ဂျေးဇုတောက်ပမှုနဲ့ စပိန်မြေမှာ တန်ခိုးထွားခဲ့တဲ့ ဂန်းနားတို့ရဲ့ပွဲစဉ် မှတ်မှတ်ရရ ပြန်ပြောစရာများ 1024 504 coyg

ဂျေးဇုတောက်ပမှုနဲ့ စပိန်မြေမှာ တန်ခိုးထွားခဲ့တဲ့ ဂန်းနားတို့ရဲ့ပွဲစဉ် မှတ်မှတ်ရရ ပြန်ပြောစရာများ

ဂါဘရီယဲလ် ဂျေးဇုဟာ ဆီဗီလာကို အင်္ဂါနေ့ညက အနိုင်ရခဲ့တဲ့ပွဲမှာ အလွန်ကောင်းမွန်တဲ့ သွင်းဂိုးတစ်ဂိုး၊ ဂိုးဖန်တီးမှုနဲ့ ဝေဖန်မှုတွေကို တုံ့ပြန်ခဲ့ပါတယ်။

ဘရာဇီးလ်တိုက်စစ်မှူးဟာ ဂိုးပေါက်ပျောက်ဆုံးနေမှုကြောင့် ဖိအားတွေနဲ့ ရင်ဆိုင်နေခဲ့ရတာဖြစ်ပေမယ့်လည်း ပထမပိုင်း နာကျင်အချိန်ပိုမှာ မာတီနယ်လီက အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

မာတီနယ်လီဟာ ပထမဆုံး ချန်ပီယံလိဂ်ပွဲဦးထွက်မှာ ဆီဗီလာဂိုးသမားကို လှည့်ထွက်ပြီး အဖွင့်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး အဲဒီနောက် ဒုတိယပိုင်း ပြန်လည်စတင်ပြီး ၈ မိနစ်အကြာမှာပဲ ဂျေးဇုက အလွန်ကောင်းမွန်တဲ့ ကန်ချက်နဲ့ နောက်ထပ်ဦးဆောင်ဂိုးကို သွင်းယူခဲ့တာဖြစ်ပါတယ်။

နီမန်ညာ ဂူဒယ်ရဲ့ ခေါင်းတိုက်ချေပဂိုးတစ်ဂိုးကို အာဆင်နယ်တို့ ပြန်လည်ခွင့်ပြုခဲ့ရပြီးနောက် ဂျေးဇုက တံကောက်ကြော ဒဏ်ရာကြောင့် လူစားလဲခံခဲ့ရလို့ ပရိသတ်တွေအတွက် စိုးရိမ်စရာဖြစ်ခဲ့ပြီး ဒီပွဲစဉ်ကနေ မှတ်မှတ်ရရ ပြန်ပြောစရာအချက်တွေရှိနေပါတယ်။

၁။ ပါတေး ပြဿနာ

အာဆင်နယ်ဟာ နောက်ထပ် ဒဏ်ရာပြဿနာတစ်ခုနဲ့ ရင်ဆိုင်နေရတဲ့ ပါတေးရဲ့ ကြံ့ခိုင်မှုကြောင့် စိုးရိမ်နေခဲ့ရပြီး ချဲလ်ဆီးနဲ့ပွဲမှာလည်း အရန်ခုံမှာ ပါဝင်ခဲ့ပေမယ့်လည်း လူစားဝင်ကစားသမားအဖြစ် အသုံးပြုခြင်းမခံခဲ့ရတာဖြစ်ပါတယ်။ လက်ရှိမှာတော့ ပါတေးဟာ တနင်္လာနေ့ လေ့ကျင့်ရေးမှာ ကြွက်သား ဒဏ်ရာပြဿနာ ရရှိသွားခဲ့ပြီးနောက် အတိအကျမသိရသေးတဲ့ အချိန်အတိုင်းအတာတစ်ခုအထိ လွဲချော်တော့မှာဖြစ်ပြီး ဂန်းနားတို့ရဲ့ ကွင်းလယ်က အားနည်းသွားခဲ့ပြီဖြစ်ပါတယ်။ ဂျော်ဂျင်ညို၊ ဒီကလန် ရိုက်၊ အော်ဒီဂွါဒ်တို့ ၃ ဦးအတွဲက ဆီဗီလာနဲ့ပွဲမှာ ကွင်းလယ်ကို ထိန်းချုပ်နိုင်ခဲ့ပြီး အာတီတာအတွက်တော့ အဖိုးတန်စီနီယာကစားသမားတစ်ဦးကို ဆုံးရှုံးခဲ့ရတာက စိုးရိမ်စရာဖြစ်လာပြီဖြစ်ပါတယ်။

၂။ မှားမြဲ မှားဆဲ ရာယာ

အာတီတာဟာ စပိန်ဂိုးသမားက မကြာသေးမီပွဲတွေမှာ ရုန်းကန်ခဲ့ရပေမယ့်လည်း နောက်ထပ်တစ်ကြိမ် ဂိုးပေါက်မှာ အသုံးပြုခဲ့ပြီး ရာယာဟာ ချဲလ်ဆီးနဲ့ပွဲက စွမ်းဆောင်ရည်ကြောင့် ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရပေမယ့်လည်း ဆီဗီလာနဲ့ပွဲမှာ ပွဲထွက်ဂိုးသမားနေရာကို ဆက်လက် ပေးအပ်ခြင်းခံခဲ့ရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရာယာဟာ ဝေဖန်သူတွေကို ယုံကြည်လာအောင် လုပ်နိုင်ခြင်းမရှိခဲ့ဘဲ ပွဲကစားချိန် ၂၁ မိနစ်လောက်မှာ ဘောလုံးကို လွယ်လွယ်နဲ့ ပြိုင်ဘက်ကစားသမားဆီ ပေးပစ်ခဲ့မိပြီး ဂူဒယ်က ဘောလုံးကို လူကီဘာကီယိုဆီ ဖြတ်တင်ပေးပို့ခဲ့ပေမယ့်လည်း ဆီဗီလာတိုက်စစ်မှူးက အသုံးမချနိုင်ခဲ့လို့သာ သက်သာရာ ရခဲ့တာဖြစ်ပါတယ်။ ရာယာဟာ နာကျင်အချိန်ပိုမှာလည်း ချိန်သားမကိုက်တဲ့ ဘောလုံးပုတ်ထုတ်မှုနဲ့ ချေပဂိုး ပေးရလုနီးပါးဖြစ်ခဲ့ပေမယ့် ကံကောင်းထောက်မစွာနဲ့ ဘောလုံးက ဂိုးဘားတန်းပေါ်ကနေ ကျော်သွားခဲ့တာဖြစ်ပါတယ်။

၃။ သက်သေပြသနိုင်ခဲ့တဲ့ ဂျေးဇု

ဂါဘရီယဲလ် ဂျေးဇုဟာ ရာသီအချိန်အများစုကို တိုက်စစ်ပွဲထွက်နေရာအတွက် အန်ကီးတီးယားနဲ့ တိုက်ပွဲဝင်နေခဲ့ရပေမယ့်လည်း ဆီဗီလာနဲ့ပွဲက စွမ်းဆောင်ရည်အပြီးမှာ အာတီတာအနေနဲ့ ခေါင်းစားစရာမလိုတော့ဖြစ်ပြီး တံကောက်ကြောဒဏ်ရာကြောင့်သာ လူစားလဲခံခဲ့ရတာက ကြည့်ရသလောက်တော့ အရမ်းစိုးရိမ်စရာမဟုတ်ပါဘူး။ ဘရာဇီးလ်တိုက်စစ်မှူးဟာ အလွန်ကောင်းမွန်ခဲ့ပြီး ဆီဗီလာခံစစ်ကို တစ်ညလုံး ဒုက္ခပေးနိုင်ခဲ့တာ ဖြစ်ပါတယ်။ ဂျေးဇုဟာ မာတီနယ်လီရဲ့ အဖွင့်ဂိုးကို အလွန်ကောင်းမွန်တဲ့ ဖန်တီးပေးပို့မှု ပြုလုပ်နိုင်ခဲ့ပြီး ဘရာဇီးလ်ကြယ်ပွင့်က အမြင့်ဘောကို ဖမ်းပြီး ယိုယန် ခရိုက်ဖ် လှည့်ထွက်မှုနဲ့အတူ ဆီဗီလာနောက်ခံလူ ၂ ဦးလက်ကနေ လွတ်ထွက်ပြီး မာတီနယ်လီဆီ တိကျတဲ့ပေးပို့မှု ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဂျေးဇုဟာ ဒုတိယပိုင်း အစောပိုင်းမှာလည်း အလွန်ကောင်းမွန်တဲ့ သွင်းဂိုးကို သွင်းယူပေးခဲ့ပြီး ပင်နယ်တီဧရိယာထဲကို ချိုးဝင်ပြီး ဂိုးအပေါ်ထောင့်ထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

၄။ မာတီနယ်လီရဲ့ အိပ်မက်ထားတဲ့ ပွဲဦးထွက်

အာဆင်နယ်ရဲ့ ပြီးခဲ့တဲ့ ဆယ်စုနှစ်မှာ ရုန်းကန်ခဲ့ရမှုကြောင့် မာတီနယ်လီအတွက် အခုမှ ချန်ပီယံလိဂ်မှာ ပွဲဦးထွက်ခွင့် ရခဲ့တာဖြစ်ပြီး ဘရာဇီးလ်တိုက်စစ်မှူးက အဖွင့်ဂိုးသွင်းယူပြီး အကောင်းဆုံးပုံစံနဲ့ ဥရောပပွဲဦးထွက်ကို အောင်ပွဲခံခဲ့တာဖြစ်ပါတယ်။ မာတီနယ်လီဟာ ဂျေးဇုရဲ့ ပေးပို့မှုကို ရယူပြီးနောက် ၎င်းရဲ့ မြန်နှုန်းနဲ့ ဆီဗီလာနောက်တန်းကို အနိုင်ယူပြီး ပြေးထွက်လာတဲ့ ဂိုးသမား နိုင်လန်းကို လှည့်ထွက်ပြီး ဂိုးပေါက်ထဲကို ကန်သွင်းခဲ့တာဖြစ်ပါတယ်။ ဂျေးဆပ် နားဗက်စ်ဟာ မာတီနယ်လီကို ထိန်းဖို့ တစ်ညလုံး ရုန်းကန်ခဲ့ရပြီး ဂန်းနားကြယ်ပွင့်ဟာ အောင်မြင်တဲ့ လိမ်ခေါက်မှု ၂ ကြိမ်၊ တစ်ဦးချင်းတိုက်ပွဲ ၃ ကြိမ် အနိုင်ရရှိခဲ့တာကြောင့် ဘရာဇီးလ်ကြယ်ပွင့် တသက်လုံး အမှတ်ရနေမယ့် ချန်ပီယံလိဂ်ပွဲဦးထွက်ဖြစ်ခဲ့မှာ သေချာပါတယ်။

၅။ စိုးရိမ်စရာ ဖြစ်နေတဲ့ တည်ကန်ဘော

တည်ကန်ဘောတွေဟာ အာဆင်နယ်ရဲ့ ပြဿနာတစ်ခုအဖြစ် ရှိနေခဲ့တာ အချိန်အတိုင်းအတာတစ်ခုအထိ ကြာခဲ့ပြီဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ်ဖလားကို လက်လွှတ်ခဲ့ရမှုမှာလည်း ထောင့်ကန်ဘောကနေ ဂိုးတွေ ပေးခဲ့ရတာလည်း ပါပါတယ်။ အဲဒီပြဿနာကို အာတီတာနဲ့ နည်းပြအဖွဲ့ဝင်တွေ ဖြေရှင်းမထားရသေးတာကို ထပ်မံမြင်တွေ့ခဲ့ရပြီး ဂါဘရီယဲလ် ဂျေးဇုဟာ ဂူဒယ်ကို လူကပ်ထားပေမယ့် ဆီဗီလာနောက်ခံလူကို ခေါင်းချင်းယှဉ်တိုက်ရာမှာ ရှုံးနိမ့်ခဲ့ပြီး ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။ ဂန်းနားတွေဟာ အနိုင်ရလဒ်ကို ထိန်းသိမ်းနိုင်ခဲ့တယ်ဆိုပေမယ့်လည်း ပြိုင်ဘက်တွေကို တည်ကန်ဘောမှာ ဂိုးတွေ ပေးနေရသေးတာက အာတီတာအတွက် စိုးရိမ်စရာကိစ္စကြီးဖြစ်လာမှာဖြစ်ပါတယ်။ အာဆင်နယ်သာ ချန်ပီယံလိဂ် နောက်ပိုင်းအဆင့်တွေအထိ သွားချင်တယ်ဆိုရင် ဒီပြဿနာက မြန်မြန်ဖြေရှင်းရမယ့်ပြဿနာဖြစ်ပါတယ်။

၆။ အုပ်စု B ဇယားထိပ်ဆုံးမှာ ဦးဆောင်နေတဲ့ အာဆင်နယ်

အာဆင်နယ်ဟာ ဆီဗီလာကို အနိုင်ရရှိခဲ့တာကြောင့် ချန်ပီယံလိဂ်အုပ်စု B အဆင့် ၁ နေရာကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပြီး ၁ ပွဲနိုင် ၁ ပွဲရှုံးနိမ့်ခဲ့ပြီးနောက် ဆီဗီလာနဲ့ပွဲက အရမ်းအရေးကြီးခဲ့ပါတယ်။ ဘာလို့လဲဆိုတော့ ဘောလုံးကျွမ်းကျင်သူတွေက အာဆင်နယ်နဲ့ ဆီဗီလာတို့ဟာ ဒီအုပ်စုကနေ ရှုံးထွက်တက်မယ့်အသင်းတွေလို့ ခန့်မှန်းထားကြတာကြောင့်ဖြစ်ပြီး မြောက်လန်ဒန်ကလပ်ဟာ လက်ရှိမှာ ၃ ပွဲကစားပြီးနောက် ရမှတ် ၆ မှတ်နဲ့ အုပ်စုဗိုလ်အဖြစ် ရပ်တည်နေပြီဖြစ်ပါတယ်။

၇။ ဒဏ်ရာအတွက် ပရိသတ်တွေကို အသိပေးခဲ့တဲ့ ဂျေးဇု

အာဆင်နယ်အတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တဲ့ ဂျေးဇုဟာ ၈၁ မိနစ်မှာ သက်တောင့်သက်သာမဖြစ်မှုကြောင့် အန်ကီးတီးယားနဲ့ လူစားလဲခံခဲ့ရပါတယ်။ ပွဲပြီးအင်တာဗျူးမှာ ဂျေးဇုက သူ့ရဲ့ ဒဏ်ရာနဲ့ပတ်သက်ပြီး အကောင်းမြင်နေပုံပေါ်ပြီး ကြိုတင်ကာကွယ်မှုသာဖြစ်တယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ “ကျွန်တော် တစ်စုံတခုကို ခံစားခဲ့ရတယ်။ ကြည့်ကြတာပေါ့။ ကျွန်တော် ဆရာဝန်တွေနဲ့ စမ်းသပ်မှုအချို့ ပြုလုပ်ခဲ့တယ်။ အဲဒီလောက်လည်း မကြီးပါဘူး။ ဒါပေမယ့် ကြည့်တာပေါ့။ ကျွန်တော် ဓာတ်မှန်ရိုက်မယ်။ မနက်ဖြန်လောက်ပေါ့။ဘာမှ ပြဿနာရှိမှာမဟုတ်ဘူးလို့ ကျွန်တော် တော်တော်လေးသေချာနေပါတယ်”လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: ဂါဘရီယဲလ္ ေဂ်းဇုဟာ ဆီဗီလာကို အဂၤါေန႔ညက အႏိုင္ရခဲ့တဲ့ပြဲမွာ အလြန္ေကာင္းမြန္တဲ့ သြင္းဂိုးတစ္ဂိုး၊ ဂိုးဖန္တီးမႈနဲ႔ ေဝဖန္မႈေတြကို တုံ႔ျပန္ခဲ့ပါတယ္။

ဘရာဇီးလ္တိုက္စစ္မႉးဟာ ဂိုးေပါက္ေပ်ာက္ဆုံးေနမႈေၾကာင့္ ဖိအားေတြနဲ႔ ရင္ဆိုင္ေနခဲ့ရတာျဖစ္ေပမယ့္လည္း ပထမပိုင္း နာက်င္အခ်ိန္ပိုမွာ မာတီနယ္လီက အဖြင့္ဂိုးကို သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

မာတီနယ္လီဟာ ပထမဆုံး ခ်န္ပီယံလိဂ္ပြဲဦးထြက္မွာ ဆီဗီလာဂိုးသမားကို လွည့္ထြက္ၿပီး အဖြင့္ဂိုးကို သြင္းယူေပးခဲ့တာျဖစ္ၿပီး အဲဒီေနာက္ ဒုတိယပိုင္း ျပန္လည္စတင္ၿပီး ၈ မိနစ္အၾကာမွာပဲ ေဂ်းဇုက အလြန္ေကာင္းမြန္တဲ့ ကန္ခ်က္နဲ႔ ေနာက္ထပ္ဦးေဆာင္ဂိုးကို သြင္းယူခဲ့တာျဖစ္ပါတယ္။

နီမန္ညာ ဂူဒယ္ရဲ႕ ေခါင္းတိုက္ေခ်ပဂိုးတစ္ဂိုးကို အာဆင္နယ္တို႔ ျပန္လည္ခြင့္ျပဳခဲ့ရၿပီးေနာက္ ေဂ်းဇုက တံေကာက္ေၾကာ ဒဏ္ရာေၾကာင့္ လူစားလဲခံခဲ့ရလို႔ ပရိသတ္ေတြအတြက္ စိုးရိမ္စရာျဖစ္ခဲ့ၿပီး ဒီပြဲစဥ္ကေန မွတ္မွတ္ရရ ျပန္ေျပာစရာအခ်က္ေတြရွိေနပါတယ္။

၁။ ပါေတး ျပႆနာ

အာဆင္နယ္ဟာ ေနာက္ထပ္ ဒဏ္ရာျပႆနာတစ္ခုနဲ႔ ရင္ဆိုင္ေနရတဲ့ ပါေတးရဲ႕ ႀကံ့ခိုင္မႈေၾကာင့္ စိုးရိမ္ေနခဲ့ရၿပီး ခ်ဲလ္ဆီးနဲ႔ပြဲမွာလည္း အရန္ခုံမွာ ပါဝင္ခဲ့ေပမယ့္လည္း လူစားဝင္ကစားသမားအျဖစ္ အသုံးျပဳျခင္းမခံခဲ့ရတာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ပါေတးဟာ တနလၤာေန႔ ေလ့က်င့္ေရးမွာ ႂကြက္သား ဒဏ္ရာျပႆနာ ရရွိသြားခဲ့ၿပီးေနာက္ အတိအက်မသိရေသးတဲ့ အခ်ိန္အတိုင္းအတာတစ္ခုအထိ လြဲေခ်ာ္ေတာ့မွာျဖစ္ၿပီး ဂန္းနားတို႔ရဲ႕ ကြင္းလယ္က အားနည္းသြားခဲ့ၿပီျဖစ္ပါတယ္။ ေဂ်ာ္ဂ်င္ညိဳ၊ ဒီကလန္ ႐ိုက္၊ ေအာ္ဒီဂြါဒ္တို႔ ၃ ဦးအတြဲက ဆီဗီလာနဲ႔ပြဲမွာ ကြင္းလယ္ကို ထိန္းခ်ဳပ္ႏိုင္ခဲ့ၿပီး အာတီတာအတြက္ေတာ့ အဖိုးတန္စီနီယာကစားသမားတစ္ဦးကို ဆုံးရႈံးခဲ့ရတာက စိုးရိမ္စရာျဖစ္လာၿပီျဖစ္ပါတယ္။

၂။ မွားၿမဲ မွားဆဲ ရာယာ

အာတီတာဟာ စပိန္ဂိုးသမားက မၾကာေသးမီပြဲေတြမွာ ႐ုန္းကန္ခဲ့ရေပမယ့္လည္း ေနာက္ထပ္တစ္ႀကိမ္ ဂိုးေပါက္မွာ အသုံးျပဳခဲ့ၿပီး ရာယာဟာ ခ်ဲလ္ဆီးနဲ႔ပြဲက စြမ္းေဆာင္ရည္ေၾကာင့္ ျပင္းျပင္းထန္ထန္ ေဝဖန္ခံခဲ့ရေပမယ့္လည္း ဆီဗီလာနဲ႔ပြဲမွာ ပြဲထြက္ဂိုးသမားေနရာကို ဆက္လက္ ေပးအပ္ျခင္းခံခဲ့ရတာ ျဖစ္ပါတယ္။ ဒါေပမယ့္လည္း ရာယာဟာ ေဝဖန္သူေတြကို ယုံၾကည္လာေအာင္ လုပ္ႏိုင္ျခင္းမရွိခဲ့ဘဲ ပြဲကစားခ်ိန္ ၂၁ မိနစ္ေလာက္မွာ ေဘာလုံးကို လြယ္လြယ္နဲ႔ ၿပိဳင္ဘက္ကစားသမားဆီ ေပးပစ္ခဲ့မိၿပီး ဂူဒယ္က ေဘာလုံးကို လူကီဘာကီယိုဆီ ျဖတ္တင္ေပးပို႔ခဲ့ေပမယ့္လည္း ဆီဗီလာတိုက္စစ္မႉးက အသုံးမခ်ႏိုင္ခဲ့လို႔သာ သက္သာရာ ရခဲ့တာျဖစ္ပါတယ္။ ရာယာဟာ နာက်င္အခ်ိန္ပိုမွာလည္း ခ်ိန္သားမကိုက္တဲ့ ေဘာလုံးပုတ္ထုတ္မႈနဲ႔ ေခ်ပဂိုး ေပးရလုနီးပါးျဖစ္ခဲ့ေပမယ့္ ကံေကာင္းေထာက္မစြာနဲ႔ ေဘာလုံးက ဂိုးဘားတန္းေပၚကေန ေက်ာ္သြားခဲ့တာျဖစ္ပါတယ္။

၃။ သက္ေသျပသႏိုင္ခဲ့တဲ့ ေဂ်းဇု

ဂါဘရီယဲလ္ ေဂ်းဇုဟာ ရာသီအခ်ိန္အမ်ားစုကို တိုက္စစ္ပြဲထြက္ေနရာအတြက္ အန္ကီးတီးယားနဲ႔ တိုက္ပြဲဝင္ေနခဲ့ရေပမယ့္လည္း ဆီဗီလာနဲ႔ပြဲက စြမ္းေဆာင္ရည္အၿပီးမွာ အာတီတာအေနနဲ႔ ေခါင္းစားစရာမလိုေတာ့ျဖစ္ၿပီး တံေကာက္ေၾကာဒဏ္ရာေၾကာင့္သာ လူစားလဲခံခဲ့ရတာက ၾကည့္ရသေလာက္ေတာ့ အရမ္းစိုးရိမ္စရာမဟုတ္ပါဘူး။ ဘရာဇီးလ္တိုက္စစ္မႉးဟာ အလြန္ေကာင္းမြန္ခဲ့ၿပီး ဆီဗီလာခံစစ္ကို တစ္ညလုံး ဒုကၡေပးႏိုင္ခဲ့တာ ျဖစ္ပါတယ္။ ေဂ်းဇုဟာ မာတီနယ္လီရဲ႕ အဖြင့္ဂိုးကို အလြန္ေကာင္းမြန္တဲ့ ဖန္တီးေပးပို႔မႈ ျပဳလုပ္ႏိုင္ခဲ့ၿပီး ဘရာဇီးလ္ၾကယ္ပြင့္က အျမင့္ေဘာကို ဖမ္းၿပီး ယိုယန္ ခ႐ိုက္ဖ္ လွည့္ထြက္မႈနဲ႔အတူ ဆီဗီလာေနာက္ခံလူ ၂ ဦးလက္ကေန လြတ္ထြက္ၿပီး မာတီနယ္လီဆီ တိက်တဲ့ေပးပို႔မႈ ျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ေဂ်းဇုဟာ ဒုတိယပိုင္း အေစာပိုင္းမွာလည္း အလြန္ေကာင္းမြန္တဲ့ သြင္းဂိုးကို သြင္းယူေပးခဲ့ၿပီး ပင္နယ္တီဧရိယာထဲကို ခ်ိဳးဝင္ၿပီး ဂိုးအေပၚေထာင့္ထဲကို ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

၄။ မာတီနယ္လီရဲ႕ အိပ္မက္ထားတဲ့ ပြဲဦးထြက္

အာဆင္နယ္ရဲ႕ ၿပီးခဲ့တဲ့ ဆယ္စုႏွစ္မွာ ႐ုန္းကန္ခဲ့ရမႈေၾကာင့္ မာတီနယ္လီအတြက္ အခုမွ ခ်န္ပီယံလိဂ္မွာ ပြဲဦးထြက္ခြင့္ ရခဲ့တာျဖစ္ၿပီး ဘရာဇီးလ္တိုက္စစ္မႉးက အဖြင့္ဂိုးသြင္းယူၿပီး အေကာင္းဆုံးပုံစံနဲ႔ ဥေရာပပြဲဦးထြက္ကို ေအာင္ပြဲခံခဲ့တာျဖစ္ပါတယ္။ မာတီနယ္လီဟာ ေဂ်းဇုရဲ႕ ေပးပို႔မႈကို ရယူၿပီးေနာက္ ၎ရဲ႕ ျမန္ႏႈန္းနဲ႔ ဆီဗီလာေနာက္တန္းကို အႏိုင္ယူၿပီး ေျပးထြက္လာတဲ့ ဂိုးသမား ႏိုင္လန္းကို လွည့္ထြက္ၿပီး ဂိုးေပါက္ထဲကို ကန္သြင္းခဲ့တာျဖစ္ပါတယ္။ ေဂ်းဆပ္ နားဗက္စ္ဟာ မာတီနယ္လီကို ထိန္းဖို႔ တစ္ညလုံး ႐ုန္းကန္ခဲ့ရၿပီး ဂန္းနားၾကယ္ပြင့္ဟာ ေအာင္ျမင္တဲ့ လိမ္ေခါက္မႈ ၂ ႀကိမ္၊ တစ္ဦးခ်င္းတိုက္ပြဲ ၃ ႀကိမ္ အႏိုင္ရရွိခဲ့တာေၾကာင့္ ဘရာဇီးလ္ၾကယ္ပြင့္ တသက္လုံး အမွတ္ရေနမယ့္ ခ်န္ပီယံလိဂ္ပြဲဦးထြက္ျဖစ္ခဲ့မွာ ေသခ်ာပါတယ္။

၅။ စိုးရိမ္စရာ ျဖစ္ေနတဲ့ တည္ကန္ေဘာ

တည္ကန္ေဘာေတြဟာ အာဆင္နယ္ရဲ႕ ျပႆနာတစ္ခုအျဖစ္ ရွိေနခဲ့တာ အခ်ိန္အတိုင္းအတာတစ္ခုအထိ ၾကာခဲ့ၿပီျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီ ပရီးမီးယားလိဂ္ဖလားကို လက္လႊတ္ခဲ့ရမႈမွာလည္း ေထာင့္ကန္ေဘာကေန ဂိုးေတြ ေပးခဲ့ရတာလည္း ပါပါတယ္။ အဲဒီျပႆနာကို အာတီတာနဲ႔ နည္းျပအဖြဲ႕ဝင္ေတြ ေျဖရွင္းမထားရေသးတာကို ထပ္မံျမင္ေတြ႕ခဲ့ရၿပီး ဂါဘရီယဲလ္ ေဂ်းဇုဟာ ဂူဒယ္ကို လူကပ္ထားေပမယ့္ ဆီဗီလာေနာက္ခံလူကို ေခါင္းခ်င္းယွဥ္တိုက္ရာမွာ ရႈံးနိမ့္ခဲ့ၿပီး ဂိုးေပးခဲ့ရတာျဖစ္ပါတယ္။ ဂန္းနားေတြဟာ အႏိုင္ရလဒ္ကို ထိန္းသိမ္းႏိုင္ခဲ့တယ္ဆိုေပမယ့္လည္း ၿပိဳင္ဘက္ေတြကို တည္ကန္ေဘာမွာ ဂိုးေတြ ေပးေနရေသးတာက အာတီတာအတြက္ စိုးရိမ္စရာကိစၥႀကီးျဖစ္လာမွာျဖစ္ပါတယ္။ အာဆင္နယ္သာ ခ်န္ပီယံလိဂ္ ေနာက္ပိုင္းအဆင့္ေတြအထိ သြားခ်င္တယ္ဆိုရင္ ဒီျပႆနာက ျမန္ျမန္ေျဖရွင္းရမယ့္ျပႆနာျဖစ္ပါတယ္။

၆။ အုပ္စု B ဇယားထိပ္ဆုံးမွာ ဦးေဆာင္ေနတဲ့ အာဆင္နယ္

အာဆင္နယ္ဟာ ဆီဗီလာကို အႏိုင္ရရွိခဲ့တာေၾကာင့္ ခ်န္ပီယံလိဂ္အုပ္စု B အဆင့္ ၁ ေနရာကို တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ၿပီး ၁ ပြဲႏိုင္ ၁ ပြဲရႈံးနိမ့္ခဲ့ၿပီးေနာက္ ဆီဗီလာနဲ႔ပြဲက အရမ္းအေရးႀကီးခဲ့ပါတယ္။ ဘာလို႔လဲဆိုေတာ့ ေဘာလုံးကြၽမ္းက်င္သူေတြက အာဆင္နယ္နဲ႔ ဆီဗီလာတို႔ဟာ ဒီအုပ္စုကေန ရႈံးထြက္တက္မယ့္အသင္းေတြလို႔ ခန႔္မွန္းထားၾကတာေၾကာင့္ျဖစ္ၿပီး ေျမာက္လန္ဒန္ကလပ္ဟာ လက္ရွိမွာ ၃ ပြဲကစားၿပီးေနာက္ ရမွတ္ ၆ မွတ္နဲ႔ အုပ္စုဗိုလ္အျဖစ္ ရပ္တည္ေနၿပီျဖစ္ပါတယ္။

၇။ ဒဏ္ရာအတြက္ ပရိသတ္ေတြကို အသိေပးခဲ့တဲ့ ေဂ်းဇု

အာဆင္နယ္အတြက္ ဒုတိယေျမာက္ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့တဲ့ ေဂ်းဇုဟာ ၈၁ မိနစ္မွာ သက္ေတာင့္သက္သာမျဖစ္မႈေၾကာင့္ အန္ကီးတီးယားနဲ႔ လူစားလဲခံခဲ့ရပါတယ္။ ပြဲၿပီးအင္တာဗ်ဴးမွာ ေဂ်းဇုက သူ႔ရဲ႕ ဒဏ္ရာနဲ႔ပတ္သက္ၿပီး အေကာင္းျမင္ေနပုံေပၚၿပီး ႀကိဳတင္ကာကြယ္မႈသာျဖစ္တယ္လို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။ “ကြၽန္ေတာ္ တစ္စုံတခုကို ခံစားခဲ့ရတယ္။ ၾကည့္ၾကတာေပါ့။ ကြၽန္ေတာ္ ဆရာဝန္ေတြနဲ႔ စမ္းသပ္မႈအခ်ိဳ႕ ျပဳလုပ္ခဲ့တယ္။ အဲဒီေလာက္လည္း မႀကီးပါဘူး။ ဒါေပမယ့္ ၾကည့္တာေပါ့။ ကြၽန္ေတာ္ ဓာတ္မွန္႐ိုက္မယ္။ မနက္ျဖန္ေလာက္ေပါ့။ဘာမွ ျပႆနာရွိမွာမဟုတ္ဘူးလို႔ ကြၽန္ေတာ္ ေတာ္ေတာ္ေလးေသခ်ာေနပါတယ္”လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet