ရာယာကြောင့် ရှုံးပွဲမရှိစံချိန်ကျိုးတဲ့ လွန်းစ်နဲ့ပွဲက မှတ်မှတ်ရရ ပြန်ပြောစရာအချက်များ
အာဆင်နယ်ရဲ့ ယခုရာသီ ရှုံးပွဲမရှိ စံချိန်ဟာ အင်္ဂါနေ့ည လွန်းစ်ကို ချန်ပီယံလိဂ်မှာ ၂-၁ နဲ့ ရှုံးနိမ့်ခဲ့မှုနဲ့အတူ အဆုံးသတ်သွားခဲ့ပြီဖြစ်ပါတယ်။
ဂါဘရီယဲလ် ဂျေးဇုဟာ ပထမပိုင်း ၁၅ မိနစ်မပြည့်ခင်မှာပဲ အလွန်ကောင်းမွန်တဲ့ အဆုံးသတ်နဲ့အတူ ပြီးပြည့်စုံတဲ့ စတင်မှုကို ပြုလုပ်ပေးခဲ့ပေမယ့်လည်း ဂန်းနားတွေဟာ နောက်ထပ် ၁၀ မိနစ်အကြာမှာပဲ အက်ဒရီယန် သောမတ်ဆန်ရဲ့ ချေပဂိုးကို ခွင့်ပြုခဲ့ရတာဖြစ်ပါတယ်။
ဘူကာယို ဆာကာဟာ နောက်ထပ် ဒဏ်ရာရရှိသွားခဲ့တာကြောင့် လူစားလဲခဲ့ရချိန်မှာ ဂန်းနားတွေအတွက် အရာအားလုံးက ပိုပြီး ဆိုးရွားသွားခဲ့ပြီး အယ်လီ ဝါဟီက အလွန်ကောင်းမွန်တဲ့ အဆုံးသတ်မှုနဲ့အတူ အာတီတာရဲ့အသင်းကို ရှုံးပွဲနဲ့ ရင်ဆိုင်ခဲ့ရစေတာဖြစ်ပါတယ်။
၁။ ၂ ပွဲကစား ၂ ဂိုးသွင်းတဲ့ ဂျေးဇု
မန်စီးတီးကြယ်ပွင့်ဟောင်း ဂါဘရီယဲလ် ဂျေးဇုဟာ အာဆင်နယ်လူစာရင်းထဲမှာ ချန်ပီယံလိဂ်အတွေ့အကြုံအရင့်ဆုံးကစားသမားဖြစ်ပြီး ပီအက်စ်ဗွီနဲ့ပွဲမှာ ဂိုးသွင်းနိုင်ခဲ့သလို လွန်းစ်နဲ့ပွဲမှာလည်း ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ ဆာကာက ဘောလုံးပိုင်ဆိုင်မှုရယူပြီး ခင်းပေးခဲ့ပြီးနောက် ဂျေးဇုက ညာခြေနဲ့ ဘရိုက်စ် ဆမ်ဘာရဲ့ ဂိုးဘယ်ဖက်ထောင့်ကို အနိမ့်ဘော ကန်သွင်းယူနိုင်ခဲ့တာကြောင့် ဘရာဇီးလ်ကြယ်ပွင့်ရဲ့ ချန်ပီယံလိဂ်ပြိုင်ပွဲက အလွန်ကောင်းမွန်တဲ့စံချိန်ကို တိုးမြှင့်နိုင်ခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာတော့ ဂျေးဇုဟာ ချန်ပီယံလိဂ်မှာ နောက်ဆုံးကစားခဲ့တဲ့ ၁၆ ပွဲမှာ ၁၆ ဂိုးအထိ ပါဝင်ပတ်သက်နိုင်ခဲ့ပြီဖြစ်ပြီး အာဆင်နယ်သာ ဥရောပမှာ ပုံစံကောင်း ဆက်လက် ပြသချင်တယ်ဆိုရင် ဘရာဇီးလ်ကြယ်ပွင့်က ဂန်းနားတွေရဲ့ အဓိကသော့ချက်ဆိုတာ သံသယဖြစ်စရာမရှိပါဘူး။
