ဝက်စ်ဟမ်းနဲ့ပြန်တွေ့ချိန်မှ အရှက်ရခဲ့ရတဲ့ ဒီကလန် ရိုက်နဲ့ မှတ်မှတ်ရရ ပြန်ပြောစရာများ 1024 504 coyg

ဝက်စ်ဟမ်းနဲ့ပြန်တွေ့ချိန်မှ အရှက်ရခဲ့ရတဲ့ ဒီကလန် ရိုက်နဲ့ မှတ်မှတ်ရရ ပြန်ပြောစရာများ

အာဆင်နယ်ဟာ ဗုဒ္ဓဟူးနေ့ညက ဝက်စ်ဟမ်းကို ကာရာဘောင်းဖလား စတုတ္ထအဆင့်မှာ ၃-၁ နဲ့ ရှုံးနိမ့်ခဲ့ပြီး ယခုရာသီ အဆိုးရွားဆုံး အဝေးကွင်းစွမ်းဆောင်ရည်ကို ပြသခဲ့ပါတယ်။

ဂန်းနားတွေဟာ ဝက်စ်ဟမ်းနဲ့ ရင်ဆိုင်ရာမှာ အထင်ကြီးဖွယ် မှတ်တမ်းတွေနဲ့ ဒီပွဲကို လာရောက်ယှဉ်ပြိုင်ခဲ့တာဖြစ်ပြီး နောက်ဆုံး ၈ ကြိမ်တွေ့ဆုံခဲ့ရာမှာ ၆ ပွဲနိုင် ၂ ပွဲသရေ ရလဒ် ပိုင်ဆိုင်ခဲ့တာ ဖြစ်ပါတယ်။

ဒါပေမယ့်လည်း အဲဒီအထင်ကြီးဖွယ် မှတ်တမ်းကောင်းဟာ အခုတော့ အဆုံးသတ်သွားခဲ့ပြီဖြစ်ပြီး အာတီတာရဲ့ ကာရာဘောင်းဖလားမျှော်လင့်ချက်လည်း အတူတူ အဆုံးသတ်သွားခဲ့တာ ဖြစ်ပါတယ်။

၁။ ဝှိုက်ရဲ့ ကြောက်စရာ အခိုက်အတန့်

ဘန် ဝှိုက်ဟာ ၂၀၂၁ ခုနှစ်မှာ ပေါင်သန်း ၅၀ နဲ့ ပြောင်းရွှေ့လာပြီးကတည်းက အာဆင်နယ်ရဲ့ ပွဲထွက်လူစာရင်းမှာ ပုံမှန်ပါဝင်ခွင့်ရတဲ့ ကစားသမားတွေထဲက တစ်ဦးအဖြစ် သက်သေပြသနိုင်ခဲ့သူဖြစ်ပြီး အမှားနည်းပြီး အားထားရတဲ့ကစားသမားဖြစ်ခဲ့ပါတယ်။ ဒါပေမယ့်လည်း ဗုဒ္ဓဟူးနေ့ည ပွဲကစားချိန် ၁၅ မိနစ်လောက်မှာပဲ မေ့ပစ်ချင်မယ့် အခိုက်အတန့်နဲ့ ရင်ဆိုင်ခဲ့ရပြီး ဘိုဝင် ဖြတ်တင်ပေးပို့လိုက်တဲ့ ဘောလုံးကို ရှင်းထုတ်ဖို့ ကြိုးပမ်းရာမှာ ကိုယ့်ဂိုးကိုယ်ပြန်သွင်းမိခဲ့တာဖြစ်ပါတယ်။ အာရွန် ရမ်းစ်ဒေးလ်က ထွက်ပုတ်ဖို့ နေရာအသင့်ယူထားခဲ့ပေမယ့်လည်း ဝှိုက်ရဲ့ ခေါင်းတိုက်ရှင်းထုတ်မှုက ဂိုးသမားကို ကျော်ပြီး ကိုယ့်ဂိုးပေါက်ထဲကို ဝင်သွားခဲ့တာဖြစ်ပါတယ်။

