အချိန်ပိုမှာ အကောင်းဆုံးပုံစံနဲ့ ၂ ဂိုးသွင်းပြီး အနိုင်ရခဲ့တဲ့ပွဲက ထုတ်နုတ်ပြန်ပြောစရာ ၇ ချက်
အာဆင်နယ်ကြယ်ပွင့် ဒီကလန် ရိုက်ဟာ မန်ချက်စတာယူနိုက်တက်ကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အရေးပါတဲ့ နောက်ကျအနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် ၎င်းအတွက် ပေးချေခဲ့ရတဲ့ ကြီးမားတဲ့ ပြောင်းရွှေ့ကြေးပမာဏကို ချေဖျက်နိုင်ခဲ့ပြီဖြစ်ပါတယ်။
တနင်္ဂနွေနေ့ညနေက အမ်းမရိတ်စ်မှာ ကစားခဲ့တဲ့ အာဆင်နယ်နဲ့ မန်ယူနိုက်တက်တို့ရဲ့ ပွဲစဉ်ဟာ သရေနဲ့ပွဲပြီးဆုံးသွားတော့မယ့်ပုံပေါ်ခဲ့ပေမယ့်လည်း အိမ်ရှင်တွေက ဒီကလန် ရိုက်နဲ့ ဒဏ်ရာကနေ သက်သာလာပြီး ပြန်လည်ပါဝင်ကစားပေးခဲ့တဲ့ ဂျေးဇုတို့ရဲ့ သွင်းဂိုးတွေကြောင့် ခါးသီးပြိုင်ဘက်တွေကို အနိုင်ရခဲ့တာဖြစ်ပါတယ်။
ရက်ရှ်ဖို့ဒ်က ဧည့်သည်မန်ယူနိုက်တက်အတွက် ၂၇ မိနစ်မှာ အဖွင့်ဂိုးကို သွင်းယူပေးသွားခဲ့တာဖြစ်ပေမယ့်လည်း အော်ဒီဂွါဒ်က ချက်ချင်းပဲ ချေပဂိုး ပြန်လည်သွင်းယူခဲ့တာဖြစ်ပြီး ၈၉ မိနစ်မှာ ဂါနာချိုက နောက်ကျအနိုင်ဂိုးကို သွင်းယူနိုင်ခဲ့ပုံပေါ်ခဲ့ပေမယ့် VAR ရဲ့ ငြင်းပယ်ခြင်းကို ခံခဲ့ရတာက အရေးကြီးတဲ့ အလှည့်အပြောင်းတစ်ခုရဲ့ အစဖြစ်ခဲ့တာဖြစ်ပါတယ်။
၁။ ပေးရတဲ့စျေးနဲ့ တန်ကြောင်း သက်သေပြခဲ့တဲ့ ရိုက်
အာဆင်နယ်ဟာ ကွင်းလယ်မှာသာမကဘဲ တိုက်စစ်မှာပါ ကြီးမားတဲ့အခိုက်အတန့်တွေမှာ အဆုံးအဖြတ်ပေးနိုင်တယ်ဆိုတာကို ဒီကလန် ရိုက်က ပြသခဲ့ပြီးနောက် အသင်းစံချိန်တင်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူခဲ့ရတာ ထိုက်တန်တယ်ဆိုတာကို စိတ်ချနိုင်ခဲ့ပြီဖြစ်ပါတယ်။ အင်္ဂလန်ကြယ့်ပွင့်ရဲ့ နေရာမှာ ကစားရတဲ့ ကစားသမားတွေအနေနဲ့ ၎င်းတို့ရဲ့ ပြောင်းရွှေ့ကြေးကို ထိုက်တန်ကြောင်း သွင်းဂိုးတွေနဲ့ သက်သေပြသနိုင်ဖို့ အခွင့်အရေးရလေ့မရှိကြတာဖြစ်ပေမယ့်လည်း ဒီကလန် ရိုက်ကတော့ ရရှိလာတဲ့ အခွင့်အရေးကို အမိအရဆုပ်ကိုင်ပြီး သက်သေပြနိုင်ခဲ့ပြီဖြစ်ပါတယ်။
၂။ နောက်ပွဲတွေ ပွဲထွက်လူစာရင်းမှာ မြင်တွေ့ရနိုင်တဲ့ ဟွိုင်လွန်း
ဒိန်းမတ်တိုက်စစ်မှူးဟာ တနင်္ဂနွေနေ့က အာဆင်နယ်နဲ့ပွဲစဉ်မှာ နောက်ဆုံး ၂၅ မိနစ်ကို ပွဲဦးထွက်ပွဲစဉ်အဖြစ် ပါဝင်ကစားပေးခဲ့ပြီး ဟွိုင်လွန်းဟာ ပြိုင်ဘက်တွေကို ၎င်းတို့အနေနဲ့ ရုပ်ပိုင်းဆိုင်ရာ တိုက်ပွဲထဲကို ရောက်ရှိနေပြီဖြစ်တယ်ဆိုတာကို လျင်လျင်မြန်မြန်ပဲ သိရှိအောင် လုပ်ခဲ့တာဖြစ်ပါတယ်။ ဒိန်းမတ်တိုက်စစ်မှူးဟာ အလွန်ကောင်းမွန်တဲ့ ခွန်အား၊ တိုက်စစ်ကို တရှိန်ထိုး တက်ပြီး မန်ယူနိုက်တက်က တိုက်စစ်ဆင်တဲ့ချိန်တိုင်း အဆင်သင့်ရှိနေခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်က နောက်ဆုံးပွဲကစားချိန်တွေမှာ ပိုမိုကောင်းမွန်ခဲ့တာဖြစ်ပေမယ့်လည်း ဟွိုင်လွန်းအနေနဲ့ ပွဲအပေါ်မှာ အကျိုးသက်ရောက်မှု ပြသနိုင်ဖို့ အခွင့်အရေး အကန့်အသတ်နဲ့သာ ရရှိခဲ့တာကြောင့် လာမယ့်ပွဲစဉ်တွေမှာ ပွဲထွက်လူစာရင်းမှာ ပါဝင်လာတာကို မြင်တွေ့ရနိုင်ပါတယ်။
၃။ ဘယ်တောင်ပံမှာဆို အကောင်းဆုံးပဲဆိုတာ ပြသခဲ့တဲ့ ရက်ရှ်ဖို့ဒ်
မားကပ်စ် ရက်ရှ်ဖို့ဒ်ဟာ ပြီးခဲ့တဲ့ရာသီပြိုင်ပွဲစုံမှာ သွင်းဂိုး ၃၀ အထိ သွင်းယူနိုင်ခဲ့တာဖြစ်ပြီး ယခုရာသီမှာလည်း အဲဒီဂိုးသွင်းခြေအတိုင်းပဲ ဆက်လက်ပြသနေတာဖြစ်ပါတယ်။ ရက်ရှ်ဖို့ဒ်ဟာ ကျောနံပါတ် ၉ အစား အတွင်းထဲကို ချိုးဝင်ပြီး ဂိုးကန်သွင်းနိုင်မယ့် ဘယ်တောင်ပံတိုက်စစ်နေရာမှာသာ ပိုမိုကစားချင်ခဲ့တာဖြစ်ပြီး အဲဒီနေရာမှာ ဘာလို့ ကစားချင်တာလဲဆိုတာကို တနင်္ဂနွေနေ့ညနေပွဲစဉ်က အဖြေပေးခဲ့တာဖြစ်ပါတယ်။ မန်ယူနိုက်တက်ဟာ ရက်ရှ်ဖို့ဒ်ရဲ့ အဖွင့်ဂိုး မတိုင်ခင် အခွင့်အရေး အနည်းငယ်သာ ရရှိခဲ့တာဖြစ်ပေမယ့်လည်း အင်္ဂလန်ကြယ်ပွင့်တိုက်စစ်မှူးနဲ့ဆိုရင် အမြဲတမ်း ခြိမ်းခြောက်နိုင်စွမ်းရှိခဲ့တာဖြစ်ပြီး တန်ဟက်အနေနဲ့ ရက်ရှ်ဖို့ဒ်ရဲ့ အကောင်းဆုံးနေရာဖြစ်တဲ့ ဘယ်တောင်ပံမှာ ကစားခွင့်ပေးနိုင်ဖို့အတွက် အထောင်တိုက်စစ်မှူးနေရာမှာ အားကိုးလို့ရနိုင်တဲ့ ဟွိုင်လွန်းရှိနေပြီဖြစ်တာကြောင့် လာမယ့်ပွဲတွေမှာ အင်္ဂလန်ကြယ်ပွင့်ရဲ့ သွင်းဂိုးတွေကို ဆက်လက်မြင်တွေ့ရနိုင်ပါတယ်။
၄။ ပင်နယ်တီ ပေးသင့်လား၊ မပေးသင့်ဘူးလား
အာတီတာနဲ့ တန်ဟက်တို့ ကျိန်းသေပေါက် အငြင်းပွားကြမယ့်ကိစ္စဖြစ်ပြီး ဟာဗတ်ဇ်က ဘစ်ဆာကာရဲ့ ပြစ်ဒဏ်ကျူးလွန်မှု ခံခဲ့ရချိန်မှာ ဂန်းနားတွေကို ဦးဆောင်ဂိုး သွင်းယူနိုင်စေမယ့် အခွင့်အရေးကို ပေးနိုင်ခဲ့ပြီလို့ ထင်ခဲ့မှာဖြစ်ပေမယ့်လည်း ဒိုင်လူကြီး အန်သိုနီ တေလာက VAR နဲ့ တိုင်ပင်ပြီးနောက် ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ဖို့ ရွေးချယ်ခဲ့တာဖြစ်ပါတယ်။ ဟာဇတ်ဇ်ဟာ ဘစ်ဆာကာနဲ့ ထိတွေ့မှုရှိအောင် အနည်းငယ် ခြေထောက်ကို ရွေ့လျားခဲ့တယ်လို့ ငြင်းခုံနိုင်ပေမယ့်လည်း မန်ယူနိုက်တက်နောက်ခံလူက ပြစ်ဒဏ်ကျူးလွန်ခဲ့တယ်ဆိုတာတော့ ထင်ရှားနေခဲ့တာဖြစ်ပါတယ်။
၅။ ပြန်လည်ပြင်ဆင်ခြင်း ခံခဲ့ရတဲ့ ဟာဗတ်ဇ်ရဲ့ ပင်နယ်တီဆုံးဖြတ်ချက်
အာဆင်နယ်ဟာ ဒုတိယပိုင်းမှာ တောက်ပနေခဲ့ပြီး မန်ယူနိုက်တက်ရဲ့ ပင်နယ်တီဧရိယာထဲမှာ အိမ်ဆောက်နေနိုင်ဖို့ ကြိုးပမ်းခဲ့ပါတယ်။ အကြိမ်အနည်းငယ်မှာ ဂန်းနားတွေ အောင်မြင်မှုရခဲ့ပြီး တစ်ကြိမ်မှာတော့ ကိုင် ဟာဗတ်ဇ်ကို ဝမ်ဘစ်ဆာကာ ခြေထိုးခံခဲ့တာကြောင့် ပင်နယ်တီဧရိယာထဲမှာ လဲကျသွားခဲ့ပါတယ်။ ဘစ်ဆာကာဟာ မဆိုစလောက်လေး မသိမသာ ထိတွေ့မှုပြုလုပ်ခဲ့တာဖြစ်ပေမယ့် ဒိုင်လူကြီး အန်သိုနီ တေလာက ချက်ချင်းပဲ ပင်နယ်တီပေးခဲ့ပါတယ်။ ဒါပေမယ့်လည်း VAR က ၎င်းရဲ့ ဆုံးဖြတ်ချက်ကို ပြန်လည်သုံးသပ်ဖို့ တောင်းဆိုခဲ့ပြီး ဗီဒီယိုအနှေးပြကွက်ကို ကိုယ်တိုင်ကြည့်ပြီးနောက်မှာ ဆုံးဖြတ်ချက်ကို ပြန်လည်ပြင်ဆင်ခဲ့တာဖြစ်ပါတယ်
၆။ အံ့အားသင့်ဖွယ်နိုင်ပွဲ၊ ပထမဆုံးအကြိမ် ၃ ပွဲဆက်နိုင်ပွဲနဲ့ Trust the process
