Super Sub လေး ကောင်းမှုနဲ့ သရေကျခဲ့တဲ့ ပွဲစဉ်က မှတ်မှတ်ရရ ပြန်ပြောစရာများ 1024 504 coyg

Super Sub လေး ကောင်းမှုနဲ့ သရေကျခဲ့တဲ့ ပွဲစဉ်က မှတ်မှတ်ရရ ပြန်ပြောစရာများ

အာဆင်နယ်ဟာ စနေနေ့ည စတမ်းဖို့ဒ် ဘရစ်ချ်မှာ ကစားခဲ့တဲ့ပွဲမှာ ၂-၀ နဲ့ ဦးဆောင်ခြင်းခံခဲ့ရပြီးနောက် ရာသီအစ ရှုံးပွဲမရှိ စံချိန် ကျိုးပျက်တော့မယ့်ပုံပေါ်ခဲ့ပါတယ်။

နွေရာသီကစားသမားခေါ်ယူမှုဖြစ်တဲ့ ကိုး ပါလ်မာက ချဲလ်ဆီးတို့ကို လန်ဒန်ပြိုင်ဘက်တွေနဲ့ ရင်ဆိုင်တဲ့ပွဲမှာ လျင်လျင်မြန်မြန်နဲ့ စတင်ခွင့် ပေးခဲ့ပြီး VAR က ဝီလီယံ ဆာလီဘာ လက်ထိဘောဖြစ်ခဲ့တယ်လို့ သတ်မှတ်ခဲ့တဲ့အတွက် ပင်နယ်တီကနေ စီးတီးကြယ်ပွင့်ဟောင်းက ဂိုးသွင်းယူခဲ့တာဖြစ်ပါတယ်။

အာဆင်နယ်ရဲ့ ပစ်မှတ်ဟောင်းဖြစ်တဲ့ မိုင်ခေလို မာဒရစ်ခ်က ချဲလ်ဆီးအတွက် ဒုတိယမြောက် ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့ပြီး ရောဘတ် ဆန်းချက်ဇ်ရဲ့ အမှားကြောင့် ဒီကလန် ရိုက် ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။

နောက်ဆုံးမှာတော့ လူစားဝင်ကစားသမား လီအန်ဒရို ထရော့ဆာ့ဒ်က ယခုရာသီ ပထမဆုံး ပရီးမီးယားလိဂ်ရှုံးပွဲကို ရှောင်လွှဲနိုင်စေမယ့် အရေးကြီးတဲ့ ချေပဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

၁။ လက်ထိဘောကြောင့် ဦးဆောင်ခွင့်ရခဲ့တဲ့ ချဲလ်ဆီး

အိမ်ရှင်အသင်းဆီကနေ အထင်ကြီးဖွယ် စတင်မှုကို မြင်တွေ့ခဲ့ရပြီးနောက် ပင်နယ်တီကနေ ဦးဆောင်ဂိုး သွင်းယူဖို့ အခွင့်အရေးပေးခြင်းခံခဲ့ရပြီး မာဒရစ်ခ်ရဲ့ ခေါင်းတိုက်ချက်ကို ဆာလီဘာရဲ့ လက်နဲ့ ပိတ်ဆို့ခဲ့တယ်လို့ VAR က ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ဆာလီဘာရဲ့ ဆန့်ထုတ်ထားတဲ့ လက်ကြောင့် ပင်နယ်တီပေးခဲ့ရတယ်ဆိုတာက သံသယဖြစ်စရာ အနည်းငယ်သာရှိခဲ့ပြီး စနေနေ့အစောပိုင်း မာဆေးဆိုဒ်ဒါဘီမှာ လီဗာပူးလ် ပင်နယ်တီ ရခဲ့တဲ့အတိုင်းပဲ ဖြစ်ခဲ့တာဖြစ်ပါတယ်။

၂။ ဂန်းနားတွေကို ခြောက်လှန့်ခဲ့တဲ့ မာဒရစ်ခ်

စတမ်းဖို့ဒ်ဘရစ်ချ်ကို ပြောင်းရွှေ့ခဲ့ပြီးကတည်းက အချိန်တော်တော်ကြာတဲ့အထိ အာဆင်နယ်ဟာ မာဒရစ်ခ်ကို မခေါ်ယူနိုင်ခဲ့လို့ နောင်တရခဲ့ခြင်းမရှိခဲ့ဘဲ အဲဒါက မေးခွန်းထုတ်စရာ နေရာယူပုံနဲ့ ရာယာကို ကျော်လွန်ပြီး ယူကရိန်းတောင်ပံကစားသမားရဲ့ ဖြတ်တင်ပေးပို့မှုက ဂိုးပေါက်ထဲ ဝင်သွားတဲ့အချိန်မတိုင်ခင်အထိပဲဖြစ်ပါတယ်။ မာဒရစ်ခ်ဟာ ညာတောင်ပံအတိုင်း ဆွဲပြေးလာခဲ့ပြီး ရွေးချယ်စရာ အနည်းငယ်သာ ရှိတာကြောင့် ဘောလုံးကို ပင်နယ်တီဧရိယာထဲကို ဖြတ်တင်ပေးဖို့ ကြိုးပမ်းခဲ့ရာမှာ ၎င်းရဲ့ ကန်ချက်က အသင်းဖော်တွေဆီ ရောက်ရမယ့်အစား ရာယာကို ကျော်ပြီး ဂိုးပေါက်ထဲ ဝင်သွားခဲ့တာဖြစ်ပါတယ်။ ဒါက ရှက်တာဒိုးနတ်ကနေ ချဲလ်ဆီးကို ပြောင်းရွှေ့လာပြီးနောက်ပိုင်း ဒုတိယမြောက် သွင်းဂိုးဖြစ်ခဲ့သလို စတမ်းဖို့ဒ် ဘရစ်ချ်မှာ ပထမဆုံးသွင်းယူနိုင်ခဲ့တဲ့ဂိုးလည်းဖြစ်ခဲ့ပြီး ဂန်းနားတွေကတော့ ငါတို့နဲ့မှ သွင်းရလားလို့ မချိတင်ကဲဖြစ်ခဲ့ကြမှာဖြစ်ပါတယ်။

၃။ ခိုင်ခံ့တဲ့ အဝေးကွင်းခံစစ် လဲပြိုခြင်း

အချီန်တော်တော်ကြာတဲ့အထိ အာဆင်နယ်ဟာ အမ်းမရိတ်စ်ရဲ့ အဝေးမှာ ခိုင်ခံ့တဲ့ ခံစစ်ကို ပိုင်ဆိုင်ခဲ့ပုံပေါ်ခဲ့ပြီး နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ်အဝေးကွင်း ၃ ပွဲစလုံးမှာ အနိုင်ရခဲ့ပါတယ်။ ဂန်းနားတွေရဲ့ အဝေးကွင်းခံစစ်မှတ်တမ်းဟာ အထင်ကြီးစရာကောင်းခဲ့ပြီး ပရီးမီးယားလိဂ် ၃၃၅ မိနစ်အထိ ဂိုးမပေးခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း စနေနေ့ညမှာတော့ အထင်ကြီးဖွယ်ကောင်းတဲ့ ခံစစ်ဟာ အချိန်တိုအတွင်း လဲပြိုသွားခဲ့ရပြီး အာတီတာအနေနဲ့ ၎င်းရဲ့ တိုက်စစ်ကို ညည်းတွားကောင်း ညည်းတွားနိုင်ပေမယ့်လည်း ခံစစ်ပိုင်းကိုလည်း ပြန်ကြည့်ဖို့ လိုအပ်တာလည်း ဖြစ်နိုင်ပါတယ်။

၄။ သက်တောင့်သက်သာ မဖြစ်သေးတဲ့ ရာယာ

စိတ်မချရတဲ့ ခံစစ်အကြောင်း ပြောနေတုန်းမှာပဲ ဒေးဗစ် ရာယာကလည်း စတမ်းဖို့ဒ် ဘရစ်ချ်ကို လာရောက်ခဲ့တဲ့ပွဲမှာ အာရွန် ရမ်းစ်ဒေးလ် မပါဝင်နိုင်ခဲ့တဲ့အတွက် ရင်တထိတ်ထိတ်နဲ့ ပွဲထွက်ကစားပေးခဲ့ရတာ ဖြစ်နိုင်ပြီး အင်္ဂလန်ဂိုးသမားက ဇနီးသည်က သားယောကျာ်းလေး မွေးဖွားပေးထားတာကြောင့် ပါဝင်နိုင်ခြင်းမရှိတာဖြစ်ပါတယ်။ ရမ်းစ်ဒေးလ်သာ ရှိနေခဲ့မယ်ဆိုရင် ပွဲထွက်ဂိုးသမားနေရာမှာ ရှိနေခဲ့မှာဖြစ်ပြီး ရာယာရဲ့ လွန်းစ်၊ မန်စီးတီးတို့နဲ့ပွဲစဉ်တွေက စိတ်မချရတဲ့ လက်စွမ်းကြောင့် ချဲလ်ဆီးနဲ့ပွဲမှာ နေရာထပ်ရစရာ မမြင်တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ရာယာဟာ စနေနေ့ညမှာ နောက်ထပ်တစ်ကြိမ် ပွဲထွက်ခွင့်ရခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့ပွဲတွေက အမှားကို အဖက်မဆယ်နိုင်ခဲ့ဘဲ မာဒရစ်ခ်ရဲ့ သွင်းဂိုးမှာ နေရာယူပုံက လုံးဝ မှားယွင်းနေခဲ့ပြီး ဒုတိယပိုင်းအလယ်လောက်မှာ ပါလ်မာကို ဘောလုံးလက်ဆောင်သွားပေးခဲ့ပြီးနောက် ကံကောင်းလို့ တတိယမြောက် ဂိုးမပေးခဲ့ရတာ ဖြစ်ပါတယ်။ စပိန်ဂိုးသမားအနေနဲ့ အာဆင်နယ်ရဲ့ ကျောနံပါတ် ၁ အဖြစ် ဆက်ရှိနေဖို့ မျှော်လင့်ထားတယ်ဆိုရင်တော့ မြန်မြန်ဆန်ဆန်ပဲ တည်ငြိမ်တဲ့ လက်စွမ်းကောင်းကို ပြန်ရဖို့ တကယ်လိုနေပါပြီ။

၅။နောက်ထပ် အမှားတစ်ခုကို အခွင့်ကောင်းယူနိုင်ခဲ့တဲ့ ဒီကလန် ရိုက်

ရာယာရဲ့ တစ်နိုင်ငံတည်းသားဖြစ်တဲ့ ချဲလ်ဆီးဂိုးသမား ဆန်းချက်ဇ်လည်း ဝေဖန်ပြစ်တင်မှုတွေကနေ မလွတ်မြောက်ခဲ့ဘဲ ဘရိုက်တန်ဂိုးသမားဟောင်းရဲ့ အမှားကြောင့် ဂန်းနားတွေ ပွဲစဉ်အတွင်း ပြန်လည်ဝင်ရောက်ဖို့ လမ်းစရခဲ့တာဖြစ်ပါတယ်။ ဆန်းချက်ဇ်ရဲ့ ဆိုးရွားတဲ့ ရှင်းထုတ်မှုကို ဒီကလန် ရိုက်က ရယူပြီးနောက် အကာအကွယ်မရှိတဲ့ဂိုးပေါက်ထဲကို အပြင်းကန်သွင်းယူခဲ့ပြီး ချေပဂိုး သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဒီအမှားက ချဲလ်ဆီးကို စတမ်းဖို့ဒ် ဘရစ်ချ်မှာ အထင်ကြီးဖွယ် နိုင်ပွဲရယူနိုင်မယ့် အခွင့်အရေးကို အဆုံးသတ်သွားစေခဲ့တာဖြစ်ပါတယ်။

၆။ Super Sub လေး ကယ်တင်ပေးလို့ ရခဲ့တဲ့ သရေ ၁ မှတ်

ဒီကလန် ရိုက်ရဲ့ သွင်းဂိုးက စတမ်းဖို့ဒ်ဘရစ်ချ်မှာ ဂန်းနားတွေအတွက် မျှော်လင့်ချက်ရောင်ခြည်မျှင်လေး ဖြစ်ခဲ့တယ်ဆိုရင် ထရော့ဆာ့ဒ်ရဲ့ ချေပဂိုးက အလင်းတန်းတစ်ခု ဖြစ်ခဲ့မှာဖြစ်ပါတယ်။ ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ လူစားဝင်လာခဲ့ပြီးနောက် ချေပဂိုး သွင်းယူဖို့ ၆ မိနစ်သာ အချိန်ယူခဲ့ရပြီး ဆာကာရဲ့ ပင်နယ်တီဧရိယာထဲကို ပေးပို့မှုကို ချိန်သားကိုက် ပြေးဝင်ပြီး ဂိုးအောက်ထောင့်ထဲကို ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ ဘရိုက်တန်ကြယ်ပွင့်ဟောင်းဟာ ဂန်းနားတွေအတွက် ယခုရာသီမှာ အဓိကကျတဲ့အခိုက်အတန့်တွေမှာ ကယ်တင်ပေးနေကျ သူရဲကောင်းတစ်ဦးဖြစ်ခဲ့ပြီး နောက်ထပ်တစ်ကြိမ် ထပ်မံကယ်တင်ပေးလို့ အာတီတာလည်း ဝမ်းမြောက်ပျော်ရွှင်နေမှာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဟာ စေနေန႔ည စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ကစားခဲ့တဲ့ပြဲမွာ ၂-၀ နဲ႔ ဦးေဆာင္ျခင္းခံခဲ့ရၿပီးေနာက္ ရာသီအစ ရႈံးပြဲမရွိ စံခ်ိန္ က်ိဳးပ်က္ေတာ့မယ့္ပုံေပၚခဲ့ပါတယ္။

ေႏြရာသီကစားသမားေခၚယူမႈျဖစ္တဲ့ ကိုး ပါလ္မာက ခ်ဲလ္ဆီးတို႔ကို လန္ဒန္ၿပိဳင္ဘက္ေတြနဲ႔ ရင္ဆိုင္တဲ့ပြဲမွာ လ်င္လ်င္ျမန္ျမန္နဲ႔ စတင္ခြင့္ ေပးခဲ့ၿပီး VAR က ဝီလီယံ ဆာလီဘာ လက္ထိေဘာျဖစ္ခဲ့တယ္လို႔ သတ္မွတ္ခဲ့တဲ့အတြက္ ပင္နယ္တီကေန စီးတီးၾကယ္ပြင့္ေဟာင္းက ဂိုးသြင္းယူခဲ့တာျဖစ္ပါတယ္။

အာဆင္နယ္ရဲ႕ ပစ္မွတ္ေဟာင္းျဖစ္တဲ့ မိုင္ေခလို မာဒရစ္ခ္က ခ်ဲလ္ဆီးအတြက္ ဒုတိယေျမာက္ ဦးေဆာင္ဂိုးကို သြင္းယူေပးခဲ့ၿပီး ေရာဘတ္ ဆန္းခ်က္ဇ္ရဲ႕ အမွားေၾကာင့္ ဒီကလန္ ႐ိုက္ ေခ်ပဂိုး ျပန္လည္သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။

ေနာက္ဆုံးမွာေတာ့ လူစားဝင္ကစားသမား လီအန္ဒ႐ို ထေရာ့ဆာ့ဒ္က ယခုရာသီ ပထမဆုံး ပရီးမီးယားလိဂ္ရႈံးပြဲကို ေရွာင္လႊဲႏိုင္ေစမယ့္ အေရးႀကီးတဲ့ ေခ်ပဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

၁။ လက္ထိေဘာေၾကာင့္ ဦးေဆာင္ခြင့္ရခဲ့တဲ့ ခ်ဲလ္ဆီး

အိမ္ရွင္အသင္းဆီကေန အထင္ႀကီးဖြယ္ စတင္မႈကို ျမင္ေတြ႕ခဲ့ရၿပီးေနာက္ ပင္နယ္တီကေန ဦးေဆာင္ဂိုး သြင္းယူဖို႔ အခြင့္အေရးေပးျခင္းခံခဲ့ရၿပီး မာဒရစ္ခ္ရဲ႕ ေခါင္းတိုက္ခ်က္ကို ဆာလီဘာရဲ႕ လက္နဲ႔ ပိတ္ဆို႔ခဲ့တယ္လို႔ VAR က ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။ ဆာလီဘာရဲ႕ ဆန႔္ထုတ္ထားတဲ့ လက္ေၾကာင့္ ပင္နယ္တီေပးခဲ့ရတယ္ဆိုတာက သံသယျဖစ္စရာ အနည္းငယ္သာရွိခဲ့ၿပီး စေနေန႔အေစာပိုင္း မာေဆးဆိုဒ္ဒါဘီမွာ လီဗာပူးလ္ ပင္နယ္တီ ရခဲ့တဲ့အတိုင္းပဲ ျဖစ္ခဲ့တာျဖစ္ပါတယ္။

၂။ ဂန္းနားေတြကို ေျခာက္လွန႔္ခဲ့တဲ့ မာဒရစ္ခ္

စတမ္းဖို႔ဒ္ဘရစ္ခ်္ကို ေျပာင္းေ႐ႊ႕ခဲ့ၿပီးကတည္းက အခ်ိန္ေတာ္ေတာ္ၾကာတဲ့အထိ အာဆင္နယ္ဟာ မာဒရစ္ခ္ကို မေခၚယူႏိုင္ခဲ့လို႔ ေနာင္တရခဲ့ျခင္းမရွိခဲ့ဘဲ အဲဒါက ေမးခြန္းထုတ္စရာ ေနရာယူပုံနဲ႔ ရာယာကို ေက်ာ္လြန္ၿပီး ယူကရိန္းေတာင္ပံကစားသမားရဲ႕ ျဖတ္တင္ေပးပို႔မႈက ဂိုးေပါက္ထဲ ဝင္သြားတဲ့အခ်ိန္မတိုင္ခင္အထိပဲျဖစ္ပါတယ္။ မာဒရစ္ခ္ဟာ ညာေတာင္ပံအတိုင္း ဆြဲေျပးလာခဲ့ၿပီး ေ႐ြးခ်ယ္စရာ အနည္းငယ္သာ ရွိတာေၾကာင့္ ေဘာလုံးကို ပင္နယ္တီဧရိယာထဲကို ျဖတ္တင္ေပးဖို႔ ႀကိဳးပမ္းခဲ့ရာမွာ ၎ရဲ႕ ကန္ခ်က္က အသင္းေဖာ္ေတြဆီ ေရာက္ရမယ့္အစား ရာယာကို ေက်ာ္ၿပီး ဂိုးေပါက္ထဲ ဝင္သြားခဲ့တာျဖစ္ပါတယ္။ ဒါက ရွက္တာဒိုးနတ္ကေန ခ်ဲလ္ဆီးကို ေျပာင္းေ႐ႊ႕လာၿပီးေနာက္ပိုင္း ဒုတိယေျမာက္ သြင္းဂိုးျဖစ္ခဲ့သလို စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ ပထမဆုံးသြင္းယူႏိုင္ခဲ့တဲ့ဂိုးလည္းျဖစ္ခဲ့ၿပီး ဂန္းနားေတြကေတာ့ ငါတို႔နဲ႔မွ သြင္းရလားလို႔ မခ်ိတင္ကဲျဖစ္ခဲ့ၾကမွာျဖစ္ပါတယ္။

၃။ ခိုင္ခံ့တဲ့ အေဝးကြင္းခံစစ္ လဲၿပိဳျခင္း

အခ်ီန္ေတာ္ေတာ္ၾကာတဲ့အထိ အာဆင္နယ္ဟာ အမ္းမရိတ္စ္ရဲ႕ အေဝးမွာ ခိုင္ခံ့တဲ့ ခံစစ္ကို ပိုင္ဆိုင္ခဲ့ပုံေပၚခဲ့ၿပီး ေနာက္ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ္အေဝးကြင္း ၃ ပြဲစလုံးမွာ အႏိုင္ရခဲ့ပါတယ္။ ဂန္းနားေတြရဲ႕ အေဝးကြင္းခံစစ္မွတ္တမ္းဟာ အထင္ႀကီးစရာေကာင္းခဲ့ၿပီး ပရီးမီးယားလိဂ္ ၃၃၅ မိနစ္အထိ ဂိုးမေပးခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း စေနေန႔ညမွာေတာ့ အထင္ႀကီးဖြယ္ေကာင္းတဲ့ ခံစစ္ဟာ အခ်ိန္တိုအတြင္း လဲၿပိဳသြားခဲ့ရၿပီး အာတီတာအေနနဲ႔ ၎ရဲ႕ တိုက္စစ္ကို ညည္းတြားေကာင္း ညည္းတြားႏိုင္ေပမယ့္လည္း ခံစစ္ပိုင္းကိုလည္း ျပန္ၾကည့္ဖို႔ လိုအပ္တာလည္း ျဖစ္ႏိုင္ပါတယ္။

၄။ သက္ေတာင့္သက္သာ မျဖစ္ေသးတဲ့ ရာယာ

စိတ္မခ်ရတဲ့ ခံစစ္အေၾကာင္း ေျပာေနတုန္းမွာပဲ ေဒးဗစ္ ရာယာကလည္း စတမ္းဖို႔ဒ္ ဘရစ္ခ်္ကို လာေရာက္ခဲ့တဲ့ပြဲမွာ အာ႐ြန္ ရမ္းစ္ေဒးလ္ မပါဝင္ႏိုင္ခဲ့တဲ့အတြက္ ရင္တထိတ္ထိတ္နဲ႔ ပြဲထြက္ကစားေပးခဲ့ရတာ ျဖစ္ႏိုင္ၿပီး အဂၤလန္ဂိုးသမားက ဇနီးသည္က သားေယာက်ာ္းေလး ေမြးဖြားေပးထားတာေၾကာင့္ ပါဝင္ႏိုင္ျခင္းမရွိတာျဖစ္ပါတယ္။ ရမ္းစ္ေဒးလ္သာ ရွိေနခဲ့မယ္ဆိုရင္ ပြဲထြက္ဂိုးသမားေနရာမွာ ရွိေနခဲ့မွာျဖစ္ၿပီး ရာယာရဲ႕ လြန္းစ္၊ မန္စီးတီးတို႔နဲ႔ပြဲစဥ္ေတြက စိတ္မခ်ရတဲ့ လက္စြမ္းေၾကာင့္ ခ်ဲလ္ဆီးနဲ႔ပြဲမွာ ေနရာထပ္ရစရာ မျမင္တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ရာယာဟာ စေနေန႔ညမွာ ေနာက္ထပ္တစ္ႀကိမ္ ပြဲထြက္ခြင့္ရခဲ့ေပမယ့္လည္း ၿပီးခဲ့တဲ့ပြဲေတြက အမွားကို အဖက္မဆယ္ႏိုင္ခဲ့ဘဲ မာဒရစ္ခ္ရဲ႕ သြင္းဂိုးမွာ ေနရာယူပုံက လုံးဝ မွားယြင္းေနခဲ့ၿပီး ဒုတိယပိုင္းအလယ္ေလာက္မွာ ပါလ္မာကို ေဘာလုံးလက္ေဆာင္သြားေပးခဲ့ၿပီးေနာက္ ကံေကာင္းလို႔ တတိယေျမာက္ ဂိုးမေပးခဲ့ရတာ ျဖစ္ပါတယ္။ စပိန္ဂိုးသမားအေနနဲ႔ အာဆင္နယ္ရဲ႕ ေက်ာနံပါတ္ ၁ အျဖစ္ ဆက္ရွိေနဖို႔ ေမွ်ာ္လင့္ထားတယ္ဆိုရင္ေတာ့ ျမန္ျမန္ဆန္ဆန္ပဲ တည္ၿငိမ္တဲ့ လက္စြမ္းေကာင္းကို ျပန္ရဖို႔ တကယ္လိုေနပါၿပီ။

၅။ေနာက္ထပ္ အမွားတစ္ခုကို အခြင့္ေကာင္းယူႏိုင္ခဲ့တဲ့ ဒီကလန္ ႐ိုက္

ရာယာရဲ႕ တစ္ႏိုင္ငံတည္းသားျဖစ္တဲ့ ခ်ဲလ္ဆီးဂိုးသမား ဆန္းခ်က္ဇ္လည္း ေဝဖန္ျပစ္တင္မႈေတြကေန မလြတ္ေျမာက္ခဲ့ဘဲ ဘ႐ိုက္တန္ဂိုးသမားေဟာင္းရဲ႕ အမွားေၾကာင့္ ဂန္းနားေတြ ပြဲစဥ္အတြင္း ျပန္လည္ဝင္ေရာက္ဖို႔ လမ္းစရခဲ့တာျဖစ္ပါတယ္။ ဆန္းခ်က္ဇ္ရဲ႕ ဆိုး႐ြားတဲ့ ရွင္းထုတ္မႈကို ဒီကလန္ ႐ိုက္က ရယူၿပီးေနာက္ အကာအကြယ္မရွိတဲ့ဂိုးေပါက္ထဲကို အျပင္းကန္သြင္းယူခဲ့ၿပီး ေခ်ပဂိုး သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဒီအမွားက ခ်ဲလ္ဆီးကို စတမ္းဖို႔ဒ္ ဘရစ္ခ်္မွာ အထင္ႀကီးဖြယ္ ႏိုင္ပြဲရယူႏိုင္မယ့္ အခြင့္အေရးကို အဆုံးသတ္သြားေစခဲ့တာျဖစ္ပါတယ္။

၆။ Super Sub ေလး ကယ္တင္ေပးလို႔ ရခဲ့တဲ့ သေရ ၁ မွတ္

ဒီကလန္ ႐ိုက္ရဲ႕ သြင္းဂိုးက စတမ္းဖို႔ဒ္ဘရစ္ခ်္မွာ ဂန္းနားေတြအတြက္ ေမွ်ာ္လင့္ခ်က္ေရာင္ျခည္မွ်င္ေလး ျဖစ္ခဲ့တယ္ဆိုရင္ ထေရာ့ဆာ့ဒ္ရဲ႕ ေခ်ပဂိုးက အလင္းတန္းတစ္ခု ျဖစ္ခဲ့မွာျဖစ္ပါတယ္။ ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ဟာ လူစားဝင္လာခဲ့ၿပီးေနာက္ ေခ်ပဂိုး သြင္းယူဖို႔ ၆ မိနစ္သာ အခ်ိန္ယူခဲ့ရၿပီး ဆာကာရဲ႕ ပင္နယ္တီဧရိယာထဲကို ေပးပို႔မႈကို ခ်ိန္သားကိုက္ ေျပးဝင္ၿပီး ဂိုးေအာက္ေထာင့္ထဲကို ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ ဘ႐ိုက္တန္ၾကယ္ပြင့္ေဟာင္းဟာ ဂန္းနားေတြအတြက္ ယခုရာသီမွာ အဓိကက်တဲ့အခိုက္အတန႔္ေတြမွာ ကယ္တင္ေပးေနက် သူရဲေကာင္းတစ္ဦးျဖစ္ခဲ့ၿပီး ေနာက္ထပ္တစ္ႀကိမ္ ထပ္မံကယ္တင္ေပးလို႔ အာတီတာလည္း ဝမ္းေျမာက္ေပ်ာ္႐ႊင္ေနမွာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet