မာတီနယ်လီရဲ့ နောက်ကျအနိုင်ဂိုးနဲ့ စီးတီးကို သမိုင်းဝင်နိုင်ပွဲရခဲ့တဲ့ ပွဲစဉ်က မှတ်မှတ်ရရ ပြန်ပြောစရာများ 1024 504 coyg

မာတီနယ်လီရဲ့ နောက်ကျအနိုင်ဂိုးနဲ့ စီးတီးကို သမိုင်းဝင်နိုင်ပွဲရခဲ့တဲ့ ပွဲစဉ်က မှတ်မှတ်ရရ ပြန်ပြောစရာများ

မီခေးလ် အာတီတာဟာ တနင်္ဂနွေနေ့ညနေ အမ်းမရိတ်စ်မှာ မာတီနယ်လီရဲ့ နောက်ကျ အနိုင်ဂိုးကြောင့် မန်ချက်စတာစီးတီးကိုရော ဆရာဟောင်း ဂွါဒီယိုလာကိုပါ ပထမဆုံး ပရီးမီးယားလိဂ်နိုင်ပွဲ ရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

ဂွါဒီယိုလာရဲ့အသင်းဟာ ယို့စ်ကို ဂဗာဒီယောလ်နဲ့ နေသန် အကီတို့ရဲ့ အစောပိုင်း အခွင့်အရေးတွေနဲ့အတူ ပိုမိုကောင်းမွန်တဲ့ပုံစံနဲ့ စတင်နိုင်ခဲ့ပေမယ့်လည်း ဂန်းနားတွေက ပွဲကို ထိန်းသိမ်းထားနိုင်ခဲ့တာဖြစ်ပါတယ်။

ပွဲကစားချိန် ပြည့်ဖို့ ၅ မိနစ်လိုတဲ့အထိ ဂိုးမရှိသရေကျနေတာကြောင့် ဒီတိုင်းပဲ ပွဲပြီးသွားတော့မယ်လို့ ထင်နေချိန်မှာ လူစားဝင်ကစားခဲ့တဲ့ မာတီနယ်လီက ဂန်းနားတွေအတွက် အံ့အားသင့်စရာအလှည့်အပြောင်းအနေနဲ့ အနိုင် ၃ မှတ်ကို ရယူပေးခဲ့တာဖြစ်ပါတယ်။

၁။ မပါဝင်နိုင်ခဲ့တဲ့ ဆာကာ

အာဆင်နယ်ပရိသတ်တွေအားလုံး စိုးရိမ်နေခဲ့တဲ့ အခိုက်အတန့်ရောက်လာခဲ့ပြီဖြစ်ပြီး ဆာကာဟာ တနင်္ဂနွေနေ့ အမ်းမရိတ်စ်ကပွဲစဉ်မှာ ပွဲထွက်ပါဝင်လာခြင်းမရှိခဲ့ပါဘူး။ ဒီပွဲစဉ်မတိုင်ခင် ဆာကာဟာ အာဆင်နယ်ရဲ့ နောက်ဆုံးပွဲထွက်လူစာရင်း ၈၇ ခုစလုံးမှာ ပါဝင်ခဲ့ပေမယ့်လည်း မန်စီးတီးနဲ့ပွဲမှာတော့ လုံးလုံး မပါဝင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဆာကာအစား ဂျေးဇုက ညာတောင်ပံမှာ ပွဲထွက်လာခဲ့ပြီး အသင်းဟောင်းကို ခြိမ်းခြောက်ဖို့ ကြိုးပမ်းခဲ့ပေမယ့်လည်း အင်္ဂလန်တောင်ပံကြယ်ပွင့်လိုမျိုး အရှိန်အဟုန်မျိုးနဲ့ ထိုးဖောက်မှုမျိုး မပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

၂။ စိတ်လှုပ်ရှားစရာ စတင်မှုနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ရာယာ

အာဆင်နယ်မှာ ဒေးဗစ် ရာယာလိုချင်ခဲ့မှာမဟုတ်တဲ့ စတင်မှုဖြစ်ခဲ့ပြီး စပိန်ဂိုးသမားဟာ လွန်းစ်နဲ့ပွဲမှာ ဆိုးရွားတဲ့ ဘောလုံးကန်ချက်နဲ့အတူ အသင်းကို ဒုက္ခရောက်စေခဲ့တာ ဖြစ်ပါတယ်။ အဲဒီစိတ်လှုပ်ရှားမှုဟာ မန်စီးတီးနဲ့ပွဲစဥ် အစောပိုင်းမှာ ပြန်ပေါ်လာခဲ့ပြီး ဖြတ်တင်ဘောကို ထွက်ပုတ်ခဲ့ပြီး ခရိုအေးရှားနောက်ခံလူရဲ့ လေပေါ်ဝဲကန်ချက်ကို ဒီကလန် ရိုက်က ရှင်းထုတ်ခဲ့ရတာဖြစ်ပါတယ်။ ရာယာဟာ ပြီးတဲ့နောက်မှာ ယူလီယန် အယ်လ်ဗာရက်ဇ်ရဲ့ ဘောလုံးလမ်းကြောင်းကို ပိတ်ဆို့ခြင်းခံခဲ့ရပြီး စပိန်ဂိုးသမားကန်လိုက်တဲ့ဘောလုံးက မန်စီးတီးတိုက်စစ်မှူးနဲ့ ထိပြီးတော့ ဂိုးပိုက်ဘေးကို ထိမှန်သွားခဲ့တာဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ ရာယာက ခံစစ်ကနေ တိုက်စစ်စတင်ဖို့ လုပ်နေရင်း ကိုဗာချစ်ကို ဘောလုံးလက်ဆောင်ပေးခဲ့မိပြီး အဲဒီအမှားတွေထဲက ဘယ်တစ်ခုမှ အသင်းကို ဒုက္ခမရောက်စေခဲ့ဘူးလို့ စပိန်ဂိုးသမားအနေနဲ့ ငြင်းကောင်းငြင်းနိုင်ပေမယ့် အာတီတာကတော့ စိုးရိမ်နေခဲ့မှာ ကျိန်းသေပါတယ်။

၃။ အနီကတ်ကနေလွတ်သွားတဲ့ ကိုဗာချစ်

ကိုဗာချစ်ဟာ ပထမပိုင်းအလယ်လောက်မှာ အနီကတ်ကနေ ကံကောင်းထောက်မစွာနဲ့ လွတ်မြောက်သွားခဲ့ပြီး ခရိုအေးရှားကွင်းလယ်လူဟာ အာဆင်နယ်အသင်းခေါင်းဆောင် အော်ဒီဂွါဒ်ရဲ့ ခြေကျင်းဝတ်ကို နင်းမိခဲ့တာဖြစ်ပါတယ်။ မန်စီးတီးကွင်းလယ်လူရဲ့ဖျက်ထုတ်မှုဟာ အဆင်အခြင်မဲ့တဲ့ ဖျက်ထုတ်မှုလို့ ယူဆခြင်းခံခဲ့ရပြီး အဝါကတ်ပြား ပြသခြင်းခံခဲ့ရပြီးနောက် VAR နဲ့ ပြန်လည်စစ်ဆေးမှုတွေ ရှိခဲ့ပေမယ့် မိုက်ကယ် အိုလီဗာက မူလဆုံးဖြတ်ချက်အတိုင်းပဲ မပြောင်းလဲဖို့ ဆုံးဖြတ်ခဲ့တာဖြစ်ပါတယ်။ ပြီးတဲ့နောက်မှာ အာဆင်နယ်ပရိသတ်တွေအတွက် ပိုဒေါသထွက်စရာဖြစ်လာခဲ့တာကတော့ မိနစ်အနည်းငယ်အကြာမှာပဲ ဒီကလန် ရိုက်ကိုပါ အလားတူ အဆင်အခြင်မဲ့ ဖျက်ထုတ်မှု ထပ်မံပြုလုပ်ခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း ကိုဗာချစ်ဟာ နောက်ထပ် အဝါကတ်ပြား ပြသခံခဲ့ရခြင်းမရှိဘဲ ကွင်းထဲမှာ ဆက်ရှိနေခဲ့ပြီး အံ့အားသင့်စရာကောင်းတာက ပထမပိုင်းအပြီးမှာ ဂွါဒီယိုလာက အဝါထိထားတဲ့ ခရိုအေးရှားကွင်းလယ်လူကို လူစားမလဲဘဲ ဆက်သုံးခဲ့တာဖြစ်ပါတယ်။

၄။ တိတ်ဆိတ်နေခဲ့တဲ့ ဟာလန်း

မန်ချက်စတာစီးတီးရဲ့ ဂိုးသွင်းစက်ကြီး ဟာလန်းဟာ ဒီပွဲမှာ ပျောက်နေခဲ့ပြီး မကြာခဏဆိုသလို နော်ဝေတိုက်စစ်မှူးဟာ ခြေမပေါ်သလိုနဲ့ ရုတ်တရက် အသက်ဝင်လာပြီး ဂိုးတွေ သွင်းယူလေ့ရှိသူဖြစ်ပါတယ်။ အဲဒီလို ဂိုးသွင်းဖို့ စိတ်ရှည်ရှည်နဲ့ အဆင်သင့်စောင့်ဆိုင်းနိုင်တဲ့ အရည်အချင်းကြောင့်ပဲ ပရီးမီးယားလိဂ်သွင်းဂိုး ၄၄ ဂိုးအထိ သွင်းယူထားနိုင်ခဲ့တာဖြစ်ပြီး အများစုကလည်း ဟာလန်းကို နောက်ထပ်တစ်ကြိမ် အမ်းမရိတ်စ်မှာ အဲဒီလို လုပ်မယ်ထင်ပြီး စောင့်ဆိုင်းနေခဲ့ကြတာဖြစ်ပါတယ်။ ဒါပေမယ့်လည်း နော်ဝေလူသန်ကြီးကို ဆာလီဘာနဲ့ ဂါဘရီယဲလ်တို့ ၂ ဦးက ကောင်းကောင်းကို ထိန်းထားနိုင်ခဲ့ပြီး မန်စီးတီး တိုက်စစ်ကလည်း တော်တော်လေးရုန်းကန်ခဲ့ရတာဖြစ်ပါတယ်။

၅။ စူပါဆပ်ဘ်ကြောင့် နိုင်ပွဲရခဲ့တဲ့ အာဆင်နယ်

ဒုတိယပိုင်းမှာ အချိန်တော်တော်ကြာတဲ့အထိ ဂိုးမသွင်းနိုင်တာကြောင့် နှစ်ဖက်စလုံး သရေ ၁ မှတ်စီ ခွဲယူကြတော့မယ်လို့ ထင်ခဲ့ပေမယ့်လည်း ထရော့ဆာ့ဒ်နေရာမှာ လူစားဝင်ကစားပေးခဲ့တဲ့ မာတီနယ်လီက အချိန်မှန် နေရာမှန်မှာ အီဒါဆန်ရဲ့ ဂိုးပေါက်ထဲကို ကန်သွင်းနိုင်ခဲ့တာဖြစ်ပါတယ်။ ဘရာဇီးလ်တိုက်စစ်မှူးရဲ့ ကန်ချက်ဟာ နေသန် အကီနဲ့ ထိပြီး လမ်းကြောင်းပြောင်းဝင်သွားခဲ့တာကြောင့် ကန်ချက်ကောင်းတာထက် ကံတရားက မျက်နှာသာပေးမှု ပိုများတယ်ပဲဆိုဆို အာတီတာနဲ့ ဂန်းနားတွေကတော့ အနိုင် ၃ မှတ်ရခဲ့ပြီဖြစ်လို့ ကျန်တာ ဂရုစိုက်နေမှာမဟုတ်ပါဘူး။

၆။ စီးတီးနိုင်ပွဲ စောင့်ဆိုင်းရမှု နောက်ဆုံးမှာ အဆုံးသတ်နိုင်ခဲ့ပြီဖြစ်တဲ့ အာတီတာ

အာတီတာရဲ့ မြောက်လန်ဒန်မှာ လုပ်နေတဲ့ အပေါင်းလက္ခဏာဆောင်တဲ့အလုပ်တွေအားလုံးထဲမှာ မလုပ်နိုင်သေးတဲ့ တစ်ခုတည်းသောအရာက မန်စီးတီးကို ပရီးမီးယားလိဂ်မှာ အနိုင်မယူနိုင်သေးတာဖြစ်ပါတယ်။ ဂန်းနားတွေဟာ ယခုရာသီမစတင်ခင် ကွန်မြူနတီဒိုင်းလုပွဲမှာ စီးတီးကို အနိုင်ရခဲ့ပြီး လက်ရှိမှာတော့ ပရီးမီးယားလိဂ်မှာပါ အနိုင်ရရှိခဲ့ပြီဖြစ်ပါတယ်။ ပထမပိုင်းပွဲကစားချိန်အများစုမှာ စီးတီးက ပိုကောင်းမွန်တဲ့အသင်းဖြစ်ခဲ့ပြီး ဂန်းနားတွေ ပုံမှန်ခြေစတွေ့ပြီဆိုတာနဲ့ ဂွါဒီယိုလာရဲ့အသင်းကို ထိန်းချုပ်ထားနိုင်ခဲ့တာကြောင့် သရေ ၁ မှတ်တော့ သေချာနေခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့်လည်း မာတီနယ်လီက နောက်ကျအနိုင်ဂိုးကို အကီရဲ့ ဦးခေါင်းကနေတဆင့် မထင်မှတ်ထားဘဲ သွင်းယူပေးခဲ့တာကြောင့် အာဆင်နယ်ဟာ ၂၀၁၅ ခုနှစ်နောက်ပိုင်း ပရီးမီးယားလိဂ်မှာ မန်စီးတီးကို ပထမဆုံးနိုင်ပွဲ ရရှိခဲ့တာဖြစ်ပြီး အာတီတာအတွက်လည်း ဆရာဟောင်း ဂွါဒီယိုလာကို ပထမဆုံးအကြိမ် နိုင်ပွဲရယူနိုင်ခဲ့ပြီဖြစ်ပါတယ်။

Arsenal Myanmar

Ref: Internet

ZAWGYI: မီေခးလ္ အာတီတာဟာ တနဂၤေႏြေန႔ညေန အမ္းမရိတ္စ္မွာ မာတီနယ္လီရဲ႕ ေနာက္က် အႏိုင္ဂိုးေၾကာင့္ မန္ခ်က္စတာစီးတီးကိုေရာ ဆရာေဟာင္း ဂြါဒီယိုလာကိုပါ ပထမဆုံး ပရီးမီးယားလိဂ္ႏိုင္ပြဲ ရယူႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

ဂြါဒီယိုလာရဲ႕အသင္းဟာ ယို႔စ္ကို ဂဗာဒီေယာလ္နဲ႔ ေနသန္ အကီတို႔ရဲ႕ အေစာပိုင္း အခြင့္အေရးေတြနဲ႔အတူ ပိုမိုေကာင္းမြန္တဲ့ပုံစံနဲ႔ စတင္ႏိုင္ခဲ့ေပမယ့္လည္း ဂန္းနားေတြက ပြဲကို ထိန္းသိမ္းထားႏိုင္ခဲ့တာျဖစ္ပါတယ္။

ပြဲကစားခ်ိန္ ျပည့္ဖို႔ ၅ မိနစ္လိုတဲ့အထိ ဂိုးမရွိသေရက်ေနတာေၾကာင့္ ဒီတိုင္းပဲ ပြဲၿပီးသြားေတာ့မယ္လို႔ ထင္ေနခ်ိန္မွာ လူစားဝင္ကစားခဲ့တဲ့ မာတီနယ္လီက ဂန္းနားေတြအတြက္ အံ့အားသင့္စရာအလွည့္အေျပာင္းအေနနဲ႔ အႏိုင္ ၃ မွတ္ကို ရယူေပးခဲ့တာျဖစ္ပါတယ္။

၁။ မပါဝင္ႏိုင္ခဲ့တဲ့ ဆာကာ

အာဆင္နယ္ပရိသတ္ေတြအားလုံး စိုးရိမ္ေနခဲ့တဲ့ အခိုက္အတန႔္ေရာက္လာခဲ့ၿပီျဖစ္ၿပီး ဆာကာဟာ တနဂၤေႏြေန႔ အမ္းမရိတ္စ္ကပြဲစဥ္မွာ ပြဲထြက္ပါဝင္လာျခင္းမရွိခဲ့ပါဘူး။ ဒီပြဲစဥ္မတိုင္ခင္ ဆာကာဟာ အာဆင္နယ္ရဲ႕ ေနာက္ဆုံးပြဲထြက္လူစာရင္း ၈၇ ခုစလုံးမွာ ပါဝင္ခဲ့ေပမယ့္လည္း မန္စီးတီးနဲ႔ပြဲမွာေတာ့ လုံးလုံး မပါဝင္ႏိုင္ခဲ့တာျဖစ္ပါတယ္။ ဆာကာအစား ေဂ်းဇုက ညာေတာင္ပံမွာ ပြဲထြက္လာခဲ့ၿပီး အသင္းေဟာင္းကို ၿခိမ္းေျခာက္ဖို႔ ႀကိဳးပမ္းခဲ့ေပမယ့္လည္း အဂၤလန္ေတာင္ပံၾကယ္ပြင့္လိုမ်ိဳး အရွိန္အဟုန္မ်ိဳးနဲ႔ ထိုးေဖာက္မႈမ်ိဳး မျပဳလုပ္ႏိုင္ခဲ့တာျဖစ္ပါတယ္။

၂။ စိတ္လႈပ္ရွားစရာ စတင္မႈနဲ႔ ရင္ဆိုင္ခဲ့ရတဲ့ ရာယာ

အာဆင္နယ္မွာ ေဒးဗစ္ ရာယာလိုခ်င္ခဲ့မွာမဟုတ္တဲ့ စတင္မႈျဖစ္ခဲ့ၿပီး စပိန္ဂိုးသမားဟာ လြန္းစ္နဲ႔ပြဲမွာ ဆိုး႐ြားတဲ့ ေဘာလုံးကန္ခ်က္နဲ႔အတူ အသင္းကို ဒုကၡေရာက္ေစခဲ့တာ ျဖစ္ပါတယ္။ အဲဒီစိတ္လႈပ္ရွားမႈဟာ မန္စီးတီးနဲ႔ပြဲစဥ္ အေစာပိုင္းမွာ ျပန္ေပၚလာခဲ့ၿပီး ျဖတ္တင္ေဘာကို ထြက္ပုတ္ခဲ့ၿပီး ခ႐ိုေအးရွားေနာက္ခံလူရဲ႕ ေလေပၚဝဲကန္ခ်က္ကို ဒီကလန္ ႐ိုက္က ရွင္းထုတ္ခဲ့ရတာျဖစ္ပါတယ္။ ရာယာဟာ ၿပီးတဲ့ေနာက္မွာ ယူလီယန္ အယ္လ္ဗာရက္ဇ္ရဲ႕ ေဘာလုံးလမ္းေၾကာင္းကို ပိတ္ဆို႔ျခင္းခံခဲ့ရၿပီး စပိန္ဂိုးသမားကန္လိုက္တဲ့ေဘာလုံးက မန္စီးတီးတိုက္စစ္မႉးနဲ႔ ထိၿပီးေတာ့ ဂိုးပိုက္ေဘးကို ထိမွန္သြားခဲ့တာျဖစ္ပါတယ္။ ၿပီးတဲ့ေနာက္မွာ ရာယာက ခံစစ္ကေန တိုက္စစ္စတင္ဖို႔ လုပ္ေနရင္း ကိုဗာခ်စ္ကို ေဘာလုံးလက္ေဆာင္ေပးခဲ့မိၿပီး အဲဒီအမွားေတြထဲက ဘယ္တစ္ခုမွ အသင္းကို ဒုကၡမေရာက္ေစခဲ့ဘူးလို႔ စပိန္ဂိုးသမားအေနနဲ႔ ျငင္းေကာင္းျငင္းႏိုင္ေပမယ့္ အာတီတာကေတာ့ စိုးရိမ္ေနခဲ့မွာ က်ိန္းေသပါတယ္။

၃။ အနီကတ္ကေနလြတ္သြားတဲ့ ကိုဗာခ်စ္

ကိုဗာခ်စ္ဟာ ပထမပိုင္းအလယ္ေလာက္မွာ အနီကတ္ကေန ကံေကာင္းေထာက္မစြာနဲ႔ လြတ္ေျမာက္သြားခဲ့ၿပီး ခ႐ိုေအးရွားကြင္းလယ္လူဟာ အာဆင္နယ္အသင္းေခါင္းေဆာင္ ေအာ္ဒီဂြါဒ္ရဲ႕ ေျခက်င္းဝတ္ကို နင္းမိခဲ့တာျဖစ္ပါတယ္။ မန္စီးတီးကြင္းလယ္လူရဲ႕ဖ်က္ထုတ္မႈဟာ အဆင္အျခင္မဲ့တဲ့ ဖ်က္ထုတ္မႈလို႔ ယူဆျခင္းခံခဲ့ရၿပီး အဝါကတ္ျပား ျပသျခင္းခံခဲ့ရၿပီးေနာက္ VAR နဲ႔ ျပန္လည္စစ္ေဆးမႈေတြ ရွိခဲ့ေပမယ့္ မိုက္ကယ္ အိုလီဗာက မူလဆုံးျဖတ္ခ်က္အတိုင္းပဲ မေျပာင္းလဲဖို႔ ဆုံးျဖတ္ခဲ့တာျဖစ္ပါတယ္။ ၿပီးတဲ့ေနာက္မွာ အာဆင္နယ္ပရိသတ္ေတြအတြက္ ပိုေဒါသထြက္စရာျဖစ္လာခဲ့တာကေတာ့ မိနစ္အနည္းငယ္အၾကာမွာပဲ ဒီကလန္ ႐ိုက္ကိုပါ အလားတူ အဆင္အျခင္မဲ့ ဖ်က္ထုတ္မႈ ထပ္မံျပဳလုပ္ခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ကိုဗာခ်စ္ဟာ ေနာက္ထပ္ အဝါကတ္ျပား ျပသခံခဲ့ရျခင္းမရွိဘဲ ကြင္းထဲမွာ ဆက္ရွိေနခဲ့ၿပီး အံ့အားသင့္စရာေကာင္းတာက ပထမပိုင္းအၿပီးမွာ ဂြါဒီယိုလာက အဝါထိထားတဲ့ ခ႐ိုေအးရွားကြင္းလယ္လူကို လူစားမလဲဘဲ ဆက္သုံးခဲ့တာျဖစ္ပါတယ္။

၄။ တိတ္ဆိတ္ေနခဲ့တဲ့ ဟာလန္း

မန္ခ်က္စတာစီးတီးရဲ႕ ဂိုးသြင္းစက္ႀကီး ဟာလန္းဟာ ဒီပြဲမွာ ေပ်ာက္ေနခဲ့ၿပီး မၾကာခဏဆိုသလို ေနာ္ေဝတိုက္စစ္မႉးဟာ ေျခမေပၚသလိုနဲ႔ ႐ုတ္တရက္ အသက္ဝင္လာၿပီး ဂိုးေတြ သြင္းယူေလ့ရွိသူျဖစ္ပါတယ္။ အဲဒီလို ဂိုးသြင္းဖို႔ စိတ္ရွည္ရွည္နဲ႔ အဆင္သင့္ေစာင့္ဆိုင္းႏိုင္တဲ့ အရည္အခ်င္းေၾကာင့္ပဲ ပရီးမီးယားလိဂ္သြင္းဂိုး ၄၄ ဂိုးအထိ သြင္းယူထားႏိုင္ခဲ့တာျဖစ္ၿပီး အမ်ားစုကလည္း ဟာလန္းကို ေနာက္ထပ္တစ္ႀကိမ္ အမ္းမရိတ္စ္မွာ အဲဒီလို လုပ္မယ္ထင္ၿပီး ေစာင့္ဆိုင္းေနခဲ့ၾကတာျဖစ္ပါတယ္။ ဒါေပမယ့္လည္း ေနာ္ေဝလူသန္ႀကီးကို ဆာလီဘာနဲ႔ ဂါဘရီယဲလ္တို႔ ၂ ဦးက ေကာင္းေကာင္းကို ထိန္းထားႏိုင္ခဲ့ၿပီး မန္စီးတီး တိုက္စစ္ကလည္း ေတာ္ေတာ္ေလး႐ုန္းကန္ခဲ့ရတာျဖစ္ပါတယ္။

၅။ စူပါဆပ္ဘ္ေၾကာင့္ ႏိုင္ပြဲရခဲ့တဲ့ အာဆင္နယ္

ဒုတိယပိုင္းမွာ အခ်ိန္ေတာ္ေတာ္ၾကာတဲ့အထိ ဂိုးမသြင္းႏိုင္တာေၾကာင့္ ႏွစ္ဖက္စလုံး သေရ ၁ မွတ္စီ ခြဲယူၾကေတာ့မယ္လို႔ ထင္ခဲ့ေပမယ့္လည္း ထေရာ့ဆာ့ဒ္ေနရာမွာ လူစားဝင္ကစားေပးခဲ့တဲ့ မာတီနယ္လီက အခ်ိန္မွန္ ေနရာမွန္မွာ အီဒါဆန္ရဲ႕ ဂိုးေပါက္ထဲကို ကန္သြင္းႏိုင္ခဲ့တာျဖစ္ပါတယ္။ ဘရာဇီးလ္တိုက္စစ္မႉးရဲ႕ ကန္ခ်က္ဟာ ေနသန္ အကီနဲ႔ ထိၿပီး လမ္းေၾကာင္းေျပာင္းဝင္သြားခဲ့တာေၾကာင့္ ကန္ခ်က္ေကာင္းတာထက္ ကံတရားက မ်က္ႏွာသာေပးမႈ ပိုမ်ားတယ္ပဲဆိုဆို အာတီတာနဲ႔ ဂန္းနားေတြကေတာ့ အႏိုင္ ၃ မွတ္ရခဲ့ၿပီျဖစ္လို႔ က်န္တာ ဂ႐ုစိုက္ေနမွာမဟုတ္ပါဘူး။

၆။ စီးတီးႏိုင္ပြဲ ေစာင့္ဆိုင္းရမႈ ေနာက္ဆုံးမွာ အဆုံးသတ္ႏိုင္ခဲ့ၿပီျဖစ္တဲ့ အာတီတာ

အာတီတာရဲ႕ ေျမာက္လန္ဒန္မွာ လုပ္ေနတဲ့ အေပါင္းလကၡဏာေဆာင္တဲ့အလုပ္ေတြအားလုံးထဲမွာ မလုပ္ႏိုင္ေသးတဲ့ တစ္ခုတည္းေသာအရာက မန္စီးတီးကို ပရီးမီးယားလိဂ္မွာ အႏိုင္မယူႏိုင္ေသးတာျဖစ္ပါတယ္။ ဂန္းနားေတြဟာ ယခုရာသီမစတင္ခင္ ကြန္ျမဴနတီဒိုင္းလုပြဲမွာ စီးတီးကို အႏိုင္ရခဲ့ၿပီး လက္ရွိမွာေတာ့ ပရီးမီးယားလိဂ္မွာပါ အႏိုင္ရရွိခဲ့ၿပီျဖစ္ပါတယ္။ ပထမပိုင္းပြဲကစားခ်ိန္အမ်ားစုမွာ စီးတီးက ပိုေကာင္းမြန္တဲ့အသင္းျဖစ္ခဲ့ၿပီး ဂန္းနားေတြ ပုံမွန္ေျခစေတြ႕ၿပီဆိုတာနဲ႔ ဂြါဒီယိုလာရဲ႕အသင္းကို ထိန္းခ်ဳပ္ထားႏိုင္ခဲ့တာေၾကာင့္ သေရ ၁ မွတ္ေတာ့ ေသခ်ာေနခဲ့တာျဖစ္ပါတယ္။ ဒါေပမယ့္လည္း မာတီနယ္လီက ေနာက္က်အႏိုင္ဂိုးကို အကီရဲ႕ ဦးေခါင္းကေနတဆင့္ မထင္မွတ္ထားဘဲ သြင္းယူေပးခဲ့တာေၾကာင့္ အာဆင္နယ္ဟာ ၂၀၁၅ ခုႏွစ္ေနာက္ပိုင္း ပရီးမီးယားလိဂ္မွာ မန္စီးတီးကို ပထမဆုံးႏိုင္ပြဲ ရရွိခဲ့တာျဖစ္ၿပီး အာတီတာအတြက္လည္း ဆရာေဟာင္း ဂြါဒီယိုလာကို ပထမဆုံးအႀကိမ္ ႏိုင္ပြဲရယူႏိုင္ခဲ့ၿပီျဖစ္ပါတယ္။

Arsenal Myanmar

Ref: Internet