၂။ ရိုက်ရဲ့ ပြန်လည်ဆုံစည်းမှု

နှစ်သင်းစလုံးက ကစားသမားတွေဟာ ပြိုင်ဘက်အသင်းနဲ့ ရင်းနှီးမှု ရှိခဲ့ကြပြီး ဝက်စ်ဟမ်းပွဲထွက်လူစာရင်းထဲမှာ ဂန်းနားဂိုးသမားဟောင်း ဖေဘီယန်းစကီး၊ မက်ဗ်ရိုပါးနော့စ်တို့ပါဝင်ကစားပေးခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း အားလုံး ပြောနေကြတဲ့ တစ်ဦးတည်းသောကစားသမားက အာဆင်နယ်အရန်ခုံတန်းမှာ ထိုင်နေတဲ့ ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဟောင်း ဒီကလန် ရိုက်ဖြစ်ခဲ့ပြီး ပွဲစပြီဆိုတာနဲ့ အာဆင်နယ်ပရိသတ်တွေက ဒီကလန် ရိုက် ခင်ဗျားတို့က ချီးထုပ်ဖြစ်နေလို့ သူ ထားရစ်ခဲ့တာလို့ သီဆိုခဲ့ပြီး ဝက်စ်ဟမ်းကို တိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။ ဒီကလန် ရိုက် သွေးပူလေ့ကျင့်ရေးလုပ်ဖို့ အရန်ခုံကနေ ထလာတဲ့အချိန်မှာ အိမ်ကွင်းပရိသတ်အချို့ဆီကနေ လှောင်ပြောင်သံတွေ ထွက်ပေါ်လာပေမယ့်လည်း ဝက်စ်ဟမ်းပရိသတ်အများစုကတော့ သူတို့ရဲ့ အသင်းခေါင်းဆောင်ဟောင်းကို မတ်တပ်ရပ် လက်ခုပ်တီး ဂုဏ်ပြုကြိုဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ဒီကလန် ရိုက် လူစားဝင်လာတဲ့အချိန်မှာ အာဆင်နယ်က ၂-၀ နဲ့ ရှုံးနိမ့်နေပြီဖြစ်ပြီး ဘိုဝင်က တတိယမြောက် ဦးဆောင်ဂိုးကို ထပ်မံသွင်းယူသွားခဲ့ပြီးနောက် နောက်ထပ် ပြင်းထန်တဲ့ ထိုးနှက်ချက်ဖြစ်ခဲ့တာဖြစ်ပါတယ်။ ပွဲအပြီးမှာ ဒီကလန် ရိုက် ဘယ်နှဂိုးနဲ့ ပြီးသွားလဲဆိုပြီး ဝက်စ်ဟမ်းပရိသတ်တွေက ပြန်လည်တုံ့ပြန်ခဲ့ကြတာဖြစ်ပါတယ်။

၃။ မေ့ပစ်ရမယ့် ရမ်းစ်ဒေးလ်ရဲ့ အခိုက်အတန့်

အာဆင်နယ်ပရိသတ်တွေဟာ လွန်ခဲ့တဲ့ ၂ လလောက်အထိ ရမ်းစ်ဒေးလ်ကို အာတီတာ ဘာလို့ ပွဲထွက်ဂိုးသမားနေရာမပေးတာလဲဆိုတာကို အငြင်းအခုံဖြစ်ခဲ့ကြပြီး လက်ရှိမှာ ဒေးဗစ် ရာယာက အာဆင်နယ်ရဲ့ နံပါတ် ၁ ပွဲထွက်ဂိုးသမားဖြစ်နေတာဖြစ်ပါတယ်။ ရလဒ်အနေနဲ့ အင်္ဂလန်ဂိုးသမားက ကာရာဘောင်းဖလားပြိုင်ပွဲမှာ ပွဲထွက်ကစားခွင့်ပေးခြင်းခံခဲ့ရပြီး အထင်ကြီးဖွယ် စွမ်းဆောင်ရည်ပြသဖို့ အားခဲထားခဲ့တာဖြစ်ပါတယ်။ ရမ်းစ်ဒေးလ်ဟာ ဟာဗတ်ဇ်ဆီ အလွန်တိကျသေသပ်တဲ့ပေးပို့မှုနဲ့ ရာယာလိုပဲ ဘောလုံးကစားနိုင်တဲ့အရည်အချင်းရှိကြောင်း နည်းပြကို သတိပေးခဲ့ပါတယ်။ ရမ်းစ်ဒေးလ်ဟာ ဘန် ဝှိုက်ရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူခဲ့မှုမှာ ကာကွယ်နိုင်ဖို့ အနည်းငယ်သာ လုပ်ဆောင်နိုင်ခဲ့ပြီး ဒိုင်လူကြီးကို စောဒကတက်ခဲ့မှုအတွက် ဂန်းနားပရိသတ်တွေရဲ့ ဘောလုံးထိတိုင်း လှောင်ပြောင်မှုကို ခံခဲ့ရပါတယ်။ ရမ်းစ်ဒေးလ်ဟာ ဂိုးပေါက်ကာကွယ်တဲ့အပိုင်းမှာ အလုပ်မများခဲ့ဘဲ ပထမပိုင်း တစ်ပိုင်းလုံး ဂိုးကာကွယ်မှု အများကြီး ပြုလုပ်ခဲ့ရခြင်းမရှိပါဘူး။ ဒုတိယပိုင်း ပြန်စပြီး စက္ကန့်ပိုင်းအတွင်းမှာပဲ အသက် ၂၅ နှစ်အရွယ်ဂိုးသမားဟာ ဘိုဝင်ရဲ့ ဂိုးသွင်းယူမှုကို ပါးပါးနပ်နပ် ရပ်တန့်နိုင်ခဲ့ပေမယ့်လည်း နောက်ထပ်မိနစ်အနည်းငယ်အကြာမှာ မိုဟာမက် ကူးဒက်စ်က နောက်ထပ် ဦးဆောင်ဂိုးကို သွင်းယူသွားတာဖြစ်ပါတယ်။ ရမ်းစ်ဒေးလ်ရဲ့ ဒီပွဲက အဆိုးရွားဆုံးအခိုက်အတန့်ဟာ ဝက်စ်ဟမ်းရဲ့ တတိယမြောက်ဂိုးမှာဖြစ်ပြီး ဘိုဝင်ရဲ့ ကန်ချက်ကို ပုတ်ထုတ်ဖို့အတွက် လုံလောက်တဲ့ အကွာအဝေး၊ နေရာယူပုံရှိပေမယ့်လည်း မကာကွယ်နိုင်ခဲ့တာ ဖြစ်ပါတယ်။

၄။ တောက်ပတဲ့စတင်မှု ဆက်လက်ပြသနိုင်ခဲ့တဲ့ ဘိုဝင်

ဘိုဝင်ဟာ ဒီကလန် ရိုက်မရှိတော့တဲ့နောက် ဝက်စ်ဟမ်းရဲ့ အဓိကကစားသမားဖြစ်လာပြီဖြစ်ပြီး ဟားလ်စီးတီးကြယ်ပွင့်ဟောင်းဟာ ဒီပွဲမတိုင်ခင် ပရီးမီးယားလိဂ်မှာ ၆ ဂိုးအထိ သွင်းယူထားနိုင်ခဲ့ပြီးဖြစ်သလို အခုဆိုရင် ကာရာဘောင်းဖလားပြိုင်ပွဲမှာလည်း ဂိုးသွင်းယူနိုင်ခဲ့ပြီဖြစ်ပါတယ်။ ဘိုဝင်ဟာ အာဆင်နယ်ခံစစ်ကို တစ်ညနေလုံး ဒုက္ခပေးနိုင်ခဲ့ပြီး သူ့ရဲ့ ထောင့်ကန်ဘောကနေ ဖြတ်တင်ပေးပို့မှုဟာ ဘန် ဝှိုက်ကို ကိုယ့်ဂိုးကိုယ်သွင်းမိစေခဲ့တာ ဖြစ်ပါတယ်။ ဘိုဝင်ရဲ့ သွင်းဂိုးမှာလည်း ခီဗီယောရဲ့ ပေါင်နဲ့ထိပြီး လမ်းကြောင်းပြောင်းသွားတာ ကံကောင်းတယ်ဆိုပေမယ့်လည်း မကန်ရင် ဂိုးစရာအကြောင်းမရှိသလို ဘယ်လိုပဲဖြစ်ဖြစ် ကန်ချက်က ဂိုးပေါက်တည့်ခဲ့တာတော့ သေချာပါတယ်။ ဘိုဝင်ဟာ မိနစ် ၆၀ မှာ ဂိုးသွင်းယူနိုင်ခဲ့ပြီးနောက် ဝက်စ်ဟမ်းက ၃-၀ နဲ့ အသာစီးရနေပေမယ့်လည်း ခံစစ်အထိ အသင်းအတွက် ဆင်းကစားပေးခဲ့တာဖြစ်ပါတယ်။

