လူရင်းဒုက္ခပေးပြီး VAR ထပ်ယုတ်တာခံခဲ့ရတဲ့ပွဲစဉ်က မှတ်မှတ်ရရ ပြန်ပြောရမယ့်အချက်များ
အာဆင်နယ်ဟာ ကြာသပတေးနေ့ညက ဝက်စ်ဟမ်းကို ၂-၀ နဲ့ ရှုံးနိမ့်ခဲ့ပြီးနောက် ယခုရာသီ ပထမဆုံးအိမ်ကွင်းရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရပြီး ဇယားထိပ်ဆုံးနေရာကို ပြန်လည်သိမ်းပိုက်နိုင်မယ့်အခွင့်အရေး ဆုံးရှုံးခဲ့ရပါတယ်။
ဝက်စ်ဟမ်းဟာ ပထမဆုံး တိုက်စစ်ဆင်မှုနဲ့အတူ အဖွင့်ဂိုးကို ရရှိသွားခဲ့တာဖြစ်ပြီး တိုမက်စ် ဆူးချက်က အိမ်ရှင်တွေရဲ့ ရှင်းထုတ်ပုံ မသေသပ်ရာကနေ ရလာတဲ့ဘောလုံးကို ဘိုဝင်က ဂိုးလွန်ဘောအနေအထားကနေ ပေးပို့ခဲ့မှုကို ပိတ်သွင်းယူခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ဟာ ပထမပိုင်းနှောင်းပိုင်းမှာ ချေပဂိုး သွင်းယူနိုင်ဖို့ နီးစပ်ခဲ့ပေမယ့်လည်း ဆာကာရဲ့ ကန်ချက်က ဂိုးတိုင်ကို ထိမှန်ပြီး လွဲချော်သွားခဲ့တာ ဖြစ်ပြီး ဝက်စ်ဟမ်းအတွက် ဒုတိယမြောက်ဦးဆောင်ဂိုးကို ဂန်းနားနောက်ခံလူဟောင်း မက်ဗ်ရိုပါးနော့စ်က ခေါင်းတိုက်သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
အိမ်ရှင်တွေဟာ ဒုတိယပိုင်းမှာ တိုက်စစ်အရှိန်မြှင့်တင်ခဲ့ပေမယ့်လည်း ဂါဘရီယဲလ် ဂျေးဇုက အခွင့်အရေးအများအပြားကို လွဲချော်ခဲ့ပြီး မာတင် အော်ဒီဂွါဒ်ရဲ့ ကန်ချက်ကလည်း အာရီယိုလာရဲ့ လက်ဝါးနဲ့ ထိမှန်ခဲ့တာဖြစ်ပါတယ်။
အာဆင်နယ်ကွင်းလယ်ကြယ်ပွင့် ဒီကလန် ရိုက် ပင်နယ်တီ ဧရိယာထဲမှာ ခြေချော်လဲပြီးနောက် ဘောလုံးကို မမီမကမ်း ဖျက်ထုတ်ရာကနေ ဝက်စ်ဟမ်းတို့ ပင်နယ်တီ ရခဲ့ပေမယ့်လည်း ဘန်ရာမာရဲ့ ကန်ချက်ကို ရာယာ နေရာယူမှန်မှန် ကာကွယ်နိုင်ခဲ့လို့သာ နောက်ထပ်ဂိုးတွေ မပေးခဲ့ရတာဖြစ်ပြီး ဒီပွဲစဉ်မှာ မှတ်မှတ်ရရ ပြန်ပြောစရာအကြောင်းအရာတွေ ရှိနေခဲ့ပါတယ်။
၁။ ဂန်းနားတွေကိုဆို နှာစေးနေပြန်တဲ့ VAR
ဝက်စ်ဟမ်းရဲ့ အဖွင့်ဂိုးကို ခွင့်ပြုခဲ့တာထက်ပိုပြီး အငြင်းပွားဖွယ်ကောင်းတဲ့ ဆုံးဖြတ်ချက်မျိုး VAR ချမှတ်တာမျိုး မြင်ဖူးမယ်မထင်ပါဘူး။ ကွင်းအတွင်းမှာ ရှိတဲ့ ဒိုင်လူကြီးတွေက ဘောလုံးက ဂိုးလွန်ဘောဖြစ်ပြီးမှ ဘိုဝင်က ပေးပို့ခဲ့တာလို့ ဆုံးဖြတ်ခဲ့ရင် အဲဒီဆုံးဖြတ်ချက်ဟာ ခိုင်လုံတဲ့သက်သေအထောက်အထားတွေကြောင့် အတည်ဖြစ်ခဲ့သင့်ပေမယ့် မိုက်ကယ် အိုလီဗာက အဲဒီဂိုးကို ခွင့်ပြုခဲ့တာကို အိမ်ရှင်တွေ မြင်ခဲ့ရပါတယ်။ “ကွင်းတွင်းဆုံးဖြတ်ချက်က ဂိုးဖြစ်ပါတယ်။ အဲဒီတော့ သူတို့တွေ ဘောလုံးက ဂိုးစည်းလွန်သွားတယ်ဆိုတဲ့ ခိုင်လုံတဲ့အထောက်အထားတွေကို ရှာဖွေရမှာပါ။ ကျွန်တော် မြင်ခဲ့တဲ့ ရှုထောင့်ကနေဆိုရင်တော့ ဘောလုံးက နည်းနည်းတော့ စည်းပေါ်မှာ ရှိနေခဲ့ပုံပေါ်ပါတယ်”လို့ ပရီးမီးယားလိဂ်ဒိုင်ဟောင်း မာ့ခ် ကလက်တန်ဘာ့ဂ်က ပြောဆိုခဲ့ပါတယ်။ အငြင်းပွားဖွယ် အဖွင့်ဂိုးအပြီးမှာ ဂန်းနားတွေဟာ တုံ့ပြန်ဖို့ အခွင့်အရေးရခဲ့ပေမယ့်လည်း ပြိုင်ဘက်ခံစစ်ရဲ့ ကြိုးစားအားထုတ်မှုကြောင့် ဂိုးရရှိဖို့ ရုန်းကန်ခဲ့ရပါတယ်။
၂။ မေးခွန်းထုတ်စရာပိုများလာတဲ့ ဇင်ချန်ကို
ဇင်ချန်ကိုရဲ့ တိုက်စစ်အရည်အသွေး၊ မာတီနယ်လီနဲ့ ချိတ်ဆက်ကစားနိုင်စွမ်းဟာ ၂၀၂၂ ခုနှစ်မှာ မန်စီးတီးကနေ ပြောင်းလာကတည်းက ကောင်းမွန်ခဲ့ပေမယ့်လည်း ခံစစ်ပိုင်းကတော့ မေးခွန်းထုတ်စရာအချို့ ရှိနေဆဲဖြစ်ပါတယ်။ တင်းဘားနဲ့ တိုမိယဆုတို့ ၂ ဦးစလုံး ဒဏ်ရာကြောင့် လွဲချော်နေချိန်မှာ ဇင်ချန်ကိုရဲ့ နေရာဟာ ပိုမိုလုံခြုံစိတ်ချနေရပေမယ့်လည်း ယူကရိန်းနောက်ခံလူနဲ့ ဂါဘရီယဲလ်တို့ကြားက အချိတ်အဆက်မမိမှုက အဖွင့်ဂိုးကို ပေးခဲ့ရစေတာဖြစ်ပါတယ်။ ၂ ဂိုးဂိုးမရှိနဲ့ ရှုံးနိမ့်နေမှုကြောင့် အာတီတာဟာ ဇင်ချန်ကိုနေရာမှာ ရိစ် နယ်လ်ဆင်ကို ထည့်သွင်းကစားခဲ့ပြီး ရေရှည်အတွက်ဆိုရင် စပိန်လူမျိုးနည်းပြအနေနဲ့ ယူကရိန်းနောက်ခံလူကို ကွင်းလယ်ထားကစားပြီး ခံစစ်ကို လူအင်အားဖြည့်တင်းဖို့ အချိန်ကျပြီလို့ တွေးကောင်း တွေးနေလောက်ပါပြီ။
၃။ အသင်းဟောင်းကို ပြန်ခြောက်လှန့်ခဲ့တဲ့ ဂရိနောက်ခံလူ
အာဆင်ဝင်းဂါးရဲ့ နောက်ဆုံး ကစားသမားခေါ်ယူမှုတွေထဲက တစ်ခုဖြစ်ခဲ့တဲ့ ဂရိနောက်ခံလူဟာ အာတီတာလက်အောက်မှာ ဘယ်တုန်းကမှ ပုံမှန်ပွဲထွက်ခွင့်မရခဲ့ဘဲ ဂျာမနီမှာ အထင်ကြီးဖွယ်ခြေစွမ်းပြခဲ့ပြီးနောက် အရှေ့လန်ဒန်ကို ပြောင်းရွှေ့ခဲ့တာဖြစ်ပါတယ်။ စတုဂတ်နောက်ခံလူဟောင်းဟာ စနေနေ့က မန်ယူနိုက်တက်နဲ့ပွဲမှာ စိတ်လှုပ်ရှားမှုကြောင့် အမှားအချို့ ပြုလုပ်ခဲ့ပေမယ့်လည်း ဝက်စ်ဟမ်းရဲ့ ပထမဆုံး ကလင်းရှစ်တ်နိုင်ပွဲမှာ အောင်ပွဲခံနိုင်ခဲ့တာဖြစ်ပါတယ်။ မက်ဗ်ရိုပါးနော့စ်ဟာ အာဆင်နယ်နဲ့ပွဲစဉ်မှာ ပွဲထွက်ပါဝင်ကစားပေးခဲ့တာကြောင့် ဒီကလန် ရိုက်တစ်ဦးတည်းသာ အသင်းဟောင်းနဲ့ ပြန်တွေ့ဆုံရတာမဟုတ်ဘူးဆိုတဲ့ အဓိပ္ပာယ်ဖြစ်ခဲ့ပြီး ဝက်စ်ဟမ်းအသင်းခေါင်းဆောင်ဟောင်းဟာ ကာရာဘောင်းဖလားပွဲတုန်းကလည်း လူစားဝင်ကစားသမားအဖြစ် တစ်ခါတွေ့ဆုံခဲ့ဖူးပါတယ်။ ဒီတစ်ကြိမ်မှာတော့ ပွဲထွက်ပါဝင်ကစားပေးခဲ့ပြီး ဒုတိယပိုင်းအစောပိုင်းမှာ ဒီကလန် ရိုက်ဟာ ချေပဂိုး သွင်းယူပေးဖို့ နီးစပ်ခဲ့ပေမယ့်လည်း ဂိုးဘားတန်းပေါ် ကျော်သွားခဲ့တာဖြစ်ပါတယ်။ သိပ်မကြာမီမှာ မက်ဗ်ရိုပါးနော့စ်ဟာ ထောင့်ကန်ဘောကနေတဆင့် ခေါင်းတိုက်သွင်းယူသွားခဲ့ပြီးနောက် အောင်ပွဲမခံဖို့ ဆုံးဖြတ်ခဲ့ပြီး ၎င်းကို အင်္ဂလန် ခေါ်ယူခဲ့တဲ့ အသင်းဟောင်းအပေါ်မှာ ချစ်မြတ်နိုးစိတ်ကျန်ရှိနေသေးကြောင်း ပြသခဲ့တာဖြစ်ပါတယ်။
၄။ နေရာအပြောင်းအလဲမှာ ရုန်းကန်ခဲ့ရတဲ့ ထရော့ဆာ့ဒ်
ကိုင်ဟာဗတ်ဇ်ဟာ ဝက်စ်ဟမ်းနဲ့ပွဲကို ပွဲပယ်ပြစ်ဒဏ်ကြောင့် လွဲချော်ခဲ့တဲ့အတွက် ထရော့ဆာ့ဒ်ဟာ ပုံမှန်ကစားနေကျ တိုက်စစ်နေရာကနေ ကွင်းလယ်မှာ ကစားခဲ့ရပါတယ်။ ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ စိတ်ပျက်စရာ ပထမပိုင်း ၄၅ မိနစ်ကို ဖြတ်သန်းခဲ့ပြီးနောက် အများစုဟာ စမစ်ရိုးကို ပွဲထွက်ခွင့်ပေးခဲ့ရင်ပိုကောင်းလိမ့်မယ်လို့ ထင်မြင်ခဲ့ကြပါတယ်။ အာတီတာကတော့ အဲဒါကို သဘောမတူခဲ့ပုံပေါ်ပြီး နယ်လ်ဆင်နဲ့ အန်ကီးတီးယားတို့ကို ပထမဆုံး တပြိုင်နက်လူစားလဲလှယ်မှုအဖြစ် မိတ်ဆက်ခဲ့ပါတယ်။ ထရော့ဆာ့ဒ်ဟာ တိုက်စစ်နေရာလွတ်တွေထဲကို လွတ်လွတ်လပ်လပ် ပြေးဝင်ခွင့်ရခဲ့ပြီး ဒုတိယပိုင်းမှာ အနီးကပ်ကန်ချက်နဲ့ အာရီယိုလာကို စမ်းသပ်ခဲ့ပါတယ်။ ပရိသတ်တွေ ဖြစ်စေချင်နေတဲ့ အပြောင်းအလဲဟာ နောက်ဆုံးမှာတော့ ရောက်ရှိလာခဲ့ပြီး ပွဲကစားချိန် ၁၀ မိနစ်လောက်သာ ကျန်တော့တဲ့အချိန်မှာ စမစ် ရိုး လူစားဝင်ကစားခွင့်ရရှိခဲ့ပေမယ့် အကျိုးသက်ရောက်မှုပြသဖို့ အချိန်အနည်းငယ်သာရှိတော့တာဖြစ်ပါတယ်။ စမစ် ရိုးဟာ ဂိုးပေါက်ကန်သွင်းမှု တစ်ကြိမ်ပြုလုပ်နိုင်ခဲ့ပေမယ့်လည်း အာရီယိုလာက သက်တောင့်သက်သာ ကာကွယ်သွားခဲ့ပြီး နောက်ထပ်တစ်ကြိမ် ကစားခွင့်ရတဲ့အခါကျရင် အခုထက်ပိုပြီး အချိန်ရဖို့ အင်္ဂလန်ကွင်းလယ်ကစားသမားအနေနဲ့ မျှော်လင့်နေမှာပါ။
၅။ ထိုးနှက်ချက်ဖြစ်ခဲ့တဲ့ ဆုဖလားစိန်ခေါ်မှု
လီဗာပူးလ်ရဲ့ ဘောက်ဆင်ဒေးမှာ ဘန်လေကို ၂-၀ နဲ့ အနိုင်ရရှိခဲ့မှုကြောင့် အာဆင်နယ်အနေနဲ့ ဇယားထိပ်ပြန်လည်တက်လှမ်းနိုင်ဖို့ ဒီပွဲကို အနိုင်ကစားဖို့ မဖြစ်မနေ လိုအပ်မယ်ဆိုတာကို သိရှိခဲ့ပါတယ်။ အာတီတာရဲ့အသင်းဟာ ပွဲအစောပိုင်းမှာ ဘောလုံးပိုင်ဆိုင်မှုကို လွှမ်းမိုးချုပ်ကိုင်ထားနိုင်ခဲ့ပေမယ့်လည်း သွင်းဂိုးတွေရရှိဖို့ အရေးတကြီးလိုအပ်နေတဲ့အသင်းတစ်သင်းပုံစံမပေါ်ခဲ့တာဖြစ်ပါတယ်။ ဝက်စ်ဟမ်းကတော့ ခံစစ်ကို ပိုမိုဆုတ်ကစားခဲ့ပြီး အခွင့်အရေးတွေပိုမိုရရှိခဲ့တဲ့ အာဆင်နယ်တို့ကတော့ အသုံးမချနိုင်ခဲ့ပါဘူး။ ဂန်းနားတွေဟာ နောက်လာမယ့်ပွဲစဉ်အဖြစ် ဖူလ်ဟမ်အိမ်ကွင်းကို သွားရောက်ပြီး နောက်ထပ်လန်ဒန်ဒါဘီပွဲတစ်ပွဲကို ကစားသွားရမှာဖြစ်ပြီး ဒီထက်ပိုမဆိုးလာအောင် နိုင်ပွဲနဲ့ ချက်ချင်းတုံ့ပြန်ဖို့ လိုအပ်မှာပါ။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ဟာ ၾကာသပေတးေန႔ညက ဝက္စ္ဟမ္းကို ၂-၀ နဲ႔ ရႈံးနိမ့္ခဲ့ၿပီးေနာက္ ယခုရာသီ ပထမဆုံးအိမ္ကြင္းရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရၿပီး ဇယားထိပ္ဆုံးေနရာကို ျပန္လည္သိမ္းပိုက္ႏိုင္မယ့္အခြင့္အေရး ဆုံးရႈံးခဲ့ရပါတယ္။
ဝက္စ္ဟမ္းဟာ ပထမဆုံး တိုက္စစ္ဆင္မႈနဲ႔အတူ အဖြင့္ဂိုးကို ရရွိသြားခဲ့တာျဖစ္ၿပီး တိုမက္စ္ ဆူးခ်က္က အိမ္ရွင္ေတြရဲ႕ ရွင္းထုတ္ပုံ မေသသပ္ရာကေန ရလာတဲ့ေဘာလုံးကို ဘိုဝင္က ဂိုးလြန္ေဘာအေနအထားကေန ေပးပို႔ခဲ့မႈကို ပိတ္သြင္းယူခဲ့တာျဖစ္ပါတယ္။
အာဆင္နယ္ဟာ ပထမပိုင္းေႏွာင္းပိုင္းမွာ ေခ်ပဂိုး သြင္းယူႏိုင္ဖို႔ နီးစပ္ခဲ့ေပမယ့္လည္း ဆာကာရဲ႕ ကန္ခ်က္က ဂိုးတိုင္ကို ထိမွန္ၿပီး လြဲေခ်ာ္သြားခဲ့တာ ျဖစ္ၿပီး ဝက္စ္ဟမ္းအတြက္ ဒုတိယေျမာက္ဦးေဆာင္ဂိုးကို ဂန္းနားေနာက္ခံလူေဟာင္း မက္ဗ္႐ိုပါးေနာ့စ္က ေခါင္းတိုက္သြင္းယူသြားခဲ့တာျဖစ္ပါတယ္။
အိမ္ရွင္ေတြဟာ ဒုတိယပိုင္းမွာ တိုက္စစ္အရွိန္ျမႇင့္တင္ခဲ့ေပမယ့္လည္း ဂါဘရီယဲလ္ ေဂ်းဇုက အခြင့္အေရးအမ်ားအျပားကို လြဲေခ်ာ္ခဲ့ၿပီး မာတင္ ေအာ္ဒီဂြါဒ္ရဲ႕ ကန္ခ်က္ကလည္း အာရီယိုလာရဲ႕ လက္ဝါးနဲ႔ ထိမွန္ခဲ့တာျဖစ္ပါတယ္။
အာဆင္နယ္ကြင္းလယ္ၾကယ္ပြင့္ ဒီကလန္ ႐ိုက္ ပင္နယ္တီ ဧရိယာထဲမွာ ေျခေခ်ာ္လဲၿပီးေနာက္ ေဘာလုံးကို မမီမကမ္း ဖ်က္ထုတ္ရာကေန ဝက္စ္ဟမ္းတို႔ ပင္နယ္တီ ရခဲ့ေပမယ့္လည္း ဘန္ရာမာရဲ႕ ကန္ခ်က္ကို ရာယာ ေနရာယူမွန္မွန္ ကာကြယ္ႏိုင္ခဲ့လို႔သာ ေနာက္ထပ္ဂိုးေတြ မေပးခဲ့ရတာျဖစ္ၿပီး ဒီပြဲစဥ္မွာ မွတ္မွတ္ရရ ျပန္ေျပာစရာအေၾကာင္းအရာေတြ ရွိေနခဲ့ပါတယ္။
၁။ ဂန္းနားေတြကိုဆို ႏွာေစးေနျပန္တဲ့ VAR
ဝက္စ္ဟမ္းရဲ႕ အဖြင့္ဂိုးကို ခြင့္ျပဳခဲ့တာထက္ပိုၿပီး အျငင္းပြားဖြယ္ေကာင္းတဲ့ ဆုံးျဖတ္ခ်က္မ်ိဳး VAR ခ်မွတ္တာမ်ိဳး ျမင္ဖူးမယ္မထင္ပါဘူး။ ကြင္းအတြင္းမွာ ရွိတဲ့ ဒိုင္လူႀကီးေတြက ေဘာလုံးက ဂိုးလြန္ေဘာျဖစ္ၿပီးမွ ဘိုဝင္က ေပးပို႔ခဲ့တာလို႔ ဆုံးျဖတ္ခဲ့ရင္ အဲဒီဆုံးျဖတ္ခ်က္ဟာ ခိုင္လုံတဲ့သက္ေသအေထာက္အထားေတြေၾကာင့္ အတည္ျဖစ္ခဲ့သင့္ေပမယ့္ မိုက္ကယ္ အိုလီဗာက အဲဒီဂိုးကို ခြင့္ျပဳခဲ့တာကို အိမ္ရွင္ေတြ ျမင္ခဲ့ရပါတယ္။ “ကြင္းတြင္းဆုံးျဖတ္ခ်က္က ဂိုးျဖစ္ပါတယ္။ အဲဒီေတာ့ သူတို႔ေတြ ေဘာလုံးက ဂိုးစည္းလြန္သြားတယ္ဆိုတဲ့ ခိုင္လုံတဲ့အေထာက္အထားေတြကို ရွာေဖြရမွာပါ။ ကြၽန္ေတာ္ ျမင္ခဲ့တဲ့ ရႈေထာင့္ကေနဆိုရင္ေတာ့ ေဘာလုံးက နည္းနည္းေတာ့ စည္းေပၚမွာ ရွိေနခဲ့ပုံေပၚပါတယ္”လို႔ ပရီးမီးယားလိဂ္ဒိုင္ေဟာင္း မာ့ခ္ ကလက္တန္ဘာ့ဂ္က ေျပာဆိုခဲ့ပါတယ္။ အျငင္းပြားဖြယ္ အဖြင့္ဂိုးအၿပီးမွာ ဂန္းနားေတြဟာ တုံ႔ျပန္ဖို႔ အခြင့္အေရးရခဲ့ေပမယ့္လည္း ၿပိဳင္ဘက္ခံစစ္ရဲ႕ ႀကိဳးစားအားထုတ္မႈေၾကာင့္ ဂိုးရရွိဖို႔ ႐ုန္းကန္ခဲ့ရပါတယ္။
၂။ ေမးခြန္းထုတ္စရာပိုမ်ားလာတဲ့ ဇင္ခ်န္ကို
ဇင္ခ်န္ကိုရဲ႕ တိုက္စစ္အရည္အေသြး၊ မာတီနယ္လီနဲ႔ ခ်ိတ္ဆက္ကစားႏိုင္စြမ္းဟာ ၂၀၂၂ ခုႏွစ္မွာ မန္စီးတီးကေန ေျပာင္းလာကတည္းက ေကာင္းမြန္ခဲ့ေပမယ့္လည္း ခံစစ္ပိုင္းကေတာ့ ေမးခြန္းထုတ္စရာအခ်ိဳ႕ ရွိေနဆဲျဖစ္ပါတယ္။ တင္းဘားနဲ႔ တိုမိယဆုတို႔ ၂ ဦးစလုံး ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ေနခ်ိန္မွာ ဇင္ခ်န္ကိုရဲ႕ ေနရာဟာ ပိုမိုလုံၿခဳံစိတ္ခ်ေနရေပမယ့္လည္း ယူကရိန္းေနာက္ခံလူနဲ႔ ဂါဘရီယဲလ္တို႔ၾကားက အခ်ိတ္အဆက္မမိမႈက အဖြင့္ဂိုးကို ေပးခဲ့ရေစတာျဖစ္ပါတယ္။ ၂ ဂိုးဂိုးမရွိနဲ႔ ရႈံးနိမ့္ေနမႈေၾကာင့္ အာတီတာဟာ ဇင္ခ်န္ကိုေနရာမွာ ရိစ္ နယ္လ္ဆင္ကို ထည့္သြင္းကစားခဲ့ၿပီး ေရရွည္အတြက္ဆိုရင္ စပိန္လူမ်ိဳးနည္းျပအေနနဲ႔ ယူကရိန္းေနာက္ခံလူကို ကြင္းလယ္ထားကစားၿပီး ခံစစ္ကို လူအင္အားျဖည့္တင္းဖို႔ အခ်ိန္က်ၿပီလို႔ ေတြးေကာင္း ေတြးေနေလာက္ပါၿပီ။
၃။ အသင္းေဟာင္းကို ျပန္ေျခာက္လွန႔္ခဲ့တဲ့ ဂရိေနာက္ခံလူ
အာဆင္ဝင္းဂါးရဲ႕ ေနာက္ဆုံး ကစားသမားေခၚယူမႈေတြထဲက တစ္ခုျဖစ္ခဲ့တဲ့ ဂရိေနာက္ခံလူဟာ အာတီတာလက္ေအာက္မွာ ဘယ္တုန္းကမွ ပုံမွန္ပြဲထြက္ခြင့္မရခဲ့ဘဲ ဂ်ာမနီမွာ အထင္ႀကီးဖြယ္ေျခစြမ္းျပခဲ့ၿပီးေနာက္ အေရွ႕လန္ဒန္ကို ေျပာင္းေ႐ႊ႕ခဲ့တာျဖစ္ပါတယ္။ စတုဂတ္ေနာက္ခံလူေဟာင္းဟာ စေနေန႔က မန္ယူႏိုက္တက္နဲ႔ပြဲမွာ စိတ္လႈပ္ရွားမႈေၾကာင့္ အမွားအခ်ိဳ႕ ျပဳလုပ္ခဲ့ေပမယ့္လည္း ဝက္စ္ဟမ္းရဲ႕ ပထမဆုံး ကလင္းရွစ္တ္ႏိုင္ပြဲမွာ ေအာင္ပြဲခံႏိုင္ခဲ့တာျဖစ္ပါတယ္။ မက္ဗ္႐ိုပါးေနာ့စ္ဟာ အာဆင္နယ္နဲ႔ပြဲစဥ္မွာ ပြဲထြက္ပါဝင္ကစားေပးခဲ့တာေၾကာင့္ ဒီကလန္ ႐ိုက္တစ္ဦးတည္းသာ အသင္းေဟာင္းနဲ႔ ျပန္ေတြ႕ဆုံရတာမဟုတ္ဘူးဆိုတဲ့ အဓိပၸာယ္ျဖစ္ခဲ့ၿပီး ဝက္စ္ဟမ္းအသင္းေခါင္းေဆာင္ေဟာင္းဟာ ကာရာေဘာင္းဖလားပြဲတုန္းကလည္း လူစားဝင္ကစားသမားအျဖစ္ တစ္ခါေတြ႕ဆုံခဲ့ဖူးပါတယ္။ ဒီတစ္ႀကိမ္မွာေတာ့ ပြဲထြက္ပါဝင္ကစားေပးခဲ့ၿပီး ဒုတိယပိုင္းအေစာပိုင္းမွာ ဒီကလန္ ႐ိုက္ဟာ ေခ်ပဂိုး သြင္းယူေပးဖို႔ နီးစပ္ခဲ့ေပမယ့္လည္း ဂိုးဘားတန္းေပၚ ေက်ာ္သြားခဲ့တာျဖစ္ပါတယ္။ သိပ္မၾကာမီမွာ မက္ဗ္႐ိုပါးေနာ့စ္ဟာ ေထာင့္ကန္ေဘာကေနတဆင့္ ေခါင္းတိုက္သြင္းယူသြားခဲ့ၿပီးေနာက္ ေအာင္ပြဲမခံဖို႔ ဆုံးျဖတ္ခဲ့ၿပီး ၎ကို အဂၤလန္ ေခၚယူခဲ့တဲ့ အသင္းေဟာင္းအေပၚမွာ ခ်စ္ျမတ္ႏိုးစိတ္က်န္ရွိေနေသးေၾကာင္း ျပသခဲ့တာျဖစ္ပါတယ္။
၄။ ေနရာအေျပာင္းအလဲမွာ ႐ုန္းကန္ခဲ့ရတဲ့ ထေရာ့ဆာ့ဒ္
ကိုင္ဟာဗတ္ဇ္ဟာ ဝက္စ္ဟမ္းနဲ႔ပြဲကို ပြဲပယ္ျပစ္ဒဏ္ေၾကာင့္ လြဲေခ်ာ္ခဲ့တဲ့အတြက္ ထေရာ့ဆာ့ဒ္ဟာ ပုံမွန္ကစားေနက် တိုက္စစ္ေနရာကေန ကြင္းလယ္မွာ ကစားခဲ့ရပါတယ္။ ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ဟာ စိတ္ပ်က္စရာ ပထမပိုင္း ၄၅ မိနစ္ကို ျဖတ္သန္းခဲ့ၿပီးေနာက္ အမ်ားစုဟာ စမစ္႐ိုးကို ပြဲထြက္ခြင့္ေပးခဲ့ရင္ပိုေကာင္းလိမ့္မယ္လို႔ ထင္ျမင္ခဲ့ၾကပါတယ္။ အာတီတာကေတာ့ အဲဒါကို သေဘာမတူခဲ့ပုံေပၚၿပီး နယ္လ္ဆင္နဲ႔ အန္ကီးတီးယားတို႔ကို ပထမဆုံး တၿပိဳင္နက္လူစားလဲလွယ္မႈအျဖစ္ မိတ္ဆက္ခဲ့ပါတယ္။ ထေရာ့ဆာ့ဒ္ဟာ တိုက္စစ္ေနရာလြတ္ေတြထဲကို လြတ္လြတ္လပ္လပ္ ေျပးဝင္ခြင့္ရခဲ့ၿပီး ဒုတိယပိုင္းမွာ အနီးကပ္ကန္ခ်က္နဲ႔ အာရီယိုလာကို စမ္းသပ္ခဲ့ပါတယ္။ ပရိသတ္ေတြ ျဖစ္ေစခ်င္ေနတဲ့ အေျပာင္းအလဲဟာ ေနာက္ဆုံးမွာေတာ့ ေရာက္ရွိလာခဲ့ၿပီး ပြဲကစားခ်ိန္ ၁၀ မိနစ္ေလာက္သာ က်န္ေတာ့တဲ့အခ်ိန္မွာ စမစ္ ႐ိုး လူစားဝင္ကစားခြင့္ရရွိခဲ့ေပမယ့္ အက်ိဳးသက္ေရာက္မႈျပသဖို႔ အခ်ိန္အနည္းငယ္သာရွိေတာ့တာျဖစ္ပါတယ္။ စမစ္ ႐ိုးဟာ ဂိုးေပါက္ကန္သြင္းမႈ တစ္ႀကိမ္ျပဳလုပ္ႏိုင္ခဲ့ေပမယ့္လည္း အာရီယိုလာက သက္ေတာင့္သက္သာ ကာကြယ္သြားခဲ့ၿပီး ေနာက္ထပ္တစ္ႀကိမ္ ကစားခြင့္ရတဲ့အခါက်ရင္ အခုထက္ပိုၿပီး အခ်ိန္ရဖို႔ အဂၤလန္ကြင္းလယ္ကစားသမားအေနနဲ႔ ေမွ်ာ္လင့္ေနမွာပါ။
၅။ ထိုးႏွက္ခ်က္ျဖစ္ခဲ့တဲ့ ဆုဖလားစိန္ေခၚမႈ
လီဗာပူးလ္ရဲ႕ ေဘာက္ဆင္ေဒးမွာ ဘန္ေလကို ၂-၀ နဲ႔ အႏိုင္ရရွိခဲ့မႈေၾကာင့္ အာဆင္နယ္အေနနဲ႔ ဇယားထိပ္ျပန္လည္တက္လွမ္းႏိုင္ဖို႔ ဒီပြဲကို အႏိုင္ကစားဖို႔ မျဖစ္မေန လိုအပ္မယ္ဆိုတာကို သိရွိခဲ့ပါတယ္။ အာတီတာရဲ႕အသင္းဟာ ပြဲအေစာပိုင္းမွာ ေဘာလုံးပိုင္ဆိုင္မႈကို လႊမ္းမိုးခ်ဳပ္ကိုင္ထားႏိုင္ခဲ့ေပမယ့္လည္း သြင္းဂိုးေတြရရွိဖို႔ အေရးတႀကီးလိုအပ္ေနတဲ့အသင္းတစ္သင္းပုံစံမေပၚခဲ့တာျဖစ္ပါတယ္။ ဝက္စ္ဟမ္းကေတာ့ ခံစစ္ကို ပိုမိုဆုတ္ကစားခဲ့ၿပီး အခြင့္အေရးေတြပိုမိုရရွိခဲ့တဲ့ အာဆင္နယ္တို႔ကေတာ့ အသုံးမခ်ႏိုင္ခဲ့ပါဘူး။ ဂန္းနားေတြဟာ ေနာက္လာမယ့္ပြဲစဥ္အျဖစ္ ဖူလ္ဟမ္အိမ္ကြင္းကို သြားေရာက္ၿပီး ေနာက္ထပ္လန္ဒန္ဒါဘီပြဲတစ္ပြဲကို ကစားသြားရမွာျဖစ္ၿပီး ဒီထက္ပိုမဆိုးလာေအာင္ ႏိုင္ပြဲနဲ႔ ခ်က္ခ်င္းတုံ႔ျပန္ဖို႔ လိုအပ္မွာပါ။
Arsenal Myanmar
Ref: Internet
- Posted In:
- Post Match Review