ရမ်းစ်ဒေးလ်အစောပိုင်းအမှားကြောင့် တစ်ယောက်လျော့ဖူလ်ဟမ်ကို သရေကျခဲ့တဲ့ပွဲက ပြောစရာများ
အာဆင်နယ်ဟာ ပြီးပြည့်စုံတဲ့ရာသီအစကို ဆက်လက်တိုးမြှင့်နိုင်ဖို့ ရွှေရောင်အခွင့်အရေးကို လွဲချော်ခဲ့ပြီး ပယ်လ်ဟင်ညာက တစ်ယောက်လျော့ ဖူလ်ဟမ်ကို မြောက်လန်ဒန်ကနေ သရေ ၁ မှတ်ရရှိအောင် စွမ်းဆောင်ပေးခဲ့တာဖြစ်ပါတယ်။
ပါရဲရားရဲ့ ပထမပိုင်း ၁ မိနစ်မှာ သွင်းယူခဲ့တဲ့သွင်းဂိုးကြောင့် ဂန်းနားတွေ အငိုက်မိခဲ့ပြီး သတိလက်လွတ်ဖြစ်နေတဲ့ ရမ်းစ်ဒေးလ်ကို အဝေးကန်ချက်နဲ့ အလဲထီုးသွားခဲ့တာ ဖြစ်ပါတယ်။ အာဆင်နယ်ဟာ ဒုတိယပိုင်းမှာ ပြန်လာနိုင်ခဲ့ပြီး အော်ဒီဂွါဒ်ရဲ့ သွင်းဂိုးကို လူကျွံဘောအဖြစ် ပယ်ဖျက်ခဲ့တာကြောင့် ဂန်းနားတို့ နစ်နာခဲ့ရတာ ဖြစ်ပါတယ်။
အာတီတာက ဒုတိယပိုင်းမှာ ခြေစွမ်းမပြသနိုင်တဲ့ ကစားသမားတွေကို လဲလှယ်ခဲ့ပြီးနောက် အာဆင်နယ်ကစားကွက်ပိုမိုကောင်းမွန်လာခဲ့ပြီး လူစားဝင်ကစားသမားတွေထဲက တစ်ဦးဖြစ်တဲ့ ဖေဘီယို ဗီယာရာကြောင့် ရရှိခဲ့တဲ့ ပင်နယ်တီကို ဆာကာက သွင်းယူပေးခဲ့ပြီးနောက် အန်ကီးတီးယားက ဦးဆောင်ဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပါတယ်။
ဖူလ်ဟမ်နောက်ခံလူ ဘက်ဆီဟာ အန်ကီးတီးယားကို ပြစ်ဒဏ်ကျူးလွန်ခဲ့တဲ့အတွက် ၂ ဝါ ၁ နီနဲ့ ထုတ်ပယ်ခံခဲ့ရပေမယ့်လည်း ဖူလ်ဟမ်အတွက် ပယ်လ်ဟင်ညာက နောက်ကျချေပဂိုးသွင်းယူပေးသွားခဲ့ပြီး ဂန်းနားတွေကို အရှိုက်ထိုးခဲ့တာဖြစ်ပါတယ်။
၁။ အရေးပါခဲ့တဲ့ ဗီယာရာ
ဖေဘီယို ဗီယာရာဟာ ပေးရတဲ့စျေးနဲ့တန်တဲ့ ခြေစွမ်းပြသနိုင်ခြင်းမရှိသေးပေမယ့်လည်း ၎င်းရဲ့ အရည်အသွေးတွေကို ပြသခဲ့ပြီး ပထမဆုံး အာဆင်နယ်ရဲ့ ပင်နယ်တီရရှိအောင် တီတီကို ပြစ်ဒဏ်ကျူးလွန်ချင်လာအောင် ဆွဲဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ အန်ကီးတီးယားအတွက် ပြီးပြည့်စုံတဲ့ ပေးပို့မှု ပြုလုပ်ခဲ့ပြီး ဘာကြောင့် ဗီယာရာကို အာဆင်နယ်တို့ ခေါ်ယူခဲ့ရတာလဲဆိုတဲ့အကြောင်းအရင်းကို မြင်သာခဲ့တာဖြစ်ပါတယ်။ ဟာဗတ်ဇ်နေရာမှာ ဗီယာရာ ဝင်လာပြီးမှ ကွင်းလယ်ကစားပုံပိုမိုကောင်းမွန်လာခဲ့တာဖြစ်ပြီး ပေါ်တူဂီကြယ်ပွင့်အတွက် သွင်းဂိုး ရရှိခဲ့ရင် ယုံကြည်မှုအတွက် ပိုလို့တောင် ကောင်းမွန်ခဲ့မှာဖြစ်ပေမယ့်လည်း လီနိုက ၂ ကြိမ်အထိ အပိုင်ကန်သွင်းမှုတွေကို ကာကွယ်နိုင်ခဲ့တာဖြစ်ပါတယ်။
၂။ မပါလာပြန်သေးတဲ့ ဂါဘရီယဲလ်
တိုမီယဆု ပွဲပယ်ခံထားရတာကြောင့် အားလုံးက ခံစစ်မှာ ဂါဘရီယဲလ်ကို ပြန်မြင်ရမယ်လို့ ထင်ခဲ့တာဖြစ်ပေမယ့်လည်း တကယ်တမ်းမှာ ပါမလာခဲ့ဘဲ ဝှိုက်ကို သုံးခဲ့ပြီး ခီဗီယောကို ဘယ်တောင်ပံ ထုတ်ခဲ့တာဖြစ်ပါတယ်။ အာတီတာကတော့ ဂါဘရီယဲလ်ကို ဘာကြောင့် ပါဝင်ကစားခွင့်မရလဲဆိုတာကို ရှင်းပြခဲ့ပြီး ဘရာဇီးလ်နောက်ခံလူအနေနဲ့ နားလည်လားမသိပေမယ့် သဘောတူသည်ဖြစ်စေ၊ မတူသည်ဖြစ်စေ ဒီဆုံးဖြတ်ချက်က ကွဲပြားခြားနားတဲ့တစ်စုံတခုဖြစ်တယ်လို့ ပြောကြားခဲ့တာဖြစ်ပါတယ်။
၃။ အရန်ခုံကနေ ဂိုးဝင်သွင်းတဲ့ အန်ကီးတီးယား
အန်ကီးတီးယားဟာ ခရစ္စတယ်ပဲလေ့စ်နဲ့ပွဲမှာ ဂိုးသွင်းယူနိုင်ခဲ့ပေမယ့်လည်း ဒီပွဲမှာ ထရော့ဆာ့ဒ်က တိုက်စစ်ကို ဦးဆောင်လာခဲ့ပြီး ဘယ်လ်ဂျီယမ်ကြယ်ပွင့်ဟာ မတ်လတုန်းက ဖူလ်ဟမ်ကို ၃-၀ နဲ့ အနိုင်ရခဲ့တဲ့ပွဲတုန်းကလည်း တိုက်စစ်မှာ ပွဲထွက်ပါဝင်ကစားပေးခဲ့တာကြောင့် အာတီတာက အဲဒီအတိုင်း ပြန်လုပ်ခဲ့ပုံပေါ်ပါတယ်။ ထရော့ဆာ့ဒ်ဟာ အထောင်တိုက်စစ်မှူးအဖြစ် ကစားခဲ့ပေမယ့်လည်း အချိန်တော်တော်များများမှာ ဘယ်တောင်ပံ ထွက်ထွက်သွားပြီး ကိုင် ဟာဗတ်ဇ်က ရှေ့တန်းကို ပြေးတက်ခဲ့တာဖြစ်ပါတယ်။ ဒီကစားပုံကြောင့် ပထမပိုင်းမှာ အာဆင်နယ်က အခွင့်အရေးတွေ ဖန်တီးနိုင်ခဲ့ပေမယ့် အာတီတာက ဒုတိယပိုင်းမှာတော့ အန်ကီးတီးယားကို ထည့်သုံးဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပြီး အင်္ဂလန်တိုက်စစ်မှူးက အရန်ခုံထိုင်ခိုင်းထားခဲ့တဲ့ စပိန်နည်းပြကို သွင်းဂိုးနဲ့ ချက်ချင်း တုံ့ပြန်ခဲ့တာဖြစ်ပါတယ်။
၄။ ပါဝင်ကစားပေးဖို့ စောင့်ခဲ့ရတဲ့ ဂျေးဇု
ပွဲမတိုင်ခင် လူစာရင်းမှာ ဂါဘရီယဲလ် ဂျေးဇုနာမည်ကို ပွဲကြေညာသူက ကြေညာချိန်မှာ အမ်းမရိတ်စ်တစ်ကွင်းလုံး လက်ခုပ်သံတွေ ညံသွားခဲ့ပြီး ဘရာဇီးလ်တိုက်စစ်မှူးဟာ ယခုရာသီမှာ ပါဝင်ကစားပေးရခြင်းမရှိသေးတာဖြစ်ပါတယ်။ ဂျေးဇုဟာ အဆုံးသတ်ပိုင်း အရမ်းအကောင်းကြီးမဟုတ်ပေမယ့်လည်း ပထမပိုင်းမှာ အာဆင်နယ်ရခဲ့တဲ့ အခွင့်အရေးတွေသာ ဂျေးဇု ကန်သွင်းခဲ့မယ်ဆိုရင် ဂိုးရနိုင်လိမ့်မယ်လို့ အများစုက ခံစားခဲ့ကြမှာဖြစ်ပါတယ်။ အာတီတာက ဒုတိယပိုင်းမှာ အပြောင်းအလဲတွေ လုပ်ခဲ့ချိန်မှာတော့ ဂျေးဇုကို မြင်တွေ့ရမယ်လို့ ပရိသတ်တွေ မျှော်လင့်ခဲ့ပေမယ့်လည်း အန်ကီးတီးယားကိုသာ မြင်တွေ့ခဲ့ရပြီး နောက်ဆုံးမှာတော့ နာကျင်အချိန်ပို ၉ မိနစ်မှာမှ လူစားဝင်ကစားခွင့် ရရှိခဲ့တာဖြစ်ပါတယ်။
၅။ ရာသီကြိုကအတိုင်း နမော်နမဲ့ ပြန်ဖြစ်လာတဲ့ ရမ်းစ်ဒေးလ်
အာရွန် ရမ်းစ်ဒေးလ်ဟာ ပါရဲရားရဲ့ အဖွင့်ဂိုးကို ရုပ်သံအနှေးပြကွက်ကနေ ထပ်မြင်ချင်မှာမဟုတ်ဘဲ ဂန်းနားပွဲထွက်ဂိုးသမားဟာ အသင်းဖော်တွေကို ရှေ့တက်ပြီး အကူအညီ မကြာခဏပေးခဲ့ပေမယ့် ဒီတစ်ကြိမ်မှာတော့ အသင်းကို ကူညီရာမရောက်ခဲ့တာဖြစ်ပါတယ်။ ရမ်းစ်ဒေးလ် ဘယ်လို ခံစားခဲ့ရမလဲဆိုတာကို သိနိုင်မယ့်သူကတော့ ဒေးဗစ် ရာယာဖြစ်ပြီး ၂၀၂၀ တုန်းက ချန်ပီယံရှစ် ပလေးအော့ဖ် ဗိုလ်လုပွဲမှာ ဖူလ်ဟမ်အတွက် ဘရန့်တ်ဖို့ဒ်နဲ့ ကစားခဲ့တဲ့အချိန်တုန်းက အခုလိုပဲ ဖြစ်ခဲ့ဖူးတာဖြစ်ပါတယ်။ အာဆင်နယ် ပရိသတ်အချို့ကတော့ လာမယ့်ပွဲစဉ်ဖြစ်တဲ့ မန်ချက်စတာယူနိုက်တက်နဲ့ပွဲမှာ နမော်နမဲ့နိုင်နေတဲ့ ရမ်းစ်ဒေးလ်အစား ရာယာကို ပွဲထွက်ခွင့်ပေးသင့်ပြီလို့ ခံစားနေရမှာဖြစ်ပြီး အင်္ဂလန်ဂိုးသမားအတွက် ပိုပြီးဆိုးတာက ဂန်းနားဂိုးသမားဟောင်း ဘန်းဒ် လီနိုက တစ်ဖက်ဂိုးပေါက်မှာ အာဆင်နယ်ရဲ့ အပိုင်ကန်သွင်းမှုတွေကို လှလှပပ ကာကွယ်ပြနေခဲ့တာဖြစ်ပါတယ်။
၆။ ဖူလ်ဟမ်ရဲ့ သူရဲကောင်းဖြစ်ခဲ့တဲ့ ပယ်လ်ဟင်ညာ
ဒီနေ့ဟာ ပယ်လ်ဟင်ညာရဲ့ ယခုရာသီ ပထမဆုံး ပွဲထွက်ပါဝင်ကစားခွင့်ရခဲ့တဲ့ပွဲဖြစ်ပြီး ဖူလ်ဟမ်ကွင်းလယ်လူဟာ ရာသီကြိုမှာ ပုခုံးဒဏ်ရာရခဲ့တာကြောင့် ဘရန့်တ်ဖို့ဒ်နဲ့ပွဲမှာ လူစားဝင်ပြီးသာ ကစားခွင့်ရခဲ့တာဖြစ်ပါတယ်။ ပယ်လ်ဟင်ညာဟာ ပွဲကစားချိန် မိနစ် ၂၀ လောက်မှာပဲ ၎င်းရဲ့ အရည်အသွေးကို ပြသခဲ့ပြီး ဖူလ်ဟမ်ကွင်းဘက်ခြမ်းကနေ ဘောလုံးလုယူပြီးနောက် ရာအူးလ် ဟီမီနက်ဇ်ကို အပိုင်ဂိုးသွင်းခွင့်ဖန်တီးပေးခဲ့ပေမယ့် ဝုလ်ဗ်စ်ကြယ်ပွင့်ဟောင်းရဲ့ ကန်ချက်က ဝိုက်ထွက်သွားခဲ့တာဖြစ်ပါတယ်။ ပယ်လ်ဟင်ညာဟာ ၈၇ မိနစ်မှာ ဖူလ်ဟမ်အသင်း ရရှိခဲ့တဲ့ ထောင့်ကန်ဘောကနေတဆင့် ချိန်သားကိုက် ပြေးဝင်ပိတ်သွင်းပြီး သရေ ၁ မှတ်နဲ့ ထိုက်တန်တဲ့ သွင်းဂိုးကို သွင်းယူသွားခဲ့တာဖြစ်ပြီး ဒီအခိုက်အတန့်က ဘာကြောင့် ပေါ်တူဂီကွင်းလယ်ကစားသမားကို ဖူလ်ဟမ်က ပြောင်းရွှေ့ကြေးအများကြီး သတ်မှတ်ထားလဲဆိုတာကို ထင်ရှားစေခဲ့တာဖြစ်ပါတယ်။
Arsenal Myanmar
Ref: Internet
ZAWGYI: အာဆင္နယ္ဟာ ၿပီးျပည့္စုံတဲ့ရာသီအစကို ဆက္လက္တိုးျမႇင့္ႏိုင္ဖို႔ ေ႐ႊေရာင္အခြင့္အေရးကို လြဲေခ်ာ္ခဲ့ၿပီး ပယ္လ္ဟင္ညာက တစ္ေယာက္ေလ်ာ့ ဖူလ္ဟမ္ကို ေျမာက္လန္ဒန္ကေန သေရ ၁ မွတ္ရရွိေအာင္ စြမ္းေဆာင္ေပးခဲ့တာျဖစ္ပါတယ္။
ပါရဲရားရဲ႕ ပထမပိုင္း ၁ မိနစ္မွာ သြင္းယူခဲ့တဲ့သြင္းဂိုးေၾကာင့္ ဂန္းနားေတြ အငိုက္မိခဲ့ၿပီး သတိလက္လြတ္ျဖစ္ေနတဲ့ ရမ္းစ္ေဒးလ္ကို အေဝးကန္ခ်က္နဲ႔ အလဲထီုးသြားခဲ့တာ ျဖစ္ပါတယ္။ အာဆင္နယ္ဟာ ဒုတိယပိုင္းမွာ ျပန္လာႏိုင္ခဲ့ၿပီး ေအာ္ဒီဂြါဒ္ရဲ႕ သြင္းဂိုးကို လူကြၽံေဘာအျဖစ္ ပယ္ဖ်က္ခဲ့တာေၾကာင့္ ဂန္းနားတို႔ နစ္နာခဲ့ရတာ ျဖစ္ပါတယ္။
အာတီတာက ဒုတိယပိုင္းမွာ ေျခစြမ္းမျပသႏိုင္တဲ့ ကစားသမားေတြကို လဲလွယ္ခဲ့ၿပီးေနာက္ အာဆင္နယ္ကစားကြက္ပိုမိုေကာင္းမြန္လာခဲ့ၿပီး လူစားဝင္ကစားသမားေတြထဲက တစ္ဦးျဖစ္တဲ့ ေဖဘီယို ဗီယာရာေၾကာင့္ ရရွိခဲ့တဲ့ ပင္နယ္တီကို ဆာကာက သြင္းယူေပးခဲ့ၿပီးေနာက္ အန္ကီးတီးယားက ဦးေဆာင္ဂိုးကို သြင္းယူသြားခဲ့တာျဖစ္ပါတယ္။
ဖူလ္ဟမ္ေနာက္ခံလူ ဘက္ဆီဟာ အန္ကီးတီးယားကို ျပစ္ဒဏ္က်ဴးလြန္ခဲ့တဲ့အတြက္ ၂ ဝါ ၁ နီနဲ႔ ထုတ္ပယ္ခံခဲ့ရေပမယ့္လည္း ဖူလ္ဟမ္အတြက္ ပယ္လ္ဟင္ညာက ေနာက္က်ေခ်ပဂိုးသြင္းယူေပးသြားခဲ့ၿပီး ဂန္းနားေတြကို အရႈိက္ထိုးခဲ့တာျဖစ္ပါတယ္။
၁။ အေရးပါခဲ့တဲ့ ဗီယာရာ
ေဖဘီယို ဗီယာရာဟာ ေပးရတဲ့ေစ်းနဲ႔တန္တဲ့ ေျခစြမ္းျပသႏိုင္ျခင္းမရွိေသးေပမယ့္လည္း ၎ရဲ႕ အရည္အေသြးေတြကို ျပသခဲ့ၿပီး ပထမဆုံး အာဆင္နယ္ရဲ႕ ပင္နယ္တီရရွိေအာင္ တီတီကို ျပစ္ဒဏ္က်ဴးလြန္ခ်င္လာေအာင္ ဆြဲေဆာင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ၿပီးတဲ့ေနာက္မွာ အန္ကီးတီးယားအတြက္ ၿပီးျပည့္စုံတဲ့ ေပးပို႔မႈ ျပဳလုပ္ခဲ့ၿပီး ဘာေၾကာင့္ ဗီယာရာကို အာဆင္နယ္တို႔ ေခၚယူခဲ့ရတာလဲဆိုတဲ့အေၾကာင္းအရင္းကို ျမင္သာခဲ့တာျဖစ္ပါတယ္။ ဟာဗတ္ဇ္ေနရာမွာ ဗီယာရာ ဝင္လာၿပီးမွ ကြင္းလယ္ကစားပုံပိုမိုေကာင္းမြန္လာခဲ့တာျဖစ္ၿပီး ေပၚတူဂီၾကယ္ပြင့္အတြက္ သြင္းဂိုး ရရွိခဲ့ရင္ ယုံၾကည္မႈအတြက္ ပိုလို႔ေတာင္ ေကာင္းမြန္ခဲ့မွာျဖစ္ေပမယ့္လည္း လီႏိုက ၂ ႀကိမ္အထိ အပိုင္ကန္သြင္းမႈေတြကို ကာကြယ္ႏိုင္ခဲ့တာျဖစ္ပါတယ္။
၂။ မပါလာျပန္ေသးတဲ့ ဂါဘရီယဲလ္
တိုမီယဆု ပြဲပယ္ခံထားရတာေၾကာင့္ အားလုံးက ခံစစ္မွာ ဂါဘရီယဲလ္ကို ျပန္ျမင္ရမယ္လို႔ ထင္ခဲ့တာျဖစ္ေပမယ့္လည္း တကယ္တမ္းမွာ ပါမလာခဲ့ဘဲ ဝႈိက္ကို သုံးခဲ့ၿပီး ခီဗီေယာကို ဘယ္ေတာင္ပံ ထုတ္ခဲ့တာျဖစ္ပါတယ္။ အာတီတာကေတာ့ ဂါဘရီယဲလ္ကို ဘာေၾကာင့္ ပါဝင္ကစားခြင့္မရလဲဆိုတာကို ရွင္းျပခဲ့ၿပီး ဘရာဇီးလ္ေနာက္ခံလူအေနနဲ႔ နားလည္လားမသိေပမယ့္ သေဘာတူသည္ျဖစ္ေစ၊ မတူသည္ျဖစ္ေစ ဒီဆုံးျဖတ္ခ်က္က ကြဲျပားျခားနားတဲ့တစ္စုံတခုျဖစ္တယ္လို႔ ေျပာၾကားခဲ့တာျဖစ္ပါတယ္။
၃။ အရန္ခုံကေန ဂိုးဝင္သြင္းတဲ့ အန္ကီးတီးယား
အန္ကီးတီးယားဟာ ခရစၥတယ္ပဲေလ့စ္နဲ႔ပြဲမွာ ဂိုးသြင္းယူႏိုင္ခဲ့ေပမယ့္လည္း ဒီပြဲမွာ ထေရာ့ဆာ့ဒ္က တိုက္စစ္ကို ဦးေဆာင္လာခဲ့ၿပီး ဘယ္လ္ဂ်ီယမ္ၾကယ္ပြင့္ဟာ မတ္လတုန္းက ဖူလ္ဟမ္ကို ၃-၀ နဲ႔ အႏိုင္ရခဲ့တဲ့ပြဲတုန္းကလည္း တိုက္စစ္မွာ ပြဲထြက္ပါဝင္ကစားေပးခဲ့တာေၾကာင့္ အာတီတာက အဲဒီအတိုင္း ျပန္လုပ္ခဲ့ပုံေပၚပါတယ္။ ထေရာ့ဆာ့ဒ္ဟာ အေထာင္တိုက္စစ္မႉးအျဖစ္ ကစားခဲ့ေပမယ့္လည္း အခ်ိန္ေတာ္ေတာ္မ်ားမ်ားမွာ ဘယ္ေတာင္ပံ ထြက္ထြက္သြားၿပီး ကိုင္ ဟာဗတ္ဇ္က ေရွ႕တန္းကို ေျပးတက္ခဲ့တာျဖစ္ပါတယ္။ ဒီကစားပုံေၾကာင့္ ပထမပိုင္းမွာ အာဆင္နယ္က အခြင့္အေရးေတြ ဖန္တီးႏိုင္ခဲ့ေပမယ့္ အာတီတာက ဒုတိယပိုင္းမွာေတာ့ အန္ကီးတီးယားကို ထည့္သုံးဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ၿပီး အဂၤလန္တိုက္စစ္မႉးက အရန္ခုံထိုင္ခိုင္းထားခဲ့တဲ့ စပိန္နည္းျပကို သြင္းဂိုးနဲ႔ ခ်က္ခ်င္း တုံ႔ျပန္ခဲ့တာျဖစ္ပါတယ္။
၄။ ပါဝင္ကစားေပးဖို႔ ေစာင့္ခဲ့ရတဲ့ ေဂ်းဇု
ပြဲမတိုင္ခင္ လူစာရင္းမွာ ဂါဘရီယဲလ္ ေဂ်းဇုနာမည္ကို ပြဲေၾကညာသူက ေၾကညာခ်ိန္မွာ အမ္းမရိတ္စ္တစ္ကြင္းလုံး လက္ခုပ္သံေတြ ညံသြားခဲ့ၿပီး ဘရာဇီးလ္တိုက္စစ္မႉးဟာ ယခုရာသီမွာ ပါဝင္ကစားေပးရျခင္းမရွိေသးတာျဖစ္ပါတယ္။ ေဂ်းဇုဟာ အဆုံးသတ္ပိုင္း အရမ္းအေကာင္းႀကီးမဟုတ္ေပမယ့္လည္း ပထမပိုင္းမွာ အာဆင္နယ္ရခဲ့တဲ့ အခြင့္အေရးေတြသာ ေဂ်းဇု ကန္သြင္းခဲ့မယ္ဆိုရင္ ဂိုးရႏိုင္လိမ့္မယ္လို႔ အမ်ားစုက ခံစားခဲ့ၾကမွာျဖစ္ပါတယ္။ အာတီတာက ဒုတိယပိုင္းမွာ အေျပာင္းအလဲေတြ လုပ္ခဲ့ခ်ိန္မွာေတာ့ ေဂ်းဇုကို ျမင္ေတြ႕ရမယ္လို႔ ပရိသတ္ေတြ ေမွ်ာ္လင့္ခဲ့ေပမယ့္လည္း အန္ကီးတီးယားကိုသာ ျမင္ေတြ႕ခဲ့ရၿပီး ေနာက္ဆုံးမွာေတာ့ နာက်င္အခ်ိန္ပို ၉ မိနစ္မွာမွ လူစားဝင္ကစားခြင့္ ရရွိခဲ့တာျဖစ္ပါတယ္။
၅။ ရာသီႀကိဳကအတိုင္း နေမာ္နမဲ့ ျပန္ျဖစ္လာတဲ့ ရမ္းစ္ေဒးလ္
အာ႐ြန္ ရမ္းစ္ေဒးလ္ဟာ ပါရဲရားရဲ႕ အဖြင့္ဂိုးကို ႐ုပ္သံအေႏွးျပကြက္ကေန ထပ္ျမင္ခ်င္မွာမဟုတ္ဘဲ ဂန္းနားပြဲထြက္ဂိုးသမားဟာ အသင္းေဖာ္ေတြကို ေရွ႕တက္ၿပီး အကူအညီ မၾကာခဏေပးခဲ့ေပမယ့္ ဒီတစ္ႀကိမ္မွာေတာ့ အသင္းကို ကူညီရာမေရာက္ခဲ့တာျဖစ္ပါတယ္။ ရမ္းစ္ေဒးလ္ ဘယ္လို ခံစားခဲ့ရမလဲဆိုတာကို သိႏိုင္မယ့္သူကေတာ့ ေဒးဗစ္ ရာယာျဖစ္ၿပီး ၂၀၂၀ တုန္းက ခ်န္ပီယံရွစ္ ပေလးေအာ့ဖ္ ဗိုလ္လုပြဲမွာ ဖူလ္ဟမ္အတြက္ ဘရန႔္တ္ဖို႔ဒ္နဲ႔ ကစားခဲ့တဲ့အခ်ိန္တုန္းက အခုလိုပဲ ျဖစ္ခဲ့ဖူးတာျဖစ္ပါတယ္။ အာဆင္နယ္ ပရိသတ္အခ်ိဳ႕ကေတာ့ လာမယ့္ပြဲစဥ္ျဖစ္တဲ့ မန္ခ်က္စတာယူႏိုက္တက္နဲ႔ပြဲမွာ နေမာ္နမဲ့ႏိုင္ေနတဲ့ ရမ္းစ္ေဒးလ္အစား ရာယာကို ပြဲထြက္ခြင့္ေပးသင့္ၿပီလို႔ ခံစားေနရမွာျဖစ္ၿပီး အဂၤလန္ဂိုးသမားအတြက္ ပိုၿပီးဆိုးတာက ဂန္းနားဂိုးသမားေဟာင္း ဘန္းဒ္ လီႏိုက တစ္ဖက္ဂိုးေပါက္မွာ အာဆင္နယ္ရဲ႕ အပိုင္ကန္သြင္းမႈေတြကို လွလွပပ ကာကြယ္ျပေနခဲ့တာျဖစ္ပါတယ္။
၆။ ဖူလ္ဟမ္ရဲ႕ သူရဲေကာင္းျဖစ္ခဲ့တဲ့ ပယ္လ္ဟင္ညာ
ဒီေန႔ဟာ ပယ္လ္ဟင္ညာရဲ႕ ယခုရာသီ ပထမဆုံး ပြဲထြက္ပါဝင္ကစားခြင့္ရခဲ့တဲ့ပြဲျဖစ္ၿပီး ဖူလ္ဟမ္ကြင္းလယ္လူဟာ ရာသီႀကိဳမွာ ပုခုံးဒဏ္ရာရခဲ့တာေၾကာင့္ ဘရန႔္တ္ဖို႔ဒ္နဲ႔ပြဲမွာ လူစားဝင္ၿပီးသာ ကစားခြင့္ရခဲ့တာျဖစ္ပါတယ္။ ပယ္လ္ဟင္ညာဟာ ပြဲကစားခ်ိန္ မိနစ္ ၂၀ ေလာက္မွာပဲ ၎ရဲ႕ အရည္အေသြးကို ျပသခဲ့ၿပီး ဖူလ္ဟမ္ကြင္းဘက္ျခမ္းကေန ေဘာလုံးလုယူၿပီးေနာက္ ရာအူးလ္ ဟီမီနက္ဇ္ကို အပိုင္ဂိုးသြင္းခြင့္ဖန္တီးေပးခဲ့ေပမယ့္ ဝုလ္ဗ္စ္ၾကယ္ပြင့္ေဟာင္းရဲ႕ ကန္ခ်က္က ဝိုက္ထြက္သြားခဲ့တာျဖစ္ပါတယ္။ ပယ္လ္ဟင္ညာဟာ ၈၇ မိနစ္မွာ ဖူလ္ဟမ္အသင္း ရရွိခဲ့တဲ့ ေထာင့္ကန္ေဘာကေနတဆင့္ ခ်ိန္သားကိုက္ ေျပးဝင္ပိတ္သြင္းၿပီး သေရ ၁ မွတ္နဲ႔ ထိုက္တန္တဲ့ သြင္းဂိုးကို သြင္းယူသြားခဲ့တာျဖစ္ၿပီး ဒီအခိုက္အတန႔္က ဘာေၾကာင့္ ေပၚတူဂီကြင္းလယ္ကစားသမားကို ဖူလ္ဟမ္က ေျပာင္းေ႐ႊ႕ေၾကးအမ်ားႀကီး သတ္မွတ္ထားလဲဆိုတာကို ထင္ရွားေစခဲ့တာျဖစ္ပါတယ္။
Arsenal Myanmar
Ref: Internet
- Posted In:
- Post Match Review