၅။ အာဆင်နယ်ရဲ့ ဆိုးရွားတဲ့ တိုက်စစ်

ဝက်စ်ဟမ်းနဲ့ပွဲချိန် တစ်နာရီအတွင်းမှာပဲ ဂါဘရီယဲလ် ဂျေးဇုရဲ့ တံကောက်ကြောဒဏ်ရာက ပထမထင်ထားတာထက် ပိုဆိုပြီး နိုဝင်ဘာလကုန်အထိ လွဲချော်နိုင်တယ်ဆိုတဲ့ သတင်းတွေ ထွက်လာပါတယ်။ အာတီတာအတွက်တော့ အခြား တိုက်စစ်ကစားသမားတွေရဲ့ စွမ်းဆောင်ရည်က ဇန်နဝါရီအပြောင်းအရွှေ့ကာလမတိုင်ခင် တွေးစရာတွေ ပေးခဲ့မှာဖြစ်ပြီး ဟာဗတ်ဇ်ဟာ တိုက်စစ်မှာ ပါဝင်ကစားပေးခဲ့ပေမယ့်လည်း ပင်နယ်တီဧရိယာထဲမှာ အဆုံးသတ်နိုင်စွမ်း ကင်းမဲ့နေခဲ့တာဖြစ်ပါတယ်။ ဟာဗတ်ဇ်ရဲ့ အာဆင်နယ်အတွက် သွင်းယူပေးခဲ့တဲ့ တစ်လုံးတည်းသောဂိုးကလည်း ပင်နယ်တီသွင်းဂိုးဖြစ်ခဲ့ပြီး အဲဒီဂိုးသွင်းထားခဲ့တာလည်း ၁ လကျော်သွားပြီဖြစ်ပါတယ်။ အန်ကီးတီးယားဟာ စနေနေ့က ဟက်ထရစ်သွင်းယူနိုင်ခဲ့ပြီးနောက် ခြေစွမ်းပိုင်း မြင့်မားနေပေမယ့်လည်း ဒီပွဲမှာတော့ ဘာမှ လုပ်ပြနိုင်ခြင်းမရှိခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဗုဒ္ဓဟူးနေ့ညနေမှာ ဂိုးသွင်းယူနိုင်မယ့်ပုံ မပေါ်ခဲ့ဘဲ အချို့ကတော့ ကွင်းလယ်မှာ ဖန်တီးမှုကင်းမဲ့နေတာနဲ့ ဆိုင်တယ်လို့ပြောကြမှာဖြစ်ပြီး အဲဒါလည်း တစ်စိတ်တပိုင်းပါဝင်နိုင်ပေမယ့် အန်ကီးတီးယားအနေနဲ့ တိုက်စစ်မှာ ပါဝင်ပတ်သက်ဖို့ ဒီထက်ပိုပြီး လုပ်ဆောင်ဖို့ လိုပါတယ်။ ပွဲကစားချိန်ပြည့်ဖို့ ၁၀ မိနစ်အလိုမှာ စိတ်ပျက်ဖွယ်ခြေစွမ်းကြောင့် လူစားလဲခံခဲ့ရတာကလည်း အန်ကီးတီးယားပဲဖြစ်ခဲ့ပြီး ဟာဗတ်ဇ်မဟုတ်ခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အာဆင္နယ္ဟာ ဗုဒၶဟူးေန႔ညက ဝက္စ္ဟမ္းကို ကာရာေဘာင္းဖလား စတုတၳအဆင့္မွာ ၃-၁ နဲ႔ ရႈံးနိမ့္ခဲ့ၿပီး ယခုရာသီ အဆိုး႐ြားဆုံး အေဝးကြင္းစြမ္းေဆာင္ရည္ကို ျပသခဲ့ပါတယ္။

ဂန္းနားေတြဟာ ဝက္စ္ဟမ္းနဲ႔ ရင္ဆိုင္ရာမွာ အထင္ႀကီးဖြယ္ မွတ္တမ္းေတြနဲ႔ ဒီပြဲကို လာေရာက္ယွဥ္ၿပိဳင္ခဲ့တာျဖစ္ၿပီး ေနာက္ဆုံး ၈ ႀကိမ္ေတြ႕ဆုံခဲ့ရာမွာ ၆ ပြဲႏိုင္ ၂ ပြဲသေရ ရလဒ္ ပိုင္ဆိုင္ခဲ့တာ ျဖစ္ပါတယ္။

ဒါေပမယ့္လည္း အဲဒီအထင္ႀကီးဖြယ္ မွတ္တမ္းေကာင္းဟာ အခုေတာ့ အဆုံးသတ္သြားခဲ့ၿပီျဖစ္ၿပီး အာတီတာရဲ႕ ကာရာေဘာင္းဖလားေမွ်ာ္လင့္ခ်က္လည္း အတူတူ အဆုံးသတ္သြားခဲ့တာ ျဖစ္ပါတယ္။

၁။ ဝႈိက္ရဲ႕ ေၾကာက္စရာ အခိုက္အတန႔္

ဘန္ ဝႈိက္ဟာ ၂၀၂၁ ခုႏွစ္မွာ ေပါင္သန္း ၅၀ နဲ႔ ေျပာင္းေ႐ႊ႕လာၿပီးကတည္းက အာဆင္နယ္ရဲ႕ ပြဲထြက္လူစာရင္းမွာ ပုံမွန္ပါဝင္ခြင့္ရတဲ့ ကစားသမားေတြထဲက တစ္ဦးအျဖစ္ သက္ေသျပသႏိုင္ခဲ့သူျဖစ္ၿပီး အမွားနည္းၿပီး အားထားရတဲ့ကစားသမားျဖစ္ခဲ့ပါတယ္။ ဒါေပမယ့္လည္း ဗုဒၶဟူးေန႔ည ပြဲကစားခ်ိန္ ၁၅ မိနစ္ေလာက္မွာပဲ ေမ့ပစ္ခ်င္မယ့္ အခိုက္အတန႔္နဲ႔ ရင္ဆိုင္ခဲ့ရၿပီး ဘိုဝင္ ျဖတ္တင္ေပးပို႔လိုက္တဲ့ ေဘာလုံးကို ရွင္းထုတ္ဖို႔ ႀကိဳးပမ္းရာမွာ ကိုယ့္ဂိုးကိုယ္ျပန္သြင္းမိခဲ့တာျဖစ္ပါတယ္။ အာ႐ြန္ ရမ္းစ္ေဒးလ္က ထြက္ပုတ္ဖို႔ ေနရာအသင့္ယူထားခဲ့ေပမယ့္လည္း ဝႈိက္ရဲ႕ ေခါင္းတိုက္ရွင္းထုတ္မႈက ဂိုးသမားကို ေက်ာ္ၿပီး ကိုယ့္ဂိုးေပါက္ထဲကို ဝင္သြားခဲ့တာျဖစ္ပါတယ္။

၂။ ႐ိုက္ရဲ႕ ျပန္လည္ဆုံစည္းမႈ

ႏွစ္သင္းစလုံးက ကစားသမားေတြဟာ ၿပိဳင္ဘက္အသင္းနဲ႔ ရင္းႏွီးမႈ ရွိခဲ့ၾကၿပီး ဝက္စ္ဟမ္းပြဲထြက္လူစာရင္းထဲမွာ ဂန္းနားဂိုးသမားေဟာင္း ေဖဘီယန္းစကီး၊ မက္ဗ္႐ိုပါးေနာ့စ္တို႔ပါဝင္ကစားေပးခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း အားလုံး ေျပာေနၾကတဲ့ တစ္ဦးတည္းေသာကစားသမားက အာဆင္နယ္အရန္ခုံတန္းမွာ ထိုင္ေနတဲ့ ဝက္စ္ဟမ္းအသင္းေခါင္းေဆာင္ေဟာင္း ဒီကလန္ ႐ိုက္ျဖစ္ခဲ့ၿပီး ပြဲစၿပီဆိုတာနဲ႔ အာဆင္နယ္ပရိသတ္ေတြက ဒီကလန္ ႐ိုက္ ခင္ဗ်ားတို႔က ခ်ီးထုပ္ျဖစ္ေနလို႔ သူ ထားရစ္ခဲ့တာလို႔ သီဆိုခဲ့ၿပီး ဝက္စ္ဟမ္းကို တိုက္ခိုက္ခဲ့ၾကတာျဖစ္ပါတယ္။ ဒီကလန္ ႐ိုက္ ေသြးပူေလ့က်င့္ေရးလုပ္ဖို႔ အရန္ခုံကေန ထလာတဲ့အခ်ိန္မွာ အိမ္ကြင္းပရိသတ္အခ်ိဳ႕ဆီကေန ေလွာင္ေျပာင္သံေတြ ထြက္ေပၚလာေပမယ့္လည္း ဝက္စ္ဟမ္းပရိသတ္အမ်ားစုကေတာ့ သူတို႔ရဲ႕ အသင္းေခါင္းေဆာင္ေဟာင္းကို မတ္တပ္ရပ္ လက္ခုပ္တီး ဂုဏ္ျပဳႀကိဳဆိုခဲ့ၾကတာ ျဖစ္ပါတယ္။ ဒီကလန္ ႐ိုက္ လူစားဝင္လာတဲ့အခ်ိန္မွာ အာဆင္နယ္က ၂-၀ နဲ႔ ရႈံးနိမ့္ေနၿပီျဖစ္ၿပီး ဘိုဝင္က တတိယေျမာက္ ဦးေဆာင္ဂိုးကို ထပ္မံသြင္းယူသြားခဲ့ၿပီးေနာက္ ေနာက္ထပ္ ျပင္းထန္တဲ့ ထိုးႏွက္ခ်က္ျဖစ္ခဲ့တာျဖစ္ပါတယ္။ ပြဲအၿပီးမွာ ဒီကလန္ ႐ိုက္ ဘယ္ႏွဂိုးနဲ႔ ၿပီးသြားလဲဆိုၿပီး ဝက္စ္ဟမ္းပရိသတ္ေတြက ျပန္လည္တုံ႔ျပန္ခဲ့ၾကတာျဖစ္ပါတယ္။

၃။ ေမ့ပစ္ရမယ့္ ရမ္းစ္ေဒးလ္ရဲ႕ အခိုက္အတန႔္

အာဆင္နယ္ပရိသတ္ေတြဟာ လြန္ခဲ့တဲ့ ၂ လေလာက္အထိ ရမ္းစ္ေဒးလ္ကို အာတီတာ ဘာလို႔ ပြဲထြက္ဂိုးသမားေနရာမေပးတာလဲဆိုတာကို အျငင္းအခုံျဖစ္ခဲ့ၾကၿပီး လက္ရွိမွာ ေဒးဗစ္ ရာယာက အာဆင္နယ္ရဲ႕ နံပါတ္ ၁ ပြဲထြက္ဂိုးသမားျဖစ္ေနတာျဖစ္ပါတယ္။ ရလဒ္အေနနဲ႔ အဂၤလန္ဂိုးသမားက ကာရာေဘာင္းဖလားၿပိဳင္ပြဲမွာ ပြဲထြက္ကစားခြင့္ေပးျခင္းခံခဲ့ရၿပီး အထင္ႀကီးဖြယ္ စြမ္းေဆာင္ရည္ျပသဖို႔ အားခဲထားခဲ့တာျဖစ္ပါတယ္။ ရမ္းစ္ေဒးလ္ဟာ ဟာဗတ္ဇ္ဆီ အလြန္တိက်ေသသပ္တဲ့ေပးပို႔မႈနဲ႔ ရာယာလိုပဲ ေဘာလုံးကစားႏိုင္တဲ့အရည္အခ်င္းရွိေၾကာင္း နည္းျပကို သတိေပးခဲ့ပါတယ္။ ရမ္းစ္ေဒးလ္ဟာ ဘန္ ဝႈိက္ရဲ႕ ကိုယ့္ဂိုးကိုယ္သြင္းယူခဲ့မႈမွာ ကာကြယ္ႏိုင္ဖို႔ အနည္းငယ္သာ လုပ္ေဆာင္ႏိုင္ခဲ့ၿပီး ဒိုင္လူႀကီးကို ေစာဒကတက္ခဲ့မႈအတြက္ ဂန္းနားပရိသတ္ေတြရဲ႕ ေဘာလုံးထိတိုင္း ေလွာင္ေျပာင္မႈကို ခံခဲ့ရပါတယ္။ ရမ္းစ္ေဒးလ္ဟာ ဂိုးေပါက္ကာကြယ္တဲ့အပိုင္းမွာ အလုပ္မမ်ားခဲ့ဘဲ ပထမပိုင္း တစ္ပိုင္းလုံး ဂိုးကာကြယ္မႈ အမ်ားႀကီး ျပဳလုပ္ခဲ့ရျခင္းမရွိပါဘူး။ ဒုတိယပိုင္း ျပန္စၿပီး စကၠန႔္ပိုင္းအတြင္းမွာပဲ အသက္ ၂၅ ႏွစ္အ႐ြယ္ဂိုးသမားဟာ ဘိုဝင္ရဲ႕ ဂိုးသြင္းယူမႈကို ပါးပါးနပ္နပ္ ရပ္တန႔္ႏိုင္ခဲ့ေပမယ့္လည္း ေနာက္ထပ္မိနစ္အနည္းငယ္အၾကာမွာ မိုဟာမက္ ကူးဒက္စ္က ေနာက္ထပ္ ဦးေဆာင္ဂိုးကို သြင္းယူသြားတာျဖစ္ပါတယ္။ ရမ္းစ္ေဒးလ္ရဲ႕ ဒီပြဲက အဆိုး႐ြားဆုံးအခိုက္အတန႔္ဟာ ဝက္စ္ဟမ္းရဲ႕ တတိယေျမာက္ဂိုးမွာျဖစ္ၿပီး ဘိုဝင္ရဲ႕ ကန္ခ်က္ကို ပုတ္ထုတ္ဖို႔အတြက္ လုံေလာက္တဲ့ အကြာအေဝး၊ ေနရာယူပုံရွိေပမယ့္လည္း မကာကြယ္ႏိုင္ခဲ့တာ ျဖစ္ပါတယ္။

၄။ ေတာက္ပတဲ့စတင္မႈ ဆက္လက္ျပသႏိုင္ခဲ့တဲ့ ဘိုဝင္

ဘိုဝင္ဟာ ဒီကလန္ ႐ိုက္မရွိေတာ့တဲ့ေနာက္ ဝက္စ္ဟမ္းရဲ႕ အဓိကကစားသမားျဖစ္လာၿပီျဖစ္ၿပီး ဟားလ္စီးတီးၾကယ္ပြင့္ေဟာင္းဟာ ဒီပြဲမတိုင္ခင္ ပရီးမီးယားလိဂ္မွာ ၆ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့ၿပီးျဖစ္သလို အခုဆိုရင္ ကာရာေဘာင္းဖလားၿပိဳင္ပြဲမွာလည္း ဂိုးသြင္းယူႏိုင္ခဲ့ၿပီျဖစ္ပါတယ္။ ဘိုဝင္ဟာ အာဆင္နယ္ခံစစ္ကို တစ္ညေနလုံး ဒုကၡေပးႏိုင္ခဲ့ၿပီး သူ႔ရဲ႕ ေထာင့္ကန္ေဘာကေန ျဖတ္တင္ေပးပို႔မႈဟာ ဘန္ ဝႈိက္ကို ကိုယ့္ဂိုးကိုယ္သြင္းမိေစခဲ့တာ ျဖစ္ပါတယ္။ ဘိုဝင္ရဲ႕ သြင္းဂိုးမွာလည္း ခီဗီေယာရဲ႕ ေပါင္နဲ႔ထိၿပီး လမ္းေၾကာင္းေျပာင္းသြားတာ ကံေကာင္းတယ္ဆိုေပမယ့္လည္း မကန္ရင္ ဂိုးစရာအေၾကာင္းမရွိသလို ဘယ္လိုပဲျဖစ္ျဖစ္ ကန္ခ်က္က ဂိုးေပါက္တည့္ခဲ့တာေတာ့ ေသခ်ာပါတယ္။ ဘိုဝင္ဟာ မိနစ္ ၆၀ မွာ ဂိုးသြင္းယူႏိုင္ခဲ့ၿပီးေနာက္ ဝက္စ္ဟမ္းက ၃-၀ နဲ႔ အသာစီးရေနေပမယ့္လည္း ခံစစ္အထိ အသင္းအတြက္ ဆင္းကစားေပးခဲ့တာျဖစ္ပါတယ္။

၅။ အာဆင္နယ္ရဲ႕ ဆိုး႐ြားတဲ့ တိုက္စစ္

ဝက္စ္ဟမ္းနဲ႔ပြဲခ်ိန္ တစ္နာရီအတြင္းမွာပဲ ဂါဘရီယဲလ္ ေဂ်းဇုရဲ႕ တံေကာက္ေၾကာဒဏ္ရာက ပထမထင္ထားတာထက္ ပိုဆိုၿပီး ႏိုဝင္ဘာလကုန္အထိ လြဲေခ်ာ္ႏိုင္တယ္ဆိုတဲ့ သတင္းေတြ ထြက္လာပါတယ္။ အာတီတာအတြက္ေတာ့ အျခား တိုက္စစ္ကစားသမားေတြရဲ႕ စြမ္းေဆာင္ရည္က ဇန္နဝါရီအေျပာင္းအေ႐ႊ႕ကာလမတိုင္ခင္ ေတြးစရာေတြ ေပးခဲ့မွာျဖစ္ၿပီး ဟာဗတ္ဇ္ဟာ တိုက္စစ္မွာ ပါဝင္ကစားေပးခဲ့ေပမယ့္လည္း ပင္နယ္တီဧရိယာထဲမွာ အဆုံးသတ္ႏိုင္စြမ္း ကင္းမဲ့ေနခဲ့တာျဖစ္ပါတယ္။ ဟာဗတ္ဇ္ရဲ႕ အာဆင္နယ္အတြက္ သြင္းယူေပးခဲ့တဲ့ တစ္လုံးတည္းေသာဂိုးကလည္း ပင္နယ္တီသြင္းဂိုးျဖစ္ခဲ့ၿပီး အဲဒီဂိုးသြင္းထားခဲ့တာလည္း ၁ လေက်ာ္သြားၿပီျဖစ္ပါတယ္။ အန္ကီးတီးယားဟာ စေနေန႔က ဟက္ထရစ္သြင္းယူႏိုင္ခဲ့ၿပီးေနာက္ ေျခစြမ္းပိုင္း ျမင့္မားေနေပမယ့္လည္း ဒီပြဲမွာေတာ့ ဘာမွ လုပ္ျပႏိုင္ျခင္းမရွိခဲ့တာျဖစ္ပါတယ္။ အာဆင္နယ္ဟာ ဗုဒၶဟူးေန႔ညေနမွာ ဂိုးသြင္းယူႏိုင္မယ့္ပုံ မေပၚခဲ့ဘဲ အခ်ိဳ႕ကေတာ့ ကြင္းလယ္မွာ ဖန္တီးမႈကင္းမဲ့ေနတာနဲ႔ ဆိုင္တယ္လို႔ေျပာၾကမွာျဖစ္ၿပီး အဲဒါလည္း တစ္စိတ္တပိုင္းပါဝင္ႏိုင္ေပမယ့္ အန္ကီးတီးယားအေနနဲ႔ တိုက္စစ္မွာ ပါဝင္ပတ္သက္ဖို႔ ဒီထက္ပိုၿပီး လုပ္ေဆာင္ဖို႔ လိုပါတယ္။ ပြဲကစားခ်ိန္ျပည့္ဖို႔ ၁၀ မိနစ္အလိုမွာ စိတ္ပ်က္ဖြယ္ေျခစြမ္းေၾကာင့္ လူစားလဲခံခဲ့ရတာကလည္း အန္ကီးတီးယားပဲျဖစ္ခဲ့ၿပီး ဟာဗတ္ဇ္မဟုတ္ခဲ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet