အန်ကီးတီးယားရဲ့ လှပတဲ့သွင်းဂိုးနဲ့အတူ ပီအက်စ်ဗွီကို အနိုင်မယူအရှုံးမပေးခဲ့တဲ့ပွဲက ပြန်ပြောစရာများ 1024 504 coyg

အန်ကီးတီးယားရဲ့ လှပတဲ့သွင်းဂိုးနဲ့အတူ ပီအက်စ်ဗွီကို အနိုင်မယူအရှုံးမပေးခဲ့တဲ့ပွဲက ပြန်ပြောစရာများ

အာဆင်နယ်ရဲ့ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်အဖြစ် အင်္ဂါနေ့ညက ဖိလစ်ပ်စ်ကွင်းမှာ ကစားခဲ့တဲ့ ပီအက်စ်ဗွီနဲ့ပွဲစဉ်မှာ ဦးဆောင်နိုင်ခဲ့ပြီးနောက် ပြန်လည်ချေပဂိုး ခွင့်ပြုခဲ့ရပြီး ၁-၁ နဲ့ သရေကျသွားခဲ့ပါတယ်။

အာတီတာဟာ ဒီပွဲစဉ်အတွက် ကစားသမားအများအပြားကို အလှည့်ကျစနစ်နဲ့ ပွဲထုတ်ခဲ့ပေမယ့်လည်း ဂန်းနားတွေဟာ အထင်ကြီးဖွယ်ကောင်းတဲ့ စွမ်းဆောင်ရည်ကို ပြသနိုင်ဆဲ ဖြစ်ပါတယ်။

အန်ကီးတီးယားက ပထမပိုင်း ၄၂ မိနစ်မှာပဲ အဖွင့်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပြီး ပီအက်စ်ဗွီအတွက် ချေပဂိုးကို ယော်ဘီ ဗာတက်ဆန်က သွင်းယူပေးသွားခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ကို အနိုင်မကစားနိုင်ခဲ့ပေမယ့်လည်း အိမ်ရှင်တွေဟာ အုပ်စု ဒုတိယနေရာနဲ့ ၁၆ သင်းရှုံးထွက်အဆင့်ကို တက်လှမ်းနိုင်ခဲ့ပြီဖြစ်ပြီး ဒီပွဲမှာ မှတ်မှတ်ရရ ပြန်ပြောစရာအချက်တွေရှိနေပါတယ်။

၁။ အခွင့်အရေးရခဲ့တဲ့ ရမ်းစ်ဒေးလ်

အာဆင်နယ်ရဲ့ လွန်းစ်နဲ့ နောက်ဆုံးတွေ့ဆုံခဲ့တဲ့ပွဲမှာ ၆-၀ နဲ့ အနိုင်ရရှိခဲ့မှုကြောင့် အင်္ဂါနေ့ပွဲရလဒ်က ဘယ်လိုပဲဖြစ်ဖြစ် အနည်းဆုံးတော့ အုပ်စုဗိုလ်အဖြစ်နဲ့ နောက်တဆင့် တက်မယ်ဆိုတာ သေချာခဲ့ပြီးသားဖြစ်ပါတယ်။ အဲဒါကြောင့် အာတီတာဟာ ပုံမှန်ပွဲထွက်ခွင့်မရတဲ့ ကစားသမားအချို့ကို အခွင့်အရေးပေးခဲ့ပြီး အဲဒီထဲမှာ ရမ်းစ်ဒေးလ်လည်း ပါပါတယ်။ အင်္ဂလန်ဂိုးသမားဟာ ဒေးဗစ် ရာယာ ရောက်လာပြီးကတည်းက ပွဲထွက်ဂိုးသမားနေရာကို ဆုံးရှုံးခဲ့သူဖြစ်ပြီး စပိန်ဂိုးသမားက ရောက်လာတဲ့အချိန်ကတည်းက အမှားများနေခဲ့တာကြောင့် ပရိသတ်အများစုက ရမ်းစ်ဒေးလ်ကို ပြန်လည်အသုံးပြုစေချင်ခဲ့တာဖြစ်ပါတယ်။ ရမ်းစ်ဒေးလ်ဟာ အခုအချိန်အထိတော့ ပုံမှန်ပွဲထွက်ဂိုးသမားနေရာ ပြန်ရဖို့ ခက်ခဲနေဆဲဖြစ်ပြီး အင်္ဂါနေ့ညမှာတော့ ခီဗီယော၊ အယ်လ်နန်နီ၊ နယ်လ်ဆင်တို့လို ကစားသမားတွေနဲ့အတူ ပွဲထွက်လူစာရင်းထဲမှာ ပါဝင်ခွင့် ရရှိခဲ့တာဖြစ်ပါတယ်။ ဆီးဒရစ် ဆိုအာရက်စ်တောင်မှ ရှားရှားပါးပါး ပါဝင်ကစားခွင့်ပေးခြင်း ခံခဲ့ရတာကို မြင်တွေ့ခဲ့ရပါတယ်။

၂။ ခြေစွမ်းအဆင့်အတန်းကို ပြသခဲ့တဲ့ အန်ကီးတီးယား

ပီအက်စ်ဗွီက အကောင်းဆုံးပုံစံနဲ့ စတင်နိုင်ခဲ့ပေမယ့်လည်း အဖွင့်ဂိုးသွင်းယူနိုင်ခဲ့တဲ့သူတွေက ဧည့်သည်တွေဖြစ်ခဲ့ပြီး နယ်လ်ဆင်က ဆီးဒရစ်နဲ့ အလွန်ကောင်းမွန်တဲ့ ဝမ်းတူးရိုက်ပြီး ပင်နယ်တီဧရိယာထဲက အန်ကီးတီးယားဆီ ပေးပို့ခဲ့တာဖြစ်ပါတယ်။ အင်္ဂလန်တိုက်စစ်မှူးဟာ နေရာလွတ်များများစားစား မရှိခဲ့ပေမယ့်လည်း အလွန်ကောင်းမွန်တဲ့ ညာခြေနဲ့ ထိန်းသိမ်းမှု ပြုလုပ်ပြီးနောက် ဘယ်ခြေနဲ့ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။ အာတီတာဟာ ဘာကြောင့် အန်ကီးတီးယားအပေါ်မှာ ယုံကြည်မှု အများကြီး ပေးထားလဲဆိုတာကို လှပတဲ့ အဆုံးသတ်နဲ့ ပြသခဲ့တာဖြစ်ပြီး ဒီသွင်းဂိုးက အိုင်ဗန် တိုနီကို အာဆင်နယ်တို့ ခေါ်ယူဖို့ ၂ ခါပြန်တွေးမိစေမှာ သေချာပါတယ်။

၃။ ထူးခြားကောင်းမွန်တဲ့ ခြေစွမ်းပြသခဲ့တဲ့ ရိစ် နယ်လ်ဆင်

ရိစ် နယ်လ်ဆင်ဟာ ပထမပိုင်းမှာ ဂန်းနားတွေအတွက် အလွန်ထူးခြားကောင်းမွန်တဲ့ ခြေစွမ်းပြသခဲ့ပြီး အကျိုးသက်ရောက်မှု အရှိဆုံး ကစားသမားတစ်ဦးဖြစ်ခဲ့ပါတယ်။ ဂန်းနားတောင်ပံကြယ်ပွင့်ဟာ တစ်ဦးချင်းတိုက်ပွဲ ၈ ကြိမ်မှာ ၇ ကြိမ်အထိ အနိုင်ရခဲ့ပြီး ဘောလုံးပေးပို့မှု ၂၅ ကြိမ်ကို ၁၀၀ ရာခိုင်နှုန်းအောင်မြင်ခဲ့ပါတယ်။ နယ်လ်ဆင်ဟာ အန်ကီးတီးယားရဲ့ သွင်းဂိုးမှာလည်း အဓိကဖန်တီးပေးပို့သူဖြစ်ခဲ့ပြီး လိမ်ခေါက်ဖို့ ကြိုးပမ်းမှု ၈ ကြိမ်မှာ ၅ ကြိမ်အောင်မြင်ခဲ့ပြီးနောက် ဘောလုံးနဲ့အတူ ဖန်တီးနိုင်စွမ်းကို ပြသခဲ့တာဖြစ်ပါတယ်။ နယ်လ်ဆင်ဟာ စုစုပေါင်း ဘောလုံးပေးပို့ရာမှာ အောင်မြင်မှု ၉၅ ရာခိုင်နှုန်းအထိ ရှိခဲ့ပြီး အဲဒီထဲမှာ အဓိကကျတဲ့ ပေးပို့မှု ၂ ကြိမ်လည်း ပါဝင်ခဲ့ပါတယ်။ အာတီတာက ရိစ် နယ်လ်ဆင်ကို ပွဲပြီးခါနီး လူစားမလဲခင်အထိ တစ်ဦးချင်းတိုက်ပွဲ ၁၂ ကြိမ်နိုင်၊ ဘောလုံးလုယူမှု ၆ ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

၄။ ကြီးမားတဲ့အခွင့်အရေးကို လွဲချော်ခဲ့တဲ့ ဟာဗတ်ဇ်

နိုဝင်ဘာလအတွက် အာဆင်နယ်ရဲ့ တစ်လတာအကောင်းဆုံးကစားသမားဆုကို ရရှိခဲ့တဲ့ ဟာဗတ်ဇ်ဟာ အင်္ဂါနေ့ညမှာ အာတီတာရဲ့ ပွဲထွက်ခွင့်ပေးခြင်းကို ခံခဲ့ရပြီး ယုံကြည်မှု ပြန်လည်ရရှိဖို့ စွမ်းဆောင်ရည်ကောင်းပြသနိုင်မယ်လို့ မျှော်လင့်ခဲ့ပေမယ့်လည်း ထင်သလိုဖြစ်မလာခဲ့တာဖြစ်ပါတယ်။ ဂျာမန်ကွင်းလယ်ကြယ်ပွင့်ဟာ ၇၉ မိနစ် ကွင်းထဲမှာ ရှိနေခဲ့တဲ့ကာလအတွင်း တစ်ကြိမ်တည်းသော ကန်ချက်ဖြစ်ခဲ့တဲ့ ကြီးမားတဲ့အခွင့်အရေးကို လွဲချော်ခဲ့တာဖြစ်ပြီး ကွင်းလယ်က တစ်ဦးချင်းတိုက်ပွဲ ၁၂ ကြိမ်မှာ ၄ ကြိမ်သာ အနိုင်ရခဲ့သလို ဘောလုံးပိုင်ဆိုင်မှု ဆုံးရှုံးမှု ၁၀ ကြိမ်အထိ ရှိခဲ့တာဖြစ်ပါတယ်။ ဒါကြောင့် ဟာဗတ်ဇ်ရဲ့နေရာကို အာတီတာက စမစ်ရိုးကို ဝင်ကစားခွင့်ပေးခဲ့တာဖြစ်ပါတယ်။

၅။ ပုံမှန်မဟုတ်တဲ့ နေရာမှာ ကစားခဲ့ရတဲ့ ဒီကလန် ရိုက်

အာဆင်နယ်နည်းပြ အာတီတာဟာ အင်္ဂါနေ့ညက ပီအက်စ်ဗွီနဲ့ပွဲစဉ်မှာ နောက်ထပ် ကစားကွက်အဆန်းထွင်မှုလို့ပဲ ဆိုရမလား။ ဒီကလန် ရိုက်ကို ပုံမှန်ကစားနေကျမဟုတ်တဲ့ နေရာမှာ အသုံးပြုဖို့ ရွေးချယ်ခဲ့ပါတယ်။ အင်္ဂလန်ကွင်းလယ်ခံစစ်ကစားသမားဟာ နယ်သာလန်မှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ်အုပ်စုနောက်ဆုံးပွဲစဉ်မှာ အာဆင်နယ်ရဲ့ ဗဟိုခံစစ်မှာ ပါဝင်ကစားပေးခဲ့ရတာဖြစ်ပေမယ့်လည်း အထင်ကြီးဖွယ် ခြေစွမ်းပြသနိုင်ခဲ့တာဖြစ်ပြီး ၆၂ မိနစ်မှာ ဆီးဒရစ် ဆိုအာရက်စ်ရဲ့နေရာမှာ လူစားဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ စပိန်လူမျိုးနည်းပြက ပွဲအပြီးမှာတော့ ဒီကလန် ရိုက်ကို ဗဟိုခံစစ်မှာ ထားကစားခဲ့တာက ခံစစ်ပိုင်းမှာ ရွေးချယ်စရာလူအင်အားမရှိတာကြောင့်ဖြစ်တယ်လို့ ပြောကြားခဲ့ပြီး ဒီလိုအခြေအနေမျိုးဖြစ်လာရင် ဘယ်လို ဖြေရှင်းမလဲဆိုတာကိုလည်း စမ်းသပ်ကြည့်ချင်တာကြောင့် အရင်တုန်းကလည်း ဗဟိုခံစစ်မှာ ကစားခဲ့ဖူးတဲ့ ဝက်စ်ဟမ်းကြယ်ပွင့်ဟောင်းကို စမ်းသုံးခဲ့တာဖြစ်တယ်လို့ ပြောဆိုခဲ့ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ရဲ႕ ခ်န္ပီယံလိဂ္အုပ္စုေနာက္ဆုံးပြဲစဥ္အျဖစ္ အဂၤါေန႔ညက ဖိလစ္ပ္စ္ကြင္းမွာ ကစားခဲ့တဲ့ ပီအက္စ္ဗြီနဲ႔ပြဲစဥ္မွာ ဦးေဆာင္ႏိုင္ခဲ့ၿပီးေနာက္ ျပန္လည္ေခ်ပဂိုး ခြင့္ျပဳခဲ့ရၿပီး ၁-၁ နဲ႔ သေရက်သြားခဲ့ပါတယ္။

အာတီတာဟာ ဒီပြဲစဥ္အတြက္ ကစားသမားအမ်ားအျပားကို အလွည့္က်စနစ္နဲ႔ ပြဲထုတ္ခဲ့ေပမယ့္လည္း ဂန္းနားေတြဟာ အထင္ႀကီးဖြယ္ေကာင္းတဲ့ စြမ္းေဆာင္ရည္ကို ျပသႏိုင္ဆဲ ျဖစ္ပါတယ္။

အန္ကီးတီးယားက ပထမပိုင္း ၄၂ မိနစ္မွာပဲ အဖြင့္ဂိုးကို သြင္းယူေပးသြားခဲ့တာျဖစ္ၿပီး ပီအက္စ္ဗြီအတြက္ ေခ်ပဂိုးကို ေယာ္ဘီ ဗာတက္ဆန္က သြင္းယူေပးသြားခဲ့တာ ျဖစ္ပါတယ္။ အာဆင္နယ္ကို အႏိုင္မကစားႏိုင္ခဲ့ေပမယ့္လည္း အိမ္ရွင္ေတြဟာ အုပ္စု ဒုတိယေနရာနဲ႔ ၁၆ သင္းရႈံးထြက္အဆင့္ကို တက္လွမ္းႏိုင္ခဲ့ၿပီျဖစ္ၿပီး ဒီပြဲမွာ မွတ္မွတ္ရရ ျပန္ေျပာစရာအခ်က္ေတြရွိေနပါတယ္။

၁။ အခြင့္အေရးရခဲ့တဲ့ ရမ္းစ္ေဒးလ္

အာဆင္နယ္ရဲ႕ လြန္းစ္နဲ႔ ေနာက္ဆုံးေတြ႕ဆုံခဲ့တဲ့ပြဲမွာ ၆-၀ နဲ႔ အႏိုင္ရရွိခဲ့မႈေၾကာင့္ အဂၤါေန႔ပြဲရလဒ္က ဘယ္လိုပဲျဖစ္ျဖစ္ အနည္းဆုံးေတာ့ အုပ္စုဗိုလ္အျဖစ္နဲ႔ ေနာက္တဆင့္ တက္မယ္ဆိုတာ ေသခ်ာခဲ့ၿပီးသားျဖစ္ပါတယ္။ အဲဒါေၾကာင့္ အာတီတာဟာ ပုံမွန္ပြဲထြက္ခြင့္မရတဲ့ ကစားသမားအခ်ိဳ႕ကို အခြင့္အေရးေပးခဲ့ၿပီး အဲဒီထဲမွာ ရမ္းစ္ေဒးလ္လည္း ပါပါတယ္။ အဂၤလန္ဂိုးသမားဟာ ေဒးဗစ္ ရာယာ ေရာက္လာၿပီးကတည္းက ပြဲထြက္ဂိုးသမားေနရာကို ဆုံးရႈံးခဲ့သူျဖစ္ၿပီး စပိန္ဂိုးသမားက ေရာက္လာတဲ့အခ်ိန္ကတည္းက အမွားမ်ားေနခဲ့တာေၾကာင့္ ပရိသတ္အမ်ားစုက ရမ္းစ္ေဒးလ္ကို ျပန္လည္အသုံးျပဳေစခ်င္ခဲ့တာျဖစ္ပါတယ္။ ရမ္းစ္ေဒးလ္ဟာ အခုအခ်ိန္အထိေတာ့ ပုံမွန္ပြဲထြက္ဂိုးသမားေနရာ ျပန္ရဖို႔ ခက္ခဲေနဆဲျဖစ္ၿပီး အဂၤါေန႔ညမွာေတာ့ ခီဗီေယာ၊ အယ္လ္နန္နီ၊ နယ္လ္ဆင္တို႔လို ကစားသမားေတြနဲ႔အတူ ပြဲထြက္လူစာရင္းထဲမွာ ပါဝင္ခြင့္ ရရွိခဲ့တာျဖစ္ပါတယ္။ ဆီးဒရစ္ ဆိုအာရက္စ္ေတာင္မွ ရွားရွားပါးပါး ပါဝင္ကစားခြင့္ေပးျခင္း ခံခဲ့ရတာကို ျမင္ေတြ႕ခဲ့ရပါတယ္။

၂။ ေျခစြမ္းအဆင့္အတန္းကို ျပသခဲ့တဲ့ အန္ကီးတီးယား

ပီအက္စ္ဗြီက အေကာင္းဆုံးပုံစံနဲ႔ စတင္ႏိုင္ခဲ့ေပမယ့္လည္း အဖြင့္ဂိုးသြင္းယူႏိုင္ခဲ့တဲ့သူေတြက ဧည့္သည္ေတြျဖစ္ခဲ့ၿပီး နယ္လ္ဆင္က ဆီးဒရစ္နဲ႔ အလြန္ေကာင္းမြန္တဲ့ ဝမ္းတူး႐ိုက္ၿပီး ပင္နယ္တီဧရိယာထဲက အန္ကီးတီးယားဆီ ေပးပို႔ခဲ့တာျဖစ္ပါတယ္။ အဂၤလန္တိုက္စစ္မႉးဟာ ေနရာလြတ္မ်ားမ်ားစားစား မရွိခဲ့ေပမယ့္လည္း အလြန္ေကာင္းမြန္တဲ့ ညာေျခနဲ႔ ထိန္းသိမ္းမႈ ျပဳလုပ္ၿပီးေနာက္ ဘယ္ေျခနဲ႔ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။ အာတီတာဟာ ဘာေၾကာင့္ အန္ကီးတီးယားအေပၚမွာ ယုံၾကည္မႈ အမ်ားႀကီး ေပးထားလဲဆိုတာကို လွပတဲ့ အဆုံးသတ္နဲ႔ ျပသခဲ့တာျဖစ္ၿပီး ဒီသြင္းဂိုးက အိုင္ဗန္ တိုနီကို အာဆင္နယ္တို႔ ေခၚယူဖို႔ ၂ ခါျပန္ေတြးမိေစမွာ ေသခ်ာပါတယ္။

၃။ ထူးျခားေကာင္းမြန္တဲ့ ေျခစြမ္းျပသခဲ့တဲ့ ရိစ္ နယ္လ္ဆင္

ရိစ္ နယ္လ္ဆင္ဟာ ပထမပိုင္းမွာ ဂန္းနားေတြအတြက္ အလြန္ထူးျခားေကာင္းမြန္တဲ့ ေျခစြမ္းျပသခဲ့ၿပီး အက်ိဳးသက္ေရာက္မႈ အရွိဆုံး ကစားသမားတစ္ဦးျဖစ္ခဲ့ပါတယ္။ ဂန္းနားေတာင္ပံၾကယ္ပြင့္ဟာ တစ္ဦးခ်င္းတိုက္ပြဲ ၈ ႀကိမ္မွာ ၇ ႀကိမ္အထိ အႏိုင္ရခဲ့ၿပီး ေဘာလုံးေပးပို႔မႈ ၂၅ ႀကိမ္ကို ၁၀၀ ရာခိုင္ႏႈန္းေအာင္ျမင္ခဲ့ပါတယ္။ နယ္လ္ဆင္ဟာ အန္ကီးတီးယားရဲ႕ သြင္းဂိုးမွာလည္း အဓိကဖန္တီးေပးပို႔သူျဖစ္ခဲ့ၿပီး လိမ္ေခါက္ဖို႔ ႀကိဳးပမ္းမႈ ၈ ႀကိမ္မွာ ၅ ႀကိမ္ေအာင္ျမင္ခဲ့ၿပီးေနာက္ ေဘာလုံးနဲ႔အတူ ဖန္တီးႏိုင္စြမ္းကို ျပသခဲ့တာျဖစ္ပါတယ္။ နယ္လ္ဆင္ဟာ စုစုေပါင္း ေဘာလုံးေပးပို႔ရာမွာ ေအာင္ျမင္မႈ ၉၅ ရာခိုင္ႏႈန္းအထိ ရွိခဲ့ၿပီး အဲဒီထဲမွာ အဓိကက်တဲ့ ေပးပို႔မႈ ၂ ႀကိမ္လည္း ပါဝင္ခဲ့ပါတယ္။ အာတီတာက ရိစ္ နယ္လ္ဆင္ကို ပြဲၿပီးခါနီး လူစားမလဲခင္အထိ တစ္ဦးခ်င္းတိုက္ပြဲ ၁၂ ႀကိမ္ႏိုင္၊ ေဘာလုံးလုယူမႈ ၆ ႀကိမ္ ျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

၄။ ႀကီးမားတဲ့အခြင့္အေရးကို လြဲေခ်ာ္ခဲ့တဲ့ ဟာဗတ္ဇ္

ႏိုဝင္ဘာလအတြက္ အာဆင္နယ္ရဲ႕ တစ္လတာအေကာင္းဆုံးကစားသမားဆုကို ရရွိခဲ့တဲ့ ဟာဗတ္ဇ္ဟာ အဂၤါေန႔ညမွာ အာတီတာရဲ႕ ပြဲထြက္ခြင့္ေပးျခင္းကို ခံခဲ့ရၿပီး ယုံၾကည္မႈ ျပန္လည္ရရွိဖို႔ စြမ္းေဆာင္ရည္ေကာင္းျပသႏိုင္မယ္လို႔ ေမွ်ာ္လင့္ခဲ့ေပမယ့္လည္း ထင္သလိုျဖစ္မလာခဲ့တာျဖစ္ပါတယ္။ ဂ်ာမန္ကြင္းလယ္ၾကယ္ပြင့္ဟာ ၇၉ မိနစ္ ကြင္းထဲမွာ ရွိေနခဲ့တဲ့ကာလအတြင္း တစ္ႀကိမ္တည္းေသာ ကန္ခ်က္ျဖစ္ခဲ့တဲ့ ႀကီးမားတဲ့အခြင့္အေရးကို လြဲေခ်ာ္ခဲ့တာျဖစ္ၿပီး ကြင္းလယ္က တစ္ဦးခ်င္းတိုက္ပြဲ ၁၂ ႀကိမ္မွာ ၄ ႀကိမ္သာ အႏိုင္ရခဲ့သလို ေဘာလုံးပိုင္ဆိုင္မႈ ဆုံးရႈံးမႈ ၁၀ ႀကိမ္အထိ ရွိခဲ့တာျဖစ္ပါတယ္။ ဒါေၾကာင့္ ဟာဗတ္ဇ္ရဲ႕ေနရာကို အာတီတာက စမစ္႐ိုးကို ဝင္ကစားခြင့္ေပးခဲ့တာျဖစ္ပါတယ္။

၅။ ပုံမွန္မဟုတ္တဲ့ ေနရာမွာ ကစားခဲ့ရတဲ့ ဒီကလန္ ႐ိုက္

အာဆင္နယ္နည္းျပ အာတီတာဟာ အဂၤါေန႔ညက ပီအက္စ္ဗြီနဲ႔ပြဲစဥ္မွာ ေနာက္ထပ္ ကစားကြက္အဆန္းထြင္မႈလို႔ပဲ ဆိုရမလား။ ဒီကလန္ ႐ိုက္ကို ပုံမွန္ကစားေနက်မဟုတ္တဲ့ ေနရာမွာ အသုံးျပဳဖို႔ ေ႐ြးခ်ယ္ခဲ့ပါတယ္။ အဂၤလန္ကြင္းလယ္ခံစစ္ကစားသမားဟာ နယ္သာလန္မွာ ကစားခဲ့တဲ့ ခ်န္ပီယံလိဂ္အုပ္စုေနာက္ဆုံးပြဲစဥ္မွာ အာဆင္နယ္ရဲ႕ ဗဟိုခံစစ္မွာ ပါဝင္ကစားေပးခဲ့ရတာျဖစ္ေပမယ့္လည္း အထင္ႀကီးဖြယ္ ေျခစြမ္းျပသႏိုင္ခဲ့တာျဖစ္ၿပီး ၆၂ မိနစ္မွာ ဆီးဒရစ္ ဆိုအာရက္စ္ရဲ႕ေနရာမွာ လူစားဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။ စပိန္လူမ်ိဳးနည္းျပက ပြဲအၿပီးမွာေတာ့ ဒီကလန္ ႐ိုက္ကို ဗဟိုခံစစ္မွာ ထားကစားခဲ့တာက ခံစစ္ပိုင္းမွာ ေ႐ြးခ်ယ္စရာလူအင္အားမရွိတာေၾကာင့္ျဖစ္တယ္လို႔ ေျပာၾကားခဲ့ၿပီး ဒီလိုအေျခအေနမ်ိဳးျဖစ္လာရင္ ဘယ္လို ေျဖရွင္းမလဲဆိုတာကိုလည္း စမ္းသပ္ၾကည့္ခ်င္တာေၾကာင့္ အရင္တုန္းကလည္း ဗဟိုခံစစ္မွာ ကစားခဲ့ဖူးတဲ့ ဝက္စ္ဟမ္းၾကယ္ပြင့္ေဟာင္းကို စမ္းသုံးခဲ့တာျဖစ္တယ္လို႔ ေျပာဆိုခဲ့ပါတယ္။

Arsenal Myanmar

Ref: Internet