ဘွန်ဒက်စ်လီဂါချန်ပီယံတွေကို အမ်းမရိတ်စ်မှာ ဂိုးပြတ်တီးထုတ်လိုက်တဲ့ အာဆင်နယ်
၂၀၂၄-၂၀၂၅ ရာသီမစတင်ခင် ပထမဆုံး ပြန်ကစားခဲ့တဲ့ အမ်းမရိတ်စ်က ပွဲစဉ်ဟာ ပရိသတ်တွေအတွက် အမှတ်ရစရာပွဲတစ်ပွဲဖြစ်ခဲ့ပြီး ပြီးခဲ့တဲ့ရာသီ ၅၃ ပွဲမှာ ၁ ပွဲပဲ ရှုံးခဲ့တဲ့ လေဗာကူဆင်ဟာ ဂန်းနားတွေရဲ့ ထက်မြက်လှတဲ့ တိုက်စစ်ကို မတွန်းလှန်နိုင်ဘဲ ပြိုလဲခဲ့ရပါတယ်။
ဇင်ချန်ကိုနဲ့ ထရော့ဆာ့ဒ်တို့ဟာ ပထမပိုင်း ၈ မိနစ် အတွင်းမှာပဲ အလွန်ကောင်းမွန်တဲ့ သွင်းဂိုးတွေ ကိုယ်စီ သွင်းယူနိုင်ခဲ့ကြပြီး တတိယမြောက်ဂိုးကိုတော့ ၃၈ မိနစ်မှာ ဂါဘရီယဲလ် ဂျေးဇုက ကိုက် ၄၀ အထိ ပြေးလွှားပြီး သွင်းယူသွားခဲ့တာပါ။ ကိုင်ဟာဗတ်ဇ်က ဂန်းနားတွေအတွက် စတုတ္ထမြောက်သွင်းဂိုးကို ဒုတိယပိုင်းအလယ်လောက်မှာ သွင်းယူသွားခဲ့ပြီး အဒမ် ဟလိုဇက်က လေဗာကူဆင်အတွက် နှစ်သိမ့်ဂိုးကို ပြန်လည်သွင်းယူနိုင်ခဲ့တာပါ။
အာတီတာဟာ ဒီရလဒ်ကြောင့် ဝမ်းမြောက်ပျော်ရွှင်ခဲ့မှာဖြစ်ပြီး ဂိုးပေါက်ရှေ့မှာ အညှာအတာကင်းမဲ့တဲ့ ဂိုးသွင်းစွမ်းရည်ကို မြင်တွေ့ခဲ့ရသလို ဒေးဗစ် ရာယာ၊ ဆာလီဘာ၊ ဆာကာနဲ့ ဒီကလန် ရိုက်တို့ကို ရာသီသစ်မတိုင်ခင် ပထမဆုံးပွဲကစားချိန်တွေ ပေးနိုင်ခဲ့တာပါ။
ဂန်းနားတွေဟာ အလွန်ကောင်းမွန်တဲ့ ဘောလုံးကစားပုံအချို့နဲ့ လေဗာကူဆင်ရဲ့ ထောင်ချောက်တွေကို ဖောက်ထွက်နိုင်ခဲ့ပြီး ၈ မိနစ်အကြာမှာပဲ အလွန်ကောင်းမွန်တဲ့ ရွေ့လျားမှု ၂ ခုကြောင့် ၂ ဂိုးအသာနဲ့ ဦးဆောင်ထားနိုင်ခဲ့တာဖြစ်ပါတယ်။ အမ်းမရိတ်စ်ကွင်းထဲက ပထမဆုံးသော အောင်ပွဲခံမှုကတော့ ဇင်ချန်ကိုက ဘယ်တောင်ပံမှာ ဟာဗတ်ဇ်ကို ဘောလုံးပေးပို့ပြီး ပင်နယ်တီဧရိယာဆီကို ပြေးလွှားသွားခဲ့ချိန်မှာ စတင်ခဲ့တာဖြစ်ပါတယ်။
ဂျာမန်ကြယ်ပွင့် ပြန်ချိုးပေးလိုက်တဲ့ ဘောလုံးကို ထရော့ဆာ့ဒ်က အယောင်ပြခဲ့ပြီး ကျောနံပါတ်သစ်နဲ့ စိတ်သစ်လူသစ်ဖြစ်နေတဲ့ ဇင်ချန်ကိုက ဂိုးအောက်ထောင့်ထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
နောက်ထပ် ၁ မိနစ်အကြာမှာပဲ လေဗာကူဆင်က ခံစစ်ကနေ တိုက်စစ်ဆင်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း သူတို့ရဲ့ လျော့တိလျော့ရဲ့နိုင်တဲ့ ကစားပုံကြောင့် ထရော့ဆာ့ဒ်က ပင်နယ်တီဧရိယာအစွန်မှာ ဘောလုံးပိုင်ဆိုင်မှု ပြန်ရသွားခဲ့ပြီးနောက် အော်ဒီဂွါဒ်၊ဂျေးဇုနဲ့ ဟာဗတ်ဇ်တို့ တစ်ချက်ထိ ဘောလုံးအပေးအယူလုပ်ပြီး ဂျာမန်ကြယ်ပွင့် ပေးပို့လိုက်တဲ့ ဘောလုံးကို ထရော့ဆာ့ဒ်က လေဗာကူဆင်နောက်ခံလူကို တစ်ချက်ဖိန့်ပြီမာတက် ကိုဗာနဲ့ တစ်ဦးချင်း အေးအေးဆေးဆေး ကန်သွင်းယူခွင့် ရခဲ့တာပါ။
ပထမပိုင်း ၄၅ မိနစ်စလုံးမှာ ဂန်းနားတွေက လေဗာကူဆင်ကို လုပ်ချင်သလို လုပ်နေခဲ့ပြီး ထရော့ဆာ့ဒ်က နောက်ထပ် တစ်ဂိုး ထပ်သွင်းနိုင်လုနီးပါးဖြစ်ခဲ့ပေမယ့် ဘယ်လ်ဂျီယမ်ကြယ်ပွင့်ရဲ့ ကန်ချက်ကို ကိုဗာက ပုတ်ထုတ်ကာကွယ်နိုင်ခဲ့လို့ ထောင့်ကန်ဘောသာ ဖြစ်သွားခဲ့တာပါ။
ဒါပေမယ့်လည်း ဂန်းနားတို့ရဲ့ ပထမဆုံး သွင်းဂိုး ၂ ဂိုးဟာ အလွန်ကောင်းမွန်တဲ့ အသင်းလိုက် အားထုတ်မှုကနေ ရရှိခဲ့တာဖြစ်ပြီး တစ်ဦးချင်းစွမ်းရည်သာလွန်မှုက တတိယမြောက်ဂိုးကို ရရှိစေခဲ့တာပါ။ ပထမပိုင်းမပြီးခင် ၈ မိနစ်အလိုမှာပဲ ကော့ဆိုနူရဲ့ ညံ့ဖျင်းတဲ့ လက်ပစ်ဘောကနေတဆင့် ဂျေးဇုက ဘောလုံးပိုင်ဆိုင်မှု ရရှိသွားခဲ့ပြီးနောက် လေဗာကူဆင်ဂိုးပေါက်ဆီကို တဟုန်ထိုးပြေးလွှားခဲ့ပါတယ်။
ဘရာဇီးလ်တိုက်စစ်မှူးဟာ လေဗာကူဆင် ပင်နယ်တီဧရိယာအစွန်အထိ ပြေးလွှားသွားခဲ့ပြီးနောက် အားပါပြင်းထန်တဲ့ အနိမ့်ဘောကန်သွင်းမှု ပြုလုပ်ခဲ့ပြီး ရာသီကြိုကာလအတွင်း ဒုတိယမြောက်သွင်းဂိုးကို သွင်းယူသွားခဲ့တာပါ။
ဂိုးပြတ်နဲ့ အနိုင်ရနေခဲ့တာကြောင့် အာတီတာဟာ ပထမပိုင်းအပြီးမှာ အပြောင်းအလဲ ၄ နေရာအထိ ပြုလုပ်ဖို့ ဆုံးဖြတ်ခဲ့ပြီး ဆာကာနဲ့ ဒီကလန် ရိုက်တို့ကို ပထမဆုံးပွဲကစားချိန် ပြန်ပေးခဲ့ပါတယ်။ ၆၆ မိနစ်မှာ ဆာကာက ဂန်းနားတွေရဲ့ စတုတ္ထမြောက်သွင်းဂိုးကို ဖန်တီးဖို့ အကူအညီပေးပြီး ပထမဆုံးအကြိမ် အသင်းအတွက် အထင်ကြီးစရာ စွမ်းဆောင်ရည်ကို ပြသခဲ့ပါတယ်။
အီသန် နွာနယ်ရီက အင်္ဂလန်တောင်ပံကြယ်ပွင့်ဆီ ဘောလုံးပေးပို့ခဲ့ရာမှာ ဆာကာက ထုံးစံအတိုင်း ကွင်းဘေးစည်းအတိုင်း တဟုန်ထိုး ဖောက်ထွက်ပြေးလွှားပြီး အလယ်ကို ချိုးပေးခဲ့ရာမှာ ပင်နယ်တီဧရိယာထဲမှာရှိနေတဲ့ ချာကာက ရှင်းထုတ်ခဲ့ရာမှာ ဟာဗတ်ဇ်က ရှေ့ရောက်လာတဲ့ဘောလုံးကို အလိုအလျောက်တုံ့ပြန်မှုနဲ့အတူ ကန်သွင်းသွားခဲ့တာပါ။
ဒေးဗစ် ရာယာကတော့ ၂၀၂၄-၂၀၂၅ ရာသီမတိုင်ခင် ပထမဆုံး ပါဝင်ကစားခွင့်ရခဲ့တဲ့ပွဲမှာပေးဂိုးမရှိ ပွဲစဉ်ဖြစ်အောင် မစွမ်းဆောင်နိုင်ခဲ့ဘဲ ဇာဘီ အလွန်ဆိုရဲ့အသင်းက ၇၅ မိနစ်မှာ ချေပဂိုး သွင်းယူသွားတာကို ခွင့်ပြုပေးခဲ့ရပါတယ်။ ဂန်းနားလူငယ်ကစားသမားဟောင်း နေသန် တယ်လာက ညာတောင်ပံကနေ ပေးပို့ခဲ့တဲ့ ဘောလုံးကို ဟလိုဇက်က ပင်နယ်တီဧရိယာထဲ ပြေးဝင်ပြီး ရာယာနဲ့ တစ်ဦးချင်းကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ချာကာအတွက်တော့ မြောက်လန်ဒန်ကို ပထမဆုံးအကြိမ် ပြန်လာခဲ့တဲ့ခရီးစဉ်က ကောင်းမွန်တဲ့ ရလဒ်မထွက်ခဲ့ပေမယ့် ဂန်းနားပရိသတ်တွေရဲ့ နွေးထွေးတဲ့ လက်ခုပ်တီး ကြိုဆိုမှုတွေ ရရှိခဲ့ပြီး ပွဲကစားချိန် မိနစ် ၈၀ မှာ ဂူစတာဗို ပူအာတာနဲ့ လူစားလဲခံခဲ့ရပါတယ်။
လေဗာကူဆင်နဲ့ အာဆင်နယ်တို့ပွဲစဉ်ကို ပရိသတ်ဦးရေ ၆ သောင်းအထိ လာရောက်ကြည့်ရှုခဲ့ကြပြီး ပွဲအပြီးမှာ ဂန်းနားအသင်းသားတွေနဲ့အတူ အားပါးတရအောင်ပွဲခံခဲ့ကြတဲ့ မြင်ကွင်းတွေက လာမယ့်ရာသီသစ်ဟာ ပိုပြီး စိတ်လှုပ်ရှားစရာဖြစ်လာတော့မယ်ဆိုတာ အထင်အရှား မြင်တွေ့ခဲ့ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI:
၂၀၂၄-၂၀၂၅ ရာသီမစတင္ခင္ ပထမဆုံး ျပန္ကစားခဲ့တဲ့ အမ္းမရိတ္စ္က ပြဲစဥ္ဟာ ပရိသတ္ေတြအတြက္ အမွတ္ရစရာပြဲတစ္ပြဲျဖစ္ခဲ့ၿပီး ၿပီးခဲ့တဲ့ရာသီ ၅၃ ပြဲမွာ ၁ ပြဲပဲ ရႈံးခဲ့တဲ့ ေလဗာကူဆင္ဟာ ဂန္းနားေတြရဲ႕ ထက္ျမက္လွတဲ့ တိုက္စစ္ကို မတြန္းလွန္ႏိုင္ဘဲ ၿပိဳလဲခဲ့ရပါတယ္။
ဇင္ခ်န္ကိုနဲ႔ ထေရာ့ဆာ့ဒ္တို႔ဟာ ပထမပိုင္း ၈ မိနစ္ အတြင္းမွာပဲ အလြန္ေကာင္းမြန္တဲ့ သြင္းဂိုးေတြ ကိုယ္စီ သြင္းယူႏိုင္ခဲ့ၾကၿပီး တတိယေျမာက္ဂိုးကိုေတာ့ ၃၈ မိနစ္မွာ ဂါဘရီယဲလ္ ေဂ်းဇုက ကိုက္ ၄၀ အထိ ေျပးလႊားၿပီး သြင္းယူသြားခဲ့တာပါ။ ကိုင္ဟာဗတ္ဇ္က ဂန္းနားေတြအတြက္ စတုတၳေျမာက္သြင္းဂိုးကို ဒုတိယပိုင္းအလယ္ေလာက္မွာ သြင္းယူသြားခဲ့ၿပီး အဒမ္ ဟလိုဇက္က ေလဗာကူဆင္အတြက္ ႏွစ္သိမ့္ဂိုးကို ျပန္လည္သြင္းယူႏိုင္ခဲ့တာပါ။
အာတီတာဟာ ဒီရလဒ္ေၾကာင့္ ဝမ္းေျမာက္ေပ်ာ္႐ႊင္ခဲ့မွာျဖစ္ၿပီး ဂိုးေပါက္ေရွ႕မွာ အညႇာအတာကင္းမဲ့တဲ့ ဂိုးသြင္းစြမ္းရည္ကို ျမင္ေတြ႕ခဲ့ရသလို ေဒးဗစ္ ရာယာ၊ ဆာလီဘာ၊ ဆာကာနဲ႔ ဒီကလန္ ႐ိုက္တို႔ကို ရာသီသစ္မတိုင္ခင္ ပထမဆုံးပြဲကစားခ်ိန္ေတြ ေပးႏိုင္ခဲ့တာပါ။
ဂန္းနားေတြဟာ အလြန္ေကာင္းမြန္တဲ့ ေဘာလုံးကစားပုံအခ်ိဳ႕နဲ႔ ေလဗာကူဆင္ရဲ႕ ေထာင္ေခ်ာက္ေတြကို ေဖာက္ထြက္ႏိုင္ခဲ့ၿပီး ၈ မိနစ္အၾကာမွာပဲ အလြန္ေကာင္းမြန္တဲ့ ေ႐ြ႕လ်ားမႈ ၂ ခုေၾကာင့္ ၂ ဂိုးအသာနဲ႔ ဦးေဆာင္ထားႏိုင္ခဲ့တာျဖစ္ပါတယ္။ အမ္းမရိတ္စ္ကြင္းထဲက ပထမဆုံးေသာ ေအာင္ပြဲခံမႈကေတာ့ ဇင္ခ်န္ကိုက ဘယ္ေတာင္ပံမွာ ဟာဗတ္ဇ္ကို ေဘာလုံးေပးပို႔ၿပီး ပင္နယ္တီဧရိယာဆီကို ေျပးလႊားသြားခဲ့ခ်ိန္မွာ စတင္ခဲ့တာျဖစ္ပါတယ္။
ဂ်ာမန္ၾကယ္ပြင့္ ျပန္ခ်ိဳးေပးလိုက္တဲ့ ေဘာလုံးကို ထေရာ့ဆာ့ဒ္က အေယာင္ျပခဲ့ၿပီး ေက်ာနံပါတ္သစ္နဲ႔ စိတ္သစ္လူသစ္ျဖစ္ေနတဲ့ ဇင္ခ်န္ကိုက ဂိုးေအာက္ေထာင့္ထဲကို ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။
ေနာက္ထပ္ ၁ မိနစ္အၾကာမွာပဲ ေလဗာကူဆင္က ခံစစ္ကေန တိုက္စစ္ဆင္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း သူတို႔ရဲ႕ ေလ်ာ့တိေလ်ာ့ရဲ႕ႏိုင္တဲ့ ကစားပုံေၾကာင့္ ထေရာ့ဆာ့ဒ္က ပင္နယ္တီဧရိယာအစြန္မွာ ေဘာလုံးပိုင္ဆိုင္မႈ ျပန္ရသြားခဲ့ၿပီးေနာက္ ေအာ္ဒီဂြါဒ္၊ေဂ်းဇုနဲ႔ ဟာဗတ္ဇ္တို႔ တစ္ခ်က္ထိ ေဘာလုံးအေပးအယူလုပ္ၿပီး ဂ်ာမန္ၾကယ္ပြင့္ ေပးပို႔လိုက္တဲ့ ေဘာလုံးကို ထေရာ့ဆာ့ဒ္က ေလဗာကူဆင္ေနာက္ခံလူကို တစ္ခ်က္ဖိန႔္ၿပီမာတက္ ကိုဗာနဲ႔ တစ္ဦးခ်င္း ေအးေအးေဆးေဆး ကန္သြင္းယူခြင့္ ရခဲ့တာပါ။
ပထမပိုင္း ၄၅ မိနစ္စလုံးမွာ ဂန္းနားေတြက ေလဗာကူဆင္ကို လုပ္ခ်င္သလို လုပ္ေနခဲ့ၿပီး ထေရာ့ဆာ့ဒ္က ေနာက္ထပ္ တစ္ဂိုး ထပ္သြင္းႏိုင္လုနီးပါးျဖစ္ခဲ့ေပမယ့္ ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ရဲ႕ ကန္ခ်က္ကို ကိုဗာက ပုတ္ထုတ္ကာကြယ္ႏိုင္ခဲ့လို႔ ေထာင့္ကန္ေဘာသာ ျဖစ္သြားခဲ့တာပါ။
ဒါေပမယ့္လည္း ဂန္းနားတို႔ရဲ႕ ပထမဆုံး သြင္းဂိုး ၂ ဂိုးဟာ အလြန္ေကာင္းမြန္တဲ့ အသင္းလိုက္ အားထုတ္မႈကေန ရရွိခဲ့တာျဖစ္ၿပီး တစ္ဦးခ်င္းစြမ္းရည္သာလြန္မႈက တတိယေျမာက္ဂိုးကို ရရွိေစခဲ့တာပါ။ ပထမပိုင္းမၿပီးခင္ ၈ မိနစ္အလိုမွာပဲ ေကာ့ဆိုႏူရဲ႕ ညံ့ဖ်င္းတဲ့ လက္ပစ္ေဘာကေနတဆင့္ ေဂ်းဇုက ေဘာလုံးပိုင္ဆိုင္မႈ ရရွိသြားခဲ့ၿပီးေနာက္ ေလဗာကူဆင္ဂိုးေပါက္ဆီကို တဟုန္ထိုးေျပးလႊားခဲ့ပါတယ္။
ဘရာဇီးလ္တိုက္စစ္မႉးဟာ ေလဗာကူဆင္ ပင္နယ္တီဧရိယာအစြန္အထိ ေျပးလႊားသြားခဲ့ၿပီးေနာက္ အားပါျပင္းထန္တဲ့ အနိမ့္ေဘာကန္သြင္းမႈ ျပဳလုပ္ခဲ့ၿပီး ရာသီႀကိဳကာလအတြင္း ဒုတိယေျမာက္သြင္းဂိုးကို သြင္းယူသြားခဲ့တာပါ။
ဂိုးျပတ္နဲ႔ အႏိုင္ရေနခဲ့တာေၾကာင့္ အာတီတာဟာ ပထမပိုင္းအၿပီးမွာ အေျပာင္းအလဲ ၄ ေနရာအထိ ျပဳလုပ္ဖို႔ ဆုံးျဖတ္ခဲ့ၿပီး ဆာကာနဲ႔ ဒီကလန္ ႐ိုက္တို႔ကို ပထမဆုံးပြဲကစားခ်ိန္ ျပန္ေပးခဲ့ပါတယ္။ ၆၆ မိနစ္မွာ ဆာကာက ဂန္းနားေတြရဲ႕ စတုတၳေျမာက္သြင္းဂိုးကို ဖန္တီးဖို႔ အကူအညီေပးၿပီး ပထမဆုံးအႀကိမ္ အသင္းအတြက္ အထင္ႀကီးစရာ စြမ္းေဆာင္ရည္ကို ျပသခဲ့ပါတယ္။
အီသန္ ႏြာနယ္ရီက အဂၤလန္ေတာင္ပံၾကယ္ပြင့္ဆီ ေဘာလုံးေပးပို႔ခဲ့ရာမွာ ဆာကာက ထုံးစံအတိုင္း ကြင္းေဘးစည္းအတိုင္း တဟုန္ထိုး ေဖာက္ထြက္ေျပးလႊားၿပီး အလယ္ကို ခ်ိဳးေပးခဲ့ရာမွာ ပင္နယ္တီဧရိယာထဲမွာရွိေနတဲ့ ခ်ာကာက ရွင္းထုတ္ခဲ့ရာမွာ ဟာဗတ္ဇ္က ေရွ႕ေရာက္လာတဲ့ေဘာလုံးကို အလိုအေလ်ာက္တုံ႔ျပန္မႈနဲ႔အတူ ကန္သြင္းသြားခဲ့တာပါ။
ေဒးဗစ္ ရာယာကေတာ့ ၂၀၂၄-၂၀၂၅ ရာသီမတိုင္ခင္ ပထမဆုံး ပါဝင္ကစားခြင့္ရခဲ့တဲ့ပြဲမွာေပးဂိုးမရွိ ပြဲစဥ္ျဖစ္ေအာင္ မစြမ္းေဆာင္ႏိုင္ခဲ့ဘဲ ဇာဘီ အလြန္ဆိုရဲ႕အသင္းက ၇၅ မိနစ္မွာ ေခ်ပဂိုး သြင္းယူသြားတာကို ခြင့္ျပဳေပးခဲ့ရပါတယ္။ ဂန္းနားလူငယ္ကစားသမားေဟာင္း ေနသန္ တယ္လာက ညာေတာင္ပံကေန ေပးပို႔ခဲ့တဲ့ ေဘာလုံးကို ဟလိုဇက္က ပင္နယ္တီဧရိယာထဲ ေျပးဝင္ၿပီး ရာယာနဲ႔ တစ္ဦးခ်င္းကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။
ခ်ာကာအတြက္ေတာ့ ေျမာက္လန္ဒန္ကို ပထမဆုံးအႀကိမ္ ျပန္လာခဲ့တဲ့ခရီးစဥ္က ေကာင္းမြန္တဲ့ ရလဒ္မထြက္ခဲ့ေပမယ့္ ဂန္းနားပရိသတ္ေတြရဲ႕ ေႏြးေထြးတဲ့ လက္ခုပ္တီး ႀကိဳဆိုမႈေတြ ရရွိခဲ့ၿပီး ပြဲကစားခ်ိန္ မိနစ္ ၈၀ မွာ ဂူစတာဗို ပူအာတာနဲ႔ လူစားလဲခံခဲ့ရပါတယ္။
ေလဗာကူဆင္နဲ႔ အာဆင္နယ္တို႔ပြဲစဥ္ကို ပရိသတ္ဦးေရ ၆ ေသာင္းအထိ လာေရာက္ၾကည့္ရႈခဲ့ၾကၿပီး ပြဲအၿပီးမွာ ဂန္းနားအသင္းသားေတြနဲ႔အတူ အားပါးတရေအာင္ပြဲခံခဲ့ၾကတဲ့ ျမင္ကြင္းေတြက လာမယ့္ရာသီသစ္ဟာ ပိုၿပီး စိတ္လႈပ္ရွားစရာျဖစ္လာေတာ့မယ္ဆိုတာ အထင္အရွား ျမင္ေတြ႕ခဲ့ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Post Match Review