မြောက်လန်ဒန်ဒါဘီနိုင်ပွဲ ရသင့်လျက်နဲ့ အမှတ်ခွဲယူခဲ့ရတဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာများ
အာဆင်နယ်နဲ့ စပါးစ်တို့ဟာ တနင်္ဂနွေနေ့ညနေ အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ တစ်ဖက် ၂ ဂိုးစီ သရေရလဒ်နဲ့ပွဲပြီးဆုံးခဲ့ပါတယ်။
ဆွန်ဟောင်မင်က စပါးစ်အတွက် ချေပဂိုးတွေ လိုက်သွင်းခဲ့ပြီး ဆာကာက ပင်နယ်တီကနေ ဦးဆောင်ဂိုး မသွင်းယူမီ ရိုမဲရိုးကို ကိုယ့်ဂိုးကိုယ်သွင်းမိအောင် ပြုလုပ်ခဲ့ပြီးနောက် အဖွင့်ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။
ဆွန်ဟာ ပထမပိုင်း ၅ မိနစ်မှာပဲ ဂိုးကန်သွင်းနိုင်ခဲ့ပေမယ့်လည်း လူကျွံနေတာကြောင့် ဂိုးအဖြစ် ခွင့်ပြုခြင်းမခံခဲ့ရဘဲ အဲဒီအချိန်ကတည်းက ဂန်းနားတွေကို ဂိုးသွင်းယူတော့မယ်ဆိုတာ သတိပေးခဲ့တာဖြစ်ပါတယ်။
စပါးစ်ဂိုးသမား ဗီကာရီယိုဟာ ပထမပိုင်းမှာ အလုပ်ပိုများခဲ့ပြီး ဂါဘရီယဲလ် ဂျေးဇုနဲ့ အန်ကီးတီးယားတို့ရဲ့ အပိုင်ကန်သွင်းမှုတွေကို ကြောက်မက်ဖွယ် လက်စွမ်းနဲ့ ကာကွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။
ဂန်းနားတွေဟာ ဖိအားမြင့်မြင့်ပေးပြီး စပါးစ်ကို အမှားတွေ ကျူးလွန်မိအောင် တွန်းအားပေးနိုင်ခဲ့တာကို မြင်တွေ့ခဲ့ရပြီး ဂျိမ်းစ် မက်ဒီဆင်ကို ဘောလုံးပိုင်ဆိုင်မှု ဆုံးရှုံးအောင် ပြုလုပ်နိုင်ခဲ့ပြီးနောက် ဂျေးဇုရဲ့ ကန်ချက်က ဂိုးဘားတန်းပေါ် ကျော်သွားခဲ့လို့ နစ်နာခဲ့ရတာဖြစ်ပါတယ်။
၁။ ရမ်းစ်ဒေးလ် နေရာပျောက်အောင် လက်စွမ်းပြခဲ့တဲ့ ရာယာ
အားလုံးမျှော်လင့်ထားတဲ့အတိုင်း အာတီတာက အရေးကြီးတဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ်မှာ ရာယာကို ပွဲထွက်ခွင့်ပေးခဲ့ပြီး စပါးစ်က ရမ်းစ်ဒေးလ်ကို လာမယ့်ပွဲစဉ်တွေအတွက် ပွဲထွက်ခွင့် ဆုံးရှုံးတော့မယ်ဆိုတာကို အတည်ပြုပေးခဲ့တာဖြစ်ပါတယ်။ ဒေးဗစ် ရာယာဟာ ဘရန်နန် ဂျွန်ဆင်ရဲ့ ဂိုးကန်သွင်းချက်ကို ဂိုးစည်းပေါ်ကနေ ပုတ်ထုတ်ကာကွယ်နိုင်ခဲ့ပြီးနောက် ပွဲထွက်ခွင့်အတွက် အခိုင်အမာ နေရာယူနိုင်ခဲ့ပြီဖြစ်ပုံပေါ်ပေမယ့်လည်း စပါးစ်ရဲ့ ချေပဂိုးမှာတော့ မေးခွန်းထုတ်စရာဖြစ်ခဲ့ပါတယ်။ ဂျွန်ဆန်ရဲ့ နောက်ဆက်တွဲ ဂိုးသွင်းမှုကို ရင်ဘတ်နဲ့ အလွန်ကောင်းမွန်တဲ့ ကာကွယ်မှုပြုလုပ်နိုင်ခဲ့ပေမယ့်လည်း ရာယာအနေနဲ့ ကနဦး ဖြတ်တင်ပေးပို့မှုကို အမိဖမ်းတာ ဒါမှမဟုတ် အနည်းဆုံးတော့ ထောင့်ကန်ဘောဖြစ်သွားအောင် လုပ်လိုက်လို့ရနိုင်တယ်လို့ ငြင်းခုံစရာဖြစ်ခဲ့ပါတယ်။ အဲဒီအစား ရာယာက ဂျွန်ဆန် အသင့်စောင့်ဆိုင်းနေတဲ့ အန္တရာယ်များတဲ့နေရာကို ပုတ်ထုတ်လိုက်ပြီး ဂန်းနားတွေက ဘောလုံးရှင်းထုတ်နိုင်ခြင်းမရှိခဲ့တာကြောင့် ဆွန်က ဂိုးထောင့်ထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ရာယာဟာ ဘောလုံးကို ခြေထောက်နဲ့ ကစားတာ ကောင်းမွန်ခဲ့ပြီး ပင်နယ်တီဧရိယာထဲမှာ ကောင်းကောင်း ညွှန်ကြားမှုတွေ ပြုလုပ်နိုင်ခဲ့ပေမယ့် ဒီထက်တော့ ပိုကောင်းကောင်း လုပ်နိုင်ခဲ့သင့်တာတော့ အမှန်ပါပဲ။
၂။ အူဒိုဂီရဲ့ ပထမပိုင်းအိပ်မက်ဆိုး
အူဒိုဂီဟာ ပထမပိုင်းမှာ အာဆင်နယ်ကြယ်ပွင့် ဘူကာယို ဆာကာရဲ့ မွှေနှောက်ခံခဲ့ရပြီးနောက် ဒီညမှာ အိပ်မက်ဆိုးတွေ မက်တော့မှာဖြစ်ပြီး ပထမဆုံးအနေနဲ့ ဂန်းနားကြယ်ပွင့်ကို ပြစ်ဒဏ်ကျူးလွန်ခဲ့မှုကြောင့် အန္တရာယ်ရှိတဲ့နေရာမှာ အလွတ်တည်ကန်ဘော ပေးခဲ့ရတာဖြစ်ပါတယ်။ နောက်တစ်ခါမှာတော့ ဖျက်ထုတ်မှုပြုလုပ်ရာမှာ နောက်ကျသွားတာကြောင့် အဝါကတ်ထိခဲ့ပြီး တစ်ဝါထိပြီးကတည်းက အူဒိုဂီရဲ့အနေအထားက အရမ်းမဝင်ရဲတော့ဘဲ ခပ်ရှောင်ရှောင်ဖြစ်လာခဲ့ပါတယ်။ အူဒိုဂီဟာ နောက်ပြန်အပေးကောင်းလို့ ဂိုးပေးရမလိုဖြစ်ခဲ့ပြီး အန်ကီးတီးယားဖြစ်နေလို့သာ သက်ပြင်းချနိုင်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆာကာနဲ့ တစ်ယောက်ချင်းရင်ဆိုင်ရတဲ့အချိန်တိုင်း အူဒိုဂီဟာ မျက်စိသူငယ် နားသူငယ်ဖြစ်နေခဲ့ပြီး ဂန်းနားတွေရဲ့ အဖွင့်ဂိုးကလည်း အင်္ဂလန်ကြယ်ပွင့်ကို အနီးကပ် သွားဖျက်ရမလား ဒါမှမဟုတ် ပြေးလိုက်နေရမလား ဝေခွဲမရ ဖြစ်နေတုန်းမှာ ပေးလိုက်ရတာဖြစ်ပါတယ်။
၃။ အဆုံးသတ်သေချာတဲ့ ဆွန်
ဘိုင်ယန်မြူးနစ်အတွက် ဟာရီ ကိန်းက ပထမဆုံး ဟက်ထရစ်ကို သွင်းယူပြီးနောက် ၂၄ နာရီ မပြည့်ခင်မှာ ဆွန်ကလည်း အားကျမခံ ဂိုးသွင်းစွမ်းရည်ကို ပြသခဲ့တာဖြစ်ပြီး တောင်ကိုရီးယားကြယ်ပွင့်ဟာ ပထမပိုင်း ၅ မိနစ်မှာ လူကျွံဘောဖြစ်သွားတဲ့ ဂိုးသာ ရခဲ့ရင် ဟက်ထရစ်ရခဲ့မှာဖြစ်ပါတယ်။
၄။ ရုန်းကန်ခဲ့ရတဲ့ ဒီကလန် ရိုက်
အာဆင်နယ်ရဲ့ ကွင်းလယ်ကြယ်ပွင့် ဒီကလန် ရိုက်ဟာ စိတ်ပျက်ဖွယ် စွမ်းဆောင်ရည်ပြသခဲ့ပြီးနောက် ပထမပိုင်းအပြီးမှာပဲ လူစားလဲခံလိုက်ရပါတယ်။ ရိုက်ပုံစံကြည့်ရတာ ဒဏ်ရာပဲ ရနေတာလား မသိပေမယ့် အရင်ပွဲတွေတုန်းကလို ပုံစံမျိုးမဟုတ်ဘဲ ခြေထောက်ထဲက ဘောလုံးတောင် စပါးစ်ကစားသမားတွေဆီ ရောက်သွားတဲ့အထိ ဆိုးရွားနေခဲ့ပါတယ်။ ဒီကလန် ရိုက်ကို လူစားလဲပြီးနောက် ၁၀ မိနစ်အကြာမှာပဲ ဂျော်ဂျင်ညိုက ဘောလုံးပေးပို့ဖို့ တွန့်ဆုတ်နေခဲ့ရာကနေ နောက်ဆုံးမှာတော့ ဆွန်ဟောင်မင်က ချေပဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
၅။မှော်ဆန်တဲ့ မက်ဒီဆင်
နွေရာသီကစားသမားခေါ်ယူမှုတွေအကြောင်း ပြောမယ်ဆိုရင် ဂျိမ်းစ် မက်ဒီဆင်ရဲ့ နာမည်လည်း ပါဖို့လိုမှာဖြစ်ပြီး လက်စတာစီးတီးကြယ်ပွင့်ဟောင်းဟာ စပါးစ်ရဲ့ နှလုံးသားအဖြစ် အမ်းမရိတ်စ်က သရေတစ်မှတ် ရယူနိုင်ခဲ့တဲ့ပွဲမှာ အဓိကကျတဲ့အခန်းကဏ္ဍကနေ ကြိုးကိုင်ခဲ့တာဖြစ်ပါတယ်။ မက်ဒီဆင်ဟာ ခံစစ်ပိုင်းဧရိယာတွေမှာ ဘောလုံးအပေါ် အာရုံစိုက်မှု အနည်းငယ် လျော့ကျနေခဲ့ပြီး ၎င်းရဲ့ အမှားကြောင့် ဂျေးဇု ဂိုးသွင်းယူနိုင်လုနီးပါးဖြစ်ခဲ့ပေမယ့်လည်း စပါးစ်ကို နောက်ကနေ ၂ ကြိမ်အထိ ပြန်လည်ချေပနိုင်အောင် ကူညီပေးခဲ့တာဖြစ်ပါတယ်။
ပထမဆုံးအကြိမ်က ဆာကာကို လှည့်ထွက်ပြီး ဆွန်ဟောင်မင်ဆီ ဘောလုံးခင်းပေးခဲ့တာဖြစ်ပြီး တောင်ကိုရီးယားကြယ်ပွင့်က ဂျော်ဂျင်ညိုကို မျက်ခြည်ဖြတ်ပြီး ဂိုးရှေ့ပြေးလွှားသွားခဲ့တာဖြစ်ပါတယ်။ မက်ဒီဆင်ဟာ ဘောလုံးမကိုင်ထားတဲ့အချိန်မှာတောင် အသင်းဖော်တွေနဲ့ ဆက်သွယ်ပြောဆိုမှုတွေ ပြုလုပ်ပြီး ဘယ်နေရာမှာ ရှိနေသင့်တယ်ဆိုတာ သတိပေးခဲ့သလို တစ်ကွင်းလုံးလည်း လိုက်ကစားပေးခဲ့တာဖြစ်ပါတယ်။ ဒီကလန် ရိုက်အနေနဲ့ မက်ဒီဆင်ကို လူကပ်ကစားရတာ မပျော်မရွှင်ဖြစ်ခဲ့မှာဖြစ်ပြီး အဆုံးမှာတော့ ဒဏ်ရာအနည်းငယ်ရရှိခဲ့ပုံပေါ်တာကြောင့် လူစားလဲခံခဲ့ရလို့ ဂန်းနားတို့ စိတ်သက်သာရာရခဲ့ပါတယ်။ စပါးစ်အနေနဲ့ ဘာဒဏ်ရာမှ ပြင်းပြင်းထန်ထန် မရဖို့ မျှော်လင့်နေမှာဖြစ်ပြီး မက်ဒီဆင်ဟာ မြောက်လန်ဒန်မှာ လျင်လျင်မြန်မြန်ပဲ ချန်လှပ်ထားလို့မရတဲ့ကစားသမားဖြစ်လာပြီဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္နဲ႔ စပါးစ္တို႔ဟာ တနဂၤေႏြေန႔ညေန အမ္းမရိတ္စ္မွာ ကစားခဲ့တဲ့ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္မွာ တစ္ဖက္ ၂ ဂိုးစီ သေရရလဒ္နဲ႔ပြဲၿပီးဆုံးခဲ့ပါတယ္။
ဆြန္ေဟာင္မင္က စပါးစ္အတြက္ ေခ်ပဂိုးေတြ လိုက္သြင္းခဲ့ၿပီး ဆာကာက ပင္နယ္တီကေန ဦးေဆာင္ဂိုး မသြင္းယူမီ ႐ိုမဲ႐ိုးကို ကိုယ့္ဂိုးကိုယ္သြင္းမိေအာင္ ျပဳလုပ္ခဲ့ၿပီးေနာက္ အဖြင့္ဂိုးကို သြင္းယူခဲ့တာျဖစ္ပါတယ္။
ဆြန္ဟာ ပထမပိုင္း ၅ မိနစ္မွာပဲ ဂိုးကန္သြင္းႏိုင္ခဲ့ေပမယ့္လည္း လူကြၽံေနတာေၾကာင့္ ဂိုးအျဖစ္ ခြင့္ျပဳျခင္းမခံခဲ့ရဘဲ အဲဒီအခ်ိန္ကတည္းက ဂန္းနားေတြကို ဂိုးသြင္းယူေတာ့မယ္ဆိုတာ သတိေပးခဲ့တာျဖစ္ပါတယ္။
စပါးစ္ဂိုးသမား ဗီကာရီယိုဟာ ပထမပိုင္းမွာ အလုပ္ပိုမ်ားခဲ့ၿပီး ဂါဘရီယဲလ္ ေဂ်းဇုနဲ႔ အန္ကီးတီးယားတို႔ရဲ႕ အပိုင္ကန္သြင္းမႈေတြကို ေၾကာက္မက္ဖြယ္ လက္စြမ္းနဲ႔ ကာကြယ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။
ဂန္းနားေတြဟာ ဖိအားျမင့္ျမင့္ေပးၿပီး စပါးစ္ကို အမွားေတြ က်ဴးလြန္မိေအာင္ တြန္းအားေပးႏိုင္ခဲ့တာကို ျမင္ေတြ႕ခဲ့ရၿပီး ဂ်ိမ္းစ္ မက္ဒီဆင္ကို ေဘာလုံးပိုင္ဆိုင္မႈ ဆုံးရႈံးေအာင္ ျပဳလုပ္ႏိုင္ခဲ့ၿပီးေနာက္ ေဂ်းဇုရဲ႕ ကန္ခ်က္က ဂိုးဘားတန္းေပၚ ေက်ာ္သြားခဲ့လို႔ နစ္နာခဲ့ရတာျဖစ္ပါတယ္။
၁။ ရမ္းစ္ေဒးလ္ ေနရာေပ်ာက္ေအာင္ လက္စြမ္းျပခဲ့တဲ့ ရာယာ
အားလုံးေမွ်ာ္လင့္ထားတဲ့အတိုင္း အာတီတာက အေရးႀကီးတဲ့ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္မွာ ရာယာကို ပြဲထြက္ခြင့္ေပးခဲ့ၿပီး စပါးစ္က ရမ္းစ္ေဒးလ္ကို လာမယ့္ပြဲစဥ္ေတြအတြက္ ပြဲထြက္ခြင့္ ဆုံးရႈံးေတာ့မယ္ဆိုတာကို အတည္ျပဳေပးခဲ့တာျဖစ္ပါတယ္။ ေဒးဗစ္ ရာယာဟာ ဘရန္နန္ ဂြၽန္ဆင္ရဲ႕ ဂိုးကန္သြင္းခ်က္ကို ဂိုးစည္းေပၚကေန ပုတ္ထုတ္ကာကြယ္ႏိုင္ခဲ့ၿပီးေနာက္ ပြဲထြက္ခြင့္အတြက္ အခိုင္အမာ ေနရာယူႏိုင္ခဲ့ၿပီျဖစ္ပုံေပၚေပမယ့္လည္း စပါးစ္ရဲ႕ ေခ်ပဂိုးမွာေတာ့ ေမးခြန္းထုတ္စရာျဖစ္ခဲ့ပါတယ္။ ဂြၽန္ဆန္ရဲ႕ ေနာက္ဆက္တြဲ ဂိုးသြင္းမႈကို ရင္ဘတ္နဲ႔ အလြန္ေကာင္းမြန္တဲ့ ကာကြယ္မႈျပဳလုပ္ႏိုင္ခဲ့ေပမယ့္လည္း ရာယာအေနနဲ႔ ကနဦး ျဖတ္တင္ေပးပို႔မႈကို အမိဖမ္းတာ ဒါမွမဟုတ္ အနည္းဆုံးေတာ့ ေထာင့္ကန္ေဘာျဖစ္သြားေအာင္ လုပ္လိုက္လို႔ရႏိုင္တယ္လို႔ ျငင္းခုံစရာျဖစ္ခဲ့ပါတယ္။ အဲဒီအစား ရာယာက ဂြၽန္ဆန္ အသင့္ေစာင့္ဆိုင္းေနတဲ့ အႏၲရာယ္မ်ားတဲ့ေနရာကို ပုတ္ထုတ္လိုက္ၿပီး ဂန္းနားေတြက ေဘာလုံးရွင္းထုတ္ႏိုင္ျခင္းမရွိခဲ့တာေၾကာင့္ ဆြန္က ဂိုးေထာင့္ထဲကို ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ ရာယာဟာ ေဘာလုံးကို ေျခေထာက္နဲ႔ ကစားတာ ေကာင္းမြန္ခဲ့ၿပီး ပင္နယ္တီဧရိယာထဲမွာ ေကာင္းေကာင္း ၫႊန္ၾကားမႈေတြ ျပဳလုပ္ႏိုင္ခဲ့ေပမယ့္ ဒီထက္ေတာ့ ပိုေကာင္းေကာင္း လုပ္ႏိုင္ခဲ့သင့္တာေတာ့ အမွန္ပါပဲ။
၂။ အူဒိုဂီရဲ႕ ပထမပိုင္းအိပ္မက္ဆိုး
အူဒိုဂီဟာ ပထမပိုင္းမွာ အာဆင္နယ္ၾကယ္ပြင့္ ဘူကာယို ဆာကာရဲ႕ ေမႊေႏွာက္ခံခဲ့ရၿပီးေနာက္ ဒီညမွာ အိပ္မက္ဆိုးေတြ မက္ေတာ့မွာျဖစ္ၿပီး ပထမဆုံးအေနနဲ႔ ဂန္းနားၾကယ္ပြင့္ကို ျပစ္ဒဏ္က်ဴးလြန္ခဲ့မႈေၾကာင့္ အႏၲရာယ္ရွိတဲ့ေနရာမွာ အလြတ္တည္ကန္ေဘာ ေပးခဲ့ရတာျဖစ္ပါတယ္။ ေနာက္တစ္ခါမွာေတာ့ ဖ်က္ထုတ္မႈျပဳလုပ္ရာမွာ ေနာက္က်သြားတာေၾကာင့္ အဝါကတ္ထိခဲ့ၿပီး တစ္ဝါထိၿပီးကတည္းက အူဒိုဂီရဲ႕အေနအထားက အရမ္းမဝင္ရဲေတာ့ဘဲ ခပ္ေရွာင္ေရွာင္ျဖစ္လာခဲ့ပါတယ္။ အူဒိုဂီဟာ ေနာက္ျပန္အေပးေကာင္းလို႔ ဂိုးေပးရမလိုျဖစ္ခဲ့ၿပီး အန္ကီးတီးယားျဖစ္ေနလို႔သာ သက္ျပင္းခ်ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဆာကာနဲ႔ တစ္ေယာက္ခ်င္းရင္ဆိုင္ရတဲ့အခ်ိန္တိုင္း အူဒိုဂီဟာ မ်က္စိသူငယ္ နားသူငယ္ျဖစ္ေနခဲ့ၿပီး ဂန္းနားေတြရဲ႕ အဖြင့္ဂိုးကလည္း အဂၤလန္ၾကယ္ပြင့္ကို အနီးကပ္ သြားဖ်က္ရမလား ဒါမွမဟုတ္ ေျပးလိုက္ေနရမလား ေဝခြဲမရ ျဖစ္ေနတုန္းမွာ ေပးလိုက္ရတာျဖစ္ပါတယ္။
၃။ အဆုံးသတ္ေသခ်ာတဲ့ ဆြန္
ဘိုင္ယန္ျမဴးနစ္အတြက္ ဟာရီ ကိန္းက ပထမဆုံး ဟက္ထရစ္ကို သြင္းယူၿပီးေနာက္ ၂၄ နာရီ မျပည့္ခင္မွာ ဆြန္ကလည္း အားက်မခံ ဂိုးသြင္းစြမ္းရည္ကို ျပသခဲ့တာျဖစ္ၿပီး ေတာင္ကိုရီးယားၾကယ္ပြင့္ဟာ ပထမပိုင္း ၅ မိနစ္မွာ လူကြၽံေဘာျဖစ္သြားတဲ့ ဂိုးသာ ရခဲ့ရင္ ဟက္ထရစ္ရခဲ့မွာျဖစ္ပါတယ္။
၄။ ႐ုန္းကန္ခဲ့ရတဲ့ ဒီကလန္ ႐ိုက္
အာဆင္နယ္ရဲ႕ ကြင္းလယ္ၾကယ္ပြင့္ ဒီကလန္ ႐ိုက္ဟာ စိတ္ပ်က္ဖြယ္ စြမ္းေဆာင္ရည္ျပသခဲ့ၿပီးေနာက္ ပထမပိုင္းအၿပီးမွာပဲ လူစားလဲခံလိုက္ရပါတယ္။ ႐ိုက္ပုံစံၾကည့္ရတာ ဒဏ္ရာပဲ ရေနတာလား မသိေပမယ့္ အရင္ပြဲေတြတုန္းကလို ပုံစံမ်ိဳးမဟုတ္ဘဲ ေျခေထာက္ထဲက ေဘာလုံးေတာင္ စပါးစ္ကစားသမားေတြဆီ ေရာက္သြားတဲ့အထိ ဆိုး႐ြားေနခဲ့ပါတယ္။ ဒီကလန္ ႐ိုက္ကို လူစားလဲၿပီးေနာက္ ၁၀ မိနစ္အၾကာမွာပဲ ေဂ်ာ္ဂ်င္ညိဳက ေဘာလုံးေပးပို႔ဖို႔ တြန႔္ဆုတ္ေနခဲ့ရာကေန ေနာက္ဆုံးမွာေတာ့ ဆြန္ေဟာင္မင္က ေခ်ပဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။
၅။ေမွာ္ဆန္တဲ့ မက္ဒီဆင္
ေႏြရာသီကစားသမားေခၚယူမႈေတြအေၾကာင္း ေျပာမယ္ဆိုရင္ ဂ်ိမ္းစ္ မက္ဒီဆင္ရဲ႕ နာမည္လည္း ပါဖို႔လိုမွာျဖစ္ၿပီး လက္စတာစီးတီးၾကယ္ပြင့္ေဟာင္းဟာ စပါးစ္ရဲ႕ ႏွလုံးသားအျဖစ္ အမ္းမရိတ္စ္က သေရတစ္မွတ္ ရယူႏိုင္ခဲ့တဲ့ပြဲမွာ အဓိကက်တဲ့အခန္းက႑ကေန ႀကိဳးကိုင္ခဲ့တာျဖစ္ပါတယ္။ မက္ဒီဆင္ဟာ ခံစစ္ပိုင္းဧရိယာေတြမွာ ေဘာလုံးအေပၚ အာ႐ုံစိုက္မႈ အနည္းငယ္ ေလ်ာ့က်ေနခဲ့ၿပီး ၎ရဲ႕ အမွားေၾကာင့္ ေဂ်းဇု ဂိုးသြင္းယူႏိုင္လုနီးပါးျဖစ္ခဲ့ေပမယ့္လည္း စပါးစ္ကို ေနာက္ကေန ၂ ႀကိမ္အထိ ျပန္လည္ေခ်ပႏိုင္ေအာင္ ကူညီေပးခဲ့တာျဖစ္ပါတယ္။
ပထမဆုံးအႀကိမ္က ဆာကာကို လွည့္ထြက္ၿပီး ဆြန္ေဟာင္မင္ဆီ ေဘာလုံးခင္းေပးခဲ့တာျဖစ္ၿပီး ေတာင္ကိုရီးယားၾကယ္ပြင့္က ေဂ်ာ္ဂ်င္ညိဳကို မ်က္ျခည္ျဖတ္ၿပီး ဂိုးေရွ႕ေျပးလႊားသြားခဲ့တာျဖစ္ပါတယ္။ မက္ဒီဆင္ဟာ ေဘာလုံးမကိုင္ထားတဲ့အခ်ိန္မွာေတာင္ အသင္းေဖာ္ေတြနဲ႔ ဆက္သြယ္ေျပာဆိုမႈေတြ ျပဳလုပ္ၿပီး ဘယ္ေနရာမွာ ရွိေနသင့္တယ္ဆိုတာ သတိေပးခဲ့သလို တစ္ကြင္းလုံးလည္း လိုက္ကစားေပးခဲ့တာျဖစ္ပါတယ္။ ဒီကလန္ ႐ိုက္အေနနဲ႔ မက္ဒီဆင္ကို လူကပ္ကစားရတာ မေပ်ာ္မ႐ႊင္ျဖစ္ခဲ့မွာျဖစ္ၿပီး အဆုံးမွာေတာ့ ဒဏ္ရာအနည္းငယ္ရရွိခဲ့ပုံေပၚတာေၾကာင့္ လူစားလဲခံခဲ့ရလို႔ ဂန္းနားတို႔ စိတ္သက္သာရာရခဲ့ပါတယ္။ စပါးစ္အေနနဲ႔ ဘာဒဏ္ရာမွ ျပင္းျပင္းထန္ထန္ မရဖို႔ ေမွ်ာ္လင့္ေနမွာျဖစ္ၿပီး မက္ဒီဆင္ဟာ ေျမာက္လန္ဒန္မွာ လ်င္လ်င္ျမန္ျမန္ပဲ ခ်န္လွပ္ထားလို႔မရတဲ့ကစားသမားျဖစ္လာၿပီျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Post Match Review