ရိစ် နယ်လ်ဆင်ကယ်တင်ခဲ့ပြီး စတုတ္ထအဆင့်တက်ခဲ့တဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာများ 1024 504 coyg

ရိစ် နယ်လ်ဆင်ကယ်တင်ခဲ့ပြီး စတုတ္ထအဆင့်တက်ခဲ့တဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာများ

အပြောင်းအလဲတွေ အများကြီး လုပ်ထားတဲ့ အာဆင်နယ်အသင်းဟာ ဗုဒ္ဓဟူးနေ့ညမှာ ရိစ် နယ်လ်ဆင်ရဲ့ အစောပိုင်း သွင်းဂိုးကြောင့် ဘရန့်တ်ဖို့ဒ်ကို အနိုင်ရပြီး ကာရာဘောင်းဖလား စတုတ္ထအဆင့်ကို တက်လှမ်းနိုငခဲ့ပါတယ်။

စပါးစ်နဲ့ကစားခဲ့တဲ့ မြောက်လန်ဒန်ဒါဘီပွဲစဉ် လူစာရင်းထဲက အပြောင်းအလဲ ၈ ခုမှာ တစ်ခုဖြစ်ခဲ့တဲ့ ရိစ် နယ်လ်ဆင်ဟာ ပထမပိုင်း ၈ မိနစ်မှာ ဇန်ကာရဲ့ နောက်ပြန်ပေးပို့မှုကို အန်ကီးတီးယားက ကြားဖြတ်ရယူ ဖန်တီးပေးပို့မှုကနေတဆင့် ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။

၁။ အင်္ဂလန်ရဲ့ နံပါတ် ၁

ဒေးဗစ် ရာယာက မိခင်ကလပ်အသင်းနဲ့ပွဲအတွက် ပွဲနေ့လူစာရင်းမှာ ပါဝင်လာခြင်းမရှိခဲ့ချိန်မှာ ရမ်းစ်ဒေးလ်က ဂန်းနားတွေရဲ့ ၃ ပွဲအထိ ပါဝင်ကစားပေးခွင့် မရခဲ့တဲ့နောက် ပွဲထွက်ပါဝင်ကစားခွင့်ရခဲ့ပြီး အာတီတာကလည်း ဘယ်ဂိုးသမားကိုမှ ပွဲထွက်ခွင့်အတွက်အာမမခံထားဘူးလို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ ရမ်းစ်ဒေးလ်ဟာ အင်္ဂလန်လက်ရွေးစင်အသင်းမှာလည်း ဂျော်ဒန် ပစ်ဖို့ဒ်ရဲ့နောက်မှာ ပွဲထွက်ခွင့်ရနေပေမယ့်လည်း ဂန်းနားပရိသတ်တွေကတော့ အင်္ဂလန်ရဲ့ နံပါတ် ၁ လို့ ကြွေးကြော်ခဲ့ကြပြီး အင်္ဂလန်ကြယ်ပွင့်ဟာ အမှားကင်းကင်းနဲ့ လက်စွမ်းပြသခဲ့တာကြောင့် အာတီတာအနေနဲ့ ပရီးမီးယားလိဂ်နဲ့ ချန်ပီယံလိဂ်ပွဲတွေအတွက် ပထမဦးစားပေးပွဲထွက်ဂိုးသမားကို စဉ်းစားရခက်တော့မှာ ဖြစ်ပါတယ်။

၂။ အာတီတာကို ခေါင်းကိုက်စေခဲ့တဲ့ ဟာဗတ်ဇ်

ကိုင် ဟာဗတ်ဇ်ကို အာတီတာက ကြီးမားတဲ့ ယုံကြည်မှု ပေးခဲ့ပေမယ့်လည်း ချဲလ်ဆီးကနေ ပြောင်းလာပြီးကတည်းက အကောင်းဆုံးပုံစံ မပြသနိုင်ခဲ့တာဖြစ်ပါတယ်။ အဲဗာတန်၊ စပါးစ်တို့နဲ့ပွဲမှာ လူစားဝင်ကစားသမားအဖြစ် သတ်မှတ်ခံခဲ့ရပြီးနောက် ဗုဒ္ဓဟူးနေ့ညမှာ ပွဲထွက်ကစားသမားအဖြစ် ပြန်လည်ပါဝင်ခွင့်ရခဲ့ပေမယ့်လည်း ဘရန့်တ်ဖို့ဒ်ရဲ့ ကျစ်လစ်တဲ့ ခံစစ်မျဉ်းကြားမှာ နေရာလွတ်ရှာတွေ့ဖို့ ရုန်းကန်ခဲ့ရသလို ဘယ်လို အရေးကြီးတဲ့ ပေးပို့မှုမျိုးမှလည်း မပြုလုပ်နိုင်ခဲ့ပါဘူး။ ပွဲကစားချိန် မိနစ် ၃၀ အကြာမှာ ပင်နယ်တီဧရိယာအစွန်ကနေ ကန်သွင်းခွင့်ရခဲ့ပေမယ့်လည်း ပိတ်ဆို့ခံခဲ့ရပြီး စမစ် ရိုးက ဂျီတက်ချ်ကွင်းမှာ ပိုမိုတောက်ပပြခဲ့တာဖြစ်ပါတယ်။ ကိုင် ဟာဗတ်ဇ်ဟာ အာဆင်နယ်အသင်းမှာ ဘယ်အခန်းကဏ္ဍကနေ ပါဝင်ကစားပေးရမလဲဆိုတာ သတ်သတ်မှတ်မှတ် မရှိသေးဘဲ ပရီးမီးယားလိဂ်မှာ ပွဲထွက်ခွင့်ပြန်ရဖို့အတွက် လုံလောက်တဲ့ခြေစွမ်းမပြသနိုင်ခဲ့ပြန်တာဖြစ်ပါတယ်။

၃။ အာတီတာအော်ဟစ်တာ ခံခဲ့ရပြီးမှ ညွှန်ကြားချက်အတိုင်း ကစားခဲ့တဲ့ ဘန် ဝှိုက်

ကြယ်ပွင့်နောက်ခံလူ ဝီလီယံ ဆာလီဘာမပါဝင်တဲ့ အာဆင်နယ်ရဲ့ ခံစစ်လူထုတ်ပုံဟာ အမြဲတမ်း စိတ်ဝင်စားစရာကောင်းခဲ့ပြီး ဘန် ဝှိုက်က ကစားနေကျ ညာတောင်ပံမှာ ဆက်လက်ကစားခွင့်ရခဲ့ချိန်မှာ တိုမီယဆုနဲ့ ဂါဘရီယဲလ်တို့က ဗဟိုခံစစ်မှာ ကစားခဲ့ကြတာဖြစ်ပါတယ်။ တိုမီယဆုနဲ့ ဝှိုက်တို့ဟာ သာမန်အားဖြင့် ၎င်းတို့ရဲ့ ဆန့်ကျင်ဘက်နေရာမှာ ကစားခဲ့တာကြောင့် အနည်းငယ် အံ့အားသင့်စရာဖြစ်ခဲ့ပေမယ့်လည်း အာတိတာက ဝှိုက်ကို နောက်ခံတောင်ပံနေရာမှာ ကာလရှည် ယုံကြည်မှု ပေးခဲ့တာဖြစ်ပါတယ်။ ဂန်းနားနည်းပြဟာ ပထမပိုင်းပွဲကစားချိန်တလျှောက်လုံး ဘရိုက်တန်နောက်ခံလူဟောင်းကို အော်ဟစ်နေခဲ့ပြီး နည်းပြခုံတန်းနဲ့ ဆန့်ကျင်ဘက်ကွင်းဘက်ခြမ်းမှာ ကစားနေပေမယ့်လည်း အာတီတာက လျင်မြန်တဲ့ ဘရန့်တ်ဖို့ဒ်ရဲ့ တန်ပြန်တိုက်စစ်မှာ နေရာယူပုံပျက်နေပြီး အန္တရာယ်ရှိတဲ့နေရာကနေ ကစားဖို့ ကြိုးစားနေတဲ့ ဝှိုက်ကို ဒေါသထွက်နေတာမြင်တွေ့ခဲ့ရပါတယ်။ ပွဲကစားချိန် နှောင်းပိုင်းမှာ အာတီတာက ဝှိုက်က ၎င်းရဲ့ ညွှန်ကြားချက်အတိုင်း လိုက်ကစားတဲ့အတွက် အသိအမှတ်ပြုကြောင်း ပြသတဲ့အနေနဲ့ လက်ခုပ်တီးပြီး နေရာမှာ ဆက်ပြီး အသားကျအောင် ကစားဖို့ အားပေးနေခဲ့ပါတယ်။