၂။ ရာယာရဲ့ အမှားကြောင့် ဒုက္ခရောက်ခဲ့တဲ့ ဂန်းနားများ
မီခေးလ် အာတီတာရဲ့ ဒေးဗစ် ရာယာကို အာဆင်နယ်ရဲ့ ကျောနံပါတ် ၁ အဖြစ် အသုံးပြုဖို့ ဆုံးဖြတ်ချက်ဟာ လွန်းစ်နဲ့ပွဲမတိုင်ခင်အထိ မှန်ကန်တဲ့ ဆုံးဖြတ်ချက်တစ်ခုဖြစ်ခဲ့ပုံပေါ်ပေမယ့်လည်း လွန်းစ်ရဲ့ ချေပဂိုးမှာ စပိန်ဂိုးသမားက အများဆုံးအပြစ်တင်ရမယ့်သူဆိုတာ သံသယဖြစ်စရာမရှိပါဘူး။ ရာယာရဲ့ ဆိုးရွားတဲ့ ရှင်းထုတ်မှုကြောင့် အယ်လီ ဝါဟီက သောမတ်ဆန်ကို ဘောလုံးပေးပို့နိုင်ခဲ့ပြီး ပြင်သစ်ကစားသမားက အာဆင်နယ်ဂိုးသမား လက်လှမ်းမမီတဲ့နေရာကို ဝိုက်ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။ ရာယာရဲ့ အမှားဟာ ယခုအပတ် မန်စီးတီးနဲ့ ကစားရမယ့်ပွဲစဉ်အတွက် ပွဲထွက်ခွင့်ကို ထိခိုက်စေဖွယ်မရှိပေမယ့်လည်း အာတီတာက စပိန်ဂိုးသမားအနေနဲ့ အရေးကြီးတဲ့ပွဲစဉ်မတိုင်ခင် ဘယ်လိုအမှားမျိုးမှ မလုပ်ဖို့ မျှော်လင့်ခဲ့မှာဖြစ်ပါတယ်။
၃။ ပထမပိုင်းမှာ အကောင်းအဆိုး ရောထွေးခဲ့တဲ့ ဆာကာ
အာဆင်နယ်ပရိသတ်တိုင်းက ဆာကာကို ဂိုးဖန်တီးတာနဲ့ ဂိုးသွင်းယူတာကို မြင်တွေ့ချင်ကြမှာဖြစ်ပြီး ဒဏ်ရာကြောင့် လူစားလဲခံရတာကိုတော့ မမြင်ချင်ကြမှာ အသေအချာပဲဖြစ်ပါတယ်။ ဒါပေမယ့် အဲဒီအရာ ၂ ခုစလုံးက လွန်းစ်နဲ့ပွဲမှာ ဖြစ်ပျက်ခဲ့ပြီး ဆာကာဟာ ဂါဘရီယဲလ် ဂျေးဇုရဲ့ ဦးဆောင်ဂိုးကို ဖန်တီးပေးခဲ့ပြီးနောက် ယခုရာသီ ဥရောပထိပ်တန်းလိဂ် ၅ ခုအတွင်း သွင်းဂိုး ၅ ဂိုးနဲ့ ဂိုးဖန်တီးမှု ၅ ကြိမ်အထိ ပြုလုပ်နိုင်တဲ့ ပထမဆုံးကစားသမားဖြစ်လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဆာကာဟာ ၃၄ မိနစ်မှာ မြက်ခင်းပေါ် လဲကျသွားခဲ့ပြီးနောက် ကုသမှု ခံယူခဲ့ရပြီး ဖေဘီယို ဗီယာရာနဲ့ လူစားလဲလှယ်ခြင်းခံခဲ့ရပါတယ်။ အာတီတာအနေနဲ့ ဆာကာရဲ့ ဒဏ်ရာမပြင်းထန်ဖို့ မျှော်လင့်နေမှာဖြစ်ပြီး အထူးသဖြင့် စပါးစ်၊ ဘုန်းမောက်တို့နဲ့ပွဲစဉ်မှာ ဒဏ်ရာကြောင့် လူစားလဲခဲ့ရပြီးနောက် အင်္ဂလန်ကြယ်ပွင့်ရဲ့ ကြံ့ခိုင်မှုအတွက် တစ်နေ့တခြား ပိုပြီး စိုးရိမ်စရာကောင်းလာနေတာဖြစ်ပါတယ်။
၄။ ရုန်းကန်ခဲ့ရတဲ့ ထရော့ဆာ့ဒ်
ဆန့်ကျင်ဘက် တောင်ပံဘက်ခြမ်းမှာတော့ ဘယ်လ်ဂျီယမ် တောင်ပံကြယ်ပွင့် လီအန်ဒရို ထရော့ဆာ့ဒ်ဟာ အရမ်းစိတ်ပျက်စရာကောင်းတဲ့ ညနေကို ရင်ဆိုင်ခဲ့ရပြီး ဘရိုက်တန်ကြယ်ပွင့်ဟောင်းဟာ ပွဲထွက်လူစာရင်းမှာ တစ်နေရာပေးခြင်းခံခဲ့ရပြီးနောက် အများစုက အလွန်ကောင်းမွန်တဲ့ပုံစံကောင်းကို ဆက်လက်ပြသနိုင်မယ်လို့ မျှော်လင့်ခဲ့မှာ ဖြစ်ပါတယ်။ ထရော့ဆာ့ဒ်ဟာ ဒေဗာ မာချာဒိုနဲ့ ရင်ဆိုင်ကစားရမှာ ကျော်ဖြတ်နိုင်ဖို့ ရုန်းကန်ခဲ့ရပြီး အချို့ကတော့ တစ်သင်းလုံးရဲ့ တိုက်စစ်က စိတ်ပျက်စရာကောင်းခဲ့ချိန်မှာ တစ်ဦးချင်းကို အပြစ်တင်တာ မမျှတဘူးလို့ ပြောကြမှာဖြစ်ပေမယ့်လည်း ဘရိုက်တန်ကြယ်ပွင့်ဟောင်းဆီကနေ မျှော်လင့်ထားတဲ့ ခြေစွမ်းမျိုးတော့ မမြင်တွေ့ခဲ့ရတာ အမှန်ပါပဲ။
၅။ ဂန်းနားတွေကို မင်သက်စေခဲ့တဲ့ ဝါဟီ
ဒီပွဲစဉ်က ခြေစွမ်းအရဆိုရင် ပရီးမီးယားလိဂ်ကလပ်တွေက ယခုနွေရာသီမှာ အယ်လီ ဝါဟီကို ခေါ်ယူဖို့ စိတ်ဝင်စားခဲ့ကြတာ အထူးအဆန်းမဟုတ်တော့ဘဲ ချဲလ်ဆီးက ပြင်သစ်တိုက်စစ်မှူးကို ခေါ်ယူဖို့ သတင်းတွေ ထွက်ပေါ်ခဲ့တာဖြစ်ပြီး အခုဆိုရင် မခေါ်မိလို့ တော်တော်နောင်တရနေလောက်ပါပြီ။ လွန်းစ်ရဲ့ ချေပဂိုးကို ဖန်တီးပေးခဲ့ပြီးနောက် ကိုယ်တိုင်လည်း ဂိုးသွင်းယူခဲ့တာဖြစ်ပြီး အလွန်ကောင်းမွန်တဲ့ အသင်းလိုက် လှုပ်ရှားမှုကနေ ဖရန်ကောစကီး ညာတောင်ပံကနေ ချိုးပေးလိုက်တဲ့ ဘောလုံးကို ညာခြေနဲ့ ကန်သွင်းယူခဲ့တာဖြစ်ပါတယ်။
၆။ အားလုံးကို သတိပေးလိုက်တဲ့ လွန်းစ်
လွန်းစ်ဟာ ၂၀၂၀ တုန်းကလောက်အထိ ပြင်သစ်ဒုတိယတန်းမှာ ကစားခဲ့ရတဲ့အသင်းဖြစ်ပြီး နောက်ဆုံး ချန်ပီယံလိဂ်မှာ ကစားခဲ့ရတာကတော့ ၁၉၉၈-၁၉၉၉ နဲ့ ၂၀၀၂-၂၀၀၃ မှာ အုပ်စုအဆင့်ကစားခဲ့ရတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း လွန်းစ်ဟာ ၂ ကြိမ်စလုံး အုပ်စုကနေ မကျော်ခဲ့ပေမယ့်လည်း လက်ရှိမှာတော့ အရည်အချင်းရှိတဲ့ အသင်းဆိုတာကို မြင်တွေ့ခဲ့ရပြီဖြစ်ပြီး ပြီးခဲ့တဲ့ရာသီ လီဂူးဝမ်း ဒုတိယနေရာမှာ ရာသီပြီးဆုံးခဲ့တဲ့ လွန်းစ်ဟာ ဂန်းနားတွေနဲ့ပွဲမှာ အခွင့်အရေးတွေ အများအပြား ဖန်တီးနိုင်ခဲ့ပြီးနောက် အုပ်စုထဲက အခြားအသင်းတွေကို လျှော့မတွက်ဖို့ သတိပေးလိုက်တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ရဲ႕ ယခုရာသီ ရႈံးပြဲမရွိ စံခ်ိန္ဟာ အဂၤါေန႔ည လြန္းစ္ကို ခ်န္ပီယံလိဂ္မွာ ၂-၁ နဲ႔ ရႈံးနိမ့္ခဲ့မႈနဲ႔အတူ အဆုံးသတ္သြားခဲ့ၿပီျဖစ္ပါတယ္။
ဂါဘရီယဲလ္ ေဂ်းဇုဟာ ပထမပိုင္း ၁၅ မိနစ္မျပည့္ခင္မွာပဲ အလြန္ေကာင္းမြန္တဲ့ အဆုံးသတ္နဲ႔အတူ ၿပီးျပည့္စုံတဲ့ စတင္မႈကို ျပဳလုပ္ေပးခဲ့ေပမယ့္လည္း ဂန္းနားေတြဟာ ေနာက္ထပ္ ၁၀ မိနစ္အၾကာမွာပဲ အက္ဒရီယန္ ေသာမတ္ဆန္ရဲ႕ ေခ်ပဂိုးကို ခြင့္ျပဳခဲ့ရတာျဖစ္ပါတယ္။
ဘူကာယို ဆာကာဟာ ေနာက္ထပ္ ဒဏ္ရာရရွိသြားခဲ့တာေၾကာင့္ လူစားလဲခဲ့ရခ်ိန္မွာ ဂန္းနားေတြအတြက္ အရာအားလုံးက ပိုၿပီး ဆိုး႐ြားသြားခဲ့ၿပီး အယ္လီ ဝါဟီက အလြန္ေကာင္းမြန္တဲ့ အဆုံးသတ္မႈနဲ႔အတူ အာတီတာရဲ႕အသင္းကို ရႈံးပြဲနဲ႔ ရင္ဆိုင္ခဲ့ရေစတာျဖစ္ပါတယ္။
၁။ ၂ ပြဲကစား ၂ ဂိုးသြင္းတဲ့ ေဂ်းဇု
မန္စီးတီးၾကယ္ပြင့္ေဟာင္း ဂါဘရီယဲလ္ ေဂ်းဇုဟာ အာဆင္နယ္လူစာရင္းထဲမွာ ခ်န္ပီယံလိဂ္အေတြ႕အႀကဳံအရင့္ဆုံးကစားသမားျဖစ္ၿပီး ပီအက္စ္ဗြီနဲ႔ပြဲမွာ ဂိုးသြင္းႏိုင္ခဲ့သလို လြန္းစ္နဲ႔ပြဲမွာလည္း ဂိုးသြင္းယူႏိုင္ခဲ့တာျဖစ္ပါတယ္။ ဆာကာက ေဘာလုံးပိုင္ဆိုင္မႈရယူၿပီး ခင္းေပးခဲ့ၿပီးေနာက္ ေဂ်းဇုက ညာေျခနဲ႔ ဘ႐ိုက္စ္ ဆမ္ဘာရဲ႕ ဂိုးဘယ္ဖက္ေထာင့္ကို အနိမ့္ေဘာ ကန္သြင္းယူႏိုင္ခဲ့တာေၾကာင့္ ဘရာဇီးလ္ၾကယ္ပြင့္ရဲ႕ ခ်န္ပီယံလိဂ္ၿပိဳင္ပြဲက အလြန္ေကာင္းမြန္တဲ့စံခ်ိန္ကို တိုးျမႇင့္ႏိုင္ခဲ့တာျဖစ္ပါတယ္။ လက္ရွိမွာေတာ့ ေဂ်းဇုဟာ ခ်န္ပီယံလိဂ္မွာ ေနာက္ဆုံးကစားခဲ့တဲ့ ၁၆ ပြဲမွာ ၁၆ ဂိုးအထိ ပါဝင္ပတ္သက္ႏိုင္ခဲ့ၿပီျဖစ္ၿပီး အာဆင္နယ္သာ ဥေရာပမွာ ပုံစံေကာင္း ဆက္လက္ ျပသခ်င္တယ္ဆိုရင္ ဘရာဇီးလ္ၾကယ္ပြင့္က ဂန္းနားေတြရဲ႕ အဓိကေသာ့ခ်က္ဆိုတာ သံသယျဖစ္စရာမရွိပါဘူး။
၂။ ရာယာရဲ႕ အမွားေၾကာင့္ ဒုကၡေရာက္ခဲ့တဲ့ ဂန္းနားမ်ား
မီေခးလ္ အာတီတာရဲ႕ ေဒးဗစ္ ရာယာကို အာဆင္နယ္ရဲ႕ ေက်ာနံပါတ္ ၁ အျဖစ္ အသုံးျပဳဖို႔ ဆုံးျဖတ္ခ်က္ဟာ လြန္းစ္နဲ႔ပြဲမတိုင္ခင္အထိ မွန္ကန္တဲ့ ဆုံးျဖတ္ခ်က္တစ္ခုျဖစ္ခဲ့ပုံေပၚေပမယ့္လည္း လြန္းစ္ရဲ႕ ေခ်ပဂိုးမွာ စပိန္ဂိုးသမားက အမ်ားဆုံးအျပစ္တင္ရမယ့္သူဆိုတာ သံသယျဖစ္စရာမရွိပါဘူး။ ရာယာရဲ႕ ဆိုး႐ြားတဲ့ ရွင္းထုတ္မႈေၾကာင့္ အယ္လီ ဝါဟီက ေသာမတ္ဆန္ကို ေဘာလုံးေပးပို႔ႏိုင္ခဲ့ၿပီး ျပင္သစ္ကစားသမားက အာဆင္နယ္ဂိုးသမား လက္လွမ္းမမီတဲ့ေနရာကို ဝိုက္ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။ ရာယာရဲ႕ အမွားဟာ ယခုအပတ္ မန္စီးတီးနဲ႔ ကစားရမယ့္ပြဲစဥ္အတြက္ ပြဲထြက္ခြင့္ကို ထိခိုက္ေစဖြယ္မရွိေပမယ့္လည္း အာတီတာက စပိန္ဂိုးသမားအေနနဲ႔ အေရးႀကီးတဲ့ပြဲစဥ္မတိုင္ခင္ ဘယ္လိုအမွားမ်ိဳးမွ မလုပ္ဖို႔ ေမွ်ာ္လင့္ခဲ့မွာျဖစ္ပါတယ္။
၃။ ပထမပိုင္းမွာ အေကာင္းအဆိုး ေရာေထြးခဲ့တဲ့ ဆာကာ
အာဆင္နယ္ပရိသတ္တိုင္းက ဆာကာကို ဂိုးဖန္တီးတာနဲ႔ ဂိုးသြင္းယူတာကို ျမင္ေတြ႕ခ်င္ၾကမွာျဖစ္ၿပီး ဒဏ္ရာေၾကာင့္ လူစားလဲခံရတာကိုေတာ့ မျမင္ခ်င္ၾကမွာ အေသအခ်ာပဲျဖစ္ပါတယ္။ ဒါေပမယ့္ အဲဒီအရာ ၂ ခုစလုံးက လြန္းစ္နဲ႔ပြဲမွာ ျဖစ္ပ်က္ခဲ့ၿပီး ဆာကာဟာ ဂါဘရီယဲလ္ ေဂ်းဇုရဲ႕ ဦးေဆာင္ဂိုးကို ဖန္တီးေပးခဲ့ၿပီးေနာက္ ယခုရာသီ ဥေရာပထိပ္တန္းလိဂ္ ၅ ခုအတြင္း သြင္းဂိုး ၅ ဂိုးနဲ႔ ဂိုးဖန္တီးမႈ ၅ ႀကိမ္အထိ ျပဳလုပ္ႏိုင္တဲ့ ပထမဆုံးကစားသမားျဖစ္လာခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ဆာကာဟာ ၃၄ မိနစ္မွာ ျမက္ခင္းေပၚ လဲက်သြားခဲ့ၿပီးေနာက္ ကုသမႈ ခံယူခဲ့ရၿပီး ေဖဘီယို ဗီယာရာနဲ႔ လူစားလဲလွယ္ျခင္းခံခဲ့ရပါတယ္။ အာတီတာအေနနဲ႔ ဆာကာရဲ႕ ဒဏ္ရာမျပင္းထန္ဖို႔ ေမွ်ာ္လင့္ေနမွာျဖစ္ၿပီး အထူးသျဖင့္ စပါးစ္၊ ဘုန္းေမာက္တို႔နဲ႔ပြဲစဥ္မွာ ဒဏ္ရာေၾကာင့္ လူစားလဲခဲ့ရၿပီးေနာက္ အဂၤလန္ၾကယ္ပြင့္ရဲ႕ ႀကံ့ခိုင္မႈအတြက္ တစ္ေန႔တျခား ပိုၿပီး စိုးရိမ္စရာေကာင္းလာေနတာျဖစ္ပါတယ္။
၄။ ႐ုန္းကန္ခဲ့ရတဲ့ ထေရာ့ဆာ့ဒ္
ဆန႔္က်င္ဘက္ ေတာင္ပံဘက္ျခမ္းမွာေတာ့ ဘယ္လ္ဂ်ီယမ္ ေတာင္ပံၾကယ္ပြင့္ လီအန္ဒ႐ို ထေရာ့ဆာ့ဒ္ဟာ အရမ္းစိတ္ပ်က္စရာေကာင္းတဲ့ ညေနကို ရင္ဆိုင္ခဲ့ရၿပီး ဘ႐ိုက္တန္ၾကယ္ပြင့္ေဟာင္းဟာ ပြဲထြက္လူစာရင္းမွာ တစ္ေနရာေပးျခင္းခံခဲ့ရၿပီးေနာက္ အမ်ားစုက အလြန္ေကာင္းမြန္တဲ့ပုံစံေကာင္းကို ဆက္လက္ျပသႏိုင္မယ္လို႔ ေမွ်ာ္လင့္ခဲ့မွာ ျဖစ္ပါတယ္။ ထေရာ့ဆာ့ဒ္ဟာ ေဒဗာ မာခ်ာဒိုနဲ႔ ရင္ဆိုင္ကစားရမွာ ေက်ာ္ျဖတ္ႏိုင္ဖို႔ ႐ုန္းကန္ခဲ့ရၿပီး အခ်ိဳ႕ကေတာ့ တစ္သင္းလုံးရဲ႕ တိုက္စစ္က စိတ္ပ်က္စရာေကာင္းခဲ့ခ်ိန္မွာ တစ္ဦးခ်င္းကို အျပစ္တင္တာ မမွ်တဘူးလို႔ ေျပာၾကမွာျဖစ္ေပမယ့္လည္း ဘ႐ိုက္တန္ၾကယ္ပြင့္ေဟာင္းဆီကေန ေမွ်ာ္လင့္ထားတဲ့ ေျခစြမ္းမ်ိဳးေတာ့ မျမင္ေတြ႕ခဲ့ရတာ အမွန္ပါပဲ။
၅။ ဂန္းနားေတြကို မင္သက္ေစခဲ့တဲ့ ဝါဟီ
ဒီပြဲစဥ္က ေျခစြမ္းအရဆိုရင္ ပရီးမီးယားလိဂ္ကလပ္ေတြက ယခုေႏြရာသီမွာ အယ္လီ ဝါဟီကို ေခၚယူဖို႔ စိတ္ဝင္စားခဲ့ၾကတာ အထူးအဆန္းမဟုတ္ေတာ့ဘဲ ခ်ဲလ္ဆီးက ျပင္သစ္တိုက္စစ္မႉးကို ေခၚယူဖို႔ သတင္းေတြ ထြက္ေပၚခဲ့တာျဖစ္ၿပီး အခုဆိုရင္ မေခၚမိလို႔ ေတာ္ေတာ္ေနာင္တရေနေလာက္ပါၿပီ။ လြန္းစ္ရဲ႕ ေခ်ပဂိုးကို ဖန္တီးေပးခဲ့ၿပီးေနာက္ ကိုယ္တိုင္လည္း ဂိုးသြင္းယူခဲ့တာျဖစ္ၿပီး အလြန္ေကာင္းမြန္တဲ့ အသင္းလိုက္ လႈပ္ရွားမႈကေန ဖရန္ေကာစကီး ညာေတာင္ပံကေန ခ်ိဳးေပးလိုက္တဲ့ ေဘာလုံးကို ညာေျခနဲ႔ ကန္သြင္းယူခဲ့တာျဖစ္ပါတယ္။
၆။ အားလုံးကို သတိေပးလိုက္တဲ့ လြန္းစ္
လြန္းစ္ဟာ ၂၀၂၀ တုန္းကေလာက္အထိ ျပင္သစ္ဒုတိယတန္းမွာ ကစားခဲ့ရတဲ့အသင္းျဖစ္ၿပီး ေနာက္ဆုံး ခ်န္ပီယံလိဂ္မွာ ကစားခဲ့ရတာကေတာ့ ၁၉၉၈-၁၉၉၉ နဲ႔ ၂၀၀၂-၂၀၀၃ မွာ အုပ္စုအဆင့္ကစားခဲ့ရတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း လြန္းစ္ဟာ ၂ ႀကိမ္စလုံး အုပ္စုကေန မေက်ာ္ခဲ့ေပမယ့္လည္း လက္ရွိမွာေတာ့ အရည္အခ်င္းရွိတဲ့ အသင္းဆိုတာကို ျမင္ေတြ႕ခဲ့ရၿပီျဖစ္ၿပီး ၿပီးခဲ့တဲ့ရာသီ လီဂူးဝမ္း ဒုတိယေနရာမွာ ရာသီၿပီးဆုံးခဲ့တဲ့ လြန္းစ္ဟာ ဂန္းနားေတြနဲ႔ပြဲမွာ အခြင့္အေရးေတြ အမ်ားအျပား ဖန္တီးႏိုင္ခဲ့ၿပီးေနာက္ အုပ္စုထဲက အျခားအသင္းေတြကို ေလွ်ာ့မတြက္ဖို႔ သတိေပးလိုက္တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Post Match Review