အလက်ဟန်းဒရိုး ဂါနာချိုရဲ့ သွင်းဂိုး ပယ်ဖျက်ခံခဲ့ရပြီးနောက်ပိုင်း သရေနဲ့ပွဲပြီးဆုံးသွားမှာကို စိုးရိမ်ခဲ့ရမှုကနေ လွတ်မြောက်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ပြန်လည်စုဖွဲ့နိုင်ခဲ့ပြီး နာကျင်အချိန်ပို ၈ မိနစ်အတွင်းမှာ အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ဆာကာရဲ့ ထောင့်ကန်ဘောကနေတဆင့် ဒီကလန် ရိုက်က ကန်သွင်းယူခဲ့ရာမှာ ဂျွန်နီ အီဗန်စ်နဲ့ထိပြီး အနည်းငယ်လမ်းကြောင်းပြောင်းသွားခဲ့တာကြောင့် အိုနာနာ ဘယ်လိုမှ မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။
ပြီးတဲ့နောက်မှာ အာဆင်နယ်အတွက် နောက်ထပ်ဦးဆောင်ဂိုးကို ဖေဘီယို ဗီယာရာရဲ့ မျှောထိုးပေးပို့မှုကနေတဆင့် ဂျေးဇုက အိုနာနာနဲ့ တစ်ဦးချင်း ကန်သွင်းယူသွားခဲ့တာဖြစ်ပြီးဘရာဇီးလ်တိုက်စစ်မှူးက ဒါလော့တ်ကို လှလှပပဖိန့်ပြပြီးနောက် သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ နာကျင်အချိန်ပိုမှာ နောက်ကျအနိုင်ဂိုး ၂ ဂိုးနဲ့ အာဆင်နယ်ဟာ အံ့အားသင့်ဖွယ်နိုင်ပွဲရခဲ့ပါတယ်။
အာဆင်နယ်ဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် မန်ယူနိုက်တက်နဲ့ ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်တွေမှာ ၃ ပွဲဆက်နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။ ဒီစွမ်းဆောင်ရည်ကို အာတေတာ ကိုင်တွယ်ခဲ့ချိန်မှာ ရရှိခဲ့တာဖြစ်ပါတယ်။
၇။ မန်ယူနိုက်တက်ရဲ့ အကောင်းဆုံးကစားသမား အိုနာနာ
တန်ဟက်ဟာ ယခုနွေရာသီမှာ အင်တာမီလန်ဂိုးသမားအတွက် ပေါင်သန်း ၅၀ နီးပါး သုံးစွဲခဲ့တာဟာ ဘောလုံးကစားနိုင်တဲ့ အစွမ်းကြောင့်ဖြစ်ပြီး ကင်မရွန်းလက်ရွေးစင်ဂိုးသမားဟာ တည်ငြိမ်မှု၊ စိတ်ရှည်မှုနဲ့ ဘောလုံးပေးပို့မှု အများအပြား ပြုလုပ်ပြီး သက်သေပြသခဲ့တာဖြစ်ပါတယ်။ ဂယ်ရီ နဗီးက အိုနာနာက မန်ယူနိုက်တက်ရဲ့ လက်ရှိအချိန် ကွင်းထဲမှာ ကစားနေတဲ့ကစားသမားတွေထဲမှာ အကောင်းဆုံးကစားသမားဖြစ်ပြီး ဒါက နည်းနည်းတော့ ပြဿနာရှိတယ်လို့ ဟာသဖောက်ခဲ့တဲ့စကားက အဓိပ္ပာယ်တွေ အများကြီးရှိခဲ့ပြီး ကင်မရွန်းဂိုးသမားဟာ မန်ယူနိုက်တက်ရဲ့ ခံစစ် ဖိအားပေးခံရတဲ့အချိန်တိုင်း ဘောလုံးပေးပို့ဖို့ ရွေးချယ်စရာအမြဲဖြစ်ခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင်နယ်ကြယ်ပွင့် ဒီကလန် ရိုက်ဟာ မန်ချက်စတာယူနိုက်တက်ကို ၃-၁ နဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ အရေးပါတဲ့ နောက်ကျအနိုင်ဂိုးကို သွင်းယူပေးခဲ့ပြီးနောက် ၎င်းအတွက် ပေးချေခဲ့ရတဲ့ ကြီးမားတဲ့ ပြောင်းရွှေ့ကြေးပမာဏကို ချေဖျက်နိုင်ခဲ့ပြီဖြစ်ပါတယ်။
၁။ ပေးရတဲ့ဈေးနဲ့ တန်ကြောင်း သက်သေပြခဲ့တဲ့ ရိုက်
၅။ ပန်လည်ပြင်ဆင်ခြင်း ခံခဲ့ရတဲ့ ဟာဗတ်ဇ်ရဲ့ ပင်နယ်တီဆုံးဖြတ်ချက်
၆။ အံ့အားသင့်ဖွယ်နိုင်ပွဲ၊ ပထမဆုံးအကြိမ် ၃ ပွဲဆက်နိုင်ပွဲနဲ့ Trust the process
အလက်ဟန်းဒရိုး ဂါနာချိုရဲ့ သွင်းဂိုး ပယ်ဖျက်ခံခဲ့ရပြီးနောက်ပိုင်း သရေနဲ့ပွဲပြီးဆုံးသွားမှာကို စိုးရိမ်ခဲ့ရမှုကနေ လွတ်မြောက်ခဲ့ပါတယ်။ အာဆင်နယ်ဟာ ပြန်လည်စုဖွဲ့နိုင်ခဲ့ပြီး နာကျင်အချိန်ပို ၈ မိနစ်အတွင်းမှာ အကောင်းဆုံးပုံစံကို ပြသနိုင်ခဲ့တာဖြစ်ပါတယ်။ ဆာကာရဲ့ ထောင့်ကန်ဘောကနေတဆင့် ဒီကလန် ရိုက်က ကန်သွင်းယူခဲ့ရာမှာ ဂျွန်နီ အီဗန်စ်နဲ့ထိပြီး အနည်းငယ်လမ်းကြောင်းပြောင်းသွားခဲ့တာကြောင့် အိုနာနာ ဘယ်လိုမှ မကာကွယ်နိုင်ခဲ့ဘဲ ဂိုးပေးခဲ့ရတာဖြစ်ပါတယ်။
ပြီးတဲ့နောက်မှာ အာဆင်နယ်အတွက် နောက်ထပ်ဦးဆောင်ဂိုးကို ဖေဘီယို ဗီယာရာရဲ့ မျှောထိုးပေးပို့မှုကနေတဆင့် ဂျေးဇုက အိုနာနာနဲ့ တစ်ဦးချင်း ကန်သွင်းယူသွားခဲ့တာဖြစ်ပြီးဘရာဇီးလ်တိုက်စစ်မှူးက ဒါလော့တ်ကို လှလှပပဖိန့်ပြပြီးနောက် သွင်းယူခဲ့တာဖြစ်ပါတယ်။ ဒါ့ကြောင့်ပဲ နာကျင်အချိန်ပိုမှာ နောက်ကျအနိုင်ဂိုး ၂ ဂိုးနဲ့ အာဆင်နယ်ဟာ အံ့အားသင့်ဖွယ်နိုင်ပွဲရခဲ့ပါတယ်။
အာဆင်နယ်ဟာ ပရီးမီးယားလိဂ်သမိုင်းတလျှောက် မန်ယူနိုက်တက်နဲ့ ကစားခဲ့တဲ့ အိမ်ကွင်းပွဲစဉ်တွေမှာ ၃ ပွဲဆက်နိုင်ပွဲရရှိခဲ့တာဖြစ်ပါတယ်။ ဒီစွမ်းဆောင်ရည်ကို အာတေတာ ကိုင်တွယ်ခဲ့ချိန်မှာ ရရှိခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
- Posted In:
- Post Match Review