၄။ ဘရန့်တ်ဖို့ဒ် ဒဏ်ရာကို အမြစ်ဖြတ်ခဲ့တဲ့ အာဆင်နယ်

ဘရန့်တ်ဖို့ဒ်က ၂၀၂၁ ခုနှစ်မှာ ပရီးမီးယားလိဂ်ကို တန်းတက်လာပြီးနောက်ပိုင်း ဒီလန်ဒန်ပြိုင်ဘက် ၂ သင်းကြား ၅ ကြိမ်မြောက် တွေ့ဆုံမှုဖြစ်ခဲ့ပြီး ဂန်းနားတွေဟာ လွန်ခဲ့တဲ့ ၂၅ လတုန်းက ဆာဂျီ ကန်နို့စ်၊ ခရစ္စရှန် နောဂွါဒ်တို့ရဲ့ သွင်းဂိုးတွေကြောင့် ရှုံးနိမ့်ခဲ့ဖူးတာ ဖြစ်ပါတယ်။ ဂန်းနားတွေဟာ နောက်ပိုင်းမှာ ဘရန့်တ်ဖို့ဒ်ကို ကောင်းကောင်း ကိုင်တွယ်နိုင်ခဲ့ပြီး နောက်ဆုံး လိဂ် ၃ ပွဲမှာ ရှုံးပွဲမရှိခဲ့ဘဲ ပြီးခဲ့တဲ့ရာသီမှာ ၃ ဂိုးပြတ်နဲ့ သက်တောင့်သက်သာ နိုင်ပွဲရခဲ့တာဖြစ်ပါတယ်။ ဘရန့်တ်ဖို့ဒ်ရဲ့ အမ်းမရိတ်စ်မှာ သရေကျခဲ့မှုက ဆုဖလားစိန်ခေါ်နေတဲ့အသင်းတွေအတွက် ဘယ်လောက်အထိ ဒုက္ခပေးနိုင်လဲဆိုတာ သတိပေးမှုဖြစ်ခဲ့တာဖြစ်ပါတယ်။

၅။ လိဂ်ဖလား မှတ်တမ်းဆိုးကို ချေဖျက်ပြရမယ့် အာဆင်နယ်

အာဆင်နယ်ဟာ အင်္ဂလန်ရဲ့အအောင်မြင်ဆုံးအသင်းတွေထဲက တစ်သင်းဖြစ်ပေမယ့်လည်း လိဂ်ဖလားကို ၁၉၉၃ ခုနှစ်နောက်ပိုင်းကတည်းက အနိုင်မရခဲ့တာဖြစ်ပြီး ၂၀၀၇၊၂၀၁၁၊၂၀၁၈ တုန်းက ဗိုလ်လုပွဲတွေမှာ ရှုံးနိမ့်ခဲ့တာကြောင့် ဆယ်စုနှစ် ၃ခုကြာ အောင်မြင်မှုနဲ့ ဝေးကွာနေခဲ့တာဖြစ်ပါတယ်။ မြောက်လန်ဒန်ကလပ်ဟာ အသင်းသမိုင်းတလျှောက် လိဂ်ဖလားကို ၂ ကြိမ် ကိုင်မြှောက်နိုင်ခဲ့ပေမယ့်လည်း အာဆင်ဝင်းဂါးလက်ထက်မှာ တစ်ခါမှ မရခဲ့ဖူးဘဲ အာတီတာကတော့ ပြီးခဲ့တဲ့ ၂ ရာသီလောက်က ဆီမီးဖိုင်နယ်အဆင့်အထိ တက်ရောက်နိုင်အောင် စွမ်းဆောင်ပေးနိုင်ခဲ့ပြီး လီဗာပူးလ်နဲ့ ရင်ဆိုင်ခဲ့ရတာဖြစ်ပါတယ်။ ပရီးမီးယားလိဂ်ချန်ပီယံ မန်စီးတီးဟာ နယူးကာဆယ်ကို ရှုံးနိမ့်ပြီး ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရသလို အခြားအင်အားကြီးအသင်းအချို့လည်း နှုတ်ဆက်ခဲ့ပြီဖြစ်တာကြောင့် ဒီတစ်ကြိမ်ဟာ ဂန်းနားတွေအတွက် လိဂ်ဖလား မှတ်တမ်းဆိုးကို ချေဖျက်ပြဖို့ အခွင့်အရေးဖြစ်လာပြီဖြစ်ပါတယ်။

၆။ ဂန်းနားတွေအတွက် ပွဲ ၁၀၀ မြောက် ပါဝင်ကစားပေးခဲ့တဲ့ စမစ် ရိုး

ဟေးအမ်း အကယ်ဒမီကနေ ထွက်ပေါ်လာခဲ့တဲ့ စမစ် ရိုးဟာ ၂၀၁၉-၂၀၂၀ အာတီတာရဲ့ပထမဆုံးရာသီမှာ ပထမအသင်းမှာ သိသိသာသာပါဝင်ခွင့်ရခဲ့ပြီး အရေးကြီးတဲ့ရလဒ်တွေ ရယူနိုင်ဖို့ ကူညီရာမှာ အဓိကကျတဲ့အခန်းကဏ္ဍကနေ ပါဝင်ကစားပေးခဲ့ပါတယ်။ အသက် ၂၃ နှစ်အရွယ် ကွင်းလယ်ကြယ်ပွင့်ဟာ ဒဏ်ရာပြဿနာတွေကြောင့် ရုန်းကန်ခဲ့ရတဲ့အတွက် ပထမအသင်းမှာ တစ်နေရာ အခိုင်အမာ ရရှိခဲ့ခြင်းမရှိဘဲ ဗုဒ္ဓဟူးနေ့ညမှာ အသင်းအတွက် ပွဲ ၁၀၀ ပြည့်ပွဲစဉ်အဖြစ် ပါဝင်ကစားပေးခဲ့ပြီး အသင်းနဲ့အတူ ဒီထက်ပိုမိုမြင့်မားတဲ့ အောင်မြင်မှုတွေ ရယူဖို့ မျှော်လင့်နေမှာ ဖြစ်ပါတယ်။

၇။ နယ်လ်ဆင်ကြောင့် စောစောစီးစီး ဦးဆောင်နိုင်ခဲ့တဲ့ အာဆင်နယ်

တော်တော်လေး အပြောင်းအလဲလုပ်ထားတဲ့အသင်းကို ခင်ကျင်းခဲ့တဲ့ အာတီတာအတွက် ကစားသမားတွေအနေနဲ့ အပြုသဘောဆောင်တဲ့ တုံ့ပြန်မှုနဲ့ အားကောင်းတဲ့စတင်မှု ပြုလုပ်နိုင်ဖို့ လိုအပ်ခဲ့ပါတယ်။ တိုက်စစ်မှူး အန်ကီးတီးယားနဲ့ ရိစ် နယ်လ်ဆင်တို့ဟာ ပထမပိုင်း ၈ မိနစ်မှာပဲ အလွန်ကောင်းမွန်တဲ့ပေါင်းစပ်မှုနဲ့ အဖွင့်ဂိုးကို သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ အန်ကီးတီးယားဟာ ဘရန့်တ်ဖို့ဒ် နောက်ခံလူ ဇန်ကာရဲ့ နောက်ပြန်ပေးခဲ့တဲ့ ဘောလုံးကို ကြားဖြတ်ရယူခဲ့ပြီး နယ်လ်ဆင်ကို ခင်းပေးခဲ့ရာမှာ အာဆင်နယ်တောင်ပံကြယ်ပွင့်က မာ့ခ် ဖလက်ကန် ဘယ်လိုမှ မကာကွယ်နိုင်အောင် တည်တည်ငြိမ်ငြိမ်နဲ့ သွင်းယူသွားခဲ့တာဖြစ်ပါတယ်။

၈။ စတုတ္ထအဆင့်မှာ နောက်ထပ်လန်ဒန်ပြိုင်ဘက်နဲ့ ရင်ဆိုင်ရမယ့် အာငဆ်နယ်

ဘရန့်တ်ဖို့ဒ်ကို ၁-၀ နဲ့ အနိုင်ရရှိခဲ့တဲ့ အာဆင်နယ်ဟာ ကာရာဘောင်း စတုတ္ထအဆင့်ပွဲစဉ်အဖြစ် ဝက်စ်ဟမ်းအိမ်ကွင်းကို သွားရောက်ယှဉ်ပြိုင်ရမှာဖြစ်ပြီး ဒေးဗစ် မွိုက်စ်ရဲ့အသင်းကလည်း လင်ကွန်းစီးတီးကို တိုမက်စ် ဆူးချက်ရဲ့ မိနစ် ၇၀ သွင်းဂိုးကြောင့် ကျဉ်းမြောင်းတဲ့နိုင်ပွဲ ရရှိခဲ့တာဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: အေျပာင္းအလဲေတြ အမ်ားႀကီး လုပ္ထားတဲ့ အာဆင္နယ္အသင္းဟာ ဗုဒၶဟူးေန႔ညမွာ ရိစ္ နယ္လ္ဆင္ရဲ႕ အေစာပိုင္း သြင္းဂိုးေၾကာင့္ ဘရန႔္တ္ဖို႔ဒ္ကို အႏိုင္ရၿပီး ကာရာေဘာင္းဖလား စတုတၳအဆင့္ကို တက္လွမ္းႏိုငခဲ့ပါတယ္။

စပါးစ္နဲ႔ကစားခဲ့တဲ့ ေျမာက္လန္ဒန္ဒါဘီပြဲစဥ္ လူစာရင္းထဲက အေျပာင္းအလဲ ၈ ခုမွာ တစ္ခုျဖစ္ခဲ့တဲ့ ရိစ္ နယ္လ္ဆင္ဟာ ပထမပိုင္း ၈ မိနစ္မွာ ဇန္ကာရဲ႕ ေနာက္ျပန္ေပးပို႔မႈကို အန္ကီးတီးယားက ၾကားျဖတ္ရယူ ဖန္တီးေပးပို႔မႈကေနတဆင့္ ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။

၁။ အဂၤလန္ရဲ႕ နံပါတ္ ၁

ေဒးဗစ္ ရာယာက မိခင္ကလပ္အသင္းနဲ႔ပြဲအတြက္ ပြဲေန႔လူစာရင္းမွာ ပါဝင္လာျခင္းမရွိခဲ့ခ်ိန္မွာ ရမ္းစ္ေဒးလ္က ဂန္းနားေတြရဲ႕ ၃ ပြဲအထိ ပါဝင္ကစားေပးခြင့္ မရခဲ့တဲ့ေနာက္ ပြဲထြက္ပါဝင္ကစားခြင့္ရခဲ့ၿပီး အာတီတာကလည္း ဘယ္ဂိုးသမားကိုမွ ပြဲထြက္ခြင့္အတြက္အာမမခံထားဘူးလို႔ ေျပာဆိုခဲ့တာျဖစ္ပါတယ္။ ရမ္းစ္ေဒးလ္ဟာ အဂၤလန္လက္ေ႐ြးစင္အသင္းမွာလည္း ေဂ်ာ္ဒန္ ပစ္ဖို႔ဒ္ရဲ႕ေနာက္မွာ ပြဲထြက္ခြင့္ရေနေပမယ့္လည္း ဂန္းနားပရိသတ္ေတြကေတာ့ အဂၤလန္ရဲ႕ နံပါတ္ ၁ လို႔ ေႂကြးေၾကာ္ခဲ့ၾကၿပီး အဂၤလန္ၾကယ္ပြင့္ဟာ အမွားကင္းကင္းနဲ႔ လက္စြမ္းျပသခဲ့တာေၾကာင့္ အာတီတာအေနနဲ႔ ပရီးမီးယားလိဂ္နဲ႔ ခ်န္ပီယံလိဂ္ပြဲေတြအတြက္ ပထမဦးစားေပးပြဲထြက္ဂိုးသမားကို စဥ္းစားရခက္ေတာ့မွာ ျဖစ္ပါတယ္။

၂။ အာတီတာကို ေခါင္းကိုက္ေစခဲ့တဲ့ ဟာဗတ္ဇ္

ကိုင္ ဟာဗတ္ဇ္ကို အာတီတာက ႀကီးမားတဲ့ ယုံၾကည္မႈ ေပးခဲ့ေပမယ့္လည္း ခ်ဲလ္ဆီးကေန ေျပာင္းလာၿပီးကတည္းက အေကာင္းဆုံးပုံစံ မျပသႏိုင္ခဲ့တာျဖစ္ပါတယ္။ အဲဗာတန္၊ စပါးစ္တို႔နဲ႔ပြဲမွာ လူစားဝင္ကစားသမားအျဖစ္ သတ္မွတ္ခံခဲ့ရၿပီးေနာက္ ဗုဒၶဟူးေန႔ညမွာ ပြဲထြက္ကစားသမားအျဖစ္ ျပန္လည္ပါဝင္ခြင့္ရခဲ့ေပမယ့္လည္း ဘရန႔္တ္ဖို႔ဒ္ရဲ႕ က်စ္လစ္တဲ့ ခံစစ္မ်ဥ္းၾကားမွာ ေနရာလြတ္ရွာေတြ႕ဖို႔ ႐ုန္းကန္ခဲ့ရသလို ဘယ္လို အေရးႀကီးတဲ့ ေပးပို႔မႈမ်ိဳးမွလည္း မျပဳလုပ္ႏိုင္ခဲ့ပါဘူး။ ပြဲကစားခ်ိန္ မိနစ္ ၃၀ အၾကာမွာ ပင္နယ္တီဧရိယာအစြန္ကေန ကန္သြင္းခြင့္ရခဲ့ေပမယ့္လည္း ပိတ္ဆို႔ခံခဲ့ရၿပီး စမစ္ ႐ိုးက ဂ်ီတက္ခ်္ကြင္းမွာ ပိုမိုေတာက္ပျပခဲ့တာျဖစ္ပါတယ္။ ကိုင္ ဟာဗတ္ဇ္ဟာ အာဆင္နယ္အသင္းမွာ ဘယ္အခန္းက႑ကေန ပါဝင္ကစားေပးရမလဲဆိုတာ သတ္သတ္မွတ္မွတ္ မရွိေသးဘဲ ပရီးမီးယားလိဂ္မွာ ပြဲထြက္ခြင့္ျပန္ရဖို႔အတြက္ လုံေလာက္တဲ့ေျခစြမ္းမျပသႏိုင္ခဲ့ျပန္တာျဖစ္ပါတယ္။

၃။ အာတီတာေအာ္ဟစ္တာ ခံခဲ့ရၿပီးမွ ၫႊန္ၾကားခ်က္အတိုင္း ကစားခဲ့တဲ့ ဘန္ ဝႈိက္

ၾကယ္ပြင့္ေနာက္ခံလူ ဝီလီယံ ဆာလီဘာမပါဝင္တဲ့ အာဆင္နယ္ရဲ႕ ခံစစ္လူထုတ္ပုံဟာ အၿမဲတမ္း စိတ္ဝင္စားစရာေကာင္းခဲ့ၿပီး ဘန္ ဝႈိက္က ကစားေနက် ညာေတာင္ပံမွာ ဆက္လက္ကစားခြင့္ရခဲ့ခ်ိန္မွာ တိုမီယဆုနဲ႔ ဂါဘရီယဲလ္တို႔က ဗဟိုခံစစ္မွာ ကစားခဲ့ၾကတာျဖစ္ပါတယ္။ တိုမီယဆုနဲ႔ ဝႈိက္တို႔ဟာ သာမန္အားျဖင့္ ၎တို႔ရဲ႕ ဆန႔္က်င္ဘက္ေနရာမွာ ကစားခဲ့တာေၾကာင့္ အနည္းငယ္ အံ့အားသင့္စရာျဖစ္ခဲ့ေပမယ့္လည္း အာတိတာက ဝႈိက္ကို ေနာက္ခံေတာင္ပံေနရာမွာ ကာလရွည္ ယုံၾကည္မႈ ေပးခဲ့တာျဖစ္ပါတယ္။ ဂန္းနားနည္းျပဟာ ပထမပိုင္းပြဲကစားခ်ိန္တေလွ်ာက္လုံး ဘ႐ိုက္တန္ေနာက္ခံလူေဟာင္းကို ေအာ္ဟစ္ေနခဲ့ၿပီး နည္းျပခုံတန္းနဲ႔ ဆန႔္က်င္ဘက္ကြင္းဘက္ျခမ္းမွာ ကစားေနေပမယ့္လည္း အာတီတာက လ်င္ျမန္တဲ့ ဘရန႔္တ္ဖို႔ဒ္ရဲ႕ တန္ျပန္တိုက္စစ္မွာ ေနရာယူပုံပ်က္ေနၿပီး အႏၲရာယ္ရွိတဲ့ေနရာကေန ကစားဖို႔ ႀကိဳးစားေနတဲ့ ဝႈိက္ကို ေဒါသထြက္ေနတာျမင္ေတြ႕ခဲ့ရပါတယ္။ ပြဲကစားခ်ိန္ ေႏွာင္းပိုင္းမွာ အာတီတာက ဝႈိက္က ၎ရဲ႕ ၫႊန္ၾကားခ်က္အတိုင္း လိုက္ကစားတဲ့အတြက္ အသိအမွတ္ျပဳေၾကာင္း ျပသတဲ့အေနနဲ႔ လက္ခုပ္တီးၿပီး ေနရာမွာ ဆက္ၿပီး အသားက်ေအာင္ ကစားဖို႔ အားေပးေနခဲ့ပါတယ္။

၄။ ဘရန႔္တ္ဖို႔ဒ္ ဒဏ္ရာကို အျမစ္ျဖတ္ခဲ့တဲ့ အာဆင္နယ္

ဘရန႔္တ္ဖို႔ဒ္က ၂၀၂၁ ခုႏွစ္မွာ ပရီးမီးယားလိဂ္ကို တန္းတက္လာၿပီးေနာက္ပိုင္း ဒီလန္ဒန္ၿပိဳင္ဘက္ ၂ သင္းၾကား ၅ ႀကိမ္ေျမာက္ ေတြ႕ဆုံမႈျဖစ္ခဲ့ၿပီး ဂန္းနားေတြဟာ လြန္ခဲ့တဲ့ ၂၅ လတုန္းက ဆာဂ်ီ ကန္ႏို႔စ္၊ ခရစၥရွန္ ေနာဂြါဒ္တို႔ရဲ႕ သြင္းဂိုးေတြေၾကာင့္ ရႈံးနိမ့္ခဲ့ဖူးတာ ျဖစ္ပါတယ္။ ဂန္းနားေတြဟာ ေနာက္ပိုင္းမွာ ဘရန႔္တ္ဖို႔ဒ္ကို ေကာင္းေကာင္း ကိုင္တြယ္ႏိုင္ခဲ့ၿပီး ေနာက္ဆုံး လိဂ္ ၃ ပြဲမွာ ရႈံးပြဲမရွိခဲ့ဘဲ ၿပီးခဲ့တဲ့ရာသီမွာ ၃ ဂိုးျပတ္နဲ႔ သက္ေတာင့္သက္သာ ႏိုင္ပြဲရခဲ့တာျဖစ္ပါတယ္။ ဘရန႔္တ္ဖို႔ဒ္ရဲ႕ အမ္းမရိတ္စ္မွာ သေရက်ခဲ့မႈက ဆုဖလားစိန္ေခၚေနတဲ့အသင္းေတြအတြက္ ဘယ္ေလာက္အထိ ဒုကၡေပးႏိုင္လဲဆိုတာ သတိေပးမႈျဖစ္ခဲ့တာျဖစ္ပါတယ္။

၅။ လိဂ္ဖလား မွတ္တမ္းဆိုးကို ေခ်ဖ်က္ျပရမယ့္ အာဆင္နယ္

အာဆင္နယ္ဟာ အဂၤလန္ရဲ႕အေအာင္ျမင္ဆုံးအသင္းေတြထဲက တစ္သင္းျဖစ္ေပမယ့္လည္း လိဂ္ဖလားကို ၁၉၉၃ ခုႏွစ္ေနာက္ပိုင္းကတည္းက အႏိုင္မရခဲ့တာျဖစ္ၿပီး ၂၀၀၇၊၂၀၁၁၊၂၀၁၈ တုန္းက ဗိုလ္လုပြဲေတြမွာ ရႈံးနိမ့္ခဲ့တာေၾကာင့္ ဆယ္စုႏွစ္ ၃ခုၾကာ ေအာင္ျမင္မႈနဲ႔ ေဝးကြာေနခဲ့တာျဖစ္ပါတယ္။ ေျမာက္လန္ဒန္ကလပ္ဟာ အသင္းသမိုင္းတေလွ်ာက္ လိဂ္ဖလားကို ၂ ႀကိမ္ ကိုင္ေျမႇာက္ႏိုင္ခဲ့ေပမယ့္လည္း အာဆင္ဝင္းဂါးလက္ထက္မွာ တစ္ခါမွ မရခဲ့ဖူးဘဲ အာတီတာကေတာ့ ၿပီးခဲ့တဲ့ ၂ ရာသီေလာက္က ဆီမီးဖိုင္နယ္အဆင့္အထိ တက္ေရာက္ႏိုင္ေအာင္ စြမ္းေဆာင္ေပးႏိုင္ခဲ့ၿပီး လီဗာပူးလ္နဲ႔ ရင္ဆိုင္ခဲ့ရတာျဖစ္ပါတယ္။ ပရီးမီးယားလိဂ္ခ်န္ပီယံ မန္စီးတီးဟာ နယူးကာဆယ္ကို ရႈံးနိမ့္ၿပီး ၿပိဳင္ပြဲကေန ထြက္ခြာခဲ့ရသလို အျခားအင္အားႀကီးအသင္းအခ်ိဳ႕လည္း ႏႈတ္ဆက္ခဲ့ၿပီျဖစ္တာေၾကာင့္ ဒီတစ္ႀကိမ္ဟာ ဂန္းနားေတြအတြက္ လိဂ္ဖလား မွတ္တမ္းဆိုးကို ေခ်ဖ်က္ျပဖို႔ အခြင့္အေရးျဖစ္လာၿပီျဖစ္ပါတယ္။

၆။ ဂန္းနားေတြအတြက္ ပြဲ ၁၀၀ ေျမာက္ ပါဝင္ကစားေပးခဲ့တဲ့ စမစ္ ႐ိုး

ေဟးအမ္း အကယ္ဒမီကေန ထြက္ေပၚလာခဲ့တဲ့ စမစ္ ႐ိုးဟာ ၂၀၁၉-၂၀၂၀ အာတီတာရဲ႕ပထမဆုံးရာသီမွာ ပထမအသင္းမွာ သိသိသာသာပါဝင္ခြင့္ရခဲ့ၿပီး အေရးႀကီးတဲ့ရလဒ္ေတြ ရယူႏိုင္ဖို႔ ကူညီရာမွာ အဓိကက်တဲ့အခန္းက႑ကေန ပါဝင္ကစားေပးခဲ့ပါတယ္။ အသက္ ၂၃ ႏွစ္အ႐ြယ္ ကြင္းလယ္ၾကယ္ပြင့္ဟာ ဒဏ္ရာျပႆနာေတြေၾကာင့္ ႐ုန္းကန္ခဲ့ရတဲ့အတြက္ ပထမအသင္းမွာ တစ္ေနရာ အခိုင္အမာ ရရွိခဲ့ျခင္းမရွိဘဲ ဗုဒၶဟူးေန႔ညမွာ အသင္းအတြက္ ပြဲ ၁၀၀ ျပည့္ပြဲစဥ္အျဖစ္ ပါဝင္ကစားေပးခဲ့ၿပီး အသင္းနဲ႔အတူ ဒီထက္ပိုမိုျမင့္မားတဲ့ ေအာင္ျမင္မႈေတြ ရယူဖို႔ ေမွ်ာ္လင့္ေနမွာ ျဖစ္ပါတယ္။

၇။ နယ္လ္ဆင္ေၾကာင့္ ေစာေစာစီးစီး ဦးေဆာင္ႏိုင္ခဲ့တဲ့ အာဆင္နယ္

ေတာ္ေတာ္ေလး အေျပာင္းအလဲလုပ္ထားတဲ့အသင္းကို ခင္က်င္းခဲ့တဲ့ အာတီတာအတြက္ ကစားသမားေတြအေနနဲ႔ အျပဳသေဘာေဆာင္တဲ့ တုံ႔ျပန္မႈနဲ႔ အားေကာင္းတဲ့စတင္မႈ ျပဳလုပ္ႏိုင္ဖို႔ လိုအပ္ခဲ့ပါတယ္။ တိုက္စစ္မႉး အန္ကီးတီးယားနဲ႔ ရိစ္ နယ္လ္ဆင္တို႔ဟာ ပထမပိုင္း ၈ မိနစ္မွာပဲ အလြန္ေကာင္းမြန္တဲ့ေပါင္းစပ္မႈနဲ႔ အဖြင့္ဂိုးကို သြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ အန္ကီးတီးယားဟာ ဘရန႔္တ္ဖို႔ဒ္ ေနာက္ခံလူ ဇန္ကာရဲ႕ ေနာက္ျပန္ေပးခဲ့တဲ့ ေဘာလုံးကို ၾကားျဖတ္ရယူခဲ့ၿပီး နယ္လ္ဆင္ကို ခင္းေပးခဲ့ရာမွာ အာဆင္နယ္ေတာင္ပံၾကယ္ပြင့္က မာ့ခ္ ဖလက္ကန္ ဘယ္လိုမွ မကာကြယ္ႏိုင္ေအာင္ တည္တည္ၿငိမ္ၿငိမ္နဲ႔ သြင္းယူသြားခဲ့တာျဖစ္ပါတယ္။

၈။ စတုတၳအဆင့္မွာ ေနာက္ထပ္လန္ဒန္ၿပိဳင္ဘက္နဲ႔ ရင္ဆိုင္ရမယ့္ အာငဆ္နယ္

ဘရန႔္တ္ဖို႔ဒ္ကို ၁-၀ နဲ႔ အႏိုင္ရရွိခဲ့တဲ့ အာဆင္နယ္ဟာ ကာရာေဘာင္း စတုတၳအဆင့္ပြဲစဥ္အျဖစ္ ဝက္စ္ဟမ္းအိမ္ကြင္းကို သြားေရာက္ယွဥ္ၿပိဳင္ရမွာျဖစ္ၿပီး ေဒးဗစ္ မြိဳက္စ္ရဲ႕အသင္းကလည္း လင္ကြန္းစီးတီးကို တိုမက္စ္ ဆူးခ်က္ရဲ႕ မိနစ္ ၇၀ သြင္းဂိုးေၾကာင့္ က်ဥ္းေျမာင္းတဲ့ႏိုင္ပြဲ ရရွိခဲ့တာျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet