ ရင္ဆိုင္ရမွာျဖစ္လို႔ ဒီပြဲမွာ မျဖစ္မေနအႏိုင္ကစားဖို႔လိုတယ္ဆိုတာ ဂန္းနားေတြ သိေနၾကပါတယ္။ ၿပီးခဲ့တဲ့ရာသီတုန္းက နယူးရီးယားမွာ ေျခေခ်ာ္ခဲ့မႈေတြေၾကာင့္ ဇြဲမေလွ်ာ့ဘဲ အမီလိုက္ခဲ့တဲ့ စီးတီးရဲ႕ ေက်ာ္ျဖတ္ျခင္းကို ခံခဲ့ရတာပါ။ ဒီပြဲစဥ္က ပုံစံမ်ိဳးနဲ႔ဆိုရင္ ဒီရာသီအကုန္မွာလည္း အလားတူ အေျခအေနမ်ိဳး ႀကဳံေတြ႕ရႏိုင္တယ္ဆိုတာကို ဂန္းနားေတြ ေကာင္းေကာင္း သတိျပဳမိခဲ့ေပမယ့္ အသင္းစံခ်ိန္တင္ ေျပာင္းေ႐ႊ႕ေၾကးရွင္ ဒီကလန္ ႐ိုက္က ေပးရတဲ့ေစ်းနဲ႔ တန္လြန္းမက တန္တယ္ဆိုတာကို ေနာက္ထပ္တစ္ႀကိမ္ သက္ေသျပသသြားခဲ့တာေၾကာင့္သာ ဆင္ပ်ံႀကီးတို႔ အႏိုင္ ၃ မွတ္အျပည့္ရခဲ့တာျဖစ္ပါတယ္။
၆။ ဂိုးသြင္းေျခ ျပန္ရေနတဲ့ ကင္းကိုင္
ဟာဗတ္ဇ္ဟာ ယုံၾကည္မႈ ျပန္လည္ရရွိေနတာေၾကာင့္ ေနာက္ထပ္သြင္းဂိုးတစ္ဂိုးကို ထပ္မံသြင္းယူႏိုင္ခဲ့ၿပီး ဂ်ာမန္ၾကယ္ပြင့္ဟာ ေဂ်းဇုနဲ႔ အလြန္ေကာင္းမြန္တဲ့ ေပါင္းစပ္ကစားမႈ ျပဳလုပ္ၿပီး ဂိုးသမားနဲ႔ တစ္ဦးခ်င္း ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။ ဟာဗတ္ဇ္ဟာ လူတန္နဲ႔ပြဲမွာ ေဘာလုံးေပးပို႔ရာမွာ တိက်မႈ ၆၄ ရာခိုင္ႏႈန္းအထိ ရွိခဲ့ၿပီး အဓိကက်တဲ့ ေပးပို႔မႈ ၄ ႀကိမ္လည္း အပါအဝင္ျဖစ္ခဲ့ပါတယ္။ ဂ်ာမန္ကြင္းလယ္ၾကယ္ပြင့္ဟာ တစ္ဦးခ်င္းတိုက္ပြဲ ၁၀ ႀကိမ္လည္း အႏိုင္ရခဲ့၊ ဖ်က္ထုတ္မႈ ၂ ႀကိမ္၊ ၾကားဝင္လုယူမႈ ၁ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့ပါေသးတယ္။ ဂန္းနားေတြအတြက္ အေရးပါတဲ့သြင္းဂိုး တစ္ဂိုးကို ရယူေပးႏိုင္ဖို႔အတြက္ ဂိုးေပါက္ကန္သြင္းမႈ ၅ ႀကိမ္အထိ ျပဳလုပ္ခဲ့ပါတယ္။
၇။ ပြဲ ၂၀၀ ျပည့္ပြဲမွာ ဂိုးဖန္တီးမႈ ျပဳလုပ္ေပးႏိုင္ခဲ့တဲ့ ဆာကာ
ဘူကာယို ဆာကာဟာ ၂၀၁၈ ခုႏွစ္မွာ အာဆင္နယ္အတြက္ ပြဲဦးထြက္ခြင့္ရခဲ့ၿပီးေနာက္ပိုင္း ပြဲေပါင္း ၂၀၀ ျပည့္ေျမာက္ခဲ့ၿပီျဖစ္ၿပီး ဖာဘရီဂတ္စ္ေနာက္ပိုင္း ဒီစံခ်ိန္ကို ရရွိခဲ့တဲ့ အသက္အငယ္ဆုံးကစားသမားျဖစ္လာခဲ့တာျဖစ္ပါတယ္။ ဆာကာဟာ ပထမပိုင္းကို ေကာင္းမြန္တဲ့ ပုံစံနဲ႔ စတင္ခဲ့ၿပီး ဂန္းနားေတြအတြက္ ဦးေဆာင္ဂိုးကို မာတီနယ္လီသြင္းယူႏိုင္ေအာင္ ဖန္တီးေပးခဲ့တာျဖစ္ပါတယ္။ဆာကာဟာ ေဂ်းဇုရဲ႕ သြင္းဂိုးျဖစ္လာႏိုင္တဲ့ အခြင့္အေရးကိုလည္း ဖန္တီးေပးခဲ့တာျဖစ္ၿပီး ဘန္ ဝႈိက္နဲ႔အတူ ညာေတာင္ပံမွာ ဝမ္းတူး႐ိုက္ၿပီး အဂၤလန္ညာေနာက္ခံလူက ျဖတ္တင္ေပးပို႔မႈျပဳလုပ္ခဲ့ရာမွာ ဘရာဇီးလ္တိုက္စစ္မႉးက ေခါင္းတိုက္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Post Match Review