အနီကတ်နဲ့ တစ်ယောက်လျော့ခဲ့ပေမယ့် အနိုင်ရခဲ့တဲ့ပွဲစဉ်က ပြန်ပြောစရာအချက်များ
အာဆင်နယ်ဟာ တနင်္လာနေ့ညက ခရစ္စတယ်ပဲလေ့စ်ကို တိုမီယဆု ၂ ဝါ ၁ နီနဲ့ထုတ်ပယ်ခံရမှုကြောင့် ခက်ခက်ခဲခဲနဲ့ နိုင်ပွဲ ရယူခဲ့ရပြီး မာတင် အော်ဒီဂွါဒ်ရဲ့ ပင်နယ်တီသွင်းဂိုးကြောင့် ၁-၀ နဲ့ အနိုင်ရရှိခဲ့ပါတယ်။
ဒုတိယပိုင်း ၆၇ မိနစ်မှာ တိုမီယဆုကို ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခဲ့ပြီးနောက် ဂန်းနားတွေဟာ အနိုင် ၃ မှတ်ကို ထိန်းသိမ်းနိုင်ဖို့အတွက် ရေကုန်ရေခမ်း အားထုတ်ခဲ့ပြီး ဒီပွဲစဉ်မှာ မှတ်မှတ်ရရ ပြန်ပြောစရာအချက် ၅ ချက်ရှိခဲ့ပါတယ်။
၁။ ပင်နယ်တီကန်သွင်းသူ အပြောင်းအလဲ
အရေးကြီးတဲ့ ပင်နယ်တီ ကန်သွင်းမှုအချို့ကို လွဲချော်ခဲ့ပြီးနောက် ဘူကာယို ဆာကာအစား မာတင် အော်ဒီဂွါဒ်က ခရစ္စတယ် ပဲလေ့စ်နဲ့ပွဲစဉ်မှာ ပင်နယ်တီ ကန်သွင်းသူအဖြစ် တာဝန်ပေးခြင်းခံခဲ့ရပြီး နော်ဝေကွင်းလယ်ကြယ်ပွင့်က အမှားအယွင်းမရှိ ကန်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
၂။ အငြင်းပွားဖွယ် ထုတ်ပယ်ခံခဲ့ရတဲ့ တိုမီယဆု
ရာသီအစောပိုင်းမှာပဲ ဒိုင်လူကြီးတွေက စည်းမျဉ်းသစ်ကြောင့် မကြာခဏ အဝါကတ်တွေကို လှိုင်လှိုင်ထုတ်သုံးခဲ့ပြီး အချိန်ဆွဲရင်လည်း အဝါကတ်ပြသခဲ့တာဖြစ်ပါတယ်။ ခရစ္စတယ် ပဲလေ့စ်နဲ့ပွဲစဉ်က တိုမီယဆုရဲ့ ပထမ အဝါကတ်ကလည်း ဒီအခန်းကဏ္ဍမှာ ပါဝင်ခဲ့ပြီး ဒုတိယအဝါကတ်ကတော့ မလိုအပ်ဘဲ ပြသခဲ့တာဖြစ်ပါတယ်။ တိုမီယဆုဟာ အာယူးနဲ့ အနည်းငယ်သာ ထိတွေ့မှုရှိခဲ့တာဖြစ်ပြီး အာဆင်နယ်အတွက်တော့ ၂၀၂၁-၂၀၂၂ ရာသီနှောင်းပိုင်းက စပါးစ်နဲ့ပွဲမှာ ဟိုးဒင်း ထုတ်ပယ်ခံရပြီးနောက် ပထမဆုံး ပရီးမီးယားလိဂ်မှာ အနီကတ်နဲ့ ထုတ်ပယ်ခံရမှု ဖြစ်လာခဲ့တာဖြစ်ပါတယ်။
၃။ ကွင်းလယ်ဖန်တီးရှင် ရိုက်
ပွဲမတိုင်ခင်တုန်းက Sky Sports စတူဒီယိုထဲက ဘောလုံးဝေဖန်သူတွေက ဒီကလန် ရိုက်အနေနဲ့ တိုက်စစ်ကို လိုက်ပါပြီး ဘာတွေ လုပ်ပေးနိုင်မလဲဆိုတာကို မေးခွန်းထုတ်ခဲ့ပြီး အင်္ဂလန်ကွင်းလယ်ကစားသမားရဲ့ ဝက်စ်ဟမ်းမှာကစားခဲ့တုန်းက သွင်းဂိုးနဲ့ ဂိုးဖန်တီးမှု အရေအတွက်တွေက ဘယ်တုန်းကမှ မကြီးမားခဲ့ပေမယ့်လည်း ဂရာနစ် ချာကာလည်း အာဆင်နယ်က နောက်ဆုံးရာသီမတိုင်ခင်တုန်းက သွင်းဂိုးနဲ့ ဂိုးဖန်တီးမှုတွေ များများစားစားမပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ရာသီမှာ ချာကာက အရင်ကထက်ပိုပြီး တိုက်စစ်ပိုမိုလိုက်ပါကစားခွင့်ရရှိခဲ့ပြီးနောက် သွင်းဂိုးတွေ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ရိုက်ကလည်း ပဲလေ့စ်နဲ့ပွဲမှာ အလားတူအခိုက်အတန့်မျိုး ပိုင်ဆိုင်ခဲ့တာဖြစ်ပါတယ်။ ဒီကလန် ရိုက်ရဲ့ ဘောလုံးကိုင်ကစားနိုင်စွမ်းက ဝက်စ်ဟမ်းမှာ ကစားခဲ့တဲ့အချိန်ကတည်းက ရှင်းလင်းခဲ့တာဖြစ်ပြီး ပိုပြီးအားကောင်းတဲ့အသင်းမှာ ဘာလုပ်နိုင်မလဲဆိုတဲ့မေးခွန်းတွေ ရှိနေခဲ့တာဖြစ်ပါတယ်။ တနင်္လာနေ့ညမှာတော့ ဒီကလန် ရိုက် ဘာလုပ်နိုင်လဲဆိုတာကို တစွန်းတစမြင်တွေ့ခဲ့ရပြီး အနည်းဆုံး ၁၁ ယောက်ချင်း ကစားရမယ်ဆိုရင် ပိုလို့တောင် မြင်တွေ့ခဲ့ရဦးမှာဖြစ်ပါတယ်။
၄။ ဂါဘရီယဲလ်ကို ဂန်းနားတွေ ဘယ်လောက်အထိ လိုအပ်သလဲ
ပွဲထွက်လူစာရင်း ကြေညာတဲ့အချိန်မှာ အားလုံးရဲ့ မျက်လုံးတွေက အာဆင်နယ် ခံစစ် ၄ ဦးကို အရင်ဆုံးကြည့်မိကြတာဖြစ်ပြီး ဂါဘရီယဲလ် ဗဟိုခံစစ်မှာ ပြန်ပါလာမလားဆိုတာ သိချင်ခဲ့ကြတာဖြစ်ပါတယ်။ ဘရာဇီးလ်နောက်ခံလူဟာ ၂၀၂၀ မှာ အာဆင်နယ်ကို ပြောင်းရွှေ့လာပြီးကတည်းက ပုံမှန်ပွဲထွက်ခွင့်ရကစားသမားဖြစ်ခဲ့သူဖြစ်ပေမယ့် ဖောရက်စ်နဲ့ပွဲမှာ အရန်ခုံထိုင်ခဲ့ရပြီး ပဲလေ့စ်နဲ့ပွဲမှာလည်း နောက်ထပ်တစ်ကြိမ် အရန်ခုံထိုင်ခဲ့ရပြန်တာဖြစ်ပါတယ်။ ဂါဘရီယဲလ်ရဲ့ အနာဂတ်နဲ့ပတ်သက်ပြီးလည်း မေးခွန်းတွေ ထွက်ပေါ်နေတာဖြစ်ပြီး အသင်းအများအပြားက ဘရာဇီးလ်နောက်ခံလူကို ခေါ်ယူဖို့ ကြိုးပမ်းနေတာဖြစ်ပါတယ်။ ဆာလီဘာရဲ့ ပထမပိုင်းမှာ ချိန်သားကိုက် ဖျက်ထုတ်နိုင်မှုတွေက အာဆင်နယ်ဟာ ဂါဘရီယဲလ် မပါဝင်ဘဲ တစ်ဦးချင်းရင်ဆိုင်ရတဲ့ပြိုင်ပွဲတွေမှာ ရင်ဆိုင်နိုင်စွမ်းရှိတယ်ဆိုတာကို ပြသခဲ့တာဖြစ်ပေမယ့်လည်း ရှည်လျားတဲ့ရာသီတစ်ခုလုံးမှာတော့ ဗဟိုခံစစ်မှာ အင်အားများများရှိဖို့ လိုအပ်မှာဖြစ်ပြီး တစ်ယောက်လျော့သွားတဲ့အချိန်မှာ ဂန်းနားတွေ အဲဒါကိုသတိပြုမိခဲ့တာဖြစ်ပါတယ်။
၅။ အန်ကီးတီးယားရဲ့ အကောင်းဆုံးနဲ့ အဆိုးဆုံး
အန်ကီးတီးယားဟာ ပွဲကို နှေးကွေးစွာ စတင်ခဲ့ပေမယ့်လည်း တဖြည်းဖြည်းနဲ့ ပင်နယ်တီ ဧရိယာထဲမှာ ဘာတွေ လုပ်ပြနိုင်လဲဆိုတာကို စတင်ပြသခဲ့တာဖြစ်ပြီး အသက် ၂၄ နှစ်အရွယ်တိုက်စစ်မှူးဟာ ၎င်းရဲ့ ကြံ့ခိုင်မှုအတွက် အလုပ်လုပ်ခဲ့ပုံပေါ်ခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ အန်ကီးတီးယားဟာ မာ့စ် ဂေးဟီနဲ့ ဂျိုအာချင် အန်ဒါဆန်တို့ရဲ့ လူကပ်ကစားမှုကနေ လွတ်မြောက်သွားခဲ့ပြီးနောက် ဂိုးကန်သွင်းချက်က တိုင်ထိသွားခဲ့တာကြောင့် ဂိုးမရရှိခဲ့တာဖြစ်ပေမယ့်လည်း ဒီကလန် ရိုက်ရဲ့ လှပတဲ့ မျှောထိုးပေးပို့မှုကို အနီးကပ် ပိတ်သွင်းယူရာမှာ ဂိုးဘားတန်းပေါ် ကျော်အောင် ကန်တဲ့အထိ လွဲချော်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အန်ကီးတီးယားက ယုံကြည်ချက် လျော့ပါးသွားပုံမပေါ်ဘဲ ဂျွန်စတုန်း ပင်နယ်တီပေးရတဲ့အထိ ပြစ်ဒဏ်ကျူးလွန်မိအောင် ၎င်းရဲ့ မြန်နှုန်းနဲ့အတူ ပြစ်ဒဏ်ကျူးလွန်လာအောင် ဆွဲဆောင်နိုင်ခဲ့ပြီး ရှေ့မှာ လွဲခဲ့သမျှ ဒီတစ်ခုနဲ့တင် ကျေပြီလို့ ဆိုရမှာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ဟာ တနလၤာေန႔ညက ခရစၥတယ္ပဲေလ့စ္ကို တိုမီယဆု ၂ ဝါ ၁ နီနဲ႔ထုတ္ပယ္ခံရမႈေၾကာင့္ ခက္ခက္ခဲခဲနဲ႔ ႏိုင္ပြဲ ရယူခဲ့ရၿပီး မာတင္ ေအာ္ဒီဂြါဒ္ရဲ႕ ပင္နယ္တီသြင္းဂိုးေၾကာင့္ ၁-၀ နဲ႔ အႏိုင္ရရွိခဲ့ပါတယ္။
ဒုတိယပိုင္း ၆၇ မိနစ္မွာ တိုမီယဆုကို ၂ ဝါ ၁ နီနဲ႔ ထုတ္ပယ္ခဲ့ၿပီးေနာက္ ဂန္းနားေတြဟာ အႏိုင္ ၃ မွတ္ကို ထိန္းသိမ္းႏိုင္ဖို႔အတြက္ ေရကုန္ေရခမ္း အားထုတ္ခဲ့ၿပီး ဒီပြဲစဥ္မွာ မွတ္မွတ္ရရ ျပန္ေျပာစရာအခ်က္ ၅ ခ်က္ရွိခဲ့ပါတယ္။
၁။ ပင္နယ္တီကန္သြင္းသူ အေျပာင္းအလဲ
အေရးႀကီးတဲ့ ပင္နယ္တီ ကန္သြင္းမႈအခ်ိဳ႕ကို လြဲေခ်ာ္ခဲ့ၿပီးေနာက္ ဘူကာယို ဆာကာအစား မာတင္ ေအာ္ဒီဂြါဒ္က ခရစၥတယ္ ပဲေလ့စ္နဲ႔ပြဲစဥ္မွာ ပင္နယ္တီ ကန္သြင္းသူအျဖစ္ တာဝန္ေပးျခင္းခံခဲ့ရၿပီး ေနာ္ေဝကြင္းလယ္ၾကယ္ပြင့္က အမွားအယြင္းမရွိ ကန္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။
၂။ အျငင္းပြားဖြယ္ ထုတ္ပယ္ခံခဲ့ရတဲ့ တိုမီယဆု
ရာသီအေစာပိုင္းမွာပဲ ဒိုင္လူႀကီးေတြက စည္းမ်ဥ္းသစ္ေၾကာင့္ မၾကာခဏ အဝါကတ္ေတြကို လႈိင္လႈိင္ထုတ္သုံးခဲ့ၿပီး အခ်ိန္ဆြဲရင္လည္း အဝါကတ္ျပသခဲ့တာျဖစ္ပါတယ္။ ခရစၥတယ္ ပဲေလ့စ္နဲ႔ပြဲစဥ္က တိုမီယဆုရဲ႕ ပထမ အဝါကတ္ကလည္း ဒီအခန္းက႑မွာ ပါဝင္ခဲ့ၿပီး ဒုတိယအဝါကတ္ကေတာ့ မလိုအပ္ဘဲ ျပသခဲ့တာျဖစ္ပါတယ္။ တိုမီယဆုဟာ အာယူးနဲ႔ အနည္းငယ္သာ ထိေတြ႕မႈရွိခဲ့တာျဖစ္ၿပီး အာဆင္နယ္အတြက္ေတာ့ ၂၀၂၁-၂၀၂၂ ရာသီေႏွာင္းပိုင္းက စပါးစ္နဲ႔ပြဲမွာ ဟိုးဒင္း ထုတ္ပယ္ခံရၿပီးေနာက္ ပထမဆုံး ပရီးမီးယားလိဂ္မွာ အနီကတ္နဲ႔ ထုတ္ပယ္ခံရမႈ ျဖစ္လာခဲ့တာျဖစ္ပါတယ္။
၃။ ကြင္းလယ္ဖန္တီးရွင္ ႐ိုက္
ပြဲမတိုင္ခင္တုန္းက Sky Sports စတူဒီယိုထဲက ေဘာလုံးေဝဖန္သူေတြက ဒီကလန္ ႐ိုက္အေနနဲ႔ တိုက္စစ္ကို လိုက္ပါၿပီး ဘာေတြ လုပ္ေပးႏိုင္မလဲဆိုတာကို ေမးခြန္းထုတ္ခဲ့ၿပီး အဂၤလန္ကြင္းလယ္ကစားသမားရဲ႕ ဝက္စ္ဟမ္းမွာကစားခဲ့တုန္းက သြင္းဂိုးနဲ႔ ဂိုးဖန္တီးမႈ အေရအတြက္ေတြက ဘယ္တုန္းကမွ မႀကီးမားခဲ့ေပမယ့္လည္း ဂရာနစ္ ခ်ာကာလည္း အာဆင္နယ္က ေနာက္ဆုံးရာသီမတိုင္ခင္တုန္းက သြင္းဂိုးနဲ႔ ဂိုးဖန္တီးမႈေတြ မ်ားမ်ားစားစားမျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ၿပီးခဲ့တဲ့ရာသီမွာ ခ်ာကာက အရင္ကထက္ပိုၿပီး တိုက္စစ္ပိုမိုလိုက္ပါကစားခြင့္ရရွိခဲ့ၿပီးေနာက္ သြင္းဂိုးေတြ သြင္းယူႏိုင္ခဲ့တာျဖစ္ၿပီး ႐ိုက္ကလည္း ပဲေလ့စ္နဲ႔ပြဲမွာ အလားတူအခိုက္အတန႔္မ်ိဳး ပိုင္ဆိုင္ခဲ့တာျဖစ္ပါတယ္။ ဒီကလန္ ႐ိုက္ရဲ႕ ေဘာလုံးကိုင္ကစားႏိုင္စြမ္းက ဝက္စ္ဟမ္းမွာ ကစားခဲ့တဲ့အခ်ိန္ကတည္းက ရွင္းလင္းခဲ့တာျဖစ္ၿပီး ပိုၿပီးအားေကာင္းတဲ့အသင္းမွာ ဘာလုပ္ႏိုင္မလဲဆိုတဲ့ေမးခြန္းေတြ ရွိေနခဲ့တာျဖစ္ပါတယ္။ တနလၤာေန႔ညမွာေတာ့ ဒီကလန္ ႐ိုက္ ဘာလုပ္ႏိုင္လဲဆိုတာကို တစြန္းတစျမင္ေတြ႕ခဲ့ရၿပီး အနည္းဆုံး ၁၁ ေယာက္ခ်င္း ကစားရမယ္ဆိုရင္ ပိုလို႔ေတာင္ ျမင္ေတြ႕ခဲ့ရဦးမွာျဖစ္ပါတယ္။
၄။ ဂါဘရီယဲလ္ကို ဂန္းနားေတြ ဘယ္ေလာက္အထိ လိုအပ္သလဲ
ပြဲထြက္လူစာရင္း ေၾကညာတဲ့အခ်ိန္မွာ အားလုံးရဲ႕ မ်က္လုံးေတြက အာဆင္နယ္ ခံစစ္ ၄ ဦးကို အရင္ဆုံးၾကည့္မိၾကတာျဖစ္ၿပီး ဂါဘရီယဲလ္ ဗဟိုခံစစ္မွာ ျပန္ပါလာမလားဆိုတာ သိခ်င္ခဲ့ၾကတာျဖစ္ပါတယ္။ ဘရာဇီးလ္ေနာက္ခံလူဟာ ၂၀၂၀ မွာ အာဆင္နယ္ကို ေျပာင္းေ႐ႊ႕လာၿပီးကတည္းက ပုံမွန္ပြဲထြက္ခြင့္ရကစားသမားျဖစ္ခဲ့သူျဖစ္ေပမယ့္ ေဖာရက္စ္နဲ႔ပြဲမွာ အရန္ခုံထိုင္ခဲ့ရၿပီး ပဲေလ့စ္နဲ႔ပြဲမွာလည္း ေနာက္ထပ္တစ္ႀကိမ္ အရန္ခုံထိုင္ခဲ့ရျပန္တာျဖစ္ပါတယ္။ ဂါဘရီယဲလ္ရဲ႕ အနာဂတ္နဲ႔ပတ္သက္ၿပီးလည္း ေမးခြန္းေတြ ထြက္ေပၚေနတာျဖစ္ၿပီး အသင္းအမ်ားအျပားက ဘရာဇီးလ္ေနာက္ခံလူကို ေခၚယူဖို႔ ႀကိဳးပမ္းေနတာျဖစ္ပါတယ္။ ဆာလီဘာရဲ႕ ပထမပိုင္းမွာ ခ်ိန္သားကိုက္ ဖ်က္ထုတ္ႏိုင္မႈေတြက အာဆင္နယ္ဟာ ဂါဘရီယဲလ္ မပါဝင္ဘဲ တစ္ဦးခ်င္းရင္ဆိုင္ရတဲ့ၿပိဳင္ပြဲေတြမွာ ရင္ဆိုင္ႏိုင္စြမ္းရွိတယ္ဆိုတာကို ျပသခဲ့တာျဖစ္ေပမယ့္လည္း ရွည္လ်ားတဲ့ရာသီတစ္ခုလုံးမွာေတာ့ ဗဟိုခံစစ္မွာ အင္အားမ်ားမ်ားရွိဖို႔ လိုအပ္မွာျဖစ္ၿပီး တစ္ေယာက္ေလ်ာ့သြားတဲ့အခ်ိန္မွာ ဂန္းနားေတြ အဲဒါကိုသတိျပဳမိခဲ့တာျဖစ္ပါတယ္။
၅။ အန္ကီးတီးယားရဲ႕ အေကာင္းဆုံးနဲ႔ အဆိုးဆုံး
အန္ကီးတီးယားဟာ ပြဲကို ေႏွးေကြးစြာ စတင္ခဲ့ေပမယ့္လည္း တျဖည္းျဖည္းနဲ႔ ပင္နယ္တီ ဧရိယာထဲမွာ ဘာေတြ လုပ္ျပႏိုင္လဲဆိုတာကို စတင္ျပသခဲ့တာျဖစ္ၿပီး အသက္ ၂၄ ႏွစ္အ႐ြယ္တိုက္စစ္မႉးဟာ ၎ရဲ႕ ႀကံ့ခိုင္မႈအတြက္ အလုပ္လုပ္ခဲ့ပုံေပၚခဲ့တာကို ျမင္ေတြ႕ခဲ့ရပါတယ္။ အန္ကီးတီးယားဟာ မာ့စ္ ေဂးဟီနဲ႔ ဂ်ိဳအာခ်င္ အန္ဒါဆန္တို႔ရဲ႕ လူကပ္ကစားမႈကေန လြတ္ေျမာက္သြားခဲ့ၿပီးေနာက္ ဂိုးကန္သြင္းခ်က္က တိုင္ထိသြားခဲ့တာေၾကာင့္ ဂိုးမရရွိခဲ့တာျဖစ္ေပမယ့္လည္း ဒီကလန္ ႐ိုက္ရဲ႕ လွပတဲ့ ေမွ်ာထိုးေပးပို႔မႈကို အနီးကပ္ ပိတ္သြင္းယူရာမွာ ဂိုးဘားတန္းေပၚ ေက်ာ္ေအာင္ ကန္တဲ့အထိ လြဲေခ်ာ္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အန္ကီးတီးယားက ယုံၾကည္ခ်က္ ေလ်ာ့ပါးသြားပုံမေပၚဘဲ ဂြၽန္စတုန္း ပင္နယ္တီေပးရတဲ့အထိ ျပစ္ဒဏ္က်ဴးလြန္မိေအာင္ ၎ရဲ႕ ျမန္ႏႈန္းနဲ႔အတူ ျပစ္ဒဏ္က်ဴးလြန္လာေအာင္ ဆြဲေဆာင္ႏိုင္ခဲ့ၿပီး ေရွ႕မွာ လြဲခဲ့သမွ် ဒီတစ္ခုနဲ႔တင္ ေက်ၿပီလို႔ ဆိုရမွာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Post